၁ ဓမ္မရာဇဝင် 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။
1And it came to pass, when he had made an end of speaking to Saul, the soul of Jonathan was knit with the soul of David, and Jonathan loved him as his own soul.
2ထို နေ့၌ ရှောလု သည် ဒါဝိဒ်ကို သိမ်းဆည်း ၍ သူ့ အဘ ၏အိမ် သို့ နောက်တဖန် သွားနေရသော အခွင့် ကိုပေး တော်မ မူ။
2And Saul took him that day, and would not let him return to his father’s house.
3ယောနသန် သည်လည်း ၊ ဒါဝိဒ် ကို ကိုယ် နှင့်အမျှ ချစ် သောကြောင့် သူနှင့်အတူမိဿဟာယ ဖွဲ့ပြီးလျှင်၊
3And David and Jonathan made a covenant, for be loved him as his own soul.
4မိမိ ဝတ်သော ဝတ်လုံ ကို ချွတ် ၍ မိမိ အဝတ် တန်ဆာများနှင့် ထား ၊ လေး ၊ ခါးစည်း တို့ကိုပင် ဒါဝိဒ် အား ပေး လေ၏။
4And Jonathan stripped himself of the coat with which he was clothed, and gave it to David, and the rest of his garments, even to his sword, and to his bow, and to his girdle.
5ဒါဝိဒ် သည် ရှောလု စေခိုင်း သမျှ ကို သွား ၍ သတိ ပညာနှင့်ပြုမူသောကြောင့် ၊ စစ်သူရဲ အုပ်အရာ၌ ခန့် ထားတော်မူသဖြင့် ၊ ဒါဝိဒ်သည် ကျွန် တော်မျိုးမှစ၍လူ အပေါင်း တို့တွင် မျက်နှာ ရ၏။
5And David went out to whatsoever business Saul sent him, and he behaved himself prudently: and Saul set him over the soldiers, and he was acceptable in the eyes of all the people, and especially in the eyes of Saul’s servants.
6ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှပြန် လာ၍၊ ရောက်လေရာရာ၌ မိန်းမ များတို့သည် ရှောလု မင်းကြီး ကို ခရီးဦးကြို ပြုအံ့သောငှါ ရွှင်လန်း သောစိတ်နှင့် သီချင်း ဆိုလျက် ၊ က လျက်၊ ပတ်သာ အစရှိ သည်တို့ကို တီးလျက်၊ ဣသရေလ မြို့ ရွာများထဲက ထွက် လာသဖြင့်၊
6Now when David returned, after be slew the Philistine, the women came out of all the cities of Israel, singing and dancing, to meet king Saul, with timbrels of joy, and cornets.
7ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။
7And the women sung as they played, and they said: I Saul slew his thousands, and David his ten thousands.
8ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။
8And Saul was exceeding angry, and this word was displeasing in his eyes, and he said: They have given David ten thousands, and to me they have given but a thousand; what can he have more but the kingdom?
9ထို နေ့မှစ၍ ဒါဝိဒ် ကို အစဉ်ချောင်းမြောင်း လျက် နေ ၏။
9And Saul did not look on David with a good eye from that day and forward.
10နက်ဖြန် နေ့ထာဝရဘုရား ထံတော်က၊ ဆိုး သောဝိညာဉ် သည် ရှောလု အပေါ် မှာရောက် သဖြင့် ၊ ရှောလု သည် နန်းတော် အလယ် ၌ ပရောဖက် ပြုသောကြောင့် ၊ ဒါဝိဒ် သည် အရင်ကဲ့သို့ စောင်းတီး လေ၏။ ရှောလု သည် လှံ တိုကို ကိုင်လျက်ရှိ၍၊
10And the day after the evil spirit from God came upon Saul, and he prophesied in the midst of his house. And David played with his hand as at other times. And Saul held a spear in his hand,
11ဒါဝိဒ် ကို ထရံ နားမှာထိုး မည်ဟု အကြံရှိသည်အတိုင်း လှံ တိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ် သည် အထံတော်မှ နှစ် ကြိမ်ရှောင်လွှဲ လေ၏။
11And threw it, thinking to nail David to the wall: and David stept aside out of his presence twice.
12ထိုသို့ ထာဝရဘုရား သည် ရှောလု ထံမှ ထွက် ၍ ဒါဝိဒ် နှင့်အတူ ရှိ တော်မူသောကြောင့် ၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့ သဖြင့်၊
12And Saul feared David, because the Lord was with him, and was departed from himself.
13အထံ တော်မှ ရွှေ့ ၍ လူတထောင် အုပ် အရာကို ပေး ၏။ ဒါဝိဒ်သည် လူ များရှေ့ ၌ ထွက် ဝင် ရ၏။
13Therefore Saul removed him from him, and made him a captain over a thousand men, and he went out and came in before the people.
14ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။
14And David behaved wisely in all his ways, and the Lord was with him.
15ထိုသို့ အလွန် သတိ ပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင် လျှင် သာ၍ကြောက်ရွံ့ လေ၏။
15And Saul saw that he was exceeding prudent, and began to beware of him.
16ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ဒါဝိဒ် ကို ချစ် ကြ၏။ အကြောင်း မူကား၊ သူ တို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက် ဝင် တတ်၏။
16But all Israel and Juda loved David, for he came in and went out before them.
17တဖန် ရှောလု သည် ဒါဝိဒ် ကို ခေါ်၍ ငါ့ သမီး ကြီး မေရပ် ကို သင့် အား ငါပေးစား မည်။ သင်သည် ငါ့ အဘို့ ရဲရင့် ၍ ထာဝရဘုရား အဘို့ စစ်တိုက် ခြင်းကိုသာ ပြုလော့ဟု မိန့် တော်မူ၏။ အကြောင်း မူကား၊ ငါ့ လက် သည် သူ့ အပေါ် သို့ မ ရောက် စေနှင့်။ ဖိလိတ္တိ လူတို့ လက် သည် ရောက် ပါစေသောဟု ရှောလု အကြံရှိ၏။
17And Saul said to David: Behold my elder daughter Merob, her will I give thee to wife: only be a valiant man, and fight the battles of the Lord. Now Saul said within himself: Let not my hand be upon him, but let the hands of the Philistines be upon him.
18ဒါဝိဒ် ကလည်း ၊ ကျွန်တော်သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ် ရပါမည်အကြောင်း အဘယ်သို့ သောသူဖြစ်ပါသနည်း။ ကျွန်တော် အသက် နှင့် ကျွန်တော်အဆွေအမျိုး သည်၊ ဣသရေလ နိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလု အား လျှောက် ၏။
18And David said to Saul: Who am I, or what is my life, or my father’s family in Israel, that I should be son in law of the king?
19သို့ရာတွင် ၊ ရှောလု ၏သမီး မေရပ် ကို ဒါဝိဒ် အား ပေးစား ရသောအချိန် ရောက် သောအခါ ၊ မေဟောလသိ အမျိုး အဒြေလ အား ပေးစား လေ၏။
19And it came to pass at the time when Merob the daughter of Saul should have been given to David, that she was given to Hadriel the Molathite to wife.
20တဖန် ရှောလု သမီး မိခါလ သည် ဒါဝိဒ် ကို ချစ် ၏။ ထိုအကြောင်းကို လျှောက် သောအခါ ၊ ရှောလု သည် အားရ လျက်၊
20But Michol the other daughter of Saul loved David. And it was told Saul, and it pleased him.
21ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိ လူတို့ လက် သို့ ရောက် စေခြင်းငှါ ပေးစား မည်ဟု အကြံ ရှိ၏။
21And Saul said: I will give her to him, that she may be a stumblingblock to him, and that the band of the Philistines may be upon him. And Saul said to David: In two things thou shalt be my son in law this day.
22နန်းတော် သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ် နှင့် တိတ်ဆိတ် စွာ စကား ပြောရမည်မှာ၊ ရှင် ဘုရင်သည် သင့် ကို စုံမက် ၍ ၊ ရှင်ဘုရင်၏ ကျွန် အပေါင်း တို့သည်လည်း ချစ် ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင် ၏ သမက် တော်ဖြစ်ကောင်းပါ၏ဟု မှာ ထားသည်အတိုင်း၊
22And Saul commanded his servants to speak to David privately, saying: Behold thou pleasest the king, and all his servants love thee. Now therefore be the king’s son in law.
23ရှောလု ၏ ကျွန် တို့သည် ဒါဝိဒ် အား ပြော ကြ၏။ ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် သည် အသရေ မရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင် ၏ သမက် တော်လုပ်ရသောအမှုသည် သာမည အမှု ထင် သလောဟုပြောဆို၏။
23And the servants of Saul spoke all these words in the ears of David. And David said: Doth it seem to you a small matter to be the king’s son in law? But I am a poor man, and of small ability.
24ရှောလု ကျွန် တို့ကလည်း ၊ ဒါဝိဒ် သည် ဤသို့ ပြောဆို ပါသည်ဟု လျှောက် လျှင်၊
24And the servants of Saul told him, saying: Such words as these hath David spoken.
25သင်တို့သည် တဖန် ပြော ရမည်မှာ၊ ရှင် ဘုရင်သည် ရန်သူ တို့၌ စိတ် တော်ပြေမည်အကြောင်း ၊ ဖိလိတ္တိ လူတို့၏ အရေဖျား တရာ မှ တပါးအခြားသော လက်ဖွဲ့ ရာကို အလို တော်မ ရှိဟု မှာ ထား၏။ သို့ရာတွင် ဒါဝိဒ် ကို ဖိလိတ္တိ လူတို့လက် ဖြင့် ဆုံး စေမည်ဟု ရှောလု အကြံ ရှိ၏။
25And Saul said: Speak thus to David: The king desireth not any dowry, but only a hundred foreskins of the Philistines, to be avenged of the king’s enemies. Now Saul thought to deliver David into the hands of the Philistines.
26ရှောလု ကျွန် တို့သည် ထိုစကားကို ဒါဝိဒ် အား ပြန်ပြော သောအခါ ၊ ဒါဝိဒ် သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ်ခြင်းငှါ အလို ရှိ၏။ ထို့ကြောင့်ချိန်းချက်သော အချိန်မ စေ့ မှီထ ၍၊
26And when his servants had told David the words that Saul had said, the word was pleasing in the eyes of David to be the king’s son in law.
27မိမိ လူ တို့နှင့်အတူ သွား သဖြင့် ၊ ဖိလိတ္တိ လူနှစ် ရာတို့ကိုသတ် ပြီးမှ ၊ ရှင်ဘုရင် ၏ သမက် တော် ဖြစ်လိုသောငှါ ၊ သူ တို့အရေဖျား များကို ယူ ခဲ့၍ ၊ စုံလင် သော အရေအတွက်အားဖြင့်ရှင်ဘုရင်အား ဆက် လေ၏။ ရှောလု သည်လည်း သမီး တော်မိခါလ ကို ပေးစား ရ၏။
27And after a few days David rose up, and went with the men that were under him, and he slew of the Philistines two hundred men, and brought their foreskins and numbered them out to the king, that he might be his son in law. Saul therefore gave him Michol his daughter to wife.
28ထာဝရဘုရား သည် ဒါဝိဒ် နှင့်အတူ ရှိတော်မူကြောင်း ကို၎င်း၊ မိမိသမီး သည် ချစ် ကြောင်းကို၎င်း၊ ရှောလု သည် မြင် ၍၊
28And Saul saw, and understood that the Lord was with David. And Michol the daughter of Saul loved him.
29ကြောက်ရွံ့ သောစိတ် စွဲလမ်းလျက် အစဉ် အမြဲရန်ငြိုး ဖွဲ့လေ၏။
29And Saul began to fear David more: and Saul became David’s enemy continually.
30တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။
30And the princes of the Philistines went forth: and from the beginning of their going forth, David behaved himself more wisely than all the servants of Saul, and his name became very famous.
Tip: use the ← and → keys to turn chapters.