၁ကောရိန္တု 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: 1904 Patriarchal Text (Byzantine)
1မတရား သောမေထုန်သာမည မဟုတ်၊ အဘ ၏ မယား ကို သိမ်းယူ ခြင်းတည်းဟူသောသာသနာပ လူတို့ တွင် ပင် မ ကြားရသော မေထုန် ၌မှီဝဲသော သူသည် သင် တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စော ကြ၏။
1Ὅλως ἀκούεται ἐν ὑμῖν πορνεία, καὶ τοιαύτη πορνεία, ἥτις οὐδὲ ἐν τοῖς ἔθνεσιν ὀνομάζεται, ὥστε γυναῖκά τινα τοῦ πατρὸς ἔχειν.
2ထိုသို့ပြု သောသူ ကို သင် တို့အထဲ မှ နှင်ထုတ် မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမ ပြု၊ မာန ထောင်လွှားလျက် နေ ကြ၏။
2καὶ ὑμεῖς πεφυσιωμένοι ἐστέ, καὶ οὐχὶ μᾶλλον ἐπενθήσατε, ἵνα ἐξαρθῇ ἐκ μέσου ὑμῶν ὁ τὸ ἔργον τοῦτο ποιήσας!
3ထိုကြောင့် ငါ သည် ကိုယ်ခန္ဓါ အားဖြင့် သင်တို့နှင့်ကွာ လျက် ရှိသော်လည်း ၊ ဝိညာဉ် အားဖြင့် မ ကွာ၊ ကိုယ်တိုင်သင်တို့နှင့်အတူရှိ သကဲ့သို့ ထိုသို့ကျင့် သောသူ ကို ယခုပင် ငါစီရင် ပြီ။
3ἐγὼ μὲν γὰρ ὡς ἀπὼν τῷ σώματι, παρὼν δὲ τῷ πνεύματι, ἤδη κέκρικα ὡς παρὼν τὸν οὕτω τοῦτο κατεργασάμενον,
4စီရင်ချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ်၏ အခွင့် အားဖြင့် သင် တို့သည် ငါ့ ဝိညာဉ် နှင့်အတူ စည်းဝေး ပြီးမှငါ တို့သခင် ယေရှု ခရစ်၏ တန်ခိုး တော်ကို အမှီပြု၍ ၊
4ἐν τῷ ὀνόματι τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ συναχθέντων ὑμῶν καὶ τοῦ ἐμοῦ πνεύματος σὺν τῇ δυνάμει τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ
5ထိုသူ ၏ဝိညာဉ် သည် ယေရှု ခရစ်၏နေ့ရက် ၌ ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ကိုယ်ခန္ဓါ ပျက်စီး ဘို့ရာ သူ့ကိုစာတန် လက်သို့ အပ်နှံ ကြစေဟု ငါစီရင်၏။
5παραδοῦναι τὸν τοιοῦτον τῷ σατανᾷ εἰς ὄλεθρον τῆς σαρκός, ἵνα τὸ πνεῦμα σωθῇ ἐν τῇ ἡμέρᾳ τοῦ Κυρίου Ἰησοῦ.
6သင် တို့၏ ဝါကြွား ခြင်းသည် မ ကောင်း မသင့် ဖြစ်၏။ အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖောင်းကြွ စေတတ်သည်ကို မ သိ ကြသလော။
6Οὐ καλὸν τὸ καύχημα ὑμῶν. οὐκ οἴδατε ὅτι μικρὰ ζύμη ὅλον τὸ φύραμα ζυμοῖ;
7သင်တို့သည် တဆေးမဲ့ ဖြစ် သည်နှင့်အညီ ၊ အသစ် သော မုန့်စိမ်း ဖြစ် မည်အကြောင်း ၊ ဟောင်း သော တဆေး ကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ၊ ခရစ်တော် တည်းဟူသောငါ တို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။
7ἐκκαθάρατε [οὖν] τὴν παλαιὰν ζύμην, ἵνα ἦτε νέον φύραμα, καθώς ἐστε ἄζυμοι. καὶ γὰρ τὸ πάσχα ἡμῶν ὑπὲρ ἡμῶν ἐτύθη Χριστός·
8ထိုကြောင့် ၊ ဟောင်း သောတဆေး ၊ ဆိုးညစ် မိုက်မဲ ခြင်းတဆေး တို့ကို ပယ်ပစ်၍၊ တဆေးမဲ့ မုန့်တည်းဟူသောကြည်ဖြူ ခြင်း၊ သစ္စာစောင့် ခြင်းနှင့် ပွဲ ခံကြ ကုန်အံ့။
8ὥστε ἑορτάζωμεν μὴ ἐν ζύμῃ παλαιᾷ, μηδὲ ἐν ζύμῃ κακίας καὶ πονηρίας, ἀλλ᾽ ἐν ἀζύμοις εἰλικρινείας καὶ ἀληθείας.
9သင် တို့သည် မတရား သောမေထုန်၌ မှီဝဲသောသူတို့နှင့် မ ပေါင်းဘော်မည် အကြောင်း၊ အထက်ဩဝါဒစာ ၌ ငါရေး ထားခဲ့ပြီ။
9Ἔγραψα ὑμῖν ἐν τῇ ἐπιστολῇ μὴ συναναμίγνυσθαι πόρνοις,
10ထိုသို့ ရေးထားသော်၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ အနိုင် အထက်လုယူခြင်း၊ ရုပ်တု ကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသား တို့ နှင့် အလျှင်း မ ပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီ မှ ထွက်သွား ရ ကြမည်။
10καὶ οὐ πάντως τοῖς πόρνοις τοῦ κόσμου τούτου ἢ τοῖς πλεονέκταις ἢ ἅρπαξιν ἢ εἰδωλολάτραις· ἐπεὶ ὀφείλετε ἄρα ἐκ τοῦ κόσμου ἐξελθεῖν·
11ယခု မူကား ညီအစ်ကို ဟု ခေါ်ဝေါ် သော သူသည် မတရား သောမေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တု ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊ သေရည် သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူ ခြင်းမှစ၍၊ထိုသို့သောအမှုကို ပြုသောသူနှင့်မ ပေါင်းဘော်ရ သည်သာမက၊ ထိုသူနှင့်အတူ စား သောက်ခြင်းကိစ္စကိုမျှ မ ပြုရဟုငါရေး ထား၍ ပညတ်၏။
11νῦν δὲ ἔγραψα ὑμῖν μὴ συναναμίγνυσθαι ἐάν τις ἀδελφὸς ὀνομαζόμενος ᾖ πόρνος ἢ πλεονέκτης ἢ εἰδωλολάτρης ἢ λοίδορος ἢ μέθυσος ἢ ἅρπαξ, τῷ τοιούτῳ μηδὲ συνεσθίειν.
12ပြင် လူ တို့ကို စီရင် ခြင်းအမှုနှင့် ငါ သည် အဘယ်သို့ ဆိုင်သနည်း။ အတွင်း လူ တို့ကို သင် တို့စီရင် ရသည် မ ဟုတ်လော။
12τί γάρ μοι καὶ τοὺς ἔξω κρίνειν; οὐχὶ τοὺς ἔσω ὑμεῖς κρίνετε;
13ပြင် လူတို့ကို ဘုရားသခင် စီရင် တော်မူလိမ့်မည်။ သို့ဖြစ်၍ ထို ဆိုးညစ် သောသူကိုသင် တို့အထဲ မှနှင်ထုတ် ကြလော့။
13τοὺς δὲ ἔξω ὁ Θεὸς κρίνει. καὶ ἐξαρεῖτε τὸν πονηρὸν ἐξ ὑμῶν αὐτῶν.
Tip: use the ← and → keys to turn chapters.