ကမ္ဘာဦးကျမ်း 33
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1ထိုအခါ ယာကုပ် သည် မြော် ကြည့် ၍ ၊ အစ်ကိုဧသော သည် လူ လေး ရာ ပါလျက် ချီ လာသည်ကိုမြင် လျှင် ၊ လေအာ ၊ ရာခေလ ၊ ကျွန် မနှစ် ယောက်တို့တွင် သား များ တို့ကို ဝေ ပေးလေ၏။
1Now Jacob looked up and saw Esau coming toward him with four hundred men. So he divided the children among Leah, Rachel, and the two maidservants.
2ကျွန် မနှစ်ယောက်ကိုကား၊ သူ တို့သား များနှင့် ရှေ့ ကနေစေ၍ ၊ လေအာ နှင့် သူ ၏သား တို့ကို အလယ်၌ ၎င်း၊ ရာခေလ နှင့် ယောသပ် ကို နောက် ၌၎င်း ထား လေ ၏။
2He put the maidservants and their children in front, Leah and her children next, and Rachel and Joseph at the rear.
3သူ တို့ရှေ့ မှာ ကိုယ်တိုင် လွန် သွား၍ ၊ ခုနစ် ကြိမ် တိုင်အောင် ဦးညွှတ် ပြပ်ဝပ်လျက် ၊ အစ်ကို အနီးသို့ ချဉ်းကပ် လေ၏။
3But Jacob himself went on ahead and bowed to the ground seven times as he approached his brother.
4ထိုအခါ ဧသော သည် ကြိုဆိုခြင်း ငှါ ပြေး လာ၍ ၊ လည် ချင်း ရှက် လျက် ၊ ပိုက်ဘက် နမ်းရှုတ် ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေး ကြ၏။
4Esau, however, ran to him and embraced him, threw his arms around his neck, and kissed him. And they both wept.
5ထိုနောက် ၊ မြော် ကြည့် ၍ ၊ မိန်းမ များ၊ သူငယ် များကို မြင် လျှင် ၊ သင် ၌ပါ သောဤ သူတို့သည်၊ အဘယ် သူနည်းဟုမေး သော်၊ ကိုယ်တော် ၏ ကျွန် အား ၊ ဘုရားသခင် ပေး သနားတော်မူသောသူငယ် ဖြစ်ကြပါ၏ဟု ပြန်ပြော ပြီးမှ၊
5When Esau looked up and saw the women and children, he asked, “Who are these with you?” Jacob answered, “These are the children God has graciously given your servant.”
6ကျွန် မတို့သည်၊ မိမိ တို့သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။
6Then the maidservants and their children approached and bowed down.
7ထိုနောက် ၊ လေအာ သည် သူ ၏သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။ ထိုနောက် ၊ ယောသပ် နှင့် ရာခေလ သည် ချဉ်းကပ် ၍ ဦးညွှတ် ခြင်းကို ပြုကြ၏။
7Leah and her children also approached and bowed down, and then Joseph and Rachel approached and bowed down.
8ဧသောကလည်း၊ ကျွန်ုပ်တွေ့ သော တိရစ္ဆာန် စု အပေါင်း တို့သည်၊ အဘယ်သို့ သောအရာနည်းဟုမေး လျှင်၊ သခင် ၏စိတ် တော်နှင့် တွေ့ စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော ၏။
8“What do you mean by sending this whole company to meet me?” asked Esau. “To find favor in your sight, my lord,” Jacob answered.
9ဧသော ကလည်း၊ ငါ့ ညီ ၊ ငါ ၌ လုံလောက် အောင် ရှိ ၏။ သင် ၏ ဥစ္စာတို့ကို ယူ ထားဦးလော့ဟုဆို ၏။
9“I already have plenty, my brother,” Esau replied. “Keep what belongs to you.”
10ယာကုပ် ကလည်း ၊ ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့ သည်မှန်လျှင် ၊ ကျွန်တော် ဆက် သော လက်ဆောင် ကို ခံယူ တော်မူပါ။ ဘုရားသခင် ၏ မျက်နှာ တော် ကို ဖူးမြင် ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာ ကို ဖူးမြင် ရပါ၏။ စိတ် တော်သည်လည်းနူးညွတ် ပါ၏။
10But Jacob insisted, “No, please! If I have found favor in your sight, then receive this gift from my hand. For indeed, I have seen your face, and it is like seeing the face of God, since you have received me favorably.
11ကိုယ်တော် ထံ သို့ရောက် သော ကျွန်တော် ၏ မင်္ဂလာ ကိုခံယူ တော်မူပါ။ ဘုရားသခင် သည်၊ ကျွန်တော် ၌ များစွာသောကျေးဇူး ကို ပြုတော်မူပြီ။ ကျွန်တော် ၌ လုံလောက် အောင်ရှိ ပါ၏ဟူ၍ တိုက်တွန်း သောကြောင့် ခံယူ လေ၏။
11Please accept my gift that was brought to you, because God has been gracious to me and I have all I need.” So Jacob pressed him until he accepted.
12ဧသောကလည်း၊ ခရီး သွားကြစို့၊ သင့် ရှေ့ မှာ ကျွန်ုပ်သွား မည်ဟုဆို လျှင်၊
12Then Esau said, “Let us be on our way, and I will go ahead of you.”
13ယာကုပ်က၊ သခင် သိ သည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ် ပါ၏။ သား ငယ်ပါသောသိုး ၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော် ၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင် လွန် လျှင် ၊ ရှိသမျှ တို့သည် သေ ကြပါလိမ့်မည်။
13But Jacob replied, “My lord knows that the children are frail, and I must care for sheep and cattle that are nursing their young. If they are driven hard for even a day, all the animals will die.
14ထိုကြောင့်သခင် သည်၊ ကိုယ်တော် ၏ ကျွန် ရှေ့ မှာကြွ နှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊ သူငယ် များ၊ တတ်နိုင်သမျှအတိုင်း ၊ သခင် နေရာ စိရ ပြည်သို့ ရောက် အောင်၊ တဖြည်းဖြည်း ပို့ဆောင် ပါမည်ဟု လျှောက်လေ၏။
14Please let my lord go ahead of his servant. I will continue on slowly, at a comfortable pace for the livestock and children, until I come to my lord at Seir.”
15ဧသော ကလည်း ၊ သို့ဖြစ်လျှင်အကျွန်ုပ် ၌ ပါ သောသူ အချို့တို့ကို ညီ၌ထား ခဲ့ပါရစေဟုဆိုလျှင် ၊ ယာကုပ်က၊ အဘယ် အကြောင်းရှိပါသနည်း။ သခင် ၏ စိတ် တော်နှင့်တွေ့ ပါစေဟု ပြန် ဆိုသော်၊
15“Let me leave some of my people with you,” Esau said. But Jacob replied, “Why do that? Let me find favor in the sight of my lord.”
16ဧသော သည် ထိုနေ့ ခြင်းတွင် စိရ ပြည်သို့ ခရီး သွား၍ ပြန် လေ၏။
16So that day Esau started on his way back to Seir,
17ယာကုပ် လည်း ၊ သုကုတ် အရပ်သို့ ခရီး သွား၍ ၊ ကိုယ် နေဘို့ အိမ် ကို၎င်း ၊ တိရစ္ဆာန် များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက် လေ၏။ ထို့ကြောင့် ထိုအရပ် ကို၊ သုကုတ် ဟူ၍တွင် လေသတည်း။
17but Jacob went on to Succoth, where he built a house for himself and shelters for his livestock; that is why the place was called Succoth.
18ထိုနောက်မှ ၊ ရှေခင် မြို့ သို့ ဘေးမဲ့ ရောက် လေ၏။ ပါဒနာရံ ပြည်မှ ပြန်လာ၍၊ ခါနာန် ပြည် သို့ ရောက် သော လမ်းခရီးတွင် ၊ ထိုမြို့ရှိသတည်း။ ထိုမြို့ ရှေ့ မှာတဲ ကို ဆောက်လေ၏။
18After Jacob had come from Paddan-aram, he arrived safely at the city of Shechem in the land of Canaan, and he camped just outside the city.
19တဲ ဆောက် ရာမြေ အကွက် ကို ရှေခင် ၏အဘ ၊ ဟာမော် ၏သား တို့တွင်၊ ငွေ တပိဿာ အဘိုးပေး၍ ဝယ် ရသတည်း။
19And the plot of ground where he pitched his tent, he purchased from the sons of Hamor, Shechem’s father, for a hundred pieces of silver.
20ထို အရပ်၌လည်း ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ဧလေလောဣသရေလ ဟူ၍ သမုတ် လေ၏။
20There he set up an altar and called it El-Elohe-Israel.
Tip: use the ← and → keys to turn chapters.