တရားဟောရာ

Old Testament

Chapter 12
Judson Burmese Bible (18…
vs Septuagint (Brento…
Aa
Text size
Line width
Verse numbers

တရားဟောရာ 12

Judson Burmese Bible (1840)
Septuagint (Brenton Greek text, with Apocrypha)
1သင် တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလပတ်လုံး ဝင်စား စေခြင်းငှာ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ ကျင့် အံ့သောငှာ စောင့်ရှောက် ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊
1Καὶ ταῦτα τὰ προστάγματα καὶ αἱ κρίσεις, ἃς φυλάξετε τοῦ ποιεῖν ἐν τῇ γῇ, ἣν Κύριος ὁ Θεὸς τῶν πατέρων ὑμῶν δίδωσιν ὑμῖν ἐν κλήρῳ, πάσας τὰς ἡμέρας, ἃς ὑμεῖς ζῆτε ἐπὶ τῆς γῆς.
2သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
2Ἀπωλίᾳ ἀπολεῖτε πάντας τοὺς τόπους ἐν οἷς ἐλάτρευσαν ἐκεῖ τοῖς θεοῖς αὐτῶν, οὓς ὑμεῖς κληρονομεῖτε αὐτοὺς, ἐπὶ τῶν ὀρέων τῶν ὑψηλῶν, καὶ ἐπὶ τῶν θινῶν, καὶ ὑποκάτω δένδρου δασέος·
3သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။
3Καὶ κατασκάψετε τοὺς βωμοὺς αὐτῶν, καὶ συντρίψετε τὰς στήλας αὐτῶν, καὶ τὰ ἄλση αὐτῶν ἐκκόψετε, καὶ τὰ γλυπτὰ τῶν θεῶν αὐτῶν κατακαύσετε πυρί, καὶ ἀπολεῖτε τὸ ὄνομα αὐτῶν ἐκ τοῦ τόπου ἐκείνου.
4သူ တို့ပြုသကဲ့သို့၊ သင်တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အား မ ပြု ရဘဲ၊
4Οὐ ποιήσετε οὕτω Κυρίῳ τῷ Θεῷ ὑμῶν.
5သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။
5Ἀλλʼ ἢ εἰς τὸν τόπον, ὃν ἂν ἐκλέξηται Κύριος ὁ Θεός σου ἐν μιᾷ τῶν πόλεων ὑμῶν ἐπονομάσαι τὸ ὄνομα αὐτοῦ ἐκεῖ καὶ ἐπικληθῆναι, καὶ ἐκζητήσετε καὶ ἐλεύσεσθε ἐκεῖ.
6ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
6Καὶ οἴσετε ἐκεῖ τὰ ὁλοκαυτώματα ὑμων, καὶ τὰ θυσιάσματα ὑμῶν, καὶ τὰς ἀπαρχὰς ὑμῶν, καὶ τὰς εὐχὰς ὑμῶν, καὶ τὰ ἐκούσια ὑμῶν, καὶ τὰς ὁμολογίας ὑμῶν, τὰ πρωτότοκα τῶν βοῶν ὑμῶν, καὶ τῶν προβάτων ὑμῶν.
7ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
7Καὶ φάγεσθε ἐκεῖ ἐναντίον Κυρίου τοῦ Θεοῦ ὑμῶν, καὶ εὐφρανθήσεσθε ἐπὶ πᾶσιν, οὗ ἐὰν ἐπιβάλητε τὴν χεῖρα ὑμεῖς, καὶ οἱ οἶκοι ὑμῶν, καθότι εὐλόγησέ σε Κύριος ὁ Θεός σου.
8ယခု ကာလ၊ ဤ အရပ်၌ပြု သကဲ့သို့ ၊ ထိုအရပ်၌ လူတိုင်း ကိုယ် ဉာဏ် ကို လိုက်၍ မ ပြု ရကြ။
8Οὐ ποιήσετε πάντα ὅσα ἡμεῖς ποιοῦμεν ὧδε σήμερον, ἕκαστος τὸ ἀρεστὸν ἐνώπιον αὐτοῦ·
9သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော အမွေ ခံရာ ချမ်းသာ ထဲသို့ သင်တို့သည် မ ဝင် ရကြ သေး။
9Οὐ γὰρ ἥκατε ἕως τοῦ νῦν εἰς τὴν κατάπαυσιν, καὶ εἰς τὴν κληρονομίαν, ἣν Κύριος ὁ Θεὸς ἡμῶν δίδωσιν ὑμῖν.
10သင်တို့သည် ယော်ဒန် မြစ်တဘက်သို့ကူး ၍ ၊ သင် တို့အမွေခံ ရာဘို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည် ၌ နေ ကြသောအခါ ၊ ရန်သူ အပေါင်း တို့လက်မှ သင် တို့ကို ကယ်နှုတ် တော်မူသဖြင့် ငြိမ်ဝပ် စွာ နေ ကြသောအခါ၊
10Καὶ διαβήσεσθε τὸν Ἰορδάνην, καὶ κατοικήσετε ἐπὶ τῆς γῆς, ἧς Κύριος ὁ Θεὸς ἡμῶν κατακληρονομεῖ ὑμῖν, καὶ καταπαύσει ὑμᾶς ἀπὸ πάντων τῶν ἐχθρῶν ὑμῶν τῶν κύκλῳ, καὶ κατοικήσετε μετὰ ἀσφαλείας.
11နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။
11Καὶ ἔσται ὁ τόπος, ὃν ἂν ἐκλέξηται Κύριος ὁ Θεός σου ἐπικληθῆναι τὸ ὄνομα αὐτοῦ ἐκεῖ, ἐκεῖ οἴσετε πάντα ὅσα ἐγὼ ἐντέλλομαι ὑμῖν σήμερον· τὰ ὁλοκαυτώματα ὑμῶν, καὶ τὰ θυσιάσματα ὑμῶν, καὶ τὰ ἐπιδέκατα ὑμῶν, καὶ τὰς ἀπαρχὰς τῶν χειρῶν ὑμῶν, καὶ πᾶν ἐκλεκτὸν τῶν δώρων ὑμῶν, ὅσα ἂν εὔξησθε Κυρίῳ τῷ Θεῷ ὑμῶν.
12ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။
12Καὶ εὐφρανθήσεσθε ἐναντίον Κυρίου τοῦ Θεοῦ ὑμῶν, ὑμεῖς καὶ οἱ υἱοὶ ὑμῶν, καὶ αἱ θυγατέρες ὑμῶν, καὶ οἱ παῖδες ὑμῶν, καὶ αἱ παιδίσκαι ὑμῶν, καὶ ὁ Λευίτης ὁ ἐπὶ τῶν πυλῶν ὑμῶν· ὅτι οὐκ ἔστιν αὐτῷ μερὶς οὐδὲ κλῆρος μεθʼ ὑμῶν.
13တွေ့မြင် ရာအရပ် ၌ မီးရှို့ ရာယဇ်ကို မ ပူဇော် ရမည် အကြောင်း သတိ ပြုကြလော့။
13Πρόσεχε σεαυτῷ, μὴ ἀνενέγκῃς τὰ ὁλοκαυτώματά σου ἐν παντὶ τόπῳ οὗ ἐὰν ἴδῃς.
14သင် တို့အမျိုး တမျိုး တွင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ မီးရှို့ ရာယဇ်ကို ပူဇော် ၍ ၊ ငါ မှာ ထားသမျှ တို့ကို ပြု ရကြမည်။
14Ἀλλʼ ἢ εἰς τὸν τόπον, ὃν ἂν ἐκλέξεται Κύριος ὁ Θεός σου αὐτὸν, ἐν μιᾷ τῶν φυλῶν σου, ἐκεῖ ἀνοίσετε τὰ ὁλοκαυτώματα ὑμῶν, καὶ ἐκεῖ ποιήσεις πάντα ὅσα ἐγὼ ἐντέλλομαί σοι σήμερον.
15သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။
15Ἀλλʼ ἢ ἐν πάσῃ ἐπιθυμίᾳ σου θύσεις, καὶ φαγῇ κρέα κατὰ τὴν εὐλογίαν Κυρίου τοῦ Θεοῦ σου, ἣν ἔδωκέ σοι ἐν πάσῃ πόλει· ὁ ἀκάθαρτος ἐν σοὶ καὶ ὁ καθαρὸς ἐπὶ τὸ αὐτό φάγεται αὐτό, ὡς δορκάδα ἢ ἔλαφον.
16သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
16Πλὴν τὸ αἷμα οὐ φάγεσθε· ἐπὶ τὴν γῆν ἐκχεεῖτε αὐτὸ, ὡς ὕδωρ.
17စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။
17Οὐ δυνήσῃ φαγεῖν ἐν ταῖς πόλεσί σου τὸ ἐπιδέκατον τοῦ σίτου σου, καὶ τοῦ οἴνου σου, καὶ τοῦ ἐλαίου σου, τὰ πρωτότοκα τῶν βοῶν σου, καὶ τῶν προβάτων σαυ, καὶ πάσας τὰς εὐχὰς, ὅσας ἂν εὔξησθε, καὶ τὰς ὁμολογίας ὑμῶν, καὶ τὰς ἀπαρχὰς τῶν χειρῶν σου.
18သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။
18Ἀλλʼ ἢ ἐναντίον Κυρίου τοῦ Θεοῦ σου φάγῃ αὐτὸ ἐν τῷ τόπῳ, ᾧ ἂν ἐκλέξηται Κύριος ὁ Θεός σου αὐτῷ, σὺ καὶ ὁ υἱός σου, καὶ ἡ θυγάτηρ σου, ὁ παῖς σου, καὶ ἡ παιδίσκη σου, καὶ ὁ προσήλυτος ὁ ἐν ταῖς πόλεσιν ὑμῶν· καὶ εὐφρανθήσῃ ἐναντίον Κυρίου τοῦ Θεοῦ σου ἐπὶ πάντα, οὗ ἐὰν ἐπιβάλῃς τὴν χεῖρά σου.
19မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။
19Πρόσεχε σεαυτῷ μὴ ἐγκαταλίπῃς τὸν Λευίτην πάντα τὸν χρόνον ὅσον ἂ ζῇς ἐπὶ τῆς γῆς.
20သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဂတိ တော် ရှိသည်အတိုင်း ၊ သင် ၏နေရာ ပြည် ကို ကျယ် စေ တော်မူသောအခါ ၊ သင် သည် အမဲသား ကို စား ချင်သောစိတ် ရှိ၍၊ အမဲသား ကို ငါစား မည်ဟုဆို လျှင် ၊ စား ချင်တိုင်း စား ရသောအခွင့်ရှိ၏။
20Ἐὰν δὲ ἐμπλατύνῃ Κύριος ὁ Θεός σου τὰ ὅριά σου, καθάπερ ἐλάλησέ σοι, καὶ ἐρεῖς, φάγομαι κρέα, ἐὰν ἐπιθυμήσῃ ἡ ψυχή σου ὥστε φαγεῖν κρέα, ἐν πάσῃ ἐπιθυμίᾳ τῆς ψυχῆς σου φάγῃ κρέα.
21သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသောအရပ် သည် သင့် နေရာနှင့် ဝေး လွန်းလျှင် ၊ ထာဝရဘုရား ပေး တော်မူသော သိုး နွား ကို၊ ငါမှာ ထားသည်အတိုင်း သတ် ၍ ၊ သင့် နေရာ အရပ်၌ စား ချင်တိုင်းစား ရသောအခွင့်ရှိ၏။
21Ἐὰν δὲ μακρὰν ἀπέχῃ σου ὁ τόπος, ὃν ἂν ἐκλέξηται Κύριος ὁ Θεός σου ἐκεῖ ἐπικληθῆναι τὸ ὄνομα αὐτοῦ ἐκεῖ, καὶ θύσεις ἀπὸ τῶν βοῶν σου, καὶ ἀπὸ τῶν προβάτων σου ὧν ἂν δῷ ὁ Θεός σοι, ὃν τρόπον ἐνετειλάμην σοι, καὶ φαγῃ ἐν ταῖς πόλεσί σου κατὰ τὴν ἐπιθυμίαν τῆς ψυχῆς σου.
22သမင် ၊ ဒရယ် ကို စားသကဲ့သို့ စား ရမည်။ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် ရောနှော၍ စား ရသောအခွင့်ရှိကြ၏။
22Ὡς ἔσθεται ἡ δορκὰς καὶ ἡ ἔλαφος, οὕτω φαγῃ αὐτό· ὁ ἀκάθαρτος ἐν σοὶ καὶ ὁ καθαρὸς ὡσαύτως ἔδεται.
23သို့ရာတွင် ၊ အသွေး ကို မ စား မည်အကြောင်း၊ သတိ ပြုလော့။ အသက် သည် အသွေး ၌ တည်၏။ အသား နှင့်တကွ အသက် ကို မ စား ရ။
23Πρόσεχε ἰσχυρῶς τοῦ μὴ φαγεῖν αἷμα, ὅτι αἷμα αὐτοῦ ψυχή· οὐ βρωθήσεται ψυχὴ μετὰ τῶν κρεῶν.
24ထို့ကြောင့်အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
24Οὐ φάγεσθε· ἐπὶ τὴν γῆν ἐκχεεῖτε αὐτὸ ὡς ὕδωρ.
25သင် သည် ထာဝရဘုရား နှစ်သက် တော်မူဘွယ် သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍သား မြေးတို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ အသွေး ကို ရှောင် ရမည်။
25Οὐ φαγῇ αὐτὸ, ἵνα εὖ σοι γένηται καὶ τοῖς υἱοῖς σου μετὰ σὲ, ἐὰν ποιήσῃς τὸ καλὸν καὶ τὸ ἀρεστὸν ἐναντίον Κυρίου τοῦ Θεοῦ σου.
26သင် ၌ သန့်ရှင်း သော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသောပူဇော်သက္ကာတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ရမည်။
26Πλὴν τὰ ἅγιά σου ἐὰν γένηταί σοι, καὶ τὰς εὐχάς σου λαβὼν ἥξεις εἰς τὸν τόπον, ὃν ἂν ἐκλέξηται Κύριος ὁ Θεός σου ἐπικληθῆναι τὸ ὄνομα αὐτοῦ ἐκεῖ.
27အသား နှင့် အသွေး ကို ရောနှော၍၊ မီးရှို့ ရာယဇ် တို့ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ရမည်။ ယဇ် ကောင်အသွေး ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ သွန်းလောင်း ၍ ၊ အသား ကို စား ရမည်။
27Καὶ ποιήσεις τὰ ὁλοκαυτώματά σου, τὰ κρέα ἀνοίσεις ἐπὶ τὸ θυσιαστήριον Κυρίου τοῦ Θεοῦ σου· τὸ δὲ αἷμα τῶν θυσιῶν σου προσχεεῖς πρὸς τὴν βάσιν τοῦ θυσιαστηρίου Κυρίου τοῦ Θεοῦ σου, τὰ δὲ κρέα φαγῇ.
28သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။
28Φυλάσσου καὶ ἄκουε καὶ ποιήσεις πάντας τοὺς λόγους οὓς ἐγὼ ἐντέλλομαί σοι, ἵνα εὖ σοι γένηται καὶ τοῖς υἱοῖς σου διʼ αἰῶνος, ἐὰν ποιήσῃς τὸ ἀρεστὸν καὶ τὸ καλὸν ἐναντίον Κυρίου τοῦ Θεοῦ σου.
29သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊
29Ἐὰν δὲ ἐξολοθρεύσῃ Κύριος ὁ Θεός σου τὰ ἔθνη, εἰς οὓς εἰσπορεύῃ ἐκεῖ κληρονομῆσαι τὴν γῆν αὐτῶν, ἀπὸ προσώπου σου, καὶ κατακληρονομήσῃς αὐτὴν, καὶ κατοικήσῃς ἐν τῇ γῇ αὐτῶν,
30သူ တို့သည် သင့် ရှေ့ မှာ ပျက်စီး သောနောက် ၊ သူ တို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ် မ ရောက်မည်အကြောင်း၊ ထို လူမျိုး တို့သည် သူ တို့ဘုရား များကို အဘယ် သို့ဝတ်ပြု သနည်း။ ထိုနည်းတူ ငါပြု မည်ဟု သူ တို့ဘုရား ဝတ်ကို မ မေးမြန်း မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြု လော့။
30πρόσεχε σεαυτῷ μὴ ἐκζητήσῃς ἐπακολουθῆσαι αὐτοῖς μετὰ τὸ ἐξολοθρευθῆναι αὐτοὺς ἀπὸ προσώπου σου, λέγων, πῶς ποιοῦσι τὰ ἔθνη ταῦτα τοῖς θεοῖς αὐτῶν; ποιήσω κᾀγώ.
31သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
31Οὐ ποιήσεις οὕτω τῷ Θεῷ σου· τὰ γὰρ βδελύματα Κυρίου ἃ ἐμίσησεν, ἐποίησαν ἐν τοῖς θεοῖς αὐτῶν, ὅτι τοὺς υἱοὺς αὐτῶν, καὶ τὰς θυγατέρας αὐτῶν κατακαίουσιν ἐν πυρὶ τοῖς θεοῖς αὐτῶν.
32ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။
no verse 32 in this text

Tip: use the ← and → keys to turn chapters.