တရားဟောရာ

Old Testament

Chapter 4
Judson Burmese Bible (18…
vs Septuagint (Brento…
Aa
Text size
Line width
Verse numbers

တရားဟောရာ 4

Judson Burmese Bible (1840)
Septuagint (Brenton Greek text, with Apocrypha)
1အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင် ၍ ၊ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရား သခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို ဝင်စား မည်အကြောင်း ၊ သင် တို့ကျင့် စရာဘို့ ငါ သွန်သင် သော စီရင် ထုံးဖွဲ့ချက်တို့ကို နားထောင် ကြလော့။
1Καὶ νῦν Ἰσραὴλ ἄκουε τῶν δικαιωμάτων καὶ τῶν κριμάτων, ὅσα ἐγὼ διδάσκω ὑμᾶς σήμερον ποιεῖν, ἵνα ζῆτε, καὶ πολυπλασιασθῆτε, καὶ εἰσελθόντες κληρονομήσητε τὴν γῆν, ἣν Κύριος ὁ Θεὸς τῶν πατέρων ὑμῶν δίδωσιν ὑμῖν.
2ငါ မှာ ထားသော စကား ၌ သင်တို့သည် အသစ် မ သွင်းရ။ အလျှင်း မ နုတ်မပယ် ရ။ ငါ မှာ ထားသည် အတိုင်း ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်တို့ကို စောင့်ရှောက် ရကြမည်။
2Οὐ προσθήσετε πρὸς τὸ ῥῆμα ὃ ἐγὼ ἐντέλλομαι ὑμῖν, καὶ οὐκ ἀφελεῖτε ἀπʼ αὐτοῦ· φυλάσσεσθε τὰς ἐντολὰς Κυρίου τοῦ Θεοῦ ἡμῶν, ὅσα ἐγὼ ἐντέλλομαι ὑμῖν σήμερον.
3ထာဝရဘုရား သည် ဗာလပေဂုရ ကြောင့် ပြု တော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင် ရကြပြီ။ ဗာလပေဂုရ ၌ ဆည်းကပ် သော သူ အပေါင်း တို့ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့အထဲ က သုတ်သင် ပယ်ရှင်းတော်မူပြီ။
3Οἱ ὀφθαλμοὶ ὑμῶν ἑωράκασι πάντα ὅσα ἐποίησε Κύριος ὁ Θεὸς ἡμῶν τῷ Βεελφεγὼρ, ὅτι πᾶς ἄνθρωπος ὅστις ἐπορεύθη ὀπίσω Βεελφεγὼρ, ἐξέτριψεν αὐτὸν Κύριος ὁ Θεὸς ὑμῶν ἐξ ὑμῶν.
4သင် တို့ဘုရား သခင်ထာဝရဘုရား ၌ မှီဝဲ သမျှ သော သင် တို့မူကား ၊ ယနေ့ တိုင်အောင် အသက်ရှင် ရကြ၏။
4Ὑμεῖς δὲ οἱ προσκείμενοι Κυρίῳ τῷ Θεῷ ὑμῶν, ζῆτε πάντες ἐν τῇ σήμερον.
5သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
5Ἴδετε, δέδειχα ὑμῖν δικαιώματα καὶ κρίσεις καθὰ ἐνετείλατό μοι Κύριος, ποιῆσαι οὕτως ἐν τῇ γῇ εἰς ἣν ὑμεῖς εἰσπορεύεσθε ἐκεῖ κληρονομεῖν αὐτήν.
6သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
6Καὶ φυλάξεσθε καὶ ποιήσετε· ὅτι αὕτη ἡ σοφία ὑμῶν καὶ ἡ σύνεσις ἐναντίον πάντων τῶν ἐθνῶν, ὅσοι ἂν ἀκούσωσι πάντα τὰ δικαιώματα ταῦτα· καὶ ἐροῦσιν, ἰδοὺ λαὸς σοφὸς καὶ ἐπιστήμων τὸ ἔθνος τὸ μέγα τοῦτο.
7ငါ တို့သည် ဆုတောင်း လေရာရာ ၌ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကိုခံရသည်နည်းတူ၊ အခြား သောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုး ကြီး ခံရသနည်း။
7Ὅτι ποῖον ἔθνος μέγα, ᾧ ἐστιν αὐτῷ Θεὸς ἐγγίζων αὐτοῖς ὡς Κύριος ὁ Θεὸς ἡμῶν ἐν πᾶσιν οἷς ἐὰν αὐτὸν ἐπικαλεσώμεθα;
8ငါ သည် ယနေ့ သင် တို့၌ထား သော တရား အပေါင်း နှင့်အမျှ ဖြောင့်မတ် သော စီရင် ထုံးဖွဲ့ချက်တို့ကို ရသော အဘယ် လူမျိုး ကြီး ရှိသနည်း။
8Καὶ ποῖον ἔθνος μέγα, ᾧ ἐστιν αὐτῷ δικαιώματα καὶ κρίματα δίκαια κατὰ πάντα τὸν νόμον τοῦτον, ὃν ἐγὼ δίδωμι ἐνώπιον ὑμῶν σήμερον;
9သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
9Πρόσεχε σεαυτῷ, καὶ φύλαξον τὴν ψυχήν σου σφόδρα· μὴ ἐπιλάθῃ πάντας τοὺς λόγους, οὓς ἑωράκασιν οἱ ὀφθαλμοί σου, καὶ μὴ ἀποστήτωσαν ἀπὸ τῆς καρδίας σου πάσας τὰς ἡμέρας τῆς ζωῆς σου· καὶ συμβιβάσεις τοὺς υἱούς σου καὶ τοὺς υἱοὺς τῶν υἱῶν σου, ἡμέραν ἣν ἔστητε ἐνώπιον Κυρίου τοῦ Θεοῦ ἡμῶν ἐν Χωρὴβ τῇ ἡμέρᾳ τῆς ἐκκλησίας· ὅτε εἶπε
10ထိုအခါ ထာဝရဘုရား က၊ လူ များတို့ကို ငါ့ ထံမှာ စုဝေး စေလော့။ သူ တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး ငါ့ ကို ကြောက်ရွံ့ ၍ သား မြေး တို့အား သွန်သင် စေခြင်းငှာ။ ငါ့ စကား ကို ကြား စေမည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း၊
10Κύριος πρὸς μὲ, ἐκκλησίασον πρὸς μὲ τὸν λαὸν, καὶ ἀκουσάτωσαν τὰ ῥήματά μου, ὅπως μάθωσι φοβεῖσθαί με πάσας τὰς ἡμέρας ἃς αὐτοὶ ζῶσιν ἐπὶ τῆς γῆς, καὶ τοὺς υἱοὺς αὐτῶν διδάξουσι.
11သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင် ခြေရင်း ၌ ရပ် နေကြ၏။ တောင် ထိပ်သည် မိုဃ်း ကောင်းကင်အလယ် ၌ မီး လောင် လျက် ၊ မည်း သော အဆင်း၊ မိုဃ်းတိမ် တိုက်၊ ထူထပ် သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
11Καὶ προσήλθετε καὶ ἔστητε ὑπὸ τὸ ὄρος· καὶ τὸ ὄρος ἐκαίετο πυρὶ ἕως τοῦ οὐρανοῦ· σκότος, γνόφος, θύελλα.
12ထာဝရဘုရား သည်လည်း ၊ မီး ထဲက သင် တို့အား မိန့် မြွက်တော်မူ၏။ သင် တို့သည် သဏ္ဍာန် တော်ကို မ မြင် ရဘဲ၊ စကား တော်အသံ ကိုသာ ကြား ရကြ၏။
12Καὶ ἐλάλησε Κύριος πρὸς ὑμᾶς ἐκ μέσου τοῦ πυρὸς φωνὴν ῥημάτων, ἣν ὑμεῖς ἠκούσατε· καὶ ὁμοίωμα οὐκ εἴδετε, ἀλλʼ ἢ φωνήν·
13သင် တို့ကျင့် စရာဘို့ မှာ ထားတော်မူသော ပဋိညာဉ် တရားတည်း ဟူသောပညတ် တော်ဆယ် ပါးတို့ကို မိန့် မြွက်၍ ကျောက် ပြားနှစ် ပြားပေါ် ၌ ရေး ထားတော်မူ၏။
13Καὶ ἀνήγγειλεν ὑμῖν τὴν διαθήκην αὐτοῦ, ἣν ἑνετείλατο ὑμῖν ποιεῖν, τὰ δέκα ῥήματα, καὶ ἔγραψεν αὐτὰ ἐπὶ δύο πλάκας λιθίνας.
14သင် တို့သည် သွား ၍ ဝင်စား သော ပြည် ၌ ကျင့် စရာဘို့ သင် တို့အား ငါသွန်သင် ရသော စီရင် ထုံးဖွဲ့ချက်တို့ကိုလည်း ၊ ထိုအခါ ထာဝရဘုရား သည် ငါ့ အား မှာ ထား တော်မူ၏။
14Καὶ ἐμοὶ ἐνετείλατο Κύριος ἐν τῷ καιρῷ ἐκείνῳ, διδάξαι ὑμᾶς δικαιώματα καὶ κρίσεις, ποιεῖν ὑμᾶς αὐτὰ ἐπὶ τῆς γῆς, εἰς ἣν ὑμεῖς εἰσπορεύεσθε ἐκεῖ κληρονομῆσαι αὐτήν.
15ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
15Καὶ φυλάξεσθε σφόδρα τὰς ψυχὰς ὑμῶν, ὅτι οὐκ εἴδετε ὁμοίωμα ἐν τῇ ἡμέρᾳ ᾗ ἐλάλησε Κύριος πρὸς ὑμᾶς ἐν Χωρὴβ ἐν τῷ ὄρει ἐκ μέσου τοῦ πυρός.
16နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမ သဏ္ဍာန်၊
16Μὴ ἀνομήσητε καὶ ποιήσητε ὑμῖν ἑαυτοῖς γλυπτὸν ὁμοίωμα, πᾶσαν εἰκόνα ὁμοίωμα ἀρσενικοῦ ἢ θηλυκοῦ,
17မြေကြီး ပေါ် မှာရှိသော တိရစ္ဆာန် သဏ္ဍာန် ၊ မိုဃ်း ကောင်းကင်၌ ပျံ တတ်သော ငှက် သဏ္ဍာန်၊
17ὁμοίωμα παντὸς κτήνους τῶν ὄντων ἐπὶ τῆς γῆς, ὁμοίωμα παντὸς ὀρνέου πτερωτοῦ ὃ πέταται ὑπὸ τὸν οὐρανὸν,
18မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေ နိမ့် ရာ ရေ ၌ နေသော ငါး သဏ္ဍာန် ရှိသောရုပ်တု ကို၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့် အဘို့ မ လုပ် ရမည်အကြောင်း၊
18ὁμοίωμα παντὸς ἑρπετοῦ ὃ ἕρπει ἐπὶ τῆς γῆς, ὁμοίωμα παντὸς ἰχθύος, ὅσα ἐστὶν ἐν τοῖς ὕδασιν ὑποκάτω τῆς γῆς.
19မိုဃ်း ကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ် များ တည်းဟူသောမိုဃ်း ကောင်းကင်တန်ဆာ ရှိသမျှ တို့ကို မြင် သောအခါ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော လူမျိုး တို့ အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာ တို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြု ကြလော့။
19Καὶ μὴ ἀναβλέψας εἰς τὸν οὐρανὸν, καὶ ἰδὼν τὸν ἥλιον καὶ τὴν σελήνην καὶ τοὺς ἀστέρας, καὶ πάντα τὸν κόσμον τοῦ οὐρανοῦ, πλανηθεὶς προσκυνήσῃς αὐτοῖς, καὶ λατρεύσῃς αὐτοῖς, ἃ ἀπένειμε Κύριος ὁ Θεός σου αὐτὰ πᾶσι τοῖς ἔθνεσι τοῖς ὑποκάτω τοῦ οὐρανοῦ.
20သင် တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား အမွေခံ တော်မူသောလူမျိုး ဖြစ်စေ ခြင်းငှာ၊ သင် တို့ကို အဲဂုတ္တု ပြည် သံ မီးဖို ထဲက နှုတ် ၍ ယူဆောင် တော်မူပြီ။
20Ὑμᾶς δὲ ἔλαβεν ὁ Θεὸς, καὶ ἐξήγαγεν ὑμᾶς ἐκ γῆς Αἰγύπτου, ἐκ τῆς καμίνου τῆς σιδηρᾶς, ἐξ Αἰγύπτου, εἶναι αὐτῷ λαὸν ἔγκληρον, ὡς ἐν τῇ ἡμέρᾳ ταύτῃ.
21ထိုမှတပါး၊ ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် တော်ထွက်၍ ၊ ငါ သည် ယော်ဒန် မြစ် တဘက်သို့ မ ကူး ရမည်အကြောင်းနှင့် သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့အမွေခံ စရာဘို့ ပေး တော်မူသော ထိုပြည် မြတ် သို့ မ ဝင်စား ရမည် အကြောင်းကျိန်ဆို တော်မူပြီ။
21Καὶ Κύριος ὁ Θεὸς ἐθυμώθη μοι περὶ τῶν λεγομένων ὑφʼ ὑμῶν, καὶ ὤμοσεν ἵνα μὴ διαβῶ τὸν Ἰορδάνην τοῦτον, καὶ ἵνα μὴ εἰσέλθω εἰς τὴν γῆν, ἣν Κύριος ὁ Θεός σου δίδωσί σοι ἐν κλήρῳ.
22သို့ဖြစ်၍ ဤ ပြည် ၌ ငါ သေ ရမည်၊ ယော်ဒန် မြစ် ကို မ ကူး ရ။ သင် တို့သည် ကူး ၍ ထို ကောင်းမွန် သော ပြည် ကို ဝင်စား ကြလိမ့်မည်။
22Ἐγὼ γὰρ ἀποθνήσκω ἐν τῇ γῇ ταύτῃ, καὶ οὐ διαβαίνω τὸν Ἰορδάνην τοῦτον· ὑμεῖς δὲ διαβαίνετε, καὶ κληρονομήσετε τὴν γῆν τὴν ἀγαθὴν ταύτην.
23သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့၌ ထား တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသော အရာ တို့၏ သဏ္ဍာန် ရှိသောရုပ်တု ကို မ လုပ် မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြုကြလော့။
23Προσέχετε ὑμῖν, μὴ ἐπιλάθησθε τὴν διαθήκην Κύριου τοῦ Θεοῦ ἡμῶν, ἣν διέθετο πρὸς ὑμᾶς, καὶ ἀνομήσητε, καὶ ποιήσητε ὑμῖν ἑαυτοῖς γλυπτὸν ὁμοίωμα πάντων ὧν συνέταξέ σοι Κύριος ὁ Θεός σου.
24အကြောင်း မူကား၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် လောင် သောမီး ၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။
24Ὅτι Κύριος ὁ Θεός σου πῦρ καταναλίσκον ἐστί, Θεὸς ζηλωτής.
25သင်တို့သည် သား မြေး တို့ကို ဘွား မြင်၍၊ ထိုပြည် ၌ ကြာမြင့်စွာ နေ ပြီးမှ ၊ တဖန် ဖောက်ပြန် သဖြင့် ၊ သဏ္ဍာန် တစုံတခု ရှိသော ရုပ်တု ကို လုပ် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အမျက် တော်ကို နှိုးဆော်ခြင်းငှာ ရှေ့ တော်၌ ဒုစရိုက် ကို ပြု လျှင်၊
25Ἐὰν δὲ γεννήσῃς υἱοὺς καὶ υἱοὺς τῶν υἱῶν σου, καὶ χρονίσητε ἐπὶ τῆς γῆς, καὶ ἀνομήσητε, καὶ ποιήσετε γλυπτὸν ὁμοίωμα παντός, καὶ ποιήσητε τὸ πονηρὸν ἐνώπιου Κυρίου τοῦ
26ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
26Θεοῦ ὑμῶν παροργίσαι αὐτόν, διαμαρτύρομαι ὑμῖν σήμερον τὸν τε οὐρανὸν καὶ τὴν γῆν, ὅτι ἀπωλίᾳ ἀπολεῖσθε ἀπὸ τῆς γῆς, εἰς ἣν ὑμεῖς διαβαίνετε τὸν Ἰορδάνην ἐκεῖ κληρονομῆσαι· οὐχὶ πολυχρονιεῖτε ἡμέρας ἐπʼ αὐτῆς, ἀλλʼ ἢ ἐκτριβῇ ἐκτριβήσεσθε.
27ထာဝရဘုရား သည်လည်း ၊ သင် တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ် ကွဲပြား စေ၍၊ နှင်ထုတ် တော်မူ သော သာသနာပ လူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်း ရကြလိမ့်မည်။
27Καὶ διασπερεῖ Κύριος ὑμᾶς ἐν πᾶσι τοῖς ἔθνεσι, καὶ καταλειφθήσεσθε ὀλίγοι ἀριθμῷ ἐν πᾶσι τοῖς ἔθνεσιν, εἰς οὓς εἰσάξει Κύριος ὑμᾶς ἐκεῖ.
28ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
28Καὶ λατρεύσετε ἐκεῖ θεοῖς ἑτέροις ἔργοις χειρῶν ἀνθρώπων, ξύλοις καὶ λίθοις, οἳ οὐκ ὄψονται, οὔτε μὴ ἀκούσωσιν, οὔτε μὴ φάγωσιν, οὔτε μὴ ὀσφρανθῶσι.
29သို့သော်လည်း၊ ထို အရပ်တို့၌ သင် တို့၏ဘုရား သခင် ထာဝရဘုရား ကို တဖန်ရှာ လိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ ရှာ လျှင် တွေ့ ရကြလိမ့်မည်။
29Καὶ ζητήσετε ἐκεῖ Κύριον τὸν Θεὸν ὑμῶν, καὶ εὑρήσετε αὐτὸν ὅταν ἐκζητήσητε αὐτὸν ἐξ ὅλης τῆς καρδίας σου, καὶ ἐξ ὅλης τῆς ψυχῆς σου ἐν τῇ θλίψει σου·
30သင် တို့သည် နောင် ကာလ ၌ ဒုက္ခဆင်းရဲ ကို ခံ ရ၍ ၊ ဤ အမှု အလုံးစုံ တို့နှင့် တွေ့ကြုံသောအခါ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင် လျှင်၊
30Καὶ εὑρήσουσί σε πάντες οἱ λόγοι οὗτοι ἐπʼ ἐσχάτῳ τῶν ἡμερῶν, καὶ ἐπιστραφήσῃ πρὸς Κύριον τὸν Θεόν σου, καὶ εἰσακούσῃ τῆς φωνῆς σὐτοῦ·
31သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
31Ὅτι Θεὸς οἰκτίρμων Κύριος ὁ Θεός σου· οὐκ ἐγκαταλείψει σε, οὐδὲ μὴ ἐκτρίψει σε· οὐκ ἐπιλήσεται τὴν διαθήκην τῶν πατέρων σου, ἣν ὤμοσεν αὐτοῖς Κύριος.
32ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
32Ἐπερωτήσατε ἡμέρας προτέρας τὰς γενομένας προτέρας σου ἀπὸ τῆς ἡμέρας ἧς ἔκτισεν ὁ Θεὸς ἄνθρωπον ἐπὶ τῆς γῆς, καὶ ἐπὶ τὸ ἄκρον τοῦ οὐρανοῦ ἕως τοῦ ἄκρου τοῦ οὐρανοῦ, εἰ γέγονε κατὰ τὸ ῥῆμα τὸ μέγα τοῦτο, εἰ ἤκουσται τοιοῦτο· εἰ ἀκήκοεν ἔθνος φωνὴν
33ဘုရားသခင် သည် မီး ထဲက မိန့် မြွက်တော်မူသံ ကို သင် တို့သည် ကြား သကဲ့သို့ ၊ အခြားသောလူမျိုး သည် ကြား ၍ ၊ အသက် ချမ်းသာရဘူးသလော။
33Θεοῦ ζῶντος λαλοῦντος ἐκ μέσου τοῦ πυρός, ὃν τρόπον ἀκήκοας σὺ καὶ ἔζησας·
34သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
34εἰ ἐπείρασεν ὁ Θεὸς εἰσελθὼν λαβεῖν ἑαυτῷ ἔθνος ἐκ μέσου ἔθνους ἐν πειρασμῷ, καὶ ἐν σημείοις, καὶ ἐν τέρασι, καὶ ἐν πολέμῳ, καὶ ἐν χειρὶ κραταιᾷ, καὶ ἐν βραχίονι ὑψηλῷ, καὶ ἐν ὁράμασιν μεγάλοις, κατὰ πάντα ὅσα ἐποίησε Κύριος ὁ Θεὸς ἡμῶν ἐν Αἰγύπτῳ ἐνώπιόν σου βλέποντος·
35ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ ကိုယ်တော်မှတပါး အခြား သောဘုရား မ ရှိကြောင်းကို၎င်း၊ သင်တို့သိ စေခြင်းငှာ ၊ ထိုအခြင်းအရာတို့ ကို သင် တို့အား ပြ တော်မူပြီ။
35ὥστε εἰδῆσαί σε ὅτι Κύριος ὁ Θεός σου οὗτος Θεός ἐστι, καὶ οὐκ ἔστιν ἔτι πλὴν αὐτοῦ.
36သင် တို့ကို သွန်သင် ၍ ကောင်းကင် ထဲက စကား တော်သံကို ကြား စေတော်မူပြီ။ မြေကြီး ပေါ် မှာ ကြီးစွာ သော မီး တော်ကိုလည်း ပြ တော်မူ၍၊ သင်တို့သည် မီး ထဲက စကား တော်ကို ကြား ရကြပြီ။
36Ἐκ τοῦ οὐρανοῦ ἀκουστὴ ἐγένετο ἡ φωνὴ αὐτοῦ παιδεῦσαί σε, καὶ ἐπὶ τῆς γῆς ἔδειξέ σοι τὸ πῦρ αὐτοῦ τὸ μέγα, καὶ τὰ ῥήματα αὐτοῦ ἤκουσας ἐκ μέσου τοῦ πυρός.
37သင် တို့ဘိုးဘေး များကို ချစ် တော်မူသောကြောင့် ၊ သူ တို့ အမျိုးအနွယ် ကို ရွေးကောက် တော်မူပြီ။
37Διὰ τὸ ἀγαπῆσαι αὐτὸν τοὺς πατέρας σου, καὶ ἐξελέξατο τὸ σπέρμα αὐτῶν μετʼ αὐτοὺς ὑμᾶς, καὶ ἐξήγαγέ σε αὐτὸς ἐν τῇ ἰσχύϊ αὐτοῦ τῇ μεγάλῃ ἐξ Αἰγύπτου,
38သင် တို့ထက် အားကြီး ၍ များပြား သောလူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူ၍ ၊ ယနေ့ ပင် ဖြစ်သကဲ့သို့ သူ တို့မြေ ထဲသို့ သင် တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာ တန်ခိုး တော်အားဖြင့် အဲဂုတ္တု ပြည်မှ ရှေ့ တော်၌ နှုတ်ဆောင် တော်မူပြီ။
38ἐξολοθρεῦσαι ἔθνη μεγάλα καὶ ἰσχυρότερά σου πρὸ προσώπου σου, εἰσαγαγεῖν σε δοῦναί σοι τὴν γῆν αὐτῶν κληρονομεῖν, καθὼς ἔχεις σήμερον.
39သို့ဖြစ်၍ ထာဝရဘုရား သည် အထက် ကောင်းကင် ပေါ် ၊ အောက် အရပ် မြေကြီး ပေါ် မှာ ဘုရား သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြားတပါးသောဘုရား မ ရှိ ကြောင်းကို၎င်း၊ ယနေ့ သိ မှတ်၍ နှလုံး ၌ သွင်း မိကြလော့။
39Καὶ γνώσῃ σήμερον, καὶ ἐπιστραφήσῃ τῇ διανοίᾳ, ὅτι Κύριος ὁ Θεός σου οὗτος Θεὸς ἐν τῷ οὐρανῷ ἄνω καὶ ἐπὶ τῆς γῆς κάτω, καὶ οὐκ ἔστιν ἔτι πλὴν αὐτοῦ.
40သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
40Καὶ φυλάξασθε τὰς ἐντολὰς αὐτοῦ, καὶ τὰ δικαιώματα αὐτοῦ, ὅσα ἐγὼ ἀντέλλομαί σοι σήμερον, ἵνα εὖ σοι γένηται καὶ τοῖς υἱοῖς σου μετὰ σὲ, ὅπως μακροήμεροι γένησθε ἐπὶ τῆς γῆς, ἧς Κύριος ὁ Θεός σου δίδωσί σοι πάσας τὰς ἡμέρας.
41ထိုအခါ အိမ်နီးချင်း ကို အငြိုး မ ထားဘဲ၊ အမှတ်တမဲ့ သတ် မိသော သူသည် ပြေး ၍ ၊ အသက် ချမ်းသာရသောမြို့သုံး မြို့ တို့ကို ယော်ဒန် မြစ်အရှေ့ ၊ နေထွက် ရာဘက်၌ မောရှေ သည်ခွဲ ထားလေ၏။
41Τότε ἀφώρισε Μωυσῆς τρεῖς πόλεις πέραν τοῦ Ἰορδάνου ἀπὸ ἀνατολῶν ἡλίου,
no verse 42 in this text
42φυγεῖν ἐκεῖ τὸν φονευτὴν ὃς ἂν φονεύσῃ τὸν πλησίον οὐκ εἰδὼς, καὶ οὗτος οὐ μισῶν αὐτὸν πρὸ τῆς χθὲς καὶ τῆς τρίτης, καὶ καταφεύξεται εἰς μίαν τῶν πόλεων τούτων, καὶ ζήσεται·
43ထိုမြို့တို့၏ အမည်ကား၊ ရုဗင် အမျိုးသားနေရာတော လွင်ပြင်၌ ဗေဇာ မြို့၊ ဂဒ် အမျိုးသား နေရာ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ အမျိုးသားနေရာ ဗာရှန် ပြည် ၌ ဂေါလန် မြို့တည်း။
43τὴν Βοσὸρ ἐν τῇ ἐρήμῳ ἐν τῇ γῇ τῇ πεδινῇ τῷ Ῥουβήν, καὶ τὴν Ῥαμὼθ ἐν Γαλαὰδ τῷ Γαδδί, καὶ τὴν Γαυλὼν ἐν Βασὰν τῷ Μανασσῄ.
44ဤ ရွေ့ကား၊ မောရှေ သည် ဣသရေလ အမျိုးသား တို့၌ ထား သော တရား၊
44Οὗτος ὁ νόμος, ὃν παρέθετο Μωυσῆς ἐνώπιον υἱῶν Ἰσραήλ.
45သူတို့သည် အဲဂုတ္တု ပြည်မှ ထွက် သော နောက်၊ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန် မြစ်အရှေ့ ဘက်၊ ဗက်ပေဂုရ မြို့ တဘက် ၌ရှိသောချိုင့် တွင် ၊ မောရှေ ဟောပြော သော သက်သေ စကား၊ စီရင် ထုံးဖွဲ့သော စကားတည်း။
45Ταῦτα τὰ μαρτύρια, καὶ τὰ δικαιώματα, καὶ τὰ κρίματα, ὅσα ἐλάλησε Μωυσῆς τοῖς υἱοῖς Ἰσραήλ, ἐξελθόντων αὐτῶν ἐκ γῆς Αἰγύπτου,
46မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ကြသော နောက်၊ ထိုရှင်ဘုရင်နှင့်၊
46ἐν τῷ πέραν τοῦ Ἰορδάνου, ἐν φάραγγι, ἐγγὺς οἴκου Φογώρ, ἐν γῇ Σηὼν βασιλέως τῶν Ἀμοῤῥαίων, ὃς κατῴκει ἐν Ἐσεβὼν, ὅν ἐπάταξε Μωυσῆς, καὶ οἱ υἱοὶ Ἰσραήλ, ἐξελθόντων αὐτῶν ἐκ γῆς Αἰγύπτου.
47ဗာရှန် ရှင်ဘုရင် ဩဃ တည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေ ထွက် ရာဘက်၌ နေသောအာမောရိ ရှင်ဘုရင် နှစ်ပါး ကို လုပ်ကြံ ၍ ၊ သူ တို့ပြည် ကို၊
47Καὶ ἐκληρονόμησαν τὴν γῆν αὐτοῦ, καὶ τὴν γῆν Ὢγ βασιλέως τῆς Βασὰν, δύο βασιλέων τῶν Ἀμοῤῥαίων, οἳ ἦσαν πέραν τοῦ Ἰορδάνου κατὰ ἀνατολὰς ἡλίου,
48အာနုန် မြစ် နား မှာ ရှိသော အာရော် မြို့မှစ၍ ဟေရမုန် တောင်တည်းဟူသော ဇိအုန် တောင် တိုင်အောင် ၎င်း၊
48ἀπὸ Ἀροὴρ, ἥ ἐστιν ἐπὶ τοῦ χείλους χειμάῤῥου Ἀρνών, καὶ ἐπὶ τοῦ ὄρους τοῦ Σηὼν, ὅ ἐστιν Ἀερμὼν,
49ယော်ဒန် မြစ်အရှေ့ ဘက် လွင်ပြင် နှင့် တကွ လွင်ပြင် နှင့်ဆိုင်သော အိုင် နား၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၎င်း သိမ်းယူကြ၏။
49πᾶσαν τὴν Ἄραβα πέραν τοῦ Ἰορδάνου κατὰ ἀνατολὰς ἡλίου ὑπὸ Ἀσηδὼθ τὴν λαξευτήν.

Tip: use the ← and → keys to turn chapters.