ယေဇကျေလ 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
1И было ко мне слово Господне:
2အချင်းလူသား ၊ ယေရုရှလင် မြို့ကို မျက်နှာ ပြု လျက်၊ သန့်ရှင်း သော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလ ပြည် တဘက် ၌ ဟောပြော လော့။
2сын человеческий! обрати лице твое к Иерусалиму и произнеси слово на святилища, и изреки пророчество на землю Израилеву,
3အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ ပြည် အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင့် ကို ရန်ဘက်ပြု လျက်၊ ငါ့ ထား ကိုထားအိမ် မှ ထုတ် ၍ ၊ သင်၌ တရား သောသူ၊ မတရား သောသူတို့ကို ပယ်ဖြတ် မည်။
3и скажи земле Израилевой: так говорит Господь Бог: вот, Я - на тебя, и извлеку меч Мой из ножен его и истреблю у тебя праведного и нечестивого.
4ထိုသို့သင် ၌ တရား သောသူ၊ မတရား သောသူတို့ ကို ပယ်ဖြတ် စရာအကြောင်းရှိသောကြောင့် ၊ ငါ့ ထား သည် တောင် ဘက်မှ သည် မြောက် ဘက်သို့တိုင်အောင်၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ရန်ဘက်ပြု ၍ မိမိ အိမ် မှ ထွက် ရလိမ့်မည်။
4А для того, чтобы истребить у тебя праведного и нечестивого, меч Мой из ножен своих пойдет на всякую плоть от юга до севера.
5ငါ ထာဝရဘုရား သည် ငါ့ ထား ကို သူ့ အိမ် မှ ထုတ် ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့ သိ ရကြလိမ့်မည်။ ထိုထားသည် နောက် တဖန်အိမ်သို့ မ ပြန် ရ။
5И узнает всякая плоть, что Я, Господь, извлек меч Мой из ножен его, и он уже не возвратится.
6သို့ဖြစ်၍ ၊ အချင်းလူသား ၊ ညည်းတွား သံကို ပြုလော့။ ခါး ကျိုး လျက်၊ နှလုံး ကြေကွဲလျက်၊ သူ တို့ရှေ့မှာ ညည်းတွား သံကို ပြုလော့။
6Ты же, сын человеческий, стенай, сокрушая бедра твои, и в горести стенай перед глазами их.
7သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့် ကိုမေး သောအခါ ၊ သင်က၊ ငါသည် သိတင်း စကားကြောင့် ညည်းတွား၏။ အမှုနီး ပြီ၊ ။ လူ အပေါင်း တို့သည် ကြောက် အားကြီး၍ လက် အားလျော့ ကြလိမ့်မည်။ စိတ်ပျက် ၍ ဒူး သည်လည်း အရည် ဖြစ် လိမ့်မည်။ အမှုလာ ၍ ရောက် မည်အကြောင်းကို၊ အရှင် ထာဝရဘုရား ဗျာဒိတ် ပေးတော်မူကြောင်းကို ပြန်ပြော လော့ဟု မိန့်တော်မူ၏။
7И когда скажут тебе: “отчего ты стенаешь?”, скажи: “от слуха, что идет”,- и растает всякое сердце, и все руки опустятся, и всякий дух изнеможет, и все колени задрожат, как вода. Вот, это придет и сбудется, говорит Господь Бог.
8တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
8И было ко мне слово Господне:
9အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထား တော်ကို ထက် စွာ သွေးလေပြီ။ ပြောင်လက် စွာ ပွတ်လေပြီ။
9сын человеческий! изреки пророчество и скажи: так говорит Господь Бог: скажи: меч, меч наострен и вычищен;
10ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။
10наострен для того, чтобы больше заколать; вычищен, чтобы сверкал, как молния. Радоваться ли нам, что жезл сына Моего презирает всякое дерево?
11သုံး စရာဘို့ ပွတ် စေခြင်းငှါ အပ် ထားပြီ။ လုပ်ကြံ သောသူ၌ အပ် ခြင်းငှါ ထက် စွာလည်း သွေးလေပြီ။ ပြောင်လက် စွာပွတ်လေပြီ။
11Я дал его вычистить, чтобы взять в руку; уже наострен этот меч и вычищен, чтобы отдать его в руку убийцы.
12အချင်းလူသား ၊ ငိုကြွေး အော်ဟစ် လော့။ အကြောင်းမူကား ၊ ငါ ၏ လူ တို့၌ရောက် လိမ့်မည်။ ဣသရေလ မင်းသား အပေါင်း တို့၌ လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွငါ ၏လူ တို့ကို ထား ၌ အပ် လေ၏။ ထိုကြောင့် ၊ သင်၏ပေါင် ကို ရိုက် လော့။
12Стенай и рыдай, сын человеческий, ибо он - на народ Мой, на всех князей Израиля; они отданы будут под меч с народом Моим; посему ударяй себя по бедрам.
13စုံစမ်း ခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေ ပြုလျှင် အဘယ်သို့ နည်း။ လှံတံဆုံး လိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
13Ибо он уже испытан. И что, если он презирает и жезл? сей не устоит, говорит Господь Бог.
14သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီး လော့။ ထား တော်သည် နှစ် ခေါက်၊ သုံး ခေါက် ရောက်ရ၏။ သူရဲ ထား ၊ အားကြီး သော သူရဲ ထား ဖြစ်၏။ သူ တို့ကိုဝန်းရံ သော ထားဖြစ်၏။
14Ты же, сын человеческий, пророчествуй и ударяй рукою об руку; и удвоится меч и утроится, меч на поражаемых, меч на поражение великого, проникающий во внутренность жилищ их.
15သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး ကိုမြို့ တံခါး ရှိသမျှ တို့၌ ငါရောက် စေပြီ။ ထားပြောင် လျက်ရှိ၏။ လုပ်ကြံ စရာဘို့ ပွတ် ထားလျက် ရှိ၏။
15Чтобы растаяли сердца и чтобы павших было более, Я у всех ворот их поставлю грозный меч, увы! сверкающий, как молния, наостренный для заклания.
16စုဝေး လော့။ လက်ျာ ဘက်သို့ ခုတ် လော့။ ပြင်ဦးလော့။ လက်ဝဲ ဘက် အစရှိသောသင် ၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
16Соберись и иди направо или иди налево, куда бы ни обратилось лицо твое.
17ငါ သည်လည်း လက် ချင်းရိုက် ၍ ၊ ငါ ဒေါသ အရှိန် ကို ငြိမ်း စေမည်။ ထိုသို့ငါ ထာဝရဘုရား မိန့် တော်မူပြီ။
17И Я буду рукоплескать и утолю гнев Мой; Я, Господь, сказал.
18တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18И было ко мне слово Господне:
19အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သွားရာလမ်း နှစ် လမ်းကို မှတ်သား လော့။ လမ်းနှစ် လမ်း တို့သည် ပြည် တ ပြည်ထဲက ထွက် ရမည်။ မြို့ သို့သွားသော လမ်း ခွ ၌ အရပ်တခုကို ရွေး လော့။
19и ты, сын человеческий, представь себе две дороги, по которым должно идти мечу царя Вавилонского,- обе они должны выходить из одной земли; и начертай руку, начертай при начале дорог в города.
20အမ္မုန် ပြည်၌ ရဗ္ဗတ် မြို့သို့၎င်း ၊ ယုဒ ပြည်၌ ခိုင်ခံ့ သော ယေရုရှလင် မြို့သို့၎င်း ၊ ထား ရောက် ရာလမ်း ကို မှတ်သား လော့။
20Представь дорогу, по которой меч шел бы в Равву сынов Аммоновых и в Иудею, в укрепленный Иерусалим;
21ဗာဗုလုန် ရှင်ဘုရင် သည် ဗေဒင် တွက်ခြင်းငှါ လမ်း နှစ် လမ်းဆုံ မိရာလမ်း ခွ ၌ ရပ် ၏။ မြှား တို့ကို ရောနှော ၏။ တေရပ်ရုပ်တု တို့ကို မေးမြန်း ၏။ အသည်း ကို ကြည့်ရှု ၏။
21потому что царь Вавилонский остановился на распутье, при начале двух дорог, для гаданья: трясет стрелы, вопрошает терафимов, рассматривает печень.
22ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား စေခြင်းငှါ ၎င်း ၊ လုပ်ကြံ ခြင်းအမှုကို မှာထား စေခြင်းငှါ ၎င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎င်း ၊ မြို့တံခါး တဘက် တချက် ဝက်ခွတိုင် ၌ တုံးတို့ကိုဆွဲ ထားစေခြင်းငှါ ၎င်း၊ မြေရိုး ကိုဖို့ စေခြင်းငှါ ၎င်း ၊ ရဲတိုက် ကို ဆောက် စေခြင်းငှါ ၎င်း ၊ လက်ျာ ဘက်၌ ယေရုရှလင် မြို့အဘို့ ဗေဒင် တွက်၍ နေရာ ကျ၏။
22В правой руке у него гаданье: “в Иерусалим”, где должно поставить тараны, открыть для побоища уста, возвысить голос для военного крика, подвести тараны к воротам, насыпать вал, построить осадные башни.
23သို့ရာတွင် ၊ ရှင်ဘုရင်ထံ၌ သစ္စာခံ သောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီး သော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ် ကြလိမ့်မည်။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိ လိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ် ကို အောက်မေ့ လိမ့်မည်။
23Это гаданье показалось в глазах их лживым; но так как они клялись клятвою, то он, вспомнив о таком их вероломстве, положил взять его.
24သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် တို့ပြု လေသမျှ တို့၌ အပြစ် ထင်ရှား သည် တိုင်အောင်၊ သင် တို့သည် မိမိ တို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့ စေ၍၊ မိမိ တို့ လွန်ကျူး ခြင်း အမှုများ ကို ဘော်ပြ လျက်၊ မိမိ တို့ကို သူတပါး အောက်မေ့ စေသောကြောင့် ၊ ထိုရှင်ဘုရင်လက် သို့ ရောက် ရကြလိမ့်မည်။
24Посему так говорит Господь Бог: так как вы сами приводите на память беззаконие ваше, делая явными преступления ваши, выставляя на вид грехи ваши во всех делах ваших, и сами приводите это на память, то вы будете взяты руками.
25အချင်းဆိုးယုတ် သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မ အမှုကြောင့်ဆုံးရှုံး ရသောကာလ ရောက် သောအခါ ၊ သင်၏အချိန် ကာလသည် ရောက် လိမ့်မည်။
25И ты, недостойный, преступный вождь Израиля, которого день наступил ныне, когда нечестию его положен будет конец!
26ဦးရစ် တော်ကိုပယ် ၍ ရာဇသရဖူ ကို ချွတ် လော့။ နောက်တဖန် မ ရှိရ။ နိမ့် သောသူကိုချီးမြှောက် ရမည်။ မြင့် သောသူကို နှိမ့်ချ ရမည်။
26так говорит Господь Бог: сними с себя диадему и сложи венец; этого уже не будет; униженное возвысится и высокое унизится.
27နိုင်ငံကို ဆုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မ ရောက် မှီတိုင်အောင်၎င်း ငါမှောက်လှန် မည်။ မှောက်လှန် မည်။ မှောက်လှန် မည်။ အစိုးပိုင်သောသူ ၌ ငါအပ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
27Низложу, низложу, низложу, и его не будет, доколе не придет Тот, Кому принадлежит он, и Я дам Ему.
28အချင်းလူသား ၊ အရှင် ထာဝရဘုရား သည် အမ္မုန် အမျိုးသား တို့ကို၎င်း၊
28И ты, сын человеческий, изреки пророчество и скажи: так говорит Господь Бог о сынах Аммона и о поношении их; и скажи: меч, меч обнажен для заклания, вычищен для истребления, чтобы сверкал, как молния,
29သူ တို့ကဲ့ရဲ့ ခြင်းကို၎င်းရည်မှတ် ၍မိန့် တော်မူသော စကားကို ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေ သတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်း ပေါ်မှာ ၊ သင့် ကိုနေရာ ကျစေခြင်းငှါ ၊ သင့် အဘို့ အချည်းနှီး သောအရာကိုကြည့်မြင် ၍၊ မုသာ စကားကိုဟောပြော စဉ်တွင်၊ ထား တော်သည် လုပ်ကြံ ဘို့ရာထုတ် လျက်ရှိ၏။ ဖျက်ဆီးဘို့ရာအရောင် တောက် သည်တိုင်အောင်ပြောင် စွာပွတ်လေပြီ။
29чтобы, тогда как представляют тебе пустые видения и ложно гадают тебе, и тебя приложил к обезглавленным нечестивцам, которых день наступил, когда нечестию их положен будет конец.
30သင့်ထားကို အိမ် သို့ ပြန် စေလော့။ သင့်ကို ငါ ဖန်ဆင်း သော အရပ် ၊ မွေးဘွား ရာဌာန ၌ သင့် ကို ငါစီရင် မည်။
30Возвратить ли его в ножны его? - на месте, где ты сотворен, на земле происхождения твоего буду судить тебя:
31သင့် အပေါ်သို့ ငါ့ အမျက် ကို ငါသွန်းလောင်း မည်။ ငါ့ ဒေါသ မီး ဖြင့် သင့် ကို မှုတ် မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီး တတ်သော လူ တို့လက် သို့ အပ် မည်။
31и изолью на тебя негодование Мое, дохну на тебя огнем ярости Моей и отдам тебя в руки людей свирепых, опытных в убийстве.
32သင်သည်မီး မွေးဘို့ ထင်း ဖြစ် ရလိမ့်မည်။ သင့် အသွေး သည် ပြည် အလယ် ၌ ရှိ ရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမ အောက်မေ့ ရဟု ငါ ထာဝရဘုရား မိန့် တော်မူ၏။
32Ты будешь пищею огню, кровь твоя останется на земле; не будут и вспоминать о тебе; ибо Я, Господь, сказал это.
Tip: use the ← and → keys to turn chapters.