ယေဇကျေလ

Old Testament

Chapter 4
Judson Burmese Bible (18…
vs Douay-Rheims Bible…
Aa
Text size
Line width
Verse numbers

ယေဇကျေလ 4

Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။
1And thou, O son of man, take thee a tile, and lay it before thee: and draw upon it the plan of the city of Jerusalem.
2မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။
2And lay siege against it, and build forts, and cast up a mount, and set a camp against it, and place battering rams round about it.
3ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။
3And take unto thee an iron pan, and set it for a wall of iron between thee and the city: and set thy face resolutely against it, and it shall be besieged, and thou shalt lay siege against it: it is a sign to the house of Israel.
4ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။
4And thou shalt sleep upon thy left side, and shalt lay the iniquities of the house of Israel upon it, according to the number of the days that thou shalt sleep upon it, and thou shalt take upon thee their iniquity.
5အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။
5And I have laid upon thee the years of their iniquity, according to the number of the days three hundred and ninety days: and thou shalt bear the iniquity of the house of Israel.
6ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။
6And when thou hast accomplished this, thou shalt sleep again upon thy right side, and thou shalt take upon thee the iniquity of the house of Juda forty days: a day for it year, yea, a day for a year I have appointed to thee.
7သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။
7And thou shalt turn thy face to the siege of Jerusalem, and thy arm shall be stretched out: and thou shalt prophesy against it.
8ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။
8Behold I have encompassed thee with bands: and thou shalt not turn thyself from one side to the other, till thou hast ended the days of thy siege.
9ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။
9And take to thee wheat and barley, and beans, and lentils, and millet, and fitches, and put them in one vessel, and make thee bread thereof according to the number of the days that thou shalt lie upon thy side: three hundred and ninety days shalt thou eat thereof.
10ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။
10And thy meat that thou shalt eat, shall be in weight twenty staters a day: from time to time thou shalt eat it.
11ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။
11And thou shalt drink water by measure, the sixth part of a hin: from time to time thou shalt drink it,
12မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။
12And thou shalt eat it as barley bread baked under the ashes: and thou shalt cover it, in their sight, with the dung that cometh out of a man.
13ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
13And the Lord said: So shall the children of Israel Beat their bread all filthy among the nations whither I will cast them out.
14ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊
14And I said: Ah, ah, ah, O Lord God, behold my soul hath not been defiled, and from my infancy even till now, I have not eaten any thing that died of itself, or was torn by beasts, and no unclean flesh hath entered into my mouth.
15လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။
15And he said to me: Behold I have given thee neat’s dung for man’s dung, and thou shalt make thy bread therewith.
16တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။
16And he said to me: Son of man: Behold, I will break in pieces the staff of bread in Jerusalem: and they shall eat bread by weight, and with care: and they shall drink water by measure, and in distress.
17မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။
17So that when bread and water fail, every man may fall against his brother, and they may pine away in their iniquities.

Tip: use the ← and → keys to turn chapters.