ထွက်မြောက် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Brenton Greek text, with Apocrypha)
1လူ သည် သိုး နွား ကိုခိုး ၍ သတ် သည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ၊ နွား တကောင်အတွက် နွား ငါး ကောင် ကို၎င်း၊ သိုး တကောင်အတွက် သိုး လေး ကောင်ကို၎င်းပြန်ပေး ရမည်။
1Ἐὰν δὲ ἐν τῷ διορύγματι εὑρεθῇ ὁ κλέπτης, καὶ πληγεὶς ἀποθάνῃ, οὐκ ἔστιν αὐτῷ φόνος.
2သူခိုး သည် အိမ်ကိုထွင်း ဖောက်စဉ်၊ သူတပါးတွေ့ ၍ သေ အောင် သတ် သော်လည်း၊ သေစား မ သေ စေရ။
2Ἐὰν δὲ ἀνατείλῃ ὁ ἥλιος ἐπʼ αὐτῷ, ἔνοχός ἐστιν, ἀνταποθανεῖται· ἐὰν δὲ μὴ ὑπάρχῃ αὐτῷ, πραθήτω ἀντὶ τοῦ κλέμματος.
3သို့သော်လည်းနေ ထွက် လျှင် သေ စားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
3Ἐὰν δὲ καταλειφθῇ καὶ εὑρεθῇ ἐν τῇ χειρὶ αὐτοῦ τὸ κλέμμα ἀπό τε ὄνου ἕως προβάτου ζῶντα, διπλᾶ αὐτὰ ἀποτίσει.
4သူခိုးလက်၌ ခိုး သောနွား ၊ သိုး ကို အသက်ရှင် လျှက် အမှန်တွေ့ လျှင်၊ နှစ်ဆ ပြန်ပေး ရမည်။
4Ἐὰν δὲ καταβοσκήσῃ τις ἀγρὸν ἢ ἀμπελῶνα, καὶ ἀφῇ τὸ κτῆνος αὐτοῦ καταβοσκῆσαι ἀγρὸν ἕτερον, ἀποτίσει ἐκ τοῦ ἀγροῦ αὐτοῦ κατὰ τὸ γέννημα αὐτοῦ· ἐὰν δὲ πάντα τὸν ἀγρὸν καταβοσκήσῃ, τὰ βέλτιστα τοῦ ἀγροῦ αὐτοῦ καὶ τὰ βέλτιστα τοῦ ἀμπελῶνος αὐτοῦ ἀποτίσει.
5သူ့လယ် ၊ သူ့စပျစ် ဥယျာဉ်ကို စား စေသော်၎င်း၊ မိမိ တိရိစ္ဆာန် ကို သူ့ လယ် ၌ ထိန်း ကျောင်းသော်၎င်း ၊ မိမိ လယ် ၊ မိမိ စပျစ် ဥယျာဉ်ထဲကအကောင်း ဆုံးကို ထုတ်၍ ပြန်ပေး ရမည်။
5Ἐὰν δὲ ἐξελθὸν πῦρ εὕρῃ ἀκάνθας, καὶ προσεμπρήσῃ ἅλωνας ἢ στάχυς ἢ πεδίον, ἀποτίσει ὁ τὸ πῦρ ἐκκαύσας.
6မီးရှို့ သောအခါမြက်ပင် ကြောင့် အစဉ်အတိုင်းရှောက် ၍ လောင်လျက်၊ ကောက် လှိုင်း၊ စပါး ပင်၊ လယ် ၌ရှိသောအရာတို့ကို လောင် လျှင် ၊ မီးရှို့ သောသူသည် အမှန်လျော် ရမည်။
6Ἐὰν δέ τις δῷ τῷ πλησίον ἀργύριον ἢ σκεύη φυλάξαι, καὶ κλαπῇ ἐκ τῆς οἰκίας τοῦ ἀνθρώπου, ἐὰν εὑρεθῇ ὁ κλέψας, ἀποτίσει τὸ διπλοῦν.
7လူ တဦးသည် အိမ်နီးချင်း တဦး၌ ရွှေငွေ အစရှိသော ဥစ္စာ တစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသောသူ ၏အိမ် မှ သူခိုးခိုး သွားလျှင် ၊ သူခိုး ကို တွေ့ မိသောအခါ နှစ်ဆ လျော် စေ။
7Ἐὰν δὲ μὴ εὑρεθῇ ὁ κλέψας, προσελεύσεται ὁ κύριος τῆς οἰκίας ἐνώπιον τοῦ Θεοῦ, καὶ ὀμεῖται ἦ μὴν μὴ αὐτὸν πεπονηρεῦσθαι ἐφʼ ὅλης τῆς παρακαταθήκης τοῦ πλησίον,
8သူခိုး ကို မ တွေ့ လျှင် ၊ အိမ် ရှင် သည် မိမိ အိမ်နီးချင်း ဥစ္စာ ကို ယူ သလောမ ယူလောဟု ဘုရား သခင့်ရှေ့တော်၌ အစစ် ခံရမည်။
8κατὰ πᾶν ῥητὸν ἀδίκημα, περί τε μόσχου, καὶ ὑποζυγίου, καὶ προβάτου, καὶ ἱματίου, καὶ πάσης ἀπωλίας τῆς ἐνκαλουμένης· ὅ, τι οὖν ἂν ᾖ, ἐνώπιον τοῦ Θεοῦ ἐλεύσεται ἡ κρίσις ἀμφοτέρων, καὶ ὁ ἁλοὺς διὰ τοῦ Θεοῦ, ἀποτίσει διπλοῦν τῷ πλησίον.
9သူ့ဥစ္စာကို ပြစ်မှားသည် အမှု မှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ် အစ ရှိသောပျောက်သော ဥစ္စာ တစုံတခု ကို တွေ့၍၊ ဤ ဥစ္စာကား၊ ငါ၏ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆို လျှင်၊ အမှု သည် နှစ်ဦး တို့သည် ဘုရား သခင်ရှေ့ တော်၌အစစ်ခံရ၍၊ တရား ရှုံးသော သူသည် နှစ်ဆ လျော် ရမည်။
9Ἐὰν δέ τις δῷ τῷ πλησίον ὑποζύγιον ἢ μόσχον ἢ πρόβατον ἢ πᾶν κτῆνος φυλάξαι, καὶ συντριβῇ ἢ τελευτήσῃ ἢ αἰχμάλωτον γένηται, καὶ μηδεὶς γνῷ,
10လူ သည် အိမ်နီးချင်းလယ်၌ မြည်း ၊ နွား ၊ သိုး အစရှိသော တိရစ္ဆာန် တစုံတခု ကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေ သော်၎င်း ၊ ထိခိုက် ၍နာသော်၎င်း ၊ သက်သေ မရှိ ဘဲ သူတပါးမောင်း ၍သွားသော်၎င်း၊
10ὅρκος ἔσται τοῦ Θεοῦ ἀνὰ μέσον ἀμφοτέρων, ἦ μὴν μὴ αὐτὸν πεπονηρεῦσθαι καθόλου τῆς παρακαταθήκης τοῦ πλησίον· καὶ οὕτως προσδέξεται ὁ κύριος αὐτοῦ, καὶ οὐκ ἀποτίσει.
11အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ဥစ္စာ ကို ငါမ ယူ ဟု နှစ်ဦး သဘောတူလျက်၊ ထာဝရဘုရား ရှေ့မှာ အကျိန် ခံရလျှင်၊ ဥစ္စာ ရှင် သည် ဝန်ခံ ရမည်။ အပ်နှံခံသူလည်း မ လျော် ရ။
11Ἐὰν δὲ κλαπῇ παρʼ αὐτοῦ, ἀποτίσει τῷ κυρίῳ·
12သို့ရာတွင် သူတပါးခိုး သွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာ ရှင် အား ပြန်ပေး ရမည်။
12Ἐὰν δὲ θηριάλωτον γένηται, ἄξει αὐτὸν ἐπὶ τὴν θήραν, καὶ οὐκ ἀποτίσει.
13သားရဲကိုက် လျှင် သက်သေ ဘို့ အသေ ကောင်ကိုပြ စေ။ ပြနိုင်လျှင် အလျော် မ ခံရ။
13Ἐὰν δὲ αἰτήσῃ τις παρὰ τοῦ πλησίον, καὶ συντριβῇ ἢ ἀποθάνῃ ἢ αἰχμάλωτον γένηται, ὁ δὲ κύριος μὴ ᾖ μετʼ αὐτοῦ, ἀποτίσει.
14လူ သည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင် မ ပါ ဘဲ သေ သော်၎င်း၊ ထိခိုက် ၍ နာသော်၎င်း၊ အမှန်လျော် ရမည်။
14Ἐὰν δὲ ὁ κύριος ᾖ μετʼ αὐτοῦ, οὐκ ἀποτίσει· ἐὰν δὲ μισθωτὸς ᾖ, ἔσται αὐτῷ ἀντὶ τοῦ μισθοῦ αὐτοῦ.
15ဥစ္စာရှင် ပါ လျှင် ၊ ငှါးသောသူသည် မ လျော် ရ။ အခ နှင့် ငှါးလျှင် မူကား၊ ဥစ္စာရှင်သည် အခ ကိုသာ တောင်းရမည်။
15Ἐὰν δὲ ἀπατήσῃ τις παρθένον ἀμνήστευτον, καὶ κοιμηθῇ μετʼ αὐτῆς, φερνῇ φερνιεῖ αὐτὴν αὐτῷ γυναῖκα.
16မ ပေးစား လိုသော အပျို ကို၊ အကြင်ယောက်ျား သည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယား အရာ၌ မြှောက်ထားရမည်။
16Ἐὰν δὲ ἀνανεύων ἀνανεύσῃ, καὶ μὴ βούληται ὁ πατὴρ αὐτῆς δοῦναι αὐτὴν αὐτῷ γυναῖκα, ἀργύριον ἀποτίσει τῷ πατρὶ καθʼ ὅσον ἐστὶν ἡ φερνὴ τῶν παρθένων.
17မိန်းမ ၏အဘ သဘော မတူမပေးစား လိုလျှင် ၊ ကန်တော့ ရသည်နှင့်အမျှ ငွေ ကို လျော် ရမည်။
17Φαρμακοὺς οὐ περιποιήσετε.
18စုန်းမ ကို အသက် ရှင်စေခြင်းငှါ အခွင့်မ ပေးရ။
18Πᾶν κοιμώμενον μετὰ κτήνους θανάτῳ ἀποκτενεῖτε αὐτούς.
19တိရစ္ဆာန် နှင့် သင့် နေသောသူသည် အသေ သတ် ခြင်းကို အမှန်ခံရမည်။
19Ὁ θυσιάζων θεοῖς θανάτῳ ἐξολοθρευθήσεται, πλὴν Κυρίῳ μόνῳ.
20ထာဝရဘုရား မှတပါး အခြားသော ဘုရား ရှေ့ မှာ ယဇ် ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီး ရမည်။
20Καὶ προσήλυτον οὐ κακώσετε, οὐδὲ μὴ θλίψητε αὐτόν· ἦτε γάρ προσήλυτοι ἐν γῇ Αἰγύπτῳ.
21တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ နှောင့်ရှက် မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။
21Πᾶσαν χήραν καὶ ὀρφανὸν οὐ κακώσετε.
22မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို သင်တို့သည် မ နှောင့်ရှက် ရ။
22Ἐὰν δὲ κακίᾳ κακώσητε αὐτοὺς, καὶ κεκράξαντες καταβοήσωσι πρός με, ἀκοῇ εἰσακούσομαι τῆς φωνῆς αὐτῶν,
23နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊
23καὶ ὀργισθήσομαι θυμῷ, καὶ ἀποκτενῶ ὑμᾶς μαχαίρᾳ, καὶ ἔσονται αἱ γυναῖκες ὑμῶν χῆραι, καὶ τὰ παιδία ὑμῶν ὀρφανά.
24ငါ အမျက် ပြင်းစွာထွက် လျှက် သင် တို့ကို ထား ဘေးဖြင့် ကွပ်မျက် မည်။ သင် တို့မယား များသည်လည်း မုတ်ဆိုးမ ဖြစ်၍ ၊ သားသမီး များသည်လည်း မိဘ မရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
24Ἐὰν δὲ ἀργύριον ἐκδανείσῃς τῷ ἀδελφῷ τῷ πενιχρῷ παρὰ σοὶ, οὐκ ἔσῃ αὐτὸν κατεπείγων, οὐκ ἐπιθήσεις αὐτῷ τόκον.
25ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။
25Ἐὰν δὲ ἐνεχύρασμα ἐνεχυράσῃς τὸ ἱμάτιον τοῦ πλησίον, πρὸ δυσμῶν ἡλίου ἀποδώσεις αὐτῷ·
26အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
26Ἔστι γὰρ τοῦτο περιβόλαιον αὐτοῦ, μόνον τοῦτο τὸ ἱμάτιον ἀσχημοσύνης αὐτοῦ· ἐν τίνι κοιμηθήσεται; Ἐὰν οὖν καταβοήσῃ πρός μέ, εἰσακούσομαι αὐτοῦ· ἐλεήμων γάρ εἰμι.
27အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
27Θεοὺς οὐ κακολογήσεις, καὶ ἄρχοντα τοῦ λαοῦ σου οὐ κακῶς ἐρεῖς.
28ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
28Ἀπαρχὰς ἅλωνος καὶ ληνοῦ σου οὐ καθυστερήσεις· τὰ πρωτότοκα τῶν υἱῶν σου δώσεις ἐμοί.
29အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
29Οὕτω ποιήσεις τὸν μόσχον σου καὶ τὸ πρόβατόν σου καὶ τὸ ὑποζύγιόν σου· ἑπτὰ ἡμέρας ἔσται ὑπὸ τὴν μητέρα, τῇ δὲ ὀγδόῃ ἡμέρᾳ ἀποδώσεις μοι αὐτό.
30ထိုနည်းတူ သိုး နွား တို့ကို ပြု ရမည်။ ခုနစ် ရက် ပတ်လုံးသိုးနွားသငယ်ကို အမိ နှင့် အတူ နေ စေ၍၊ အဋ္ဌမ နေ့ ရောက်မှ ငါ့ အား ဆက်ကပ် ရမည်။
30Καὶ ἄνδρες ἅγιοι ἔσεσθέ μοι· καὶ κρέας θηριάλωτον οὐκ ἔδεσθε, τῷ κυνὶ ἀποῤῥίψατε αὐτό.
31သင်တို့သည် ငါ့ ထံ ၌ သန့်ရှင်း သောသူ ဖြစ် ရကြမည်။ တော ၌ သားရဲ ကိုက်သော အမဲသား ကို မ စား ရ။ ခွေး တို့အား ပစ် ပေးရမည်။
no verse 31 in this text
Tip: use the ← and → keys to turn chapters.