ယေဇကျေလ

Old Testament

Chapter 37
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

ယေဇကျေလ 37

Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန်ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုပြင်သို့ ဆောင် သွား လျက်၊ အရိုး တို့နှင့် ပြည့် သောချိုင့် အလယ် ၌ ထား ပြီးလျှင် ၊
1היתה עלי יד יהוה ויוצאני ברוח יהוה ויניחני בתוך הבקעה והיא מלאה עצמות׃
2ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွား စေတော်မူ ၏။ ထိုချိုင့် မျက်နှာပြင် ၌ များစွာ သောအရိုးတို့သည်ရှိ၍ အလွန် သွေ့ခြောက် ကြ၏။
2והעבירני עליהם סביב סביב והנה רבות מאד על פני הבקעה והנה יבשות מאד׃
3ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် အသက်ရှင် နိုင်သလောဟုမေး တော်မူလျှင် ၊ ငါက၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သိ တော်မူသည် ဟု လျှောက် လေ၏။
3ויאמר אלי בן אדם התחיינה העצמות האלה ואמר אדני יהוה אתה ידעת׃
4ထာဝရဘုရားကလည်း၊ ဤ အရိုး တို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြော ရမည်မှာ၊ အိုသွေ့ခြောက် သော အရိုး တို့၊ ထာဝရဘုရား ၏အမိန့် တော်ကိုနားထောင် ကြလော့။
4ויאמר אלי הנבא על העצמות האלה ואמרת אליהם העצמות היבשות שמעו דבר יהוה׃
5ဤ သွေ့ခြောက်သော အရိုး တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် သင် တို့အထဲသို့ အသက် ကိုသွင်း ၍ သင်တို့သည် အသက်ရှင် ရကြမည် ။
5כה אמר אדני יהוה לעצמות האלה הנה אני מביא בכם רוח וחייתם׃
6သင် တို့အပေါ်မှာ အကြော တို့ကို ငါတင် ၍ အသား ကို တက် စေမည်။ အရေ နှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်း သဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု၊
6ונתתי עליכם גדים והעלתי עליכם בשר וקרמתי עליכם עור ונתתי בכם רוח וחייתם וידעתם כי אני יהוה׃
7မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၏။ ပရောဖက်ပြု စဉ်တွင် အသံ မြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုး တို့သည် တခုအနီးသို့တခု ချဉ်း ကြ ၏။
7ונבאתי כאשר צויתי ויהי קול כהנבאי והנה רעש ותקרבו עצמות עצם אל עצמו׃
8ငါကြည့်ရှု စဉ်တွင် အကြော တို့သည်ပေါ်လာ ၍ အသား လည်း တက် ၏။ အရေ လည်းဖုံးလွှမ်း ၏။ သို့ရာတွင် ၊ အသက် မ ရှိသေး။
8וראיתי והנה עליהם גדים ובשר עלה ויקרם עליהם עור מלמעלה ורוח אין בהם׃
9ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြု လော့။ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို လေ အား ဆင့်ဆို ရမည်မှာ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍၊ ဤ အသေကောင် တို့သည် အသက်ရှင် မည်အကြောင်း သူတို့အပေါ်မှာမှုတ် လော့ဟု၊
9ויאמר אלי הנבא אל הרוח הנבא בן אדם ואמרת אל הרוח כה אמר אדני יהוה מארבע רוחות באי הרוח ופחי בהרוגים האלה ויחיו׃
10မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၍ ၊ လေ သည် သူ တို့အထဲသို့ ဝင် သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန် များ သော ဗိုလ်ခြေ ဖြစ်လျက် မတ်တတ် နေကြ၏။
10והנבאתי כאשר צוני ותבוא בהם הרוח ויחיו ויעמדו על רגליהם חיל גדול מאד מאד׃
11ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
11ויאמר אלי בן אדם העצמות האלה כל בית ישראל המה הנה אמרים יבשו עצמותינו ואבדה תקותנו נגזרנו לנו׃
12သို့ဖြစ်၍ ၊ ပရောဖက်ပြု လျက် အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ဣသရေလ ပြည် သို့ ပို့ဆောင် မည်။
12לכן הנבא ואמרת אליהם כה אמר אדני יהוה הנה אני פתח את קברותיכם והעליתי אתכם מקברותיכם עמי והבאתי אתכם אל אדמת ישראל׃
13အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ၊
13וידעתם כי אני יהוה בפתחי את קברותיכם ובהעלותי אתכם מקברותיכם עמי׃
14အသက်ရှင် စေခြင်းငှါငါသည် ကိုယ် အသက် ကို သွင်း ပေး၍ ၊ သင် တို့ကို နေရင်းပြည် ၌ နေရာ ချသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ငါထာဝရဘုရားပြော သည်အတိုင်း ပြည့်စုံ ကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14ונתתי רוחי בכם וחייתם והנחתי אתכם על אדמתכם וידעתם כי אני יהוה דברתי ועשיתי נאם יהוה׃
15တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
15ויהי דבר יהוה אלי לאמר׃
16အချင်းလူသား ၊ တုတ် တ ချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးသား အဘို့ ဟု ရေးမှတ် လော့။ တဖန် တုတ် တ ချောင်းကိုယူ ၍ ၊ ယောသပ် အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသား များအဘို့၊ ဧဖရိမ် တုတ် ပေတည်းဟု ရေးမှတ် လော့။
16ואתה בן אדם קח לך עץ אחד וכתב עליו ליהודה ולבני ישראל חברו ולקח עץ אחד וכתוב עליו ליוסף עץ אפרים וכל בית ישראל חברו׃
17ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။
17וקרב אתם אחד אל אחד לך לעץ אחד והיו לאחדים בידך׃
18သင် ၏အမျိုးသား ချင်းတို့က၊ ထိုသို့ ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါ တို့အား မ ပြော သင့်သလော ဟုမေး လျှင် ၊
18וכאשר יאמרו אליך בני עמך לאמר הלוא תגיד לנו מה אלה לך׃
19အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုသူ တို့ အား ဆင့်ဆို ရမည်မှာ၊ ဧဖရိမ် ကိုင် သော ယောသပ် ၏ တုတ် နှင့် ၊ သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးအနွယ် တို့ကိုငါ ယူ ၍ ယုဒ တုတ် နှင့်အတူပူး ထားပြီးလျှင် ၊ တ ချောင်းတည်းဖြစ်သော တုတ် ကိုငါ လက် စွဲမည်ဟု ဆင့်ဆိုလျက်၊
19דבר אלהם כה אמר אדני יהוה הנה אני לקח את עץ יוסף אשר ביד אפרים ושבטי ישראל חברו ונתתי אותם עליו את עץ יהודה ועשיתם לעץ אחד והיו אחד בידי׃
20သင်ရေးမှတ် သော ထိုတုတ် ကိုသူ တို့မျက်မှောက် ၌ လက် စွဲလျက် နေ လော့။
20והיו העצים אשר תכתב עליהם בידך לעיניהם׃
21အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။
21ודבר אליהם כה אמר אדני יהוה הנה אני לקח את בני ישראל מבין הגוים אשר הלכו שם וקבצתי אתם מסביב והבאתי אותם אל אדמתם׃
22ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။
22ועשיתי אתם לגוי אחד בארץ בהרי ישראל ומלך אחד יהיה לכלם למלך ולא יהיה עוד לשני גוים ולא יחצו עוד לשתי ממלכות עוד׃
23နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။
23ולא יטמאו עוד בגלוליהם ובשקוציהם ובכל פשעיהם והושעתי אתם מכל מושבתיהם אשר חטאו בהם וטהרתי אותם והיו לי לעם ואני אהיה להם לאלהים׃
24ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။
24ועבדי דוד מלך עליהם ורועה אחד יהיה לכלם ובמשפטי ילכו וחקתי ישמרו ועשו אותם׃
25ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
25וישבו על הארץ אשר נתתי לעבדי ליעקב אשר ישבו בה אבותיכם וישבו עליה המה ובניהם ובני בניהם עד עולם ודוד עבדי נשיא להם לעולם׃
26ထိုမှတပါး ၊ သူ တို့နှင့် မိဿဟာယ ပဋိညာဉ် ကို ငါဖွဲ့ ၍၊ ထိုပဋိညာဉ်သည် နိစ္စ ထာဝရပဋိညာဉ် ဖြစ် လိမ့်မည် ။ သူ တို့ကိုနေရာချ ၍ များပြား စေမည်။ ငါ ၏ သန့်ရှင်း ရာဌာနကို သူ တို့အလယ် ၌ အစဉ်အမြဲ ထား မည်။
26וכרתי להם ברית שלום ברית עולם יהיה אותם ונתתים והרביתי אותם ונתתי את מקדשי בתוכם לעולם׃
27ငါ ၏ဗိမာန် တော်သည်လည်း သူ တို့၌ ရှိ ၍ ၊ ငါသည် သူ တို့၏ ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်။
27והיה משכני עליהם והייתי להם לאלהים והמה יהיו לי לעם׃
28ထိုသို့ ငါ ၏ သန့်ရှင်း ရာဌာနသည် သူ တို့အလယ် ၌ အစဉ်အမြဲ တည် သောအခါ ၊ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးကို သန့်ရှင်း စေသည်ဟု တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
28וידעו הגוים כי אני יהוה מקדש את ישראל בהיות מקדשי בתוכם לעולם׃

Tip: use the ← and → keys to turn chapters.