ထွက်မြောက် 31
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
1Then the LORD said to Moses,
2နားထောင် လော့၊ ငါသည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထား၏။
2“See, I have called by name Bezalel son of Uri, the son of Hur, of the tribe of Judah.
3သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။
3And I have filled him with the Spirit of God, with skill, ability, and knowledge in all kinds of craftsmanship,
no verse 4 in this text
4to design artistic works in gold, silver, and bronze,
no verse 5 in this text
5to cut gemstones for settings, and to carve wood, so that he may be a master of every craft.
6သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။
6Moreover, I have selected Oholiab son of Ahisamach, of the tribe of Dan, as his assistant. I have also given skill to all the craftsmen, that they may fashion all that I have commanded you:
7ထိုသူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၊ သက်သေခံ ချက်သေတ္တာ ၊ သေတ္တာ အပေါ် မှာ တင်သော သေတ္တာအဖုံး ၊ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
7the Tent of Meeting, the ark of the Testimony and the mercy seat upon it, and all the other furnishings of the tent—
8စားပွဲ နှင့် စားပွဲတန်ဆာ ကို၎င်း ၊ စင်ကြယ် သော မီးခုံ နှင့် မီးခုံတန်ဆာ ရှိသမျှ ကို၎င်း၊ နံ့သာ ပေါင်း ရှို့သော ပလ္လင် ၊
8the table with its utensils, the pure gold lampstand with all its utensils, the altar of incense,
9မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် တန်ဆာ ရှိသမျှ ကို၎င်း၊
9the altar of burnt offering with all its utensils, and the basin with its stand—
10အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ် ဘို့ သန့်ရှင်း သောအဝတ် ကို၎င်း၊
10as well as the woven garments, both the holy garments for Aaron the priest and the garments for his sons to serve as priests,
11လိမ်း စရာဆီ နှင့် သန့်ရှင်း ရာဌာန၌ သုံးဘို့ နံ့သာ ပေါင်းမွှေး ကို၎င်း၊ ငါမှာ ထားသမျှ အတိုင်း လုပ် ရကြမည် ဟု မိန့် တော်မူ၏။
11in addition to the anointing oil and fragrant incense for the Holy Place. They are to make them according to all that I have commanded you.”
12တဖန် ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
12And the LORD said to Moses,
13ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှါ ၊ ငါနှင့်သင် တို့၏ သား စဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာ သက်သေဖြစ်ဘို့ ရာ၊ ငါ့ ဥပုသ် နေ့ကို စင်စစ် စောင့် ရကြမည်။
13“Tell the Israelites, ‘Surely you must keep My Sabbaths, for this will be a sign between Me and you for the generations to come, so that you may know that I am the LORD who sanctifies you.
14ဥပုသ် နေ့သည် သင် တို့အား သန့်ရှင်း သောကြောင့် ထိုနေ့ကို စောင့် ရကြမည်။ ဥပုသ် နေ့ကို ဖျက် သောသူတိုင်း အသေခံ ရမည်။ ထိုနေ့ ၌ အလုပ်လုပ် သော သူမည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်။
14Keep the Sabbath, for it is holy to you. Anyone who profanes it must surely be put to death. Whoever does any work on that day must be cut off from among his people.
15ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
15For six days work may be done, but the seventh day is a Sabbath of complete rest, holy to the LORD. Whoever does any work on the Sabbath day must surely be put to death.
16သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ် အဆက်တို့သည်၊ ထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ် နေ့ရက်အစဉ်အတိုင်းဥပုသ် စောင့် ရကြမည်။
16The Israelites must keep the Sabbath, celebrating it as a permanent covenant for the generations to come.
17ထိုသို့ စောင့်လျှင်၊ ငါ နှင့် ဣသရေလ အမျိုးသား စပ်ကြား ၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် နှင့် မြေကြီး ကို၊ ခြောက် ရက် တွင် ဖန်ဆင်း ၍ ၊ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
17It is a sign between Me and the Israelites forever; for in six days the LORD made the heavens and the earth, but on the seventh day He rested and was refreshed.’”
18ထိုသို့ ဘုရားသခင် သည် သိနာ တောင် ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌၊ လက်ညှိုး တော်နှင့် အက္ခရာတင် သော သက်သေခံ ချက်၊ ကျောက် ပြား နှစ် ပြားကိုပေး တော်မူ၏။
18When the LORD had finished speaking with Moses on Mount Sinai, He gave him the two tablets of the Testimony, tablets of stone inscribed by the finger of God.
Tip: use the ← and → keys to turn chapters.