၂ကောရိန္တု 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: 1904 Patriarchal Text (Byzantine)
1ငါ မိုက်မဲ သောအပြစ်ကို သင်တို့သည် ခဏ သည်းခံ စေခြင်းငှာငါအလိုရှိ ၏။ ခဏသည်းခံ ကြပါလော့။
1Ὄφελον ἀνείχεσθέ μου μικρὸν τῇ ἀφροσύνῃ· ἀλλὰ καὶ ἀνέχεσθέ μου·
2အကြောင်းမူကား ၊ ငါသည်သင် တို့ကို သီလ နှင့် ပြည့်စုံသောသတို့သမီး ကညာကဲ့သို့ခရစ်တော် အား ဆက် အံ့သောငှာ၊ သင် တို့ကို လင် တစ်ဦး နှင့် ထိမ်းမြား ဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ် သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
2ζηλῶ γὰρ ὑμᾶς Θεοῦ ζήλῳ· ἡρμοσάμην γὰρ ὑμᾶς ἑνὶ ἀνδρί, παρθένον ἁγνὴν παραστῆσαι τῷ Χριστῷ·
3မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
3φοβοῦμαι δὲ μήπως, ὡς ὁ ὄφις Εὔαν ἐξηπάτησεν ἐν τῇ πανουργίᾳ αὐτοῦ, οὕτω φθαρῇ τὰ νοήματα ὑμῶν ἀπὸ τῆς ἁπλότητος τῆς εἰς τὸν Χριστόν.
4သင်တို့ရှိရာသို့ ရောက်လာ သောသူ သည် ငါတို့ မ ဟော မပြောသေးသော ယေရှု တပါး ကို ဟောပြော သော်၎င်း၊ သင်တို့သည်မ ခံရ သေးသော ဝိညာဉ် တော်တစ်ပါး ကို ခံရ သော်၎င်း၊ နားမ ထောင်သေးသော ဧဝံဂေလိ တရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံ ကောင်း ၏။
4εἰ μὲν γὰρ ὁ ἐρχόμενος ἄλλον Ἰησοῦν κηρύσσει ὃν οὐκ ἐκηρύξαμεν, ἢ πνεῦμα ἕτερον λαμβάνετε ὃ οὐκ ἐλάβετε, ἢ εὐαγγέλιον ἕτερον ὃ οὐκ ἐδέξασθε, καλῶς ἀνείχεσθε.
5ငါသည်အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်သည်ကို ငါသဘော ရှိ၏။
5λογίζομαι γὰρ μηδὲν ὑστερηκέναι τῶν ὑπερλίαν ἀποστόλων.
6စကား အားဖြင့်လူရိုင်း ဟုတ်သော်လည်း ၊ ပညာ အားဖြင့်လူရိုင်း မဟုတ်။ သင် တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှား စွာပြကြပြီ။
6εἰ δὲ καὶ ἰδιώτης τῷ λόγῳ, ἀλλ᾽ οὐ τῇ γνώσει, ἀλλ᾽ ἐν παντὶ φανερωθέντες ἐν πᾶσιν εἰς ὑμᾶς.
7သင် တို့ကိုချီးမြှောက် ခြင်းငှာ ၊ ကိုယ်ကိုကိုယ် နှိမ့်ချ လျက်၊ ကျေးဇူးဆပ် ခြင်းကိုမခံဘဲ၊ သင် တို့အား ဘုရားသခင် ၏ဧဝံဂေလိ တရားကို ဟောပြော သည့်အရာမှာ ငါသည် အပြစ် ရှိ သလော။
7Ἢ ἁμαρτίαν ἐποίησα ἐμαυτὸν ταπεινῶν ἵνα ὑμεῖς ὑψωθῆτε, ὅτι δωρεὰν τὸ τοῦ Θεοῦ εὐαγγέλιον εὐηγγελισάμην ὑμῖν;
8သင် တို့အမှု ကိုဆောင်ရွက်မည်အကြောင်း၊ အခြား သောအသင်းတော် များပေးသောစရိတ် ကို ငါခံ ၍၊ သူတို့ကို လုယူ ရာသို့ရောက်လေပြီတကား။
8ἄλλας ἐκκλησίας ἐσύλησα λαβὼν ὀψώνιον πρὸς τὴν ὑμῶν διακονίαν, καὶ παρὼν πρὸς ὑμᾶς καὶ ὑστερηθεὶς οὐ κατενάρκησα οὐδενός·
9သင် တို့နှင့်အတူ ရှိ နေ၍ တစ်စုံတစ်ခုကိုလို သောအခါ အဘယ်သူ ကိုမျှ ငါမ နှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိ ပြည်က လာ သော ညီအစ်ကို တို့သည် ငါ လို သမျှကိုပေး ကြ၏။ သင် တို့ကို အလျှင်းမ နှောင့်ယှက်ဘဲ သတိ နှင့်နေခဲ့ပြီ။ နောင် ၌လည်း သတိ နှင့်နေဦးမည်။
9τὸ γὰρ ὑστέρημά μου προσανεπλήρωσαν οἱ ἀδελφοὶ ἐλθόντες ἀπὸ Μακεδονίας· καὶ ἐν παντὶ ἀβαρῆ ὑμῖν ἐμαυτὸν ἐτήρησα καὶ τηρήσω.
10ခရစ်တော် ၏သစ္စာ တရားသည် ငါ ၌ ရှိ သည် ဖြစ်၍ ၊ အခါယ ပြည် များတို့၌ ဤသို့ ငါ ဝါကြွား သည်အမှု ကို အဘယ်သူ မျှမဆီးတား ရ။
10ἔστιν ἀλήθεια Χριστοῦ ἐν ἐμοὶ ὅτι ἡ καύχησις αὕτη οὐ φραγήσεται εἰς ἐμὲ ἐν τοῖς κλίμασι τῆς Ἀχαΐας.
11အဘယ်ကြောင့် နည်း၊ သင် တို့ကိုငါမ ချစ် သလော။ ဘုရားသခင် သိ တော်မူ၏။
11διατί; ὅτι οὐκ ἀγαπῶ ὑμᾶς; ὁ Θεὸς οἶδεν·
12အခွင့် ရလို သောသူ တို့သည် အခွင့် မ ရစေခြင်းငှာ ၎င်း၊ ဝါကြွား ခြင်းအရာ၌ သူတို့သည် ငါ ကဲ့သို့ ထင်ရှားစွာဖြစ် စေခြင်းငှာ ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြု ဦးမည်။
12ὃ δὲ ποιῶ, καὶ ποιήσω, ἵνα ἐκκόψω τὴν ἀφορμὴν τῶν θελόντων ἀφορμήν, ἵνα ἐν ᾧ καυχῶνται εὑρεθῶσι καθὼς καὶ ἡμεῖς.
13အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
13οἱ γὰρ τοιοῦτοι ψευδαπόστολοι, ἐργάται δόλιοι, μετασχηματιζόμενοι εἰς ἀποστόλους Χριστοῦ.
14ဤအမှုသည် အံ့ဩဖွယ် ဖြစ်သည်မ ဟုတ်။ စာတန် ပင်လျှင် လင်း သောကောင်းကင်တမန် ဖြစ် ယောင်ဆောင် တတ်၏။
14καὶ οὐ θαυμαστόν· αὐτὸς γὰρ ὁ σατανᾶς μετασχηματίζεται εἰς ἄγγελον φωτός.
15သို့ဖြစ်၍ သူ၏ဆရာ တို့သည်လည်း ဖြောင့်မတ် ခြင်းတရား ကို ဟောသောဆရာဖြစ်ယောင်ဆောင် လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူ တို့သည် ကိုယ်ကျင့်သောအကျင့် အတိုင်း နောက်ဆုံး ၌အကျိုးအပြစ်ကို ခံရ ကြ လတံ့။
15οὐ μέγα οὖν εἰ καὶ οἱ διάκονοι αὐτοῦ μετασχηματίζονται ὡς διάκονοι δικαιοσύνης, ὧν τὸ τέλος ἔσται κατὰ τὰ ἔργα αὐτῶν.
16တဖန် ငါဆို သည်ကား၊ ငါ့ ကိုသူရူး ဖြစ် သည်ဟု အဘယ်သူ မျှ မ ထင် စေနှင့်။ သို့မဟုတ် ငါဝါကြွား စရာ အခွင့်အနည်းငယ် ရှိစေခြင်းငှာ ငါ့ ကိုသူရူး ကဲ့သို့ မှတ်၍ သည်းခံ ကြလော့။
16Πάλιν λέγω, μή τίς με δόξῃ ἄφρονα εἶναι· εἰ δὲ μή γε, κἂν ὡς ἄφρονα δέξασθέ με, ἵνα κἀγὼ μικρόν τι καυχήσωμαι.
17ဤသို့ငါပြော သောစကားမှာ သခင် ဘုရား၏ နည်းတူ ငါပြော သည်မ ဟုတ်။ သူရူး ကဲ့သို့ ရဲရင့် စွာဝါကြွား လျက်ပြောဆို၏။
17ὃ λαλῶ, οὐ λαλῶ κατὰ Κύριον, ἀλλ᾽ ὡς ἐν ἀφροσύνῃ, ἐν ταύτῃ τῇ ὑποστάσει τῆς καυχήσεως.
18လူ များတို့သည် လောကီ အခြင်းအရာ၌ ဝါကြွား သောကြောင့် ငါ သည်လည်းဝါကြွား ရ၏။
18ἐπεὶ πολλοὶ καυχῶνται κατὰ τὴν σάρκα, κἀγὼ καυχήσομαι.
19သင်တို့သည်လိမ္မာ သောသူဖြစ် သောကြောင့်၊ သူရူး တို့ကို စေတနာ စိတ်နှင့် သည်းခံ ကြ၏။
19ἡδέως γὰρ ἀνέχεσθε τῶν ἀφρόνων φρόνιμοι ὄντες·
20သူတစ်ပါးသည် သင် တို့ကို ကျွန် ခံစေခြင်း၊ ရောင်း ၍စားခြင်း၊ ဥစ္စာကိုလုယူ ခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံ ကြ၏။
20ἀνέχεσθε γὰρ εἴ τις ὑμᾶς καταδουλοῖ, εἴ τις κατεσθίει, εἴ τις λαμβάνει, εἴ τις ἐπαίρεται, εἴ τις ὑμᾶς εἰς πρόσωπον δέρει.
21ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့် ခြင်းရှိ၏ဟု သူရူး ကဲ့သို့ငါဆို ၏။
21κατὰ ἀτιμίαν λέγω, ὡς ὅτι ἡμεῖς ἠσθενήσαμεν. ἐν ᾧ δ᾽ ἄν τις τολμᾷ, ἐν ἀφροσύνῃ λέγω, τολμῶ κἀγώ.
22သူတို့သည် ဟေဗြဲ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည် ဣသရေလ လူဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။ သူတို့သည်အာဗြဟံ အမျိုး ဖြစ် ကြသလော။ ငါ သည်လည်းဖြစ်၏။
22Ἑβραῖοί εἰσι; κἀγώ· Ἰσραηλῖταί εἰσι; κἀγώ· σπέρμα Ἀβραάμ εἰσι; κἀγώ·
23သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
23διάκονοι Χριστοῦ εἰσι; παραφρονῶν λαλῶ, ὑπὲρ ἐγώ· ἐν κόποις περισσοτέρως, ἐν πληγαῖς ὑπερβαλλόντως, ἐν φυλακαῖς περισσοτέρως, ἐν θανάτοις πολλάκις·
24ငါးကြိမ် မြောက်အောင် ယုဒ လူတို့လက်တွင် ဒဏ်ချက်လေးဆယ် တစ်ခု ယုတ်ငါခံ ခဲ့ရပြီ။
24ὑπὸ Ἰουδαίων πεντάκις τεσσαράκοντα παρὰ μίαν ἔλαβον,
25သုံး ကြိမ်မြောက်အောင်ကြိမ်လုံး နှင့် ရိုက်ခြင်းကို၎င်း၊ တစ် ကြိမ်ခဲ နှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံး ကြိမ်မြောက်အောင် သင်္ဘော ပျက်ခြင်းကို ခံရပြီ။ တစ် နေ့နှင့် တညဉ့်ပတ်လုံးပင်လယ် ထဲမှာ နေ ရပြီ။
25τρὶς ἐρραβδίσθην, ἅπαξ ἐλιθάσθην, τρὶς ἐναυάγησα, νυχθήμερον ἐν τῷ βυθῷ πεποίηκα·
26အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီး။ မြစ် ကို ကူးသောဘေး ၊ ဓါးပြ တိုက်သောဘေး ၊ အမျိုးသား ချင်းပြုသောဘေး ၊ တစ်ပါး အမျိုးသားပြုသောဘေး ၊ မြို့ ရွာ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။
26ὁδοιπορίαις πολλάκις, κινδύνοις ποταμῶν, κινδύνοις λῃστῶν, κινδύνοις ἐκ γένους, κινδύνοις ἐξ ἐθνῶν, κινδύνοις ἐν πόλει, κινδύνοις ἐν ἐρημίᾳ, κινδύνοις ἐν θαλάσσῃ, κινδύνοις ἐν ψευδαδέλφοις·
27ပင်ပန်း စွာအမှု ဆောင်ရွက်ခြင်း၊ အကြိမ် များစွာမအိပ်ဘဲစောင့် နေခြင်း၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း၊ အကြိမ်ကြိမ် အစာရှောင် ခြင်း၊ အချမ်းအအေး ခံရခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။
27ἐν κόπῳ καὶ μόχθῳ, ἐν ἀγρυπνίαις πολλάκις, ἐν λιμῷ καὶ δίψει, ἐν νηστείαις πολλάκις, ἐν ψύχει καὶ γυμνότητι·
28ထိုအပမှုမှတပါး၊ အသင်းတော် အပေါင်း တို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှု ပြုစု၍ နေ့တိုင်း အစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။
28χωρὶς τῶν παρεκτὸς ἡ ἐπισύστασίς μου ἡ καθ᾽ ἡμέραν, ἡ μέριμνα πασῶν τῶν ἐκκλησιῶν.
29ငါမ နွမ်းရိ ဘဲအဘယ်သူ နွမ်းရိ သနည်း။ ငါ သည် စိတ် မ ပူပန်ဘဲ အဘယ်သူ ဖောက်ပြန် သနည်း။
29τίς ἀσθενεῖ, καὶ οὐκ ἀσθενῶ; τίς σκανδαλίζεται, καὶ οὐκ ἐγὼ πυροῦμαι;
30ငါသည်မဝါကြွား ဘဲမနေရသည်မှန်လျှင် ၊ ကိုယ် နွမ်းရိ သောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွား မည်။
30εἰ καυχᾶσθαι δεῖ, τὰ τῆς ἀσθενείας μου καυχήσομαι.
31ငါသည်မုသာ မ ပြောသည်ကို ထာဝရ မင်္ဂလာ ရှိ တော်မူသော ငါတို့သခင် ယေရှု ခရစ်၏ခမည်းတော် ဘုရားသခင် သိ တော်မူ၏။
31ὁ Θεὸς καὶ πατὴρ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ οἶδεν, ὁ ὢν εὐλογητὸς εἰς τοὺς αἰῶνας, ὅτι οὐ ψεύδομαι.
32ဒမာသက် မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန် သည် ငါ့ ကို ဖမ်းဆီး ခြင်းငှာအလိုရှိ၍၊ ဒမာသက် မြို့ ကိုစောင့် စဉ်တွင်၊
32ἐν Δαμασκῷ ὁ ἐθνάρχης Ἀρέτα τοῦ βασιλέως ἐφρούρει τὴν Δαμασκηνῶν πόλιν πιάσαι με θέλων,
333တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက် မှထုတ်၍ မြို့ရိုး ပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက် မှ ငါပြေး၍လွတ် ရ၏။
33καὶ διὰ θυρίδος ἐν σαργάνῃ ἐχαλάσθην διὰ τοῦ τείχους καὶ ἐξέφυγον τὰς χεῖρας αὐτοῦ.
Tip: use the ← and → keys to turn chapters.