တမန်တော် 14
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament, word by word (STEPBible TAGNT)
1ဣကောနိ မြို့သို့ ရောက် လျှင် ထိုသူ နှစ်ယောက် တို့သည် ယုဒ တရားစရပ် သို့ ဝင် ၍ ဟောပြော သဖြင့် ၊ ယုဒ လူ၊ ဟေလသ လူများ အပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
1Ἐγένετο δὲ ἐν Ἰκονίῳ κατὰ τὸ αὐτὸ εἰσελθεῖν αὐτοὺς εἰς τὴν συναγωγὴν τῶν Ἰουδαίων καὶ λαλῆσαι οὕτως ὥστε πιστεῦσαι Ἰουδαίων τε καὶ Ἑλλήνων πολὺ πλῆθος.
2မယုံကြည် သော ယုဒ လူတို့သည် တစ်ပါး အမျိုးသားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကို တို့အား မနာလို သော စိတ် ရှိစေခြင်းငှာချောစားကြ၏။
2οἱ δὲ ἀπειθήσαντες Ἰουδαῖοι ἐπήγειραν καὶ ἐκάκωσαν τὰς ψυχὰς τῶν ἐθνῶν κατὰ τῶν ἀδελφῶν.¶
3ထိုကြောင့် ကြာမြင့် စွာနေ ၍ သခင် ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူး တရား တော်ဘက်၌ သက်သေခံ တော်မူလျက်၊ တမန်တော် တို့သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုတို့ကိုပြု နိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။
3Ἱκανὸν μὲν οὖν χρόνον διέτριψαν παρρησιαζόμενοι ἐπὶ τῷ κυρίῳ τῷ μαρτυροῦντι τῷ λόγῳ τῆς χάριτος αὐτοῦ, διδόντι σημεῖα καὶ τέρατα γίνεσθαι διὰ τῶν χειρῶν αὐτῶν.
4ထိုမြို့သူ မြို့သားအပေါင်း တို့သည် ကွဲပြား ခြင်းရှိ ၍၊ အချို့ တို့သည် ယုဒ လူတို့ဘက် ၌၎င်း၊ အချို့ တို့သည် တမန်တော် တို့ဘက် ၌၎င်း နေ ကြ၏။
4ἐσχίσθη δὲ τὸ πλῆθος τῆς πόλεως, καὶ οἱ μὲν ἦσαν σὺν τοῖς Ἰουδαίοις, οἱ δὲ σὺν τοῖς ἀποστόλοις.
5မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊
5ὡς δὲ ἐγένετο ὁρμὴ τῶν ἐθνῶν τε καὶ Ἰουδαίων σὺν τοῖς ἄρχουσιν αὐτῶν ὑβρίσαι καὶ λιθοβολῆσαι αὐτούς,
6တမန်တော်တို့သည်သိ လျှင်၊ လုကောနိ ပြည်၌ လုတ္တရ မြို့၊ ဒေရဗေ မြို့မှစ၍ ကျေးလက် များသို့ ထွက်ပြေး ၍၊
6συνιδόντες κατέφυγον εἰς τὰς πόλεις τῆς Λυκαονίας, Λύστραν καὶ Δέρβην καὶ τὴν περίχωρον,
7ထို အရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။
7κἀκεῖ εὐαγγελιζόμενοι ἦσαν.¶
8အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သဖြင့်၊ တစ်ခါမျှ မသွား ဘူးသော လူတစ်ယောက်သည် လုတ္တရ မြို့၌ ထိုင် လျက်၊
8Καί τις ἀνὴρ ἀδύνατος ἐν Λύστροις τοῖς ποσὶν ἐκάθητο, χωλὸς ἐκ κοιλίας μητρὸς αὐτοῦ ὃς οὐδέποτε περιεπάτησεν.
9ပေါလု ဟောပြော သည်ကို ကြား လေ၏။ ပေါလု သည်လည်း ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည် ခြင်းရှိ သည်ကိုသိမြင် လျှင်၊
9οὗτος ἤκουσεν τοῦ Παύλου λαλοῦντος, ὃς ἀτενίσας αὐτῷ καὶ ἰδὼν ὅτι ἔχει πίστιν τοῦ σωθῆναι,
10ထ ၍မတ်တတ် ရပ်လော့ဟု ကြီး သောအသံ နှင့် ဆို သဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွား လေ၏။
10εἶπεν μεγάλῃ φωνῇ· ἀνάστηθι ἐπὶ τοὺς πόδας σου ὀρθός. καὶ ἥλατο καὶ περιεπάτει.
11ပေါလု ပြု သောအမှု ကိုမြင် သော လူ အစုအဝေး တို့က၊ နတ်ဘုရား တို့သည် လူ အယောင် ကိုဆောင်၍ ငါ တို့ရှိရာသို့ ဆင်းသက် ပါသည် တကားဟု လုကောနိ ဘာသာစကားအားဖြင့်အသံ ကိုလွှင့် ၍ ဆို ကြ၏။
11οἵ τε ὄχλοι ἰδόντες ὃ ἐποίησεν Παῦλος ἐπῆραν τὴν φωνὴν αὐτῶν Λυκαονιστὶ λέγοντες· οἱ θεοὶ ὁμοιωθέντες ἀνθρώποις κατέβησαν πρὸς ἡμᾶς·
12ပေါလု သည်သာ၍ဟောပြော သောကြောင့် သူ့ ကို ဟေရမေ ဟူ၍၎င်း ၊ ဗာနဗ ကိုဇုသ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
12ἐκάλουν τε τὸν Βαρναβᾶν Δία, τὸν δὲ Παῦλον Ἑρμῆν, ἐπειδὴ αὐτὸς ἦν ὁ ἡγούμενος τοῦ λόγου.
13ထိုမြို့ ရှေ့ ၌ရှိ သော ဇုသ ၏ယဇ် ပုရောဟိတ်သည် နွား နှင့် ပန်းကုံး ကို မြို့တံခါး နားသို့ ယူခဲ့ ၍၊ လူ အစုအဝေးတို့နှင့်တကွ ယဇ် ပူဇော်မည်ပြု သည်ကို၊
13ὅ τε ἱερεὺς τοῦ Διὸς τοῦ ὄντος πρὸ τῆς πόλεως ταύρους καὶ στέμματα ἐπὶ τοὺς πυλῶνας ἐνέγκας σὺν τοῖς ὄχλοις ἤθελεν θύειν.¶
14တမန်တော် ဗာနဗ နှင့် ပေါလု တို့သည် သိတင်းကြား လျှင်၊ မိမိ တို့အဝတ် ကို ဆုတ် ၍ လူစု ထဲသို့ ပြေး ဝင်လျက်၊
14Ἀκούσαντες δὲ οἱ ἀπόστολοι Βαρναβᾶς καὶ Παῦλος διαρρήξαντες τὰ ἱμάτια αὐτῶν ἐξεπήδησαν εἰς τὸν ὄχλον κράζοντες
15အချင်းလူ တို့၊ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ ငါ တို့သည် သင် တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် ပါ၏။ သင် တို့သည် ဤ အချည်းနှီး သောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ၊ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲ ရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြော ကြ၏။
15καὶ λέγοντες· ἄνδρες, τί ταῦτα ποιεῖτε; καὶ ἡμεῖς ὁμοιοπαθεῖς ἐσμεν ὑμῖν ἄνθρωποι, εὐαγγελιζόμενοι ὑμᾶς ἀπὸ τούτων τῶν ματαίων ἐπιστρέφειν ἐπὶ θεὸν ζῶντα, ὃς ἐποίησεν τὸν οὐρανὸν καὶ τὴν γῆν καὶ τὴν θάλασσαν καὶ πάντα τὰ ἐν αὐτοῖς,
16ရှေးလွန်လေပြီးသောကာလတို့၌ ၊ လူ အမျိုးမျိုး တို့သည် မိမိ တို့အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ် ထားတော်မူ၏။
16ὃς ἐν ταῖς παρῳχημέναις γενεαῖς εἴασεν πάντα τὰ ἔθνη πορεύεσθαι ταῖς ὁδοῖς αὐτῶν·
17သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
17καίτοι οὐκ ἀμάρτυρον αὐτὸν ἀφῆκεν ἀγαθουργῶν, οὐρανόθεν ὑμῖν ὑετοὺς διδοὺς καὶ καιροὺς καρποφόρους, ἐμπιπλῶν τροφῆς καὶ εὐφροσύνης τὰς καρδίας ὑμῶν.
18ထိုသို့ကြွေးကြော် သဖြင့် လူ အစုအဝေးတို့သည် ယဇ် ပူဇော်ခြင်းကို မ ပြုရမည်အကြောင်း မြစ်တားခဲ သော အမှုကိုမြစ်တား လေ၏။
18καὶ ταῦτα λέγοντες μόλις κατέπαυσαν τοὺς ὄχλους τοῦ μὴ θύειν αὐτοῖς.¶
19ထိုအခါ ယုဒ လူတို့သည် အန္တိအုတ် မြို့၊ ဣကောနိ မြို့မှ လာ ကြ၍ လူ အစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလု ကို ကျောက်ခဲနှင့်ပစ် ၍ သေ ပြီဟု စိတ်ထင် နှင့် မြို့ ပြင် သို့ ဆွဲငင် ကြ၏။
19Ἐπῆλθαν δὲ ἀπὸ Ἀντιοχείας καὶ Ἰκονίου Ἰουδαῖοι, καὶ πείσαντες τοὺς ὄχλους καὶ λιθάσαντες τὸν Παῦλον ἔσυρον ἔξω τῆς πόλεως νομίζοντες αὐτὸν τεθνηκέναι.
20တပည့် တော်တို့သည် ဝန်းရံ ၍နေကြစဉ်၊ ပေါလုသည် ထ ၍မြို့ ထဲသို့ ဝင် ပြန်၏။ နက်ဖြန် နေ့၌ ဗာနဗ နှင့်တကွ ဒေရဗေ မြို့သို့ ထွက်သွား လေ၏။
20κυκλωσάντων δὲ τῶν μαθητῶν αὐτὸν ἀναστὰς εἰσῆλθεν εἰς τὴν πόλιν καὶ τῇ ἐπαύριον ἐξῆλθεν σὺν τῷ Βαρναβᾷ εἰς Δέρβην.
21ထို မြို့ ၌ ဧဝံဂေလိ တရားကို ဟောပြော၍ လူများ တို့ကို တပည့် တော်ဖြစ်စေပြီးမှ ၊ လုတ္တရ မြို့၊ ဣကောနိ မြို့၊ အန္တိအုတ် မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန် ကြ၏။
21εὐαγγελισάμενοί τε τὴν πόλιν ἐκείνην καὶ μαθητεύσαντες ἱκανοὺς ὑπέστρεψαν εἰς τὴν Λύστραν καὶ Ἰκόνιον καὶ Ἀντιόχειαν·
22ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
22ἐπιστηρίζοντες τὰς ψυχὰς τῶν μαθητῶν, παρακαλοῦντες ἐμμένειν τῇ πίστει καὶ ὅτι διὰ πολλῶν θλίψεων δεῖ ἡμᾶς εἰσελθεῖν εἰς τὴν βασιλείαν τοῦ θεοῦ.
23အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။
23χειροτονήσαντες δὲ αὐτοῖς κατ᾽ ἐκκλησίαν πρεσβυτέρους, προσευξάμενοι μετὰ νηστειῶν παρέθεντο αὐτοὺς τῷ κυρίῳ εἰς ὃν πεπιστεύκεισαν.
24ပိသိဒိ ပြည်တစ်ပြည်လုံးကို ရှောက်သွား ၍ ပံဖုလိ ပြည်သို့ ရောက် လျှင်၊
24καὶ διελθόντες τὴν Πισιδίαν ἦλθον εἰς Παμφυλίαν,
25ပေရဂေ မြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိ မြို့သို့ သွား ကြပြန်၏။
25καὶ λαλήσαντες ἐν Πέργῃ τὸν λόγον κατέβησαν εἰς Ἀττάλειαν·
26ထိုမြို့ မှ သင်္ဘောစီး၍လွှင့် သဖြင့်၊ မိမိတို့ဆောင်ရွက် ခဲ့ပြီးသော အမှု အလိုငှာ ဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာကြ၏။
26κἀκεῖθεν ἀπέπλευσαν εἰς Ἀντιόχειαν, ὅθεν ἦσαν παραδεδομένοι τῇ χάριτι τοῦ θεοῦ εἰς τὸ ἔργον ὃ ἐπλήρωσαν.
27ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။
27παραγενόμενοι δὲ καὶ συναγαγόντες τὴν ἐκκλησίαν ἀνήγγελλον ὅσα ἐποίησεν ὁ θεὸς μετ᾽ αὐτῶν καὶ ὅτι ἤνοιξεν τοῖς ἔθνεσιν θύραν πίστεως.
28ထိုမြို့၌လည်း၊ တပည့် တော်တို့နှင့်အတူ ကြာမြင့်စွာ နေ ကြ၏။
28διέτριβον δὲ χρόνον οὐκ ὀλίγον σὺν τοῖς μαθηταῖς.¶
Tip: use the ← and → keys to turn chapters.