ဟေရှာယ 60
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1သင်ထ လော့။ လင်း လော့။ သင် ၏အလင်း ရောက် လာပြီ။ ထာဝရဘုရား ၏ဘုန်း တော်သည် သင် ၏ အပေါ် မှာ ပေါ်ထွန်း လျက်ရှိ၏။
1Leviĝu, lumiĝu; ĉar venas via lumo, kaj la majesto de la Eternulo ekbrilas super vi.
2ကြည့်ရှု လော့။ မှောင်မိုက် သည် မြေကြီး ကို ဖုံးလွှမ်း လိမ့်မည်။ ထူထပ်သော မှောင်မိုက် သည် လူ များကို ဖုံးလွှမ်းလိမ့်မည်။ သို့ သော်လည်း၊ သင် ၏အပေါ် မှာ ထာဝရဘုရား သည် ပေါ် ထွန်းတော်မူ၍ ၊ ဘုန်း တော်သည် သင် ၏အပေါ် မှာ ထင်ရှား လျက် ရှိလိမ့်မည်။
2Ĉar jen mallumo kovros la teron, kaj krepusko la popolojn; sed super vi brilos la Eternulo, kaj Lia majesto aperos super vi.
3တပါးအမျိုးသား တို့သည် သင် ၏အလင်း သို့ ၎င်း ၊ ရှင်ဘုရင် တို့သည် သင် ၌ ပေါ်ထွန်း ခြင်းအရောင် သို့ ၎င်း လာ ကြလိမ့်မည်။
3Kaj popoloj iros al via lumo, kaj reĝoj al la brilo de viaj radioj.
4အရပ်ရပ် သို့ မျှော် ကြည့် လော့။ ခပ်သိမ်း သောသူ တို့ သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ သင် ၏ သား သမီး တို့သည် အဝေး က လာ ၍ ၊ သင် ၏အနား မှာ မွေးစား ခြင်းကိုခံ ကြလိမ့်မည်။
4Levu ĉirkaŭen viajn okulojn, kaj rigardu: ĉiuj ili kolektiĝas kaj iras al vi; viaj filoj venas de malproksime, kaj viaj filinoj estas portataj sur la brako.
5ထိုအခါ သင် သည် ကြောက်ရွံ့ ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံး တုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ ၏ကြွယ်ဝ ခြင်းသည် သင့် ဘက် သို့ ပြောင်းလဲ ၍၊ တပါးအမျိုးသား တို့၏ စည်းစိမ် သည် သင့် လက်သို့ ရောက် လိမ့်မည်။
5Tiam vi vidos kaj estos ravita, ektremos kaj vastiĝos via koro; ĉar turniĝos al vi la abundaĵo de la maro, la riĉaĵoj de la popoloj venos al vi.
6ကုလားအုပ် များနှင့် မိဒျန် ပြည်၊ ဧဖာ ပြည်မှ ဖြစ်သော ကုလားအုပ် မျိုးတို့သည် သင့်ကို နှံ့ပြား ကြ လိမ့်မည်။ ရှေဘ ပြည်သား အပေါင်း တို့သည် လာ ကြလိမ့်မည်။ ရွှေ နှင့် လောဗန် ကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်း ကြလိမ့်မည်။
6Multo da kameloj kovros vin, junaj kameloj el Midjan kaj Efa; ĉiuj ili venos el Ŝeba, portos oron kaj olibanon, kaj proklamos laŭdon al la Eternulo.
7ကေဒါ ပြည်၏ သိုးစု အပေါင်း တို့သည် သင့် ထံမှာ စုဝေး ကြလိမ့်မည်။ နဗာယုတ် ပြည်၏ ဆိတ် တို့သည် သင် ၏အမှုကို ဆောင်ရွက် ၍၊ နှစ်သက် ဘွယ်သော လက္ခဏာ နှင့် ငါ ၏ယဇ်ပလ္လင် ပေါ်သို့ တက် ကြလိမ့်မည်။ ငါ့ ဘုန်း ထင်ရှားရာဗိမာန် ကို ငါသည် သာ၍ဘုန်းပွင့် စေမည်။
7Ĉiuj ŝafoj de Kedar kolektiĝos ĉe vi; la virŝafoj de Nebajot servos al vi; favore akceptotaj ili iros sur Mian altaron, kaj la domon de Mia gloro Mi majestigos.
8မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ မိမိ တို့အိမ် သို့ ပျံ သော ချိုး များကဲ့သို့ ၎င်း ပျံလာသောဤ သူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
8Kiuj ili estas, kiuj flugas kiel nuboj, kaj kiel kolomboj al siaj kolombujoj?
9အကယ် စင်စစ်သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့်၎င်း၊ သင် ၏ဘုန်းကိုပွင့် စေ သော၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရားကြောင့် ၎င်း၊ သင် ၏သား တို့နှင့်တကွသူ တို့ရွှေ ငွေ များကို အဝေး မှ ဆောင် ခဲ့ခြင်းငှါ ၊ တကျွန်း တနိုင်ငံသားတို့သည် ငါ့ ကို စောင့် နေ၍ ၊ တာရှု သင်္ဘော တို့သည် အဦး ပြုကြလိမ့်မည်။
9Al Mi celas la insuloj, kaj la ŝipoj de Tarŝiŝ estas antaŭe, por venigi viajn filojn de malproksime, ilian arĝenton kaj oron kune kun ili, pro la nomo de la Eternulo, via Dio, kaj de la Sanktulo de Izrael, ĉar Li faris vin glora.
10တပါးအမျိုး တို့သည် သင် ၏မြို့ရိုး ကို တည် ကြ လိမ့်မည်။ ရှင် ဘုရင်တို့သည်လည်း သင့် ကို ပြုစု ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ သည် အမျက် ထွက်၍ သင့် ကို ဒဏ်ခတ် သော်လည်း ၊ စေတနာ စိတ်နှင့် သနား ဦးမည်။
10Kaj fremduloj konstruos viajn murojn, kaj iliaj reĝoj servos al vi; ĉar en Mia kolero Mi vin frapis, sed en Mia favoro Mi vin kompatas.
11တပါးအမျိုးသား တို့၏ စည်းစိမ် ကို သင့် ထံသို့ ဆောင် ခဲ့၍၊ သူ တို့၏ရှင်ဘုရင် တို့ကိုလည်း ပို့သ မည် အကြောင်း၊ သင် ၏တံခါး တို့ကို နေ့ ညဉ့် မ ပိတ် ဘဲ အစဉ် ဖွင့် ထားရလိမ့်မည်။
11Kaj ĉiam nefermitaj estos viaj pordegoj, nek tage nek nokte ili estos ŝlosataj; por ke oni venigu al vi la potencon de la popoloj kaj konduku iliajn reĝojn.
12အကြင်ပြည် နှင့် အကြင်နိုင်ငံ သည် သင် ၏အမှုကို မ ဆောင် ၊ ထိုပြည် နှင့် ထိုနိုင်ငံသည် ပျက်စီး ရ လိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင် ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
12Ĉar popolo aŭ regno, kiu ne servos al vi, pereos, kaj tiaj popoloj estas tute ekstermotaj.
13ငါ ၏သန့်ရှင်း ရာဌာန ကို တင့်တယ် စေခြင်းငှါ ၊ လေဗနုန် ဘုန်း နှင့်တကွထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်တို့သည် သင့် ထံသို့ တညီတညွတ် တည်းရောက် လာ ကြလိမ့်မည်။ ငါသည် ငါ ၏ခြေ တင်ရာအရပ် ကို ဘုန်းပွင့် စေမည်။
13La majesto de Lebanon venos al vi; cipreso, abio, kaj bukso kuniĝos, por ornami la lokon de Mia sanktejo; kaj la lokon de Miaj piedoj Mi faros honorata.
14သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။
14Kaj humile venos al vi la filoj de viaj premantoj, kaj ĵetos sin antaŭ viajn piedojn ĉiuj, kiuj vin malestimis; kaj oni nomos vin urbo de la Eternulo, Cion de la Sanktulo de Izrael.
15သင့်ကို အဘယ်သူမျှရှောက် ၍ မ သွားရမည် အကြောင်း၊ သူတပါးတို့သည် သင့် ကို စွန့်ပစ် ရွံရှာ ကြ သည်အတွက် ၊ ငါသည် သင့် ကို ထာဝရ အထွဋ် အမြတ်ဖြစ် စေမည်။ လူမျိုး အစဉ်အဆက်ဝမ်းမြောက် စရာအကြောင်းလည်း ဖြစ် စေမည်။
15Anstataŭ tio, ke vi estis forlasita kaj malamata kaj neniu volis preterpasi vin, Mi faros vin fierindaĵo de la mondo, ĝojo de ĉiuj generacioj.
16သင် သည် တပါးအမျိုးသား တို့၏ နို့ ကို စို့ ရ လိမ့်မည်။ ရှင်ဘုရင် တို့၏သားမြတ် ကိုလည်း စို့ ရလိမ့်မည်။ ငါ ထာဝရဘုရား သည်၊ သင့် ကို ကယ်တင် သောသူ၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသောဘုရားသည်၊ သင့် ကို ရွေးနှုတ် သောသူဖြစ် ကြောင်းကို သင်သည် သိ ရလိမ့်မည်။
16Kaj vi nutros vin per la lakto de la popoloj kaj per la abundaĵo de la reĝoj; kaj vi ekscios, ke Mi, la Eternulo, estas via Savanto kaj via Liberiganto, la Potenculo de Jakob.
17ကြေးဝါ အရာ ၌ ရွှေ ကို၎င်း ၊ သံ အရာ ၌ ငွေ ကို ၎င်း၊ သစ်သား အရာ ၌ ကြေးဝါ ကို၎င်း ၊ ကျောက် အရာ ၌ သံ ကို၎င်းငါဆောင် ခဲ့မည်။ သင် ၏ အရာရှိ တို့ကို ငြိမ်သက် သောသဘော၊ အခွန်ခံ တို့ကို ဖြောင့်မတ် သော သဘောနှင့် ပြည့်စုံ စေမည်။
17Anstataŭ kupro Mi alportos oron, kaj anstataŭ fero Mi alportos arĝenton, anstataŭ ligno kupron, kaj anstataŭ ŝtonoj feron; kaj Mi faros via estraro la pacon kaj viaj administrantoj la justecon.
18သင် ၏ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မ ကြား ရ။ သင် ၏နယ် အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင် ၏မြို့ရိုး ကို ကယ်တင် ခြင်းဟူ၍၎င်း၊ မြို့တံခါး တို့ကို ချီးမွမ်း ခြင်းဟူ၍၎င်း သမုတ် ရ လိမ့်မည်။
18Oni ne plu aŭdos pri perforto en via lando, pri malfeliĉo kaj pereigo inter viaj limoj; kaj viajn murojn vi nomos savo kaj viajn pordegojn laŭda kanto.
19နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။
19La suno ne plu estos por vi lumo de la tago, kaj la brilo de la luno ne lumos al vi; sed la Eternulo estos por vi lumo eterna, kaj via Dio estos via gloro.
20နောက် တဖန် သင် ၏နေ သည်မ ဝင် ရ။ သင် ၏ လ သည်လည်း မ ဆုတ် ရ။ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ဖြစ်တော်မူ၍ ၊ စိတ်မသာညည်းတွား ရာ ကာလ ကုန် လေပြီ။
20Via suno ne plu subiros, kaj via luno ne kaŝiĝos; ĉar la Eternulo estos por vi lumo eterna, kaj la tagoj de via funebro finiĝos.
21သင် ၏လူ အပေါင်း တို့သည် ဖြောင့်မတ် ၍၊ ပြည် တော်ကို အစဉ် အမြဲအမွေခံ သဖြင့်၊ ငါ ၏ဘုန်း ပွင့်စေခြင်းငှါ ၊ ငါ့ ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင် ဖြစ်ရကြ လိမ့်မည်။
21Kaj via popolo tuta estos justuloj, por eterne ili ekposedos la teron; tio estas markoto de Mia plantado, faro de Miaj manoj, per kiu Mi Min gloros.
22သူငယ် တယောက်သည် လူတထောင် ဖြစ် ရ လိမ့်မည်။ အားနည်း သော သူတယောက်သည် အားကြီး သော လူမျိုး ဖြစ်ရလိမ့်မည်။ ငါ ထာဝရဘုရား သည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော် မည်။
22El la plej malgranda fariĝos milo, kaj el la plej sensignifa fariĝos potenca popolo; Mi, la Eternulo, rapide faros tion en ĝia tempo.
Tip: use the ← and → keys to turn chapters.