ယေဇကျေလ 39
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဂေါဂ တဘက် ၌ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရ သောအိုဂေါဂ မင်း ၊ ငါ သည်သင့် တဘက် ၌ နေ၏။
1Ты же, сын человеческий, изреки пророчество на Гога и скажи: так говорит Господь Бог: вот, Я - на тебя, Гог, князь Роша, Мешеха и Фувала!
2သင့် ကို ငါလှည့် ၍ သွေးဆောင် မည်။ မြောက် မျက်နှာ မှ ချီ လာ၍ ဣသရေလ တောင် တို့အပေါ်သို့ ရောက် စေမည်။
2И поверну тебя, и поведу тебя, и выведу тебя от краев севера, и приведу тебя на горы Израилевы.
3ထိုအခါ သင့် လက်ဝဲ လက် မှ လေး ကို၎င်း ၊ လက်ျာ လက် မှ မြှား တို့ကို၎င်း ငါရိုက် ၍ကျ စေမည်။
3И выбью лук твой из левой руки твоей, и выброшу стрелы твои из правой руки твоей.
4သင် နှင့် သင် ၌ပါသောတပ်သား အပေါင်း တို့ သည် ဣသရေလ တောင် တို့အပေါ်မှာ လဲ ၍ သေကြလိမ့်မည်။ သင့်ကို အမျိုးမျိုး သော ငှက်ရဲ ၊ သားရဲ တို့ကိုက်စား စရာဘို့ ငါအပ် မည်။
4Падешь ты на горах Израилевых, ты и все полки твои, и народы, которые с тобою; отдам тебя на съедение всякого рода хищным птицам и зверям полевым.
5သင်သည် လွင်ပြင် ၌ လဲ ၍သေလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
5На открытом поле падешь; ибо Я сказал это, говорит Господь Бог.
6မာဂေါဂ ပြည်နှင့် ပင်လယ် ကမ်းနားမှာ ငြိမ်ဝပ် စွာနေ သောသူတို့ အပေါ်သို့ မီး ကိုငါလွှတ် လိုက်၍ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
6И пошлю огонь на землю Магог и на жителей островов, живущих беспечно, и узнают, что Я Господь.
7ထိုသို့ ငါ ၏ နာမ မြတ် ကိုငါ ၏ လူ ဣသရေလ အမျိုးသားတို့တွင် ထင်ရှား စေမည်။ နောက် တဖန်သူတို့ သည် ငါ ၏နာမ မြတ် ကိုမ ရှုတ်ချ ရကြ။ ငါ သည်ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထာဝရဘုရား ဖြစ်ကြောင်း ကို တပါးအမျိုးသား တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
7И явлю святое имя Мое среди народа Моего, Израиля, и не дам вперед бесславить святого имени Моего, и узнают народы, что Я Господь, Святый в Израиле.
8တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အမှုရောက် လေပြီ။ ပြည့်စုံ လေပြီ။ ယခု နေ့ရက်သည် ငါမိန့်မြွက် နှင့်ပြီးသော နေ့ ရက်ဖြစ်၏။
8Вот, это придет и сбудется, говорит Господь Бог, это тот день, о котором Я сказал.
9ဣသရေလ မြို့ တို့၌ နေ သောသူတို့သည် ထွက်သွား ၍ ၊ စစ်တိုက် လက်နက်၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံ များကို ခုနစ် နှစ် ပတ်လုံးမီး ရှို့ ကြလိမ့်မည်။
9Тогда жители городов Израилевых выйдут, и разведут огонь, и будут сожигать оружие, щиты и латы, луки и стрелы и булавы и копья; семь лет буду жечь их.
10ထိုကာလတွင် ဥယျာဉ် ၌ ထင်း မ ခွေ၊ တော ၌ ထင်းမ ခုတ် မလှဲ၊ စစ်တိုက် လက်နက်တို့နှင့် မီးမွှေး ကြ လိမ့်မည်။ ဖျက်ဆီး သောသူတို့ကို ဖျက်ဆီး ကြလိမ့်မည်။ လုယူ သောသူတို့၏ ဥစ္စာကိုလည်းလုယူ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10И не будут носить дров с поля, ни рубить из лесов, но будут жечь только оружие; и ограбят грабителей своих, и оберут обирателей своих, говорит Господь Бог.
11ထို ကာလ တွင် ဣသရေလ ပြည်၊ အိုင် အရှေ့ ၊ ခရီးသွား ရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်း ကိုဂေါဂ အား ငါပေး မည်။ ခရီသွား သောသူတို့ သည် နှာခေါင်းကို ပိတ် ရကြ လိမ့်မည်။ ထို အရပ်၌ ဂေါဂ နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ ကိုမြေ၌ မြှုပ် ၍၊ ထိုချိုင့်သည် ဟာမုန် ဂေါဂ ချိုင့်အမည် ဖြင့် တွင်လိမ့်မည်။
11И будет в тот день: дам Гогу место для могилы в Израиле, долину прохожих на восток от моря, и она будет задерживать прохожих; и похоронят там Гога и все полчище его, и будут называть ее долиною полчища Гогова.
12ဣသရေလ အမျိုးသား တို့သည် ပြည် ကို သန့်ရှင်း စေခြင်းငှါ ခုနစ် နှစ် ပတ်လုံးမြေ ၌မြှုပ်ကြ လိမ့်မည်။
12И дом Израилев семь месяцев будет хоронить их, чтобы очистить землю.
13ပြည်သား အပေါင်း တို့သည် ဝိုင်း၍မြေ၌မြှုပ် သဖြင့် ၊ ငါ ၏ဘုန်း ပွင့်သော ထိုနေ့ ရက်၌ သူတို့သည်လည်း ကျော်စော ခြင်းသို့ ရောက် ကြလိမ့်မည် ဟုအရှင် ထာဝရဘုရား မိန့် တော်မူ၏။
13И весь народ земли будет хоронить их, и знаменит будет у них день, в который Я прославлю Себя, говорит Господь Бог.
14အရပ်ရပ် လှည့်လည် ၍ အခြားသောခရီးသည်တို့နှင့် ဝိုင်းလျက်၊ မြေ ပေါ်၌ ကြွင်း သေးသော အသေကောင်တို့ကို မြှုပ် ၍၊ ထိုပြည် ကို သန့်ရှင်း စေခြင်းငှါ အစဉ် အမှုစောင့်သောသူတို့ ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ် လ မက ရှာဖွေ ကြစဉ်တွင်၊
14И назначат людей, которые постоянно обходили бы землю и с помощью прохожих погребали бы оставшихся на поверхности земли, для очищения ее; по прошествии семи месяцев они начнут делать поиски;
15လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေကောင် ၏ အရိုး ကိုတွေ့မြင် လျှင် ၊ မြေ ၌မြှုပ်သောသူတို့ သည် ဟာမုန် ဂေါဂချိုင့်၌ မ မြှုပ် မှီတိုင်အောင်၊ အရိုး ၏အနား မှာမှတ်တိုင် ကို စိုက် ရကြမည်။
15и когда кто из обходящих землю увидит кость человеческую, то поставит возле нее знак, доколе погребатели не похоронят ее в долине полчища Гогова.
16ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ ဟူ၍တွင် သဖြင့် ၊ ထိုသို့ပြည် တော်ကို သန့်ရှင်း စေကြ လိမ့်မည်။
16И будет имя городу: Гамона полчище. И так очистят они землю.
17အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ငှက် အမျိုးမျိုး တို့နှင့် မြေ တိရစ္ဆာန် ခပ်သိမ်း တို့အား ဆင့်ဆိုရမည်မှာ၊ စည်းဝေး ၍ လာ ကြလော့။ ဣသရေလ တောင် တို့အပေါ်၌ သင် တို့အဘို့ ငါစီရင်သော ယဇ် ပွဲကြီး သို့ အရပ်ရပ် တို့က စည်းဝေး ၍၊ အသား အသွေး ကို သောက် စား ခြင်းငှါလာကြလော့။
17Ты же, сын человеческий, так говорит Господь Бог, скажи всякого рода птицам и всем зверям полевым: собирайтесь и идите, со всех сторон сходитесь к жертве Моей, которую Я заколю для вас, к великой жертве на горах Израилевых; и будете есть мясо и пить кровь.
18သင်တို့သည် အားကြီး သောသူတို့၏ အသား ၊ လောကီ မင်း တို့၏အသွေး ၊ ဗာရှန် ပြည်၌ ဆူ အောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘ တို့၏ အသား အသွေးကို သောက် စား ရကြလိမ့်မည်။
18Мясо мужей сильных будете есть, и будете пить кровь князей земли, баранов, ягнят, козлов и тельцов, всех откормленных на Васане;
19သင် တို့အဘို့ ငါစီရင် သော ယဇ် ပွဲ၌ ဆီဥ ကိုဝ စွာ စား ရကြလိမ့်မည်။ အသွေး နှင့်ယစ်မူး သည်တိုင်အောင် သောက် ရကြလိမ့်မည်။
19и будете есть жир до сытости и пить кровь до опьянения от жертвы Моей, которую Я заколю для вас.
20ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီး သူရဲ၊ ခွန်အား ကြီးသောသူ၊ စစ်တိုက် သောသူ အမျိုးမျိုး တို့ကို ဝ စွာစားရကြ လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
20И насытитесь за столом Моим конями и всадниками, мужами сильными и всякими людьми военными, говорит Господь Бог.
21ငါ့ ဘုန်း ကိုလည်း တပါးအမျိုးသား တို့တွင် ငါထင်ရှား စေ၍ ၊ ငါစီရင် သော တရားမှု နှင့် ၊ သူ တို့၌ ငါတင် သော လက် ကို တပါးအမျိုးသား အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
21И явлю славу Мою между народами, и все народы увидят суд Мой, который Я произведу, и руку Мою, которую Я наложу на них.
22ငါ သည်သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် ထို နေ့ မှစ၍ သိ ရကြလိမ့်မည်။
22И будет знать дом Израилев, что Я Господь Бог их, от сего дня и далее.
23ဣသရေလ အမျိုးသား တို့သည် မိမိ အမျိုးတို့ အပြစ် ကြောင့် သိမ်း သွားခြင်းခံရကြောင်း ကို တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ့ ကိုပြစ်မှား သောကြောင့် ၊ ငါသည် မျက်နှာ လွှဲ ၍ ရန်သူ တို့လက် သို့ အပ် သဖြင့် ၊ ထိုသူ အပေါင်း တို့သည် ထား ဖြင့် လဲ ၍ သေရ ကြပြီ။
23И узнают народы, что дом Израилев был переселен за неправду свою; за то, что они поступали вероломно предо Мною, Я сокрыл от них лице Мое и отдал их в руки врагов их, и все они пали от меча.
24သူ တို့ညစ်ညူး သောအမှု၊ လွန်ကျူး ခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာ ကိုလွှဲ ပြီ။
24За нечистоты их и за их беззаконие Я сделал это с ними, и сокрыл от них лице Мое.
25ဤ အမှုတွင် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သိမ်း သွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင် ခဲ့၍ ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို ကယ်မ သနားသဖြင့် ၊ ငါ ၏နာမ မြတ် အဘို့ အလိုငှါ စိတ် အားကြီးမည်။
25Посему так говорит Господь Бог: ныне возвращу плен Иакова, и помилую весь дом Израиля, и возревную по святом имени Моем.
26သူ တို့ကို လူ အမျိုးမျိုးထဲက ငါ ခေါ် ခဲ့၍၊
26И почувствуют они бесчестие свое и все беззакония свои, какие делали предо Мною, когда будут жить на земле своей безопасно, и никто не будет устрашать их,
27ရန်သူ နေရာပြည် တို့မှ စုဝေး စေလျက် ၊ သူ တို့ အားဖြင့် များစွာ သော လူမျိုး တို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက် စေသော သူမ ရှိ၊ ငြိမ်ဝပ် စွာနေ ကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါ့ အား ပြစ်မှား ခြင်းအပြစ် များကို အောက်မေ့ ကြ ရလိမ့်မည်။
27когда Я возвращу их из народов, и соберу их из земель врагов их, и явлю в них святость Мою пред глазами многих народов.
28ငါသည်သူ တို့ကို တပါးအမျိုးသား တို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေး စေ၍ နေရာချသောကြောင့်၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။
28И узнают, что Я Господь Бог их, когда, рассеяв их между народами, опять соберу их в землю их и не оставлю уже там ни одного из них;
29ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
29и не буду уже скрывать от них лица Моего, потому что Я изолью дух Мой на дом Израилев, говорит Господь Бог.
Tip: use the ← and → keys to turn chapters.