ဟေရှာယ 62
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
1Pro Cion mi ne silentos, kaj pro Jerusalem mi ne haltos, ĝis ĝia praveco eliĝos kiel brilo kaj ĝia savo kiel brulanta torĉo.
2တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။
2Kaj la popoloj vidos vian feliĉon, kaj ĉiuj reĝoj vian honoron; kaj oni nomos vin per nomo nova, kiun eldiros la buŝo de la Eternulo.
3သင်သည် ထာဝရဘုရား ၏ လက် တော်၌ တင့်တယ် သော ဦးရစ် ၊ သင် ၏ဘုရား သခင်ကိုင် တော်မူသောမင်း မြောက်သရဖူ ဖြစ် လိမ့်မည်။
3Kaj vi estos belega krono en la mano de la Eternulo, kaj reĝa kapornamo en la manplato de via Dio.
4သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။
4Oni ne plu nomos vin forlasita, kaj pri via lando oni ne plu diros, ke ĝi estas dezerta; sed oni nomos vin Mia Favorata kaj vian landon Edzinigitino; ĉar la Eternulo vin favoras kaj via lando havos edzon.
5လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
5Kiel junulo prenas por kunvivado junulinon, tiel kunvivos kun vi viaj filoj; kaj kiel fianĉo ĝojas pri la fianĉino, tiel ĝojos pri vi via Dio.
6အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။
6Sur viaj muregoj, ho Jerusalem, Mi starigis gardistojn, por ke la tutan tagon kaj la tutan nokton ili ne eksilentu; vi, kiuj memorigas pri la Eternulo, ne faru al vi ripozon,
7ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။
7kaj al Li ne donu ripozon, ĝis Li aranĝos kaj faros Jerusalemon gloro sur la tero.
8ထာဝရဘုရား က၊ သင် ၏ ရန်သူ တို့ကို သင် ၏ စပါး နှင့် နောက်တဖန် ငါမ ကျွေး။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည် ကို တပါးအမျိုးသား တို့သည် မ သောက် ရကြ။
8La Eternulo ĵuris per Sia dekstra mano kaj per Sia potenca brako: Mi ne plu donos vian grenon kiel manĝaĵon al viaj malamikoj, kaj fremduloj ne trinkos vian moston, por kiu vi laboris;
9စပါးကိုရိတ် သောသူတို့သည် ကိုယ်တိုင် စား ၍ ၊ ထာဝရဘုရား ကို ချီးမွမ်း ကြလိမ့်မည်။ စပျစ်သီးကို သိမ်း သောသူတို့ သည် ငါ ၏ သန့်ရှင်း ရာဌာနတန်တိုင်း အတွင်း ၌ စပျစ်ရည်ကို သောက် ကြလိမ့်မည်ဟု တန်ခိုး ကြီးသော လက်ျာ လက်ရုံး တော်ကို တိုင်တည်၍ ကျိန်ဆို တော်မူပြီ။
9sed ĝiaj rikoltantoj ĝin manĝos, kaj laŭdos la Eternulon; kaj ĝiaj kolektantoj ĝin trinkos en la korto de Mia sanktejo.
10မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
10Pasu, pasu tra la pordegoj, pretigu vojon por la popolo; ebenigu, ebenigu la vojon, liberigu ĝin de ŝtonoj; levu standardon super la popoloj.
11မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
11Jen la Eternulo aŭdigas ĝis la fino de la tero: Diru al la filino de Cion: Jen venas via Savanto; jen Lia rekompenco estas kun Li, kaj Lia repago antaŭ Li.
12သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။
12Kaj oni nomos ilin la sankta popolo, la liberigitoj de la Eternulo; kaj vin oni nomos urbo multevizitata kaj ne forlasata.
Tip: use the ← and → keys to turn chapters.