ဂလတိ

Old Testament

Chapter 2

ဂလတိ

Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ဂလတိ 2

Judson Burmese Bible (1840)
Modern Hebrew Bible
1ထိုနောက် တဆယ်လေး နှစ် လွန်ပြီးမှ၊ ငါသည် တိတု ကိုခေါ် ၍ ဗာနဗ နှင့်အတူ ယေရုရှလင် မြို့သို့ တစ်ဖန် သွား လေ၏။
1אחרי כן מקץ ארבע עשרה שנה שבתי ועליתי לירושלים עם בר נבא ואקח אתי גם את טיטוס׃
2ဗျာဒိတ် တော်အတိုင်း ပင်သွား သည်ဖြစ်၍ ၊ တစ်ပါး အမျိုးတို့၌ ဟောပြော သော ဧဝံဂေလိ တရားကို ထိုအခါ ငါကြားပြော လေ၏။ ထိုသို့ဆိုသော်ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီး မဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှား သော သူ တို့အားသာ တိတ်ဆိတ် စွာကြားပြော၏။
2ואעל שמה על פי מחזה ואשים לפניהם את הבשורה אשר קראתי בגוים וביחוד שמתיה לפני החשובים שבהם פן תהיה לריק מרוצתי אשר ארוץ או רצתי׃
3သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။
3אבל גם טיטוס אשר אתי אף כי יוני הוא לא הכרח להמול׃
4ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။
4מפני אחי השקר הנכנסים בסתר בתוכנו אשר באו לרגל את חרותנו אשר לנו בישוע המשיח למען העבידנו׃
5မှန် သောဧဝံဂေလိ တရားသည် သင် တို့၌ တည်နေ မည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏ မျှ ဝန် မ ခံကြ။
5אשר לא סרנו למשמעתם אף לא שעה אחת למען אשר תעמד בקרבכם אמתה של הבשורה׃
6အသရေထင်ရှား သောသူတို့သည် အထက် က အဘယ်သို့ သော ဖြစ် ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူ မျက်နှာ ကိုမှတ် တော်မ မူ။ ထိုသူ နှင့် ငါ သည် ပေါင်းဖော်၍ ထူးခြား သောအရာကိုမ ခံရ သည်သာမက၊
6ומאת הנחשבים להיות מה יהיו מי שיהיו אינני חושש לזה כי האלהים לא ישא פני איש לי לא הוסיפו החשובים מאומה׃
7အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
7ותהי להפך בראותם כי הפקדה לי הבשורה אל הערלים כמו שהפקד כיפא אל המולים׃
8ပေတရု ၌ပြုပြင် တော်မူသောသူ သည်၊ တစ်ပါး အမျိုးသားတို့တွင် ငါ့ ကိုတမန်တော် ဖြစ်စေခြင်းငှာ ငါ၌ လည်း ပြုပြင် တော်မူသည်ဖြစ်၍၊ အရေဖျားလှီး ခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိ တရားကို ပေတရု ၌ အပ် တော်မူသည် နည်းတူ ၊ အရေဖျားလှီး ခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကို သူတို့ သည် သိမြင် ကြ၏။
8כי הפעל בכיפא לשלחו אל המולים הוא פעל גם בי לשלחני אל הגוים׃
9အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ ရ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။
9וכאשר ידעו יעקב וכיפא ויוחנן הנחשבים לעמודים את החסד הנתן לי נתנו לי ולבר נבא את יד ימינם ונאות כי נלך אנחנו לגוים והמה למולים׃
10ငါတို့သည်ဆင်းရဲ သောသူများကို အောက်မေ့ စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှု ကို ငါသည်အလိုအလျောက်ကြိုးစား အားထုတ်လေ့ရှိ၏။
10רק שנזכר את האביונים אשר גם שקדתי לעשותה׃
11ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။
11וכאשר בא כיפא לאנטיוכיא הוכחתי אל פניו דרכו מפני שהיה בו אשם׃
12အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ မ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။
12כי לפני בא אנשים מאת יעקב היה אכל עם הגוים יחדו וכבאם היה מתרחק ופורש מהם מיראתו את בני המילה׃
13ကြွင်း သောယုဒ လူတို့သည် ပေတရု နှင့်အတူလျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက် ခြင်းအားဖြင့်ဗာနဗ သည်လည်း သူ တို့ဘက်သို့ပါ သွား၏။
13ויכחשו עמו גם שאר היהודים עד כי בר נבא גם הוא נדח אחרי כחשם׃
14သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
14אכן בראותו את אשר לא ישרו לכת כאמתה של הבשורה אמרתי אל כיפא בפני כל אם אתה היהודי תתנהג כנכרי ולא כיהודי למה תכריח את הגוים להתנהג כיהודים׃
15လူ တို့သည် ပညတ် တရား၏အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ မ ရောက်၊
15הן מזרע היהודים אנחנו ולא חטאים מן הגוים׃
16ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။
16ומדעתנו כי לא יצדק אדם מתוך מעשי התורה כי אם באמונת ישוע המשיח גם אנחנו האמנו במשיח ישוע למען נצדק מאמונת המשיח ולא ממעשי התורה כי ממעשי התורה לא יצדק כל בשר׃
17ခရစ်တော် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာငါ တို့သည် ကြိုးစား လျက်ပင်၊ အပြစ် ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော် သည် အပြစ် တရားကို ပြုစု သောသူဖြစ်သလော။
17ואם בבקשנו להצדק במשיח נמצא גם אנחנו חטאים הנה המשיח משרת החטא חלילה׃
18ထိုသို့မ ဖြစ် နိုင်ရာ။ အထက်က ငါဖြိုဖျက် သော အရာ ကို နောက်တဖန် ငါတည်ဆောက် ပြန်လျှင် ၊ ကိုယ် အပြစ် ရှိသည်ကိုထင်ရှား စွာပြ၏။
18כי אם אשוב ואבנה את מה שסתרתי אני עשה את עצמי פשע׃
19ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။
19כי מתי אני לתורה על ידי התורה למען אחיה לאלהים׃
20ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ၌ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။
20עם המשיח נצלבתי ואין עוד אנכי החי כי אם המשיח הוא חי בקרבי ואשר אני חי עתה בבשר אחיה באמונת בן אלהים אשר אהבני ויתן את נפשו בעדי׃
21ဘုရားသခင် ၏ကျေးဇူး တော်ကိုငါမ ပယ် ။ ပညတ် တရားကိုအမှီပြု ၍ ဖြောင့်မတ် ရာသို့ ရောက်နိုင် လျှင် ခရစ်တော် သည်အချည်းနှီး အသေခံ တော်မူပြီ။
21לא אמאס את חסד האלהים כי אלו תהיה על ידי התורה צדקה הנה חנם מת המשיח׃

Tip: use the ← and → keys to turn chapters.