၁ကောရိန္တု

Old Testament

Chapter 14

၁ကောရိန္တု

Judson Burmese Bible (18…
vs Reina-Valera 1909
Aa
Text size
Line width
Verse numbers

၁ကောရိန္တု 14

Judson Burmese Bible (1840)
Reina-Valera 1909
1ချစ် ခြင်းမေတ္တာကို မှီအောင်လိုက် ကြလော့။ ဝိညာဉ် ဆုကျေးဇူးတို့ကို အလွန်အလိုရှိ သည်တွင်၊ ပရောဖက် ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ်ရှိ ကြလော့။
1SEGUID la caridad; y procurad los dones espirituales, mas sobre todo que profeticéis.
2အကြောင်းမူကား ၊ အခြား သောဘာသာစကားအားဖြင့်ပြော သောသူ သည် လူ တို့အားမ ပြော ၊ ဘုရားသခင် အားပြော၏။ သူ၏စကားကို အဘယ်သူ မျှနား မလည်။ နက်နဲ သောအရာတို့ကို ဝိညာဉ် တော်အားဖြင့်ပြော ၏။
2Porque el que habla en lenguas, no habla á los hombres, sino á Dios; porque nadie le entiende, aunque en espíritu hable misterios.
3ပရောဖက် ပြုသောသူ မူကား ၊ တည်ဆောက် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ သက်သာ ခြင်းအလိုငှာ လူ တို့အားဟောပြော ၏။
3Mas el que profetiza, habla á los hombres para edificación, y exhortación, y consolación.
4အခြား သော ဘာသာစကားအားဖြင့်ပြော သောသူ သည် ကိုယ် ကိုသာ တည်ဆောက် ၏။ ပရောဖက် ပြုသောသူ မူကား ၊ အသင်းတော် ကို တည်ဆောက် ၏။
4El que habla lengua extraña, á sí mismo se edifica; mas el que profetiza, edifica á la iglesia.
5သင် တို့ရှိသမျှ သည် အခြား သော ဘာသာစကားဖြင့် ပြော စေခြင်းငှာငါအလိုရှိ ၏။ ပရောဖက် ပြုစေခြင်းငှာ သာ၍ အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာ စကားဖြင့် ပြော သောသူ သည်၊ အသင်းတော် ကို တည်ဆောက် ခြင်းငှာ အနက် ကို မ ဖော်မပြလျှင် ၊ သူ့ထက် ပရောဖက် ပြုသောသူ သည်သာ၍ မြတ်သတည်း။
5Así que, quisiera que todos vosotros hablaseis lenguas, empero más que profetizaseis: porque mayor es el que profetiza que el que habla lenguas, si también no interpretare, para que la iglesia tome edificación.
6ညီအစ်ကို တို့၊ ငါ သည် သင် တို့ရှိရာ သို့လာ၍ အခြား သော ဘာသာစကားဖြင့် ဟောပြော သော်လည်း ၊ ဗျာဒိတ် တော်ကိုပြန်ခြင်း၊ ပညာ အတတ်ကိုသင်ခြင်း၊ ပရောဖက် ပြုခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းတစ်ခုခုကိုမ ပြုဘဲ လျက် ၊ သင်တို့အားပြော လျှင် အဘယ်အကျိုး ရှိအံ့နည်း။
6Ahora pues, hermanos, si yo fuere á vosotros hablando lenguas, ¿qué os aprovecharé, si no os hablare, ó con revelación, ó con ciencia, ó con profecía, ó con doctrina?
7ထိုနည်းတူ၊ အသံမြည် တတ် သော အဝိညာဏက စောင်း၊ ပုလွေ တို့သည် သေချာ သောအသံ နှင့် မ မြည် လျှင် ၊ စောင်း သံ၊ ပုလွေ သံတို့ကို အဘယ်သို့ သိ နိုင်မည်နည်း။
7Ciertamente las cosas inanimadas que hacen sonidos, como la flauta ó la vihuela, si no dieren distinción de voces, ¿cómo se sabrá lo que se tañe con la flauta, ó con la vihuela?
8တံပိုး ခရာသည်လည်း ၊ မမှန် သောအသံ နှင့် မြည် လျှင် ၊ အဘယ်သူ သည်စစ်တိုက် ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင် မည်နည်း။
8Y si la trompeta diere sonido incierto, ¿quién se apercibirá á la batalla?
9ထိုနည်းတူ ၊ သင် တို့သည် နားလည် လွယ်သော စကား ကို နှုတ် ဖြင့် မ မြွက် လျှင် ၊ မြွက် သောစကားကို အဘယ်သို့ သိ နိုင်မည်နည်း။ အာကာသ ကောင်းကင်ကို ပြော သောသူကဲ့သို့ဖြစ်လိမ့်မည်။
9Así también vosotros, si por la lengua no diereis palabra bien significante, ¿cómo se entenderá lo que se dice? porque hablaréis al aire.
10လူ ပြည်၌ ဘာသာ စကားမျိုး တို့သည် ဤမျှလောက် များ၍၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့။
10Tantos géneros de voces, por ejemplo, hay en el mundo, y nada hay mudo;
11ဘာသာ စကား၏ အနက် ကို ငါနား မ လည်လျှင် ၊ ပြော သော သူ အားငါသည် လူရိုင်း ဖြစ်လိမ့်မည် ။ ပြော သောသူ သည်လည်း ၊ ငါ့ အား လူရိုင်း ဖြစ်လိမ့်မည်။
11Mas si yo ignorare el valor de la voz, seré bárbaro al que habla, y el que habla será bárbaro para mí.
12သို့ဖြစ်၍ သင်တို့သည် ဝိညာဉ် ဆုကျေးဇူးတော်တို့ကို အလွန် အလိုရှိ ကြသည်တွင်၊ အသင်းတော် ကို တည်ဆောက် ခြင်းငှာ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ကြိုးစား ကြလော့။
12Así también vosotros; pues que anheláis espirituales dones , procurad ser excelentes para la edificación de la iglesia.
13ထိုကြောင့် အခြား သော ဘာသာစကားကို ပြန်ပြော သော သူ သည်၊ အနက် ကိုလည်း ဖော်ပြနိုင်မည် အကြောင်း ဆုတောင်း စေ။
13Por lo cual, el que habla lengua extraña , pida que la interprete.
14အဘယ်ကြောင့် နည်းဟူမူကား၊ အခြား သော ဘာသာစကားဖြင့် ငါဆုတောင်း လျှင် ၊ ငါ့ စိတ် နှလုံးဆုတောင်း သော်လည်း ၊ ငါ့ ဉာဏ် သည် အကျိုး ကိုမပေး။
14Porque si yo orare en lengua desconocida , mi espíritu ora; mas mi entendimiento es sin fruto.
15သို့ဖြစ်လျှင် ၊ အဘယ်သို့ ပြု ရမည်နည်း။ စိတ် နှလုံးနှင့် ၎င်း၊ ဉာဏ် နှင့် ၎င်း၊ ဆုတောင်း ရမည်။ စိတ် နှလုံးနှင့် ၎င်း၊ ဉာဏ် နှင့် ၎င်း သီချင်း ဆိုရမည်။
15¿Qué pues? Oraré con el espíritu, mas oraré también con entendimiento; cantaré con el espíritu, mas cantaré también con entendimiento.
16သို့မဟုတ် သင်သည် စိတ် နှလုံးနှင့် ကျေးဇူး တော်ကို ချီးမွမ်းသောအခါ ၊ မတတ် သော လူစုအဝင်ဖြစ်သော သူ သည် သင်၏စကား ကို နား မ လည်သောကြောင့် ၊ ကျေးဇူး တော်ကို ချီးမွမ်းခြင်းသို့လိုက်၍ ၊ အာမင် ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း။
16Porque si bendijeres con el espíritu, el que ocupa lugar de un mero particular, ¿cómo dirá amén á tu acción de gracias? pues no sabe lo que has dicho.
17သင် သည် ကျေးဇူး တော်ကို ကောင်းမွန် စွာ ချီးမွမ်းသည် မှန် စေတော့။ အခြား သောသူမူကား ၊ တည်ဆောက် ခြင်းအကျိုးမ ရှိ။
17Porque tú, á la verdad, bien haces gracias; mas el otro no es edificado.
18ငါသည် သင်တို့ရှိသမျှ ထက် ၊ အခြား သော ဘာသာစကားဖြင့် ဟောပြော သောအရာကို ထောက်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၏။
18Doy gracias á Dios que hablo lenguas más que todos vosotros:
19သို့သော်လည်း ၊ အသင်းတော် ၌ အခြား သော ဘာသာစကားဖြင့် စကား တစ်သောင်း ကို ပြောနိုင်သည် ထက်၊ သူတစ်ပါးတို့ ကို သွန်သင် ခြင်းငှာ စကားငါး ခွန်း ကို ဉာဏ် နှင့်တကွပြော နိုင်သော အခွင့်ကို သာ၍ အလိုရှိ ၏။
19Pero en la iglesia más quiero hablar cinco palabras con mi sentido, para que enseñe también á los otros, que diez mil palabras en lengua desconocida .
20ညီအစ်ကို တို့၊ သင်တို့သည် ဉာဏ် အရာ၌ သူငယ် မ ဖြစ် ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။
20Hermanos, no seáis niños en el sentido, sino sed niños en la malicia: empero perfectos en el sentido.
21ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အခြား တစ်ပါးသောလျှာ၊ အခြား တစ်ပါးသောနှုတ် နှင့် ဤ လူမျိုး ကို ငါပြော မည်။ သို့သော်လည်းသူ တို့သည် နားမ ထောင်ကြဟု ထာဝရ ဘုရားမိန့် တော်မူ၏။
21En la ley está escrito: En otras lenguas y en otros labios hablaré á este pueblo; y ni aun así me oirán, dice el Señor.
22သို့ဖြစ်၍ အခြား သော ဘာသာစကားတို့သည် ယုံကြည် သော သူ တို့အား နိမိတ် လက္ခဏာဖြစ် သည် မ ဟုတ်။ မယုံကြည် သောသူ တို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက် ပြုခြင်းအမှုမူကား ၊ မယုံကြည် သော သူ တို့အဘို့မ ဟုတ်၊ ယုံကြည် သော သူ တို့အဘို့ ဖြစ်သတည်း။
22Así que, las lenguas por señal son, no á los fieles, sino á los infieles: mas la profecía, no á los infieles, sino á los fieles.
23ထိုကြောင့် သင်းဝင်သူ အပေါင်း တို့သည် စည်းဝေး ၍ အခြား သော ဘာသာဖြင့် ဟောပြော လျက် နေကြစဉ်တွင် မယုံကြည် သောသူ၊ မတတ် သောသူသည် ဝင်လာ လျှင် ၊ သင်တို့ကို သူရူး ဖြစ်ကြသည်ဟု ပြော မည် မ ဟုတ်လော။
23De manera que, si toda la iglesia se juntare en uno, y todos hablan lenguas, y entran indoctos ó infieles, ¿no dirán que estáis locos?
24သို့မဟုတ် သင်းဝင်သူအပေါင်း တို့သည် ပရောဖက် ပြု၍ နေကြစဉ်တွင်၊ မယုံကြည် သောသူ ၊ မတတ် သောသူသည် ဝင်လာ လျှင် ၊ သင်းဝင်သူအပေါင်း တို့သည် သူ၏အပြစ်ကို ဖော်ပြ ၍ သူ့ကို စစ်ကြော စီရင် ကြ၏။
24Mas si todos profetizan, y entra algún infiel ó indocto, de todos es convencido, de todos es juzgado;
25ထိုသို့ သူ ၏ စိတ် နှလုံး၌ မ ထင်ရှားသောအရာတို့သည် ထင်ရှား ပြန် ၍ သူသည် ပြပ်ဝပ် လျက် ၊ ဘုရားသခင် ကို ကိုးကွယ်လိမ့်မည် ။ ဘုရားသခင် သည် သင် တို့တွင် အမှန် ရှိ တော်မူသည်ဟု သက်သေခံ လိမ့်မည်။
25Lo oculto de su corazón se hace manifiesto: y así, postrándose sobre el rostro, adorará á Dios, declarando que verdaderamente Dios está en vosotros.
26ညီအစ်ကို တို့၊ အဘယ်သို့ နည်း။ သင်တို့စည်းဝေး ကြသောအခါ ၊ ဆာလံ သီချင်းကို ရ သောသူ၊ ဆုံးမ ဩဝါဒစကားကို ရ သောသူ၊ အခြား သောဘာသာစကားကို ရ သောသူ၊ ဗျာဒိတ် တော်ကိုရ သောသူ၊ အနက် ဖော်ပြရာ ကိုရ သောသူ၊ အသီးအသီး ရှိကြသည်ဖြစ်၍၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက် ခြင်းအလိုငှာ စီရင် ကြ လော့။
26¿Qué hay pues, hermanos? Cuando os juntáis, cada uno de vosotros tiene salmo, tiene doctrina, tiene lengua, tiene revelación, tiene interpretación: hágase todo para edificación.
27အခြား သော ဘာသာစကားဖြင့် ဟောပြော သော သူ ရှိလျှင် ၊ နှစ် ယောက်ဖြစ်စေ၊ အများဆုံး ဆိုသော် သုံး ယောက်ဖြစ်စေ၊ တစ်ယောက်နောက်တစ်ယောက်ပြော၍ တစ်ယောက်သောသူ သည် အနက် ကိုဖေါ်ပြစေ။
27Si hablare alguno en lengua extraña , sea esto por dos, ó á lo más tres, y por turno; mas uno interprete.
28စကားပြန် မ ရှိ လျှင် ၊ ဟောပြောသောသူသည် အသင်းတော် ၌ တိတ်ဆိတ် စွာနေ၍ မိမိ အား၎င်း ၊ ဘုရားသခင် အား၎င်း ပြော စေ။
28Y si no hubiere intérprete, calle en la iglesia, y hable á sí mismo y á Dios.
29ပရောဖက် နှစ် ယောက်ဖြစ်စေ၊ သုံး ယောက် ဖြစ်စေ၊ ဟောပြော ၍ အခြား သော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။
29Asimismo, los profetas hablen dos ó tres, y los demás juzguen.
30ထိုင် လျက် နေသောသူ အား တစ်စုံတစ်ခုကို ဖွင့်ပြ တော်မူလျှင် ၊ အရင် ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ။
30Y si á otro que estuviere sentado, fuere revelado, calle el primero.
31အကြောင်းမူကား ၊ ရှိသမျှ တို့သည် သင် ခြင်းငှာ ၎င်း၊ ရှိသမျှ တို့သည် သက်သာ ခြင်းငှာ၎င်း၊ သင်တို့ အသီးအသီး တစ်ယောက် နောက် တစ်ယောက်ပရောဖက် ပြုရသော အခွင့် ရှိကြ၏။
31Porque podéis todos profetizar uno por uno, para que todos aprendan, y todos sean exhortados.
32ပရောဖက် တို့သည်လည်း ၊ မိမိ တို့စိတ် ဝိညာဉ်ကို ချုပ်တည်း နိုင်ကြ၏။
32Y los espíritus de los que profetizaren, sujétense á los profetas;
33ဘုရားသခင် သည် ရုန်းရင်းခတ် သောအမှုကို ပြုစုတော်မ မူ။ သန့်ရှင်း သူတို့၏ အသင်းတော် အပေါင်း တို့၌ ဖြစ်သကဲ့သို့ အသင့်အတင့်ငြိမ်ဝပ် ခြင်းကို ပြုစု တော်မူ၏။
33Porque Dios no es Dios de disensión, sino de paz; como en todas las iglesias de los santos.
34သင်တို့၏ မိန်းမ တို့သည် အသင်းတော် ၌ တိတ်ဆိတ် စွာ နေကြစေ။ သူ တို့သည် ဟောပြော ရသော အခွင့် မ ရှိကြ။ ပညတ် တရားစီရင် သည်အတိုင်း သူ တို့ သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။
34Vuestras mujeres callen en las congregaciones; porque no les es permitido hablar, sino que estén sujetas, como también la ley dice.
35မိန်းမ တို့သည် တစ်စုံတစ်ခု ကိုသင် လိုလျှင် ၊ အိမ် ၌ မိမိ ခင်ပွန်း တို့ကို မေးမြန်း ကြစေ။ မိန်းမ သည်အသင်းတော် ၌ ဟောပြော လျှင် ရှက်ဘွယ် သော အကြောင်း ဖြစ် ၏။
35Y si quieren aprender alguna cosa, pregunten en casa á sus maridos; porque deshonesta cosa es hablar una mujer en la congregación.
36ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် သင် တို့မှ ထွက် သလော။ သို့မဟုတ် သင် တို့သို့ သာ ရောက် သလော။
36Qué, ¿ha salido de vosotros la palabra de Dios? ¿ó á vosotros solos ha llegado?
37ငါသည်သင် တို့အား ရေး ၍ပေးလိုက်သော စကား တို့သည် သခင် ဘုရား၏ ပညတ် တော်ဖြစ် ကြောင်း ကို၊ ပရောဖက် ဖြစ် သောသူ ၊ ဝိညာဉ် ဆုကျေးဇူးကို ခံရသောသူမည်သည်ကားဝန်ခံ ပါစေ။ တစ်စုံတစ်ယောက် သော သူသည် မ သိလျှင် မသိဘဲနေစေ။
37Si alguno á su parecer, es profeta, ó espiritual, reconozca lo que os escribo, porque son mandamientos del Señor.
38အချုပ်အခြာဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့သည် ပရောဖက် ပြုခြင်းငှာအလွန်အလိုရှိ ကြလော့။
38Mas el que ignora, ignore.
39အခြား သော ဘာသာစကားဖြင့် ဟောပြော ခြင်း အမှုတို့ကိုလည်း မ မြစ်တား ကြနှင့်။
39Así que, hermanos, procurad profetizar; y no impidáis el hablar lenguas.
40ခပ်သိမ်း သောအမှုကို တင့်တယ် လျောက်ပတ်စွာ အစဉ် အတိုင်း စီရင် ကြ လော့။
40Empero hágase todo decentemente y con orden.

Tip: use the ← and → keys to turn chapters.