၁ကောရိန္တု

Old Testament

Chapter 6

၁ကောရိန္တု

Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

၁ကောရိန္တု 6

Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1သင် တို့သည် အချင်းချင်း အမှု ရှိ လျှင် ၊ သန့်ရှင်း သူတို့ရှေ့ ၌ တရား စီရင်ခြင်းကို မ ခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံ ဝံ့သောသူတစ်စုံတစ်ယောက် ရှိသလော။
1你們中間有彼此相爭的事,怎敢在不義的人面前求審,不在聖徒面前求審呢?
2သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။
2豈不知聖徒要審判世界嗎?若世界為你們所審,難道你們不配審判這最小的事嗎?
3ငါတို့သည်ကောင်းကင်တမန် တို့ကို တရား စီရင်မည်ဟု မ သိ ကြသလော။ သို့ဖြစ်၍ လောကီ အမှုကို စီရင် ထိုက်သည်မ ဟုတ်လော။
3豈不知我們要審判天使嗎?何況今生的事呢?
4ထိုကြောင့် သင် တို့သည် လောကီ အမှုကိုစီရင် စရာရှိလျှင် ၊ အသင်းတော် ၌ အသရေ နည်းသောသူ တို့ကို တရားသူကြီး အရာ၌ ခန့်ထား ကြလော့။
4既是這樣,你們若有今生的事當審判,是派教會所輕看的人審判嗎?
5ထိုသို့ဆိုသော် ၊ သင် တို့ရှက် စေခြင်းငှာပြောဆို ၏။ သင် တို့တွင် ပညာရှိ တစ်စုံတစ်ယောက်မျှ မ ရှိ သလော။ ညီအစ်ကို ချင်းတို့၏ အမှုကို စီရင် ဆုံးဖြတ်နိုင် သောသူ တစ်စုံတစ်ယောက်မျှမရှိသလော။
5我說這話是要叫你們羞恥。難道你們中間沒有一個智慧人能審斷弟兄們的事嗎?
6ညီအစ်ကို ချင်းတို့သည် တရား တွေ့သည် သာမက၊ မယုံကြည် သော သူတို့ရှေ့ ၌ပင် တရားတွေ့ပါ သည်တကား။
6你們竟是弟兄與弟兄告狀,而且告在不信 主 的人面前。
7ထိုသို့ သင် တို့သည် အချင်းချင်း တရား တွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိ ကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲ ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။
7你們彼此告狀,這已經是你們的大錯了。為甚麼不情願受欺呢?為甚麼不情願吃虧呢?
8ကိုယ်ဥစ္စာရှုံး ခြင်းကို အဘယ်ကြောင့် မ ခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်ညှင်းဆဲ ၍ ၊ ညီအစ်ကို ချင်းတို့၏ ဥစ္စာကိုသိမ်းယူ ကြသည်တကား ၊
8你們倒是欺壓人、虧負人,況且所欺壓所虧負的就是弟兄。
9မတရား သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရသည်ကို သင်တို့မ သိ ကြ သလော။ အလွဲ မ ယူကြနှင့်။ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
9你們豈不知不義的人不能承受上帝的國嗎?不要自欺!無論是淫亂的、拜偶像的、姦淫的、作孌童的、親男色的、
10သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရကြ။
10偷竊的、貪婪的、醉酒的、辱罵的、勒索的,都不能承受上帝的國。
11အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
11你們中間也有人從前是這樣;但如今你們奉主耶穌基督的名,並藉着我們上帝的靈,已經洗淨,成聖,稱義了。
12ငါ သည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်း သော အမှုအရာကို ပြု နိုင်သည် မှန်စေတော့။ ခပ်သိမ်း သော အမှုအရာကို ပြု သင့်သည်မ ဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်း သော အမှုအရာကိုပြု နိုင်သည်မှန်စေတော့။ အဘယ် အမှုအရာ၌ မျှ ငါ သည်ကျွန် မ ခံ။
12凡事我都可行,但不都有益處。凡事我都可行,但無論哪一件,我總不受它的轄制。
13အစား အသောက်တို့သည် ဝမ်း အဘို့ ၊ ဝမ်း သည်လည်း အစား အသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင် သည် ထို နှစ် ပါးကို ဖျက်ဆီး တော်မူလိမ့်မည်။ ကိုယ်ခန္ဓါ သည် မတရား သောမေထုန် အဘို့ဖြစ်သည်မ ဟုတ်။ သခင် ဘုရားအဘို့ ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓါ အဘို့ ဖြစ်တော်မူ၏။
13食物是為肚腹,肚腹是為食物;但上帝要叫這兩樣都廢壞。身子不是為淫亂,乃是為主;主也是為身子。
14ဘုရားသခင် သည် တန်ခိုး တော်အားဖြင့် သခင် ဘုရားကို ထမြောက် စေတော်မူသည်ဖြစ်၍ ၊ ငါ တို့ကိုလည်း ထမြောက် စေတော်မူလိမ့်မည်။
14並且上帝已經叫主復活,也要用自己的能力叫我們復活。
15သင် တို့ကိုယ်ခန္ဓာ သည် ခရစ်တော် ၏ အင်္ဂါ ဖြစ် ကြောင်း ကို မ သိ ကြသလော။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါ ကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါ ဖြစ် စေအပ် သလော။ မ ဖြစ်စေ အပ်။
15豈不知你們的身子是基督的肢體嗎?我可以將基督的肢體作為娼妓的肢體嗎?斷乎不可!
16အဘယ်သို့ နည်း။ ပြည်တန်ဆာ ၌ မှီဝဲ သောသူ သည်ထိုပြည်တန်ဆာနှင့် တစ်သား တစ်ကိုယ်တည်း ဖြစ် ကြောင်း ကို မ သိ ကြသလော။ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်ဟု ကျမ်းစာလာ ၏။
16豈不知與娼妓聯合的,便是與她成為一體嗎?因為主說:「二人要成為一體。」
17သခင် ဘုရား၌ မှီဝဲ သော သူ သည် ထိုသခင်နှင့် တစ် စိတ် တစ်ဝိညာဉ်တည်းဖြစ် ၏။
17但與主聯合的,便是與主成為一靈。
18မတရား သောမေထုန်ကိုကြဉ်ရှောင် ကြလော့။ လူ ပြု တတ်သော အခြားဒုစရိုက် ရှိသမျှ တို့သည် ကိုယ် ပြင် ၌ ရှိ ၏။ မတရား သော မေထုန်ကို ပြုသောသူ မူကား ၊ မိမိ ကိုယ် ကိုပင်ပြစ်မှား ၏။
18你們要逃避淫行。人所犯的,無論甚麼罪,都在身子以外,惟有行淫的,是得罪自己的身子。
19အဘယ်သို့နည်း။ သင် တို့ကိုယ်ခန္ဓါ သည် ဘုရားသခင် ပေး သနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ ၌ ကျိန်းဝပ်၍ သန့်ရှင်း သော ဝိညာဉ် တော်၏ ဗိမာန် ဖြစ် ကြောင်း ကို၎င်း၊ မိမိ တို့ကို မိမိတို့မ ပိုင် ကြောင်းကို၎င်း၊ မ သိ ကြသလော။
19豈不知你們的身子就是聖靈的殿嗎?這聖靈是從上帝而來,住在你們裏頭的;並且你們不是自己的人,
20သင်တို့သည် အဘိုး နှင့် ဝယ် တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင် ပိုင်တော်မူသောသင် တို့၏ ကိုယ်ခန္ဓါ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ် တော်ကိုထင်ရှားစေကြလော့။
20因為你們是重價買來的。所以,要在你們的身子上榮耀上帝。

Tip: use the ← and → keys to turn chapters.