၄ ဓမ္မရာဇဝင် 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ် ခုနစ် နှစ် တွင်၊ “
1In the seven and twentieth year of Jeroboam king of Israel reigned Azarias son of Amasias, king of Juda.
2ယုဒ ရှင်ဘုရင် အာမဇိ သား ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏
2He was sixteen years old, when he began to reign, and he reigned two and fifty years in Jerusalem: the name of his mother was Jechelia of Jerusalem.
3ထိုမင်းသည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
3And he did that which was pleasing before the Lord, according to all that his father Amasias had done.
4သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
4But the high places he did not destroy: for the people sacrificed and burnt incense in the high places.
5ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ရှင် ဘုရင်သည် သေ သည်တိုင်အောင် နူနာ စွဲ ၍ ခြားနား သော နန်း ၌ နေ ရ၏။ သားတော် ယောသံ သည် နန်းတော် ကို အုပ်၍ နိုင်ငံတော်မှုကို စီရင် ရ၏
5And the Lord struck the king, so that he was a leper unto the day of his death, and he dwelt in a free house apart: but Joatham the king’s soil governed the palace, and judged the people of the land.
6ဩဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
6And the rest of the acts of Azarias, and all that he did, are they not written in the book of the words of the days of the kings of Juda?
7ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
7And Azarias slept with his fathers: and they buried him with his ancestors in the city of David, and Joatham his son reigned in his stead.
8ယုဒ ရှင်ဘုရင် ဩဇိ နန်းစံ သုံးဆယ် ရှစ် နှစ် တွင် ၊ ယေရောဗောင် သား ဇာခရိ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏
8In the eight and thirtieth year of Azarias king of Juda, reigned Zacharias son of Jeroboam over Israel in Samaria six months:
9ထိုမင်းသည် ဘိုးဘေး ပြု သည်အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသောနေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
9And he did that which is evil before the Lord, as his fathers had done: he departed not from the sins of Jeroboam the son of Nabat who made Israel to sin.
10ယာဖက် သား ရှလ္လုံ သည် ဇာခရိ မင်းတဘက် ၌ သင်းဖွဲ့ ၍ လူ များရှေ့ မှာ သေ အောင်လုပ်ကြံ ပြီးလျှင် သူ ၏ အရာ ၌ နန်း ထိုင်၏
10And Sellum the son of Jabes conspired against him: and struck him publicly and killed him, and reigned in his place.
11ဇာခရိ ပြုမူသော အမှု အရာကြွင်း လေသမျှတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
11Now the rest of the acts of Zacharias, are they not written in the book of the words of the days of the kings of Israel?
12ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း
12This was the word of the Lord, which he spoke to Jehu, saying: Thy children to the fourth generation shall sit upon the throne of Israel. And so it came to pass.
13ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ရှလ္လုံ သည် နန်း ထိုင်၍ ၊ ရှမာရိ မြို့၌ တလ စိုးစံ လေ၏
13Sellum the son of Jabes began to reign in the nine and thirtieth year of Azarias king of Juda: and reigned one month in Samaria.
14ဂါဒိ သား မေနဟင် သည် တိရဇ မြို့မှ ရှမာရိ မြို့ သို့သွား ၍ ၊ ယာဖက် သား ရှလ္လုံ ကိုသေ အောင် လုပ်ကြံ ပြီးလျှင် ၊ သူ ၏အရာ ၌ နန်း ထိုင်၏
14And Manahem the son of Gadi went up from Thersa: and he came into Samaria, and struck Sellum the son of Jabes in Samaria, and slew him, and reigned in his stead.
15ရှလ္လုံ ပြုမူသောအမှု အရာကြွင်း လေသမျှတို့နှင့် သင်းဖွဲ့ ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
15And the rest of the acts of Sellum, and his conspiracy, which he made, are they not written in the book of the words of the days of the kings of Israel?
16ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
16Then Manahem destroyed Thapsa and all that were in it and the borders thereof from Thersa, because they would not open to him: and he slew all the women thereof that were with child, and ripped them up.
17ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ၊ ဂါဒိ သား မေနဟင် သည် နန်းထိုင် ၍ ၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ဆယ် နှစ် စိုးစံလေ၏
17In the nine and thirtieth year of Azarias king of Juda, reigned Manahem son of Gadi over Israel ten years in Samaria.
18ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
18And he did that which was evil before the Lord: he departed not from the sins of Jeroboam the son of Nabat, who made Israel to sin all his days.
19အာရှုရိ ရှင်ဘုရင် ပုလ သည် ဣသရေလပြည် ကို တိုက်လာ ၏။ မေနဟင် သည် မိမိ အာဏာ တည် စေမည် အကြောင်း ၊ ပုလ မင်းမစစေခြင်းငှါ၊ ငွေ အခွက် တသောင်း ကို ဆက် ရ၏
19And Phul king of the Assyrians came into the land, and Manahem gave Phul a thousand talents of silver, to aid him and to establish him in the kingdom.
20အာရှုရိ ရှင်ဘုရင် အား ဆက် စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး၌ ငွေ ခွဲ ၍ ၊ ရ တတ်သော သူတိုင်း အကျပ် ငါးဆယ် စီပေးရ၏။ ထိုကြောင့် အာရှုရိ ရှင် ဘုရင်သည် မ နေ ၊ မိမိပြည် သို့ ပြန်သွား၏
20And Manahem laid a tax upon Israel, on all that were mighty and rich, to give the king of the Assyrians, each man fifty sides of silver: so the king of the Assyrians turned back, and did not stay in the land.
21မေနဟင် ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
21And the rest of the acts of Manahem, and all that he did, are they not written in the book of the words of the days of the kings of Israel?
22မေနဟင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ပေကဟိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
22And Manahem slept with his fathers: and Phaceia his son reigned in his stead.
23ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် တွင် ၊ မေနဟင် သား ပေကဟိ သည် နန်းထိုင် ၍၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံလေ၏
23In the fiftieth year of Azarias king of Juda reigned Phaceia the son of Manahem over Israel in Samaria two years.
24ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
24And he did that which was evil before the Lord: he departed not from the sins of Jeroboam the son of Nabat, who made Israel to sin.
25အမှုတော်ထမ်းတပ်မှူး ၊ ရေမလိ သား ပေကာ သည် ပေကဟိ မင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘ နှင့် အရေဟ အစရှိသော ဂိလဒ် ပြည်သား ငါးကျိပ် ပါ လျက်၊ ရှမာရိ မြို့၌ နန်းတော် ထဲမှာ သေ အောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏
25And Phacee the son of Romelia, his captain conspired against him, and smote him in Samaria, in the tower of the king’s house, near Argob, and near Arie, and with him fifty men of the sons of the Galaadites, and he slew him and reigned in his stead.
26ပေကဟိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
26And the rest of the acts of Phaceia, and all that he did, are they not written in the book of the words of the days of the kings of Israel?
27ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏
27In the two and fiftieth year of Azarias king of Juda reigned Phacee the son of Romelia over Israel in Samaria twenty years.
28ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
28And he did that which was evil before the Lord: he departed not from the sins of Jeroboam the son of Nabat, who made Israel to sin.
29ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
29In the days of Phacee king of Israel came Theglathphalasar king of Assyria, and took Aion, and Abel Domum Maacha and Janoe, and Cedes, and Asor, and Galaad, and Galilee, and all the land of Nephtali: and carried them captives into Assyria.
30ဩဇိ သား ယောသံ နန်းစံနှစ်ဆယ် တွင် ၊ ဧလာ သား ဟောရှေ သည် ရေမလိ သား ပေကာ မင်းတဘက်၌ သင်းဖွဲ့ ၍ သေ အောင်လုပ်ကြံ ပြီးမှ ၊ သူ ၏အရာ ၌ နန်းထိုင် ၏
30Now Osee son of Ela conspired, and formed a plot against Phacee, the son of Romelia, and struck him, and slew him: and reigned in his stead in the twentieth year of Joatham the son of Ozias.
31ပေကာ ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
31But the rest of the acts of Phaces, and all that he did, are they not written in the book of the words of the days of the kings of Israel?
32ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ နန်းစံ နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ဩဇိ သား ယောသံ သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍၊”
32In the second year of Phacee the son of Romelia king of Israel reigned Joatham son of Ozias king of Juda.
33ယေရုရှလင် မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏
33He was five and twenty years old when he began to reign, and he reigned sixteen years in Jerusalem: the name of his mother was Jerusa, the daughter of Sadoc.
34ထိုမင်း သည် ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏
34And he did that which was right before the Lord: according to all that his father Ozias had done, so did he.
35သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်းကိုမီးရှို့ ကြ၏။ ထို မင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် လေ၏
35But the high places he took not away: the people still sacrificed and burnt incense in the high places: he built the highest gate of the house of the Lord.
36ယောသံ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏၊”
36But the rest of the acts of Joatham, and all that he did, are they not written in the book of the words of the days of the kings of Juda?
37ထိုကာလ တွင် ထာဝရဘုရား သည် ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ရေမလိ သား ပေကာ ကို ယုဒ ပြည်သို့ စေလွှတ် တော်မူ၏
37In those days the Lord began to send into Juda Basin king of Syria, and Phacee the son of Romelia.
38ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
38And Joatham slept with his fathers, and was buried with them in the city of David his father, and Achaz his son reigned in his stead.
Tip: use the ← and → keys to turn chapters.