၃ ဓမ္မရာဇဝင် 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1ရှောလမုန် သည် အဲဂုတ္တု ဖာရော ဘုရင် နှင့် မိတ်ဆွေ ဖွဲ့လျက် ၊ သမီး တော်နှင့်စုံဘက် ၍ နန်း တော်၊ ဗိမာန် တော်၊ ယေရုရှလင် မြို့ရိုး ကို မပြီး မှီတိုင်အောင် ဒါဝိဒ် မြို့ ၌ နေရာပေး တော်မူ၏။
1所羅門 與 埃及 王法老結親,娶了法老的女兒為妻,接她進入 大衛城 ,直等到造完了自己的宮和耶和華的殿,並 耶路撒冷 周圍的城牆。
2ထို ကာလ ၌ ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် သေးသောကြောင့် ၊ လူ များတို့သည် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်တတ်ကြ၏။
2當那些日子,百姓仍在邱壇獻祭,因為還沒有為耶和華的名建殿。
3ရှောလမုန် သည် ထာဝရဘုရား ကို ချစ် ၍ ခမည်းတော် ဒါဝိဒ် ၏စီရင် ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့၏။
3所羅門 愛耶和華,遵行他父親 大衛 的律例,只是還在邱壇獻祭燒香。
4တရံရောအခါ၊ ရှင် ဘုရင်သည် ယဇ် ပူဇော်ခြင်းငှါ အလွန် မြင့် မြတ်သော အရပ်တည်းဟူသောဂိဗောင် မြို့သို့ သွား ၍ ထို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
4所羅門 王上 基遍 去獻祭;因為在那裏有極大的邱壇,他在那壇上獻一千犧牲作燔祭。
5ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။
5在 基遍 ,夜間夢中,耶和華向 所羅門 顯現,對他說:「你願我賜你甚麼?你可以求。」
6ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
6所羅門 說:「你僕人-我父親 大衛 用誠實、公義、正直的心行在你面前,你就向他大施恩典,又為他存留大恩,賜他一個兒子坐在他的位上,正如今日一樣。
7ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။
7耶和華-我的上帝啊,如今你使僕人接續我父親 大衛 作王;但我是幼童,不知道應當怎樣出入。
8ရွေးချယ် တော်မူ၍ အရေအတွက် အားဖြင့် အတိုင်း မ သိများပြား စွာသော ကိုယ်တော် ၏လူမျိုး ကြီး အလယ် ၌ ကိုယ်တော် ကျွန် ရှိပါ၏။
8僕人住在你所揀選的民中,這民多得不可勝數。
9သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။
9所以求你賜我智慧,可以判斷你的民,能辨別是非。不然,誰能判斷這眾多的民呢?」
10ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။
10所羅門 因為求這事,就蒙主喜悅。
11ဘုရား သခင်ကလည်း ၊ သင်သည်တာရှည် သော အသက် ကို မ တောင်း ၊ စည်းစိမ် ကိုလည်း မ တောင်း ၊ ရန်သူ တို့ ၏အသက် ကိုလည်း မ တောင်း ၊ တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်၊
11上帝對他說:「你既然求這事,不為自己求壽、求富,也不求滅絕你仇敵的性命,單求智慧可以聽訟,
12သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။
12我就應允你所求的,賜你聰明智慧,甚至在你以前沒有像你的,在你以後也沒有像你的。
13ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။
13你所沒有求的,我也賜給你,就是富足、尊榮,使你在世的日子,列王中沒有一個能比你的。
14သင့် အဘ ဒါဝိဒ် ကျင့် သည်အတိုင်း ငါ့ လမ်း သို့ လိုက် ၍ ငါ စီရင် ချက်ပညတ် တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည် သော အသက် ကိုလည်း ငါပေးမည်ဟု မိန့် တော်မူ၏။
14你若效法你父親 大衛 ,遵行我的道,謹守我的律例、誡命,我必使你長壽。」
15ရှောလမုန် သည် နိုး ၍ အိပ်မက် ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင် မြို့သို့သွား ၍ ထာဝရ ဘုရား၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ ရပ် လျက်၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ၍ ကျွန် အပေါင်း တို့အဘို့ ပွဲ ကို စီရင် တော်မူ၏။
15所羅門 醒了,不料是個夢。他就回到 耶路撒冷 ,站在耶和華的約櫃前,獻燔祭和平安祭,又為他眾臣僕設擺筵席。
16ထိုအခါ ပြည်တန်ဆာ မိန်းမ နှစ် ယောက်သည် လာ ၍ ရှေ့ တော်၌ ရပ် လျက်၊
16一日,有兩個妓女來,站在王面前。
17မိန်းမ တယောက် က အို အရှင် ၊ ကျွန်တော်မ နှင့် ဤ မိန်းမ သည် တ အိမ် တည်းနေ ကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သား မျက်နှာကိုမြင်ပါ၏။
17一個說:「我主啊,我和這婦人同住一房;她在房中的時候,我生了一個男孩。
18သုံး ရက် လွန်မှ တဖန် ဤ မိန်းမ သည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ် ၌ အဘယ်ဧည့်သည် မျှ မ ရှိ။ သူနှင့်ကျွန်တော်မနှစ် ယောက်တည်း သာ ရှိပါ၏။
18我生孩子後第三日,這婦人也生了孩子。我們是同住的,除了我們二人之外,房中再沒有別人。
19ဤ မိန်းမ သည် ညဉ့် အခါ မိမိသားငယ်ကို ဖိ၍ အိပ် မိသောကြောင့် သား ငယ်သေ ပါ၏။
19夜間,這婦人睡着的時候,壓死了她的孩子。
20သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ်ပျော် စဉ်အခါ ကျွန်တော်မ သား ငယ်ကိုယူ ၍ မိမိ ရင်ခွင် ၌ ထား ပါ၏။ သူ ၏ သားငယ် အသေ ကောင်ကိုမူကား ၊ ကျွန်မ ၏ရင်ခွင် ၌ ထား ပါ၏။
20她半夜起來,趁我睡着,從我旁邊把我的孩子抱去,放在她懷裏,將她的死孩子放在我懷裏。
21နံနက် အချိန်၌ ကျွန်တော်မသည်သား ငယ်ကို နို့ တိုက်မည်ထ သောအခါ၊ သားငယ်သည် သေ လျက် ရှိပါ၏။ သို့ရာတွင်ကျွန်တော်မသည် သေသောသူငယ် ကို စေ့စေ့ ကြည့်ရှုသောအခါ ၊ ကျွန်တော်မဘွားမြင် သော သား မ ဟုတ်ပါဟုလျှောက် ၏။
21天要亮的時候,我起來要給我的孩子吃奶,不料,孩子死了;及至天亮,我細細地察看,不是我所生的孩子。」
22အခြား သော မိန်းမ ကလည်း မ ဟုတ်ဘူး။ အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သောသူငယ် သည် သင် ၏သား ဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့ မ ဟုတ်။ သေ သောသူငယ်သည် သင် ၏သား ၊ အသက် ရှင်သောသူငယ်သည် ငါ့ သား ဖြစ်၏ဟုဆို လေ၏။ ထိုသို့ရှေ့ တော်၌ လျှောက် ဆိုကြလျှင်၊
22那婦人說:「不然,活孩子是我的,死孩子是你的。」這婦人說:「不然,死孩子是你的,活孩子是我的。」她們在王面前如此爭論。
23ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ မ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍၊
23王說:「這婦人說『活孩子是我的,死孩子是你的』,那婦人說『不然,死孩子是你的,活孩子是我的』」,
24ထား ယူ ခဲ့ဟု မိန့် တော်မူသည်အတိုင်း ၊ ထား ကို ရှေ့ တော်သို့ ယူ ခဲ့ကြ၏။
24就吩咐說:「拿刀來!」人就拿刀來。
25ရှင်ဘုရင် ကလည်း ၊ အသက် ရှင်သော သူငယ် ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက် တဝက် စီပေး လော့ဟု မိန့် တော်မူသော်၊
25王說:「將活孩子劈成兩半,一半給那婦人,一半給這婦人。」
26အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား ၍ ၊ အို အရှင် ၊ အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ မ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။
26活孩子的母親為自己的孩子心裏急痛,就說:「求我主將活孩子給那婦人吧,萬不可殺他!」那婦人說:「這孩子也不歸我,也不歸你,把他劈了吧!」
27ထိုအခါ ရှင်ဘုရင် က၊ အသက် ရှင်သော သူငယ် ကို မ သတ် နှင့်။ အရင်မိန်းမ အား ပေး လော့။ သူ သည် အမိ မှန်သည်ဟု မိန့် တော်မူ၏။
27王說:「將活孩子給這婦人,萬不可殺他;這婦人實在是他的母親。」
28ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။
28以色列 眾人聽見王這樣判斷,就都敬畏他;因為見他心裏有上帝的智慧,能以斷案。
Tip: use the ← and → keys to turn chapters.