ထွက်မြောက်

Old Testament

Chapter 5
Judson Burmese Bible (18…
vs Londona Biblio (Es…
Aa
Text size
Line width
Verse numbers

ထွက်မြောက် 5

Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ထိုနောက်မှ ၊ မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံသို့ ဝင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ ၏လူ တို့သည် တော ၌ ငါ့ အဘို့ ပွဲခံ စေခြင်းငှါ လွှတ် ရမည်ဟု မိန့် တော်မူကြောင်းကို လျှောက် ၏။
1Poste venis Moseo kaj Aaron, kaj diris al Faraono: Tiel diris la Eternulo, la Dio de Izrael: Permesu, ke Mia popolo iru kaj faru al Mi feston en la dezerto.
2ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
2Sed Faraono diris: Kiu estas la Eternulo, kies voĉon mi devas obei kaj lasi Izraelon iri? mi ne konas la Eternulon, kaj al Izrael mi ne permesos iri.
3သူတို့ကလည်း၊ ဟေဗြဲ လူတို့၏ ဘုရား သခင်သည် ကျွန်တော် တို့နှင့် တွေ့ တော်မူပြီ။ တော သို့ သုံး ရက် ခရီး သွား ၍ ၊ ကျွန်တော် တို့ ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့်ကိုပေး တော်မူပါ။ သို့မဟုတ် ကာလနာ ဘေး၊ ထား ဘေးတစုံတခုဖြင့် ကျွန်တော် တို့ကို ဒဏ်ခတ် တော်မူလိမ့်မည်ဟု လျှောက် ဆို၏။
3Kaj ili diris: La Dio de la Hebreoj vokis nin; permesu, ke ni iru vojon de tri tagoj en la dezerton kaj ni alportu oferon al la Eternulo, nia Dio, por ke Li ne frapu nin per pesto aŭ glavo.
4အဲဂုတ္တု ရှင်ဘုရင် ကလည်း ၊ မောရှေ နှင့် အာရုန် ၊ သင်တို့သည် ဤလူ များတို့ကို အဘယ်ကြောင့် အလုပ် ပြတ် စေသနည်း။ အမှု တော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့် တော်မူ၏။
4Sed la reĝo de Egiptujo diris al ili: Kial vi, Moseo kaj Aaron, fortiras la popolon de ĝiaj laboroj? iru al viaj laboroj.
5တဖန် လည်း ပြည် တော်၌ ထိုလူ တို့သည် ယခု များ ကြ၏။ အမှု မထမ်း စေခြင်းငှါသင်တို့သည် အခွင့်ပေး ကြသည်တကားဟု ဖါရော ဘုရင်ဆို ၍ ၊
5Kaj Faraono diris: Jen multenombra estas nun la popolo de la lando, kaj vi volas liberigi ilin de iliaj laboroj!
6ထိုနေ့ ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင်၊
6Kaj Faraono ordonis en tiu tago al la voktoj de la popolo kaj al ĝiaj kontrolistoj, dirante:
7အုတ် လုပ် စရာဘို့ ကောက်ရိုး ကို လူ တို့အား အရင် ပေးသကဲ့သို့ မ ပေး နှင့်။ သူ တို့သည် ကောက်ရိုး ကို ကိုယ် ဘို့ ရှာ ယူကြစေ။
7Ne donu plu pajlon al la popolo por la farado de la brikoj, kiel ĝis nun; ili mem iru kaj kolektu al si pajlon.
8အုတ် ကိုကား၊ အရေအတွက် အားဖြင့်အရင် ကဲ့သို့လုပ် စေရမည်၊ အလျှင်းမ လျော့ စေနှင့်။ သူ တို့သည် ပျင်းရိ ကြ၏။ ထိုကြောင့် သွား ၍ငါ တို့ ဘုရား သခင်အား ယဇ်ပူဇော် ကြစို့ဟု ကြွေးကြော် တတ်ကြ၏။
8Sed la nombron de la brikoj, kiun ili pretigas ĝis nun, postulu de ili, ne malgrandigu ĝin; ĉar ili vagas senlabore, tial ili krias: Ni iru kaj alportu oferon al nia Dio.
9သို့ဖြစ်၍စည်းကြပ်လျက် လုပ် စေကြ။ ပင်ပန်း စေကြ။ လူမိုက် စကား ကို နား မ ထောင်စေနှင့်ဟု မိန့်တော်မူ၏။
9Oni devas premi tiujn homojn per la laboro, por ke ili estu okupitaj de ĝi kaj ne atentu mensogajn vortojn.
10အအုပ်အချုပ် အကြပ်အဆော် တို့သည် ထွက် ၍ ၊ ဖါရော ဘုရင်က ကောက်ရိုး ကိုငါ မ ပေး။
10Tiam eliris la voktoj de la popolo kaj ĝiaj kontrolistoj, kaj diris al la popolo: Tiel diras Faraono: Mi ne donos al vi pajlon;
11ကောက်ရိုး ကို တွေ့ နိုင်ရာအရပ် ၌ ရှာ ကြ။ သို့သော်လည်း လုပ်ရသောအလုပ် အလျှင်းမ လျော့ ရဟု အမိန့် တော်ရှိသည်ဟု လူ တို့အား ပြန်ကြား ကြ၏။
11iru mem, prenu al vi pajlon, kie vi trovos; sed el via laboro nenio estos deprenata.
12သို့ဖြစ်၍ လူ တို့သည် ကောက်ရိုး အတွက် အမှိုက် ကို ရှာ ယူခြင်းငှါ အဲဂုတ္တု ပြည် တရှောက်လုံး တွင် အရပ်ရပ်ကွဲပြား ကြ၏။
12Tiam la popolo disiĝis en la tuta lando Egipta, por kolekti pecojn da pajlo.
13အုပ်ချုပ် သောသူတို့ ကလည်း ၊ ကောက်ရိုး ကို ရ သည်ကာလ၌ နေ့ တိုင်းလုပ် ရသည်အတိုင်း ၊ ပြီး အောင် လုပ်ကြဟု သူတို့ကိုနှိုးဆော် ကြ၏။
13Kaj la voktoj insistadis, dirante: Pretigu vian ĉiutagan laboron, kiel tiam, kiam vi havis pajlon.
14ဖါရော မင်း၏ အအုပ်အချုပ် တို့သည် ခန့် ထားသော ဣသရေလ အမျိုး အကြပ်အဆော် တို့ကို သင်တို့သည် အရင် ကလုပ်သည်အတိုင်း ၊ ယနေ့ နှင့်မနေ့ ၌ အုတ် လုပ်ရသောအမှု ကို အဘယ်ကြောင့် မ ပြီးစီး စေကြ သနည်းဟု စစ်၍ရိုက် ကြ၏။
14Kaj la kontrolistojn Izraelidojn, starigitajn super ili de la voktoj de Faraono, oni batadis, dirante: Kial vi ne pretigis vian ordonitan nombron da brikoj hieraŭ kaj hodiaŭ, kiel ĝis nun?
15ထိုအခါ၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည်၊ ဖါရော မင်းထံသို့ သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော် ကျွန် တို့ကို အဘယ်ကြောင့် ဤသို့ စီရင် တော်မူသနည်း။
15La kontrolistoj Izraelidoj venis kaj kriis al Faraono, dirante: Kial vi agas tiel kun viaj sklavoj?
16ကိုယ်တော် ကျွန် တို့အား ၊ ကောက်ရိုး ကိုမ ပေး ၊ အုပ်ချုပ်သောသူတို့ ကလည်း၊ အုတ် ကိုလုပ် ကြဟု ဆို သဖြင့်၊ ကျွန်တော်တို့သည် အရိုက် ခံရကြပါ၏။ ကိုယ်တော် လူ တို့၌သာ အပြစ် ရှိပါသည်ဟု အော်ဟစ် ကြ၏။
16Pajlo ne estas donata al viaj sklavoj, kaj brikojn oni ordonas al ni fari; kaj nun viaj sklavoj estas batataj, kaj via popolo pekas.
17ဖါရောဘုရင်ကလည်း ၊ သင် တို့သည် ပျင်းရိ သည်၊ ပျင်းရိ သည်။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြစို့ဟု သင် တို့ဆို တတ်ကြ၏။
17Sed li diris: Mallaboruloj vi estas, mallaboruloj, tial vi diras: Ni iru, ni alportu oferon al la Eternulo.
18သို့သောကြောင့် ယခု သွား ၍လုပ် ကြ။ ကောက်ရိုး ကိုမ ပေး ရ။ သို့သော်လည်းအုတ် ကိုပေးမြဲပေး ရမည်ဟု မိန့် တော်မူ၏။
18Kaj nun iru, laboru, kaj pajlon oni ne donos al vi, kaj la difinitan nombron da brikoj liveru.
19ထိုသို့ နေ့ တိုင်းလုပ်ရသောအုတ် အရေအတွက်၌ အလျှင်းမ လျော့ ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလ အမျိုး အကြပ်အဆော် တို့သည် မိမိ တို့၌ အမှုကြီးရောက်ကြောင်းကို သိမြင် ကြ၏။
19Kaj la kontrolistoj Izraelidoj vidis, ke estas al ili malbone, ĉar estas dirite: Ne malgrandigu la ĉiutagan nombron de viaj brikoj.
20ဖါရော မင်းထံ မှ ထွက်သွား ကြစဉ် ၊ လမ်း၌ စောင့် လျက်နေသောမောရှေ နှင့် အာရုန် ကို တွေ့ လျှင် ၊
20Ili renkontis Moseon kaj Aaronon, kiuj staris antaŭ ili, kiam ili eliris de Faraono.
21ထာဝရဘုရား သည် သင် တို့ကို ကြည့်ရှု ၍ စီရင် တော်မူပါစေသော။ အကြောင်းမူကား၊ ဖါရော မင်းနှင့် အမှု တော်ထမ်းအပေါင်းတို့သည် ငါ တို့ကို ရွံရှာ စေခြင်းငှါ ၎င်း၊ ငါ တို့ကိုသတ် ရသောအခွင့်ရှိစေခြင်းငှါ ၎င်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆို ကြ၏။
21Kaj ili diris al tiuj: La Eternulo rigardu vin, kaj juĝu vin por tio, ke vi malbonodorigis nian odoron antaŭ Faraono kaj antaŭ liaj servantoj, kaj donis glavon en iliajn manojn, por mortigi nin.
22မောရှေ သည်လည်း ၊ ထာဝရဘုရား ထံ တော်သို့သွား ၍ ၊ အိုဘုရား ရှင်၊ ကိုယ်တော်သည် ဤ လူမျိုး ကို အဘယ်ကြောင့် ညှဉ်းဆဲ တော်မူသနည်း။ အကျွန်ုပ် ကို အဘယ်ကြောင့် စေလွှတ် တော်မူသနည်း။
22Tiam Moseo turnis sin al la Eternulo, kaj diris: Mia Sinjoro! kial Vi faris malbonon al tiu popolo? kial Vi sendis min?
23အကျွန်ုပ်သည် ကိုယ်တော်အခွင့် နှင့် ပြော ခြင်းငှာ ၊ ဖါရော မင်း ထံ သို့ဝင် သည်နေ့မှစ၍ ၊ သူသည် ဤ လူမျိုး ကို ညှဉ်းဆဲ ပါပြီ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူ တို့ကို အလျှင်းကယ်လွှတ် တော်မ မူပါဟု လျှောက် ၏။
23De tiu tempo, kiam mi venis al Faraono, por paroli en Via nomo, li fariĝis pli malbona kontraŭ tiu popolo, kaj Vi ne savis Vian popolon.

Tip: use the ← and → keys to turn chapters.