၃ ဓမ္မရာဇဝင်

Old Testament

Chapter 14

၃ ဓမ္မရာဇဝင်

Judson Burmese Bible (18…
vs Bíblia Portuguesa …
Aa
Text size
Line width
Verse numbers

၃ ဓမ္မရာဇဝင် 14

Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1ထိုအခါ ယေရောဗောင် ၏သား အဘိယ သည် နာ သောကြောင့်၊
1Naquele tempo, Abias, filho de Jeroboão, ficou doente.
2ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။
2Jeroboão disse à sua mulher: “Por favor, levante-se e disfarce-se, para que não seja reconhecida como a mulher de Jeroboão. Vá a Siló. Eis que o profeta Aías está lá, o qual disse que eu seria rei sobre este povo.
3မုန့် ဆယ် လုံး၊ မုန့်ပြား အချို့၊ ပျားရည် ဘူး ကို ဆောင် လျက် ပရောဖက် ထံ သို့သွား ပါလော့။ သူငယ် ၌ အဘယ်သို့ ဖြစ် မည်ကို သူ ဟော လိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
3Leve com você dez pães, alguns bolos e uma vasilha de mel, e vá até ele. Ele lhe dirá o que acontecerá com o menino.”
4ယေရောဗောင် မယား သည် ထ ၍ ရှိလော မြို့၌ အဟိယ အိမ် သို့ သွား လေ၏။ ထိုအခါ အဟိယ သည် အသက် ကြီးသောကြောင့် မျက်စိ မ မြင် ၊ မှုန် လျက်ရှိ၏။
4A mulher de Jeroboão fez assim; ela se levantou, foi a Siló e chegou à casa de Aías. Ora, Aías não podia ver, pois os seus olhos estavam fixos por causa da sua velhice.
5ထာဝရဘုရား ကလည်း ၊ ယေရောဗောင် မယား သည် သားနာ သောကြောင့် ၊ သား အတွက် တစုံတခု ကို တောင်း အံ့သောငှါ သင့် ဆီသို့ ယခုလာ ၏။ ဤမည်သော စကားဖြင့် ပြန်ပြော ရမည်။ သူသည် လာ သောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင် လိမ့်မည်ဟု အဟိယ အား မိန့် တော်မူ၏။
5O SENHOR disse a Aías: “Eis que a mulher de Jeroboão está vindo para consultar você a respeito do filho dela, pois ele está doente. Diga-lhe isto e isto; pois acontecerá que, ao entrar, ela fingirá ser outra mulher.”
6ထိုမိန်းမသည် တံခါး အထဲ သို့ ဝင် ၍၊ နင်း သံ ကို အဟိယ သည် ကြား လျှင် ၊ အိုယေရောဗောင် မယား ဝင် လော့။ အဘယ်ကြောင့် အခြားသောသူ ၏အယောင် ကို ဆောင်သနည်း။ ဝမ်းနည်း စရာသိတင်းကို ကြားပြော စေခြင်းငှါသင့် ဆီသို့ ငါ့ ကိုစေလွှတ် တော်မူ၏။
6Então, quando Aías ouviu o som dos pés dela ao entrar pela porta, ele disse: “Entre, mulher de Jeroboão! Por que você finge ser outra pessoa? Pois sou enviado a você com duras notícias.
7သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏အမိန့်တော်ကို၊ ယေရောဗောင် ထံ သို့သွား ၍ ဆင့်ဆို ရမည်မှာ၊ သင့် ကိုလူစု ထဲက ငါရွေး ၍ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် လျက်၊
7Vá, diga a Jeroboão: ‘Assim diz o SENHOR, o Deus de Israel: “Porque eu o exaltei do meio do povo, e o fiz príncipe sobre o meu povo Israel,
8နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် ၍ သင့် အား ပေး သော်လည်း ၊ သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ မ ဟုတ်။ သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။
8e rasguei o reino da casa de Davi, e o dei a você; e, no entanto, você não tem sido como o meu servo Davi, que guardou os meus mandamentos e que me seguiu de todo o seu coração, para fazer somente o que era reto aos meus olhos,
9သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။
9mas você fez o mal pior do que todos os que existiram antes de você, e foi e fez para si outros deuses, imagens fundidas, para me provocar à ira, e me lançou para trás das suas costas,
10ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။
10portanto, eis que trarei o mal sobre a casa de Jeroboão, e eliminarei de Jeroboão todo aquele que urina na parede, tanto o escravo quanto o livre em Israel, e varrerei totalmente a casa de Jeroboão, como um homem varre o esterco até que não reste nada.
11ယေရောဗောင် အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်အကြောင်းထာဝရဘုရား မိန့် တော်မူပြီ။
11Os cães comerão qualquer um pertencente a Jeroboão que morrer na cidade; e as aves do céu comerão qualquer um que morrer no campo, pois o SENHOR o disse.”’
12သင် ထ ၍ ကိုယ် အိမ် သို့ သွား လော့။ မြို့ တံခါးအထဲ သို့ ဝင် သောအခါ သူငယ် သေ လိမ့်မည်။
12Levante-se, portanto, e vá para a sua casa. Quando os seus pés entrarem na cidade, o menino morrerá.
13ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင် ၊ ထို သူငယ်တယောက် တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံ ရလိမ့်မည်။ အကြောင်း မူကား၊ ယေရောဗောင် အမျိုးသား စုတွင် ထိုသူငယ်တယောက်သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၌ ကြည်ညိုသောစိတ် ရှိ ၏။
13Todo o Israel pranteará por ele e o sepultará; pois somente ele, da família de Jeroboão, descerá à sepultura, porque nele se achou alguma coisa boa para com o SENHOR, o Deus de Israel, na casa de Jeroboão.
14အချိန်ရောက်မှ ယေရောဗောင် အမျိုး ကို ပယ်ဖြတ် လတံ့သော ဣသရေလ ရှင်ဘုရင် တပါးကို ထာဝရဘုရား သည် မိမိ တို့အဘို့ ပေါ်ထွန်း စေတော်မူမည်။ အဘယ် အချိန်နည်းဟုမေးသော်၊ ယခု ပင်ဖြစ်လိမ့်မည်။
14Além disso, o SENHOR levantará para si um rei sobre Israel que eliminará a casa de Jeroboão. Este é o dia! O quê? Sim, agora mesmo.
15အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။
15Pois o SENHOR ferirá a Israel, como um junco é sacudido na água; e ele arrancará Israel desta boa terra que deu aos seus pais, e os espalhará para além do Rio, porque fizeram os seus postes de Aserá, provocando o SENHOR à ira.
16ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။
16Ele entregará Israel por causa dos pecados de Jeroboão, os quais ele cometeu, e com os quais fez Israel pecar.”
17ယေရောဗောင် မယား သည် ထ သွား ၍ ၊ တိရဇ မြို့တံခါး ခုံသို့ ရောက် သောအခါ သူငယ် သေ ၏။
17A mulher de Jeroboão levantou-se e partiu, e chegou a Tirza. Ao chegar à soleira da casa, o menino morreu.
18ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အဟိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ထိုသူငယ် ကို သင်္ဂြိုဟ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
18Todo o Israel o sepultou e pranteou por ele, conforme a palavra do SENHOR, que ele falou por meio do seu servo, o profeta Aías.
19ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်း သမျှ၊ စစ်တိုက် ခြင်း အမှု၊ မင်းပြု ခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
19Os demais atos de Jeroboão, como ele lutou e como reinou, eis que estão escritos no livro das crônicas dos reis de Israel.
20ယေရောဗောင် သည် အနှစ် နှစ် ဆယ်နှစ် နှစ် စိုးစံ ပြီးမှ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
20Os dias que Jeroboão reinou foram vinte e dois anos; então ele descansou com os seus pais, e Nadabe, seu filho, reinou em seu lugar.
21ရှောလမုန် သား ရောဗောင် သည် ယုဒ ပြည်ကို စိုးစံ လေ၏။ နန်း ထိုင်သောအခါ အသက်လေး ဆယ်တ နှစ် ရှိ၏။ ထာဝရဘုရား သည် နာမ တော်တည် စေရာဘို့ ဣသရေလ ခရိုင် များတို့အထဲက ရွေးကောက် သော ယေရုရှလင် မြို့ ၌ ဆယ် ခုနစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား အမ္မုန် အမျိုးသား၊ နေမ အမည် ရှိ၏။
21Roboão, filho de Salomão, reinou em Judá. Roboão tinha quarenta e um anos de idade quando começou a reinar, e reinou dezessete anos em Jerusalém, a cidade que o SENHOR havia escolhido dentre todas as tribos de Israel, para ali colocar o seu nome. O nome da sua mãe era Naamá, a amonita.
22ယုဒ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဘိုးဘေး တို့ပြစ်မှား သမျှ ထက် ပြစ်မှား သော အပြစ် များအားဖြင့် အမျက် တော်ကိုနှိုးဆော်ကြ၏။
22Judá fez o que era mau aos olhos do SENHOR, e o provocaram a ciúmes com os seus pecados que cometeram, mais do que tudo o que os seus pais haviam feito.
23မြင့် သောတောင် ရှိသမျှ တို့အပေါ် ၌၎င်း ၊ စိမ်း သော သစ်ပင် ရှိသမျှ တို့အောက် ၌၎င်း၊ ကုန်း များ၊ ရုပ်တု များ၊ အာရှရ ပင်များကို တည် ကြ၏။
23Pois eles também construíram para si altos, colunas sagradas e postes de Aserá em cada colina alta e debaixo de cada árvore verde.
24ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ များရှိ ၍၊ ထာဝရဘုရား သည် ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် တော်မူသော ပြည်သား မျိုးပြုသောစက်ဆုပ် ရွံရှာဘွယ်ရာအမှုအလုံးစုံ တို့ကို ပြု ကြသည် တကား။
24Havia também prostitutos cultuais na terra. Eles fizeram conforme todas as abominações das nações que o SENHOR expulsou de diante dos filhos de Israel.
25ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင် ၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
25No quinto ano do rei Roboão, Sisaque, rei do Egito, subiu contra Jerusalém;
26ဗိမာန် တော် ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှ ကို လည်း ယူသွား ၏။
26e ele levou os tesouros da casa do SENHOR e os tesouros da casa do rei. Ele levou tudo, incluindo todos os escudos de ouro que Salomão havia feito.
27ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ နန်း တော်တံခါး စောင့် ကိုယ်ရံတော် မှူး၌ အပ် လေ၏။
27O rei Roboão fez escudos de bronze em seu lugar, e os confiou às mãos dos capitães da guarda, que guardavam a porta da casa do rei.
28ရှင် ဘုရင်သည် ဗိမာန် တော်သို့သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ နောက်တဖန် မိမိ တို့စောင့် ရာအခန်း မှာ ပြန် ထားကြ၏။
28Acontecia que, sempre que o rei entrava na casa do SENHOR, a guarda os levava, e depois os trazia de volta para a sala da guarda.
29ရောဗောင် ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
29Ora, os demais atos de Roboão, e tudo o que ele fez, não estão escritos no livro das crônicas dos reis de Judá?
30ရောဗောင် နှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံးရန်ဘက် ပြု ကြ၏။
30Havia guerra contínua entre Roboão e Jeroboão.
31ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အဘိယ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
31Roboão descansou com os seus pais, e foi sepultado com os seus pais na cidade de Davi. O nome da sua mãe era Naamá, a amonita. Abião, seu filho, reinou em seu lugar.

Tip: use the ← and → keys to turn chapters.