ထွက်မြောက်

Old Testament

Chapter 24
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ထွက်မြောက် 24

Judson Burmese Bible (1840)
Berean Standard Bible
1တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
1Then the LORD said to Moses, “Come up to the LORD—you and Aaron, Nadab and Abihu, and seventy of Israel’s elders—and you are to worship at a distance.
2သင်တ ယောက်တည်းသာ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ရမည်။ အခြားသောသူ မချဉ်း မ ကပ်ရ။ လူ များတို့သည် သင် နှင့်အတူ မ တက် ရကြဟု မောရှေ အား မိန့် တော်မူ၏။
2Moses alone shall approach the LORD, but the others must not come near. And the people may not go up with him.”
3မောရှေ သည်လည်း လူ များတို့ရှိရာသို့ လာ ၍ ၊ ထာဝရဘုရား ၏ စကား တော်အလုံးစုံ ကို၎င်း၊ စီရင် တော်မူချက်အလုံးစုံ ကို၎င်း ပြန်ကြား ၍၊ လူ များအပေါင်း ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ ပြု ပါမည်ဟု တ သံ တည်းပြန် ပြောကြ၏။
3When Moses came and told the people all the words and ordinances of the LORD, they all responded with one voice: “All the words that the LORD has spoken, we will do.”
4မောရှေ သည်ထာဝရဘုရား ၏ စကား တော်အလုံးစုံ တို့ကို ရေးထား ပြီးမှ ၊ နံနက် စောစောထ ၍ ၊ တောင် ခြေရင်း ၌ ယဇ် ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးနှင့်အမျှ ကျောက် တိုင်တဆယ် နှစ် တိုင်ကို၎င်း တည် လေ၏။
4And Moses wrote down all the words of the LORD. Early the next morning he got up and built an altar at the base of the mountain, along with twelve pillars for the twelve tribes of Israel.
5ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
5Then he sent out some young men of Israel, and they offered burnt offerings and sacrificed young bulls as peace offerings to the LORD.
6မောရှေ သည်လည်း ၊ အသွေး တဝက် ကို အင်တုံ ၌ ထည့် ၍ ၊ တဝက် ကို ယဇ်ပလ္လင် ပေါ် မှာ ဖြန်း လေ၏။
6Moses took half of the blood and put it in bowls, and the other half he sprinkled on the altar.
7ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
7Then he took the Book of the Covenant and read it to the people, who replied, “All that the LORD has spoken we will do, and we will be obedient.”
8မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
8So Moses took the blood, sprinkled it on the people, and said, “This is the blood of the covenant that the LORD has made with you in accordance with all these words.”
9ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် တို့ သည် တက် ၍ ၊
9Then Moses went up with Aaron, Nadab and Abihu, and seventy of the elders of Israel,
10ဣသရေလ အမျိုး၏ ဘုရား သခင်ကို မြင် ကြ၏။ ခြေ တော်အောက် ၌ နီလာ ကျောက် ဖြင့်ပြီးသောကျောက် ခင်းကဲ့သို့ ၎င်း၊ ကြည်လင် သော ကောင်းကင် မျက်နှာကဲ့သို့ ၎င်း ထင်လေ၏။
10and they saw the God of Israel. Under His feet was a work like a pavement made of sapphire, as clear as the sky itself.
11ဣသရေလ အမျိုးသား မှူးမတ် တို့ကို အပြစ် ပေးတော်မ မူ။ သူတို့သည် ဘုရား သခင်ကို မြင် ရသော်လည်း ၊ စား သောက် လျက် နေကြ၏။
11But God did not lay His hand on the nobles of Israel; they saw Him, and they ate and drank.
12ထာဝရဘုရား ကလည်း ၊ ငါ ရှိရာတောင် ပေါ် သို့ တက် ၍ နေ လော့။ လူ များတို့အား သွန်သင် ဘို့ရာ ကျောက် ပြား ပေါ်မှာ ငါရေး ထားသော ပညတ် တရား များကို သင် ၌ ငါအပ် ပေးမည်ဟု မောရှေ အား မိန့် တော်မူလျှင်၊
12Then the LORD said to Moses, “Come up to Me on the mountain and stay here, so that I may give you the tablets of stone, with the law and commandments I have written for their instruction.”
13မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။
13So Moses set out with Joshua his attendant and went up on the mountain of God.
14အသက်ကြီး သူတို့အား လည်း ၊ ငါတို့မ လာ မှီတိုင်အောင်ဤ အရပ်၌ ငံ့ နေကြလော့။ အာရုန် နှင့် ဟုရ သည် သင် တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်း ရှိလျှင်၊ သူ တို့ထံသို့ သွား စေဟု မှာ ထားလေ၏။
14And he said to the elders, “Wait here for us until we return to you. Aaron and Hur are here with you. Whoever has a dispute can go to them.”
15မောရှေ သည် တောင် တော်ပေါ် သို့တက် ၍ ၊ မိုဃ်းတိမ် သည် တောင် တော်ကို လွှမ်းမိုး ၏။
15When Moses went up on the mountain, the cloud covered it,
16ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
16and the glory of the LORD settled on Mount Sinai. For six days the cloud covered it, and on the seventh day the LORD called to Moses from within the cloud.
17ထာဝရဘုရား ၏ ဘုန်း တော်သည် တောင် ထိပ် ပေါ် မှာလောင် သော မီး ကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသား တို့သည် မြင် ရကြ၏။
17And the sight of the glory of the LORD was like a consuming fire on the mountaintop in the eyes of the Israelites.
18မောရှေ သည် မိုဃ်းတိမ် အထဲသို့ ဝင် သဖြင့် တောင် ပေါ် သို့ရောက် ၍ အရက် လေးဆယ် ပတ်လုံးတောင် ပေါ် မှာ နေ လေ၏။
18Moses entered the cloud as he went up on the mountain, and he remained on the mountain forty days and forty nights.

Tip: use the ← and → keys to turn chapters.