၂ သက်သာလောနိ

Old Testament

Chapter 3

၂ သက်သာလောနိ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

၂ သက်သာလောနိ 3

Chamorro: Gospels, Acts and Psalms has no text for this chapter yet.

1ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကို တို့၊ သခင် ဘုရား၏ နှုတ်ကပတ် တရားသည် သင် တို့တွင် နှံ့ပြား၍ ဘုန်း ထင်ရှားခြင်းရှိသကဲ့သို့ ၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊

2အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ် သော သူ တို့လက်မှ ငါတို့ကို ကယ်လွှတ် တော်မူမည် အကြောင်း ၊ ငါ တို့အဘို့ ဆုတောင်း ကြလော့။ လူ တိုင်း သစ္စာ ရှိသည် မ ဟုတ်။

3သို့သော်လည်း ၊ သခင် ဘုရားသည် သစ္စာ နှင့် ပြည့်စုံတော်မူ၏။ သင် တို့ကိုမြဲမြံ စေ၍ ၊ မကောင်း အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူလိမ့်မည်။

4ငါတို့ပညတ် သည် အတိုင်း သင်တို့သည် ယခုကျင့် ကြ၏။ နောက်၌လည်း ကျင့် ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု ၍ ငါတို့သည် ယုံမှား ခြင်းမရှိ။

5ဘုရားသခင် ကို ချစ် စေခြင်းငှာ၎င်း၊ ခရစ်တော် ၏နည်းတူသည်းခံ စေခြင်းငှာ၎င်း၊ သခင် ဘုရားသည် သင် တို့စိတ် နှလုံးကို ပြင်ဆင် တော်မူပါစေသော။

6တနည်းကား၊ ညီအစ်ကို တို့၊ ငါ တို့ထံ၌ ခံ သော နည်း ဥပဒေသအတိုင်း မ ကျင့် ဘဲ၊ မတရား စွာပြုသော ညီအစ်ကို ရှိသမျှ တို့ကို ရှောင် ကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်အားဖြင့် ငါတို့သည် ပညတ် ထား ကြ၏။

7အကြောင်းမူကား ၊ ငါ တို့ပေးသော ပုံသက်သေကိုလိုက် ၍ သင်တို့သည် အဘယ်သို့ ကျင့်ရ မည်ဟု သင်တို့ ကိုယ်တိုင် သိ ကြ၏။ ငါတို့သည် သင် တို့တွင် မတရား စွာ ပြုကြသည်မ ဟုတ်။

8အဘယ်သူ ၏ အစာ ကိုမျှအလိုအလျောက်မ စား ။ သင် တို့တွင် တစ်ယောက် ကိုမျှ မ နှောင့်ရှက် ခြင်းငှာ၊ ပင်ပန်း စွာ ကြိုးစား အားထုတ်၍ နေ့ ညဉ့် မပြတ်လုပ်ဆောင် ကြ၏။

9ထိုသို့ပြုသော်လည်း ၊ မ ခံမယူပိုင် သောကြောင့် ပြုသည်မ ဟုတ်။ သင် တို့လိုက် စရာဘို့ ပုံ သက်သေဖြစ် စေခြင်းငှာ ပြုကြ၏။

10အဘယ်သို့ နည်းဟူမူကား၊ သင် တို့နှင့်အတူ ရှိ နေစဉ်အခါ ၊ အလုပ်မ လုပ် ချင် သောသူ မည်သည်ကား၊ အစာကိုလည်းမ စား စေနှင့်ဟု ပညတ် ထားကြပြီ။

11မတရား စွာပြု၍ အဘယ် အလုပ် ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှော သော သူအချို့ တို့သည် သင် တို့တွင် ရှိ ကြောင်းကို ငါတို့ကြား ရကြ၏။

12ထိုသို့သော သူတို့သည် ငြိမ်ဝပ် စွာ လုပ်ဆောင် ၍၊ ကိုယ် အစာ ကို စား မည်အကြောင်း ၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် ငါတို့သည် ပညတ် ထား၍ ၊ တိုက်တွန်း သွေးဆောင်ကြ၏။

13ညီအစ်ကို တို့အားလျော့ စိတ်ပျက်ခြင်းမ ရှိဘဲကောင်း သောအကျင့်ကို ကျင့်ကြလော့။

14ဤ စာ ၌ ငါ တို့ရေးထားသော ပညတ် စကားကို တစ်စုံတစ်ယောက် သောသူသည် နား မ ထောင်ဘဲ နေလျှင် ၊ ထို သူကိုမှတ် ကြလော့။ ရှက်ကြောက် စေခြင်းငှာ ၊ အပေါင်းအဖေါ် မ လုပ်ကြနှင့်။

15သို့သော်လည်း ၊ ရန်သူ ကဲ့သို့ မ မှတ် ၊ ညီအစ်ကို ကဲ့သို့ မှတ်၍ သတိပေး ကြလော့။

16ငြိမ်သက် ခြင်း၏ သခင် သည် ကိုယ်တော် တိုင် သင် တို့၌ အစဉ်မပြတ်ခပ်သိမ်း သော အမူအရာ အားဖြင့် ငြိမ်သက် ခြင်းကို ပေး သနားတော်မူပါစေသော။ သခင် ဘုရားသည် သင် တို့အပေါင်း နှင့်အတူ ရှိတော်မူပါစေသော။

17ငါ ပေါလု သည်သင်တို့ကို နှုတ်ဆက် ခြင်းအချက်ကို ကိုယ်လက် နှင့်ရေး ထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှ သော ဩဝါဒ၏ လက္ခဏာ ဖြစ် ၏။

18ငါ တို့သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့အပေါင်း ၌ ရှိ စေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.