၁ကောရိန္တု 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ငါ သည်ခရစ်တော် ၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့ နည်းတူကျင့် ကြလော့။
1μιμηται μου γινεσθε καθωσ καγω χριστου
2ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ ၌ ငါ့ ကို အောက်မေ့ ၍ ၊ ငါအပ်ပေး သောနည်းဥပဒေ တို့ကို စွဲလမ်း ကြသည်ဖြစ်၍သင် တို့ကို ငါချီးမွမ်း ၏။
2επαινω δε υμασ αδελφοι οτι παντα μου μεμνησθε και καθωσ παρεδωκα υμιν τασ παραδοσεισ κατεχετε
3ယောက်ျား ၏ခေါင်း ကား ခရစ်တော် ဖြစ် သည် ကို၎င်း၊ မိန်းမ ၏ခေါင်း ကား ယောက်ျား ဖြစ် သည်ကို၎င်း၊ ခရစ်တော် ၏ခေါင်း ကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင် တို့ သိမှတ် စေခြင်းငှာ ငါအလိုရှိ ၏။
3θελω δε υμασ ειδεναι οτι παντοσ ανδροσ η κεφαλη ο χριστοσ εστιν κεφαλη δε γυναικοσ ο ανηρ κεφαλη δε χριστου ο θεοσ
4ယောက်ျား မည်သည်ကား ၊ မိမိ ခေါင်း ကို ဖုံး လျက် ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေ ကို ရှုတ်ချ၏။
4πασ ανηρ προσευχομενοσ η προφητευων κατα κεφαλησ εχων καταισχυνει την κεφαλην αυτου
5မိန်းမ မည်သည်ကား ၊ မိမိ ခေါင်း ကို မ ဖုံးဘဲ ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ ၏။
5πασα δε γυνη προσευχομενη η προφητευουσα ακατακαλυπτω τη κεφαλη καταισχυνει την κεφαλην εαυτησ εν γαρ εστιν και το αυτο τη εξυρημενη
6ထိုသို့ပြုလျှင်ဆံပင် ရိတ်သည်နှင့်တူ၏။ မိန်းမ သည် မိမိခေါင်းကို မ ဖုံး လျှင် ဆံပင်ကိုဖြတ် စေ။ ဆံပင်ဖြတ် ခြင်း၊ ဆံပင် ရိတ်ခြင်းအရာသည် ရှက် စရာရှိလျှင် ခေါင်းကိုဖုံး စေ။
6ει γαρ ου κατακαλυπτεται γυνη και κειρασθω ει δε αισχρον γυναικι το κειρασθαι η ξυρασθαι κατακαλυπτεσθω
7ယောက်ျား သည် ဘုရားသခင် ၏ ပုံ သဏ္ဌာန်၊ ဘုန်း အသရေတော်ဖြစ် သောကြောင့် မိမိခေါင်း ကို မ ဖုံး ရ။ မိန်းမ မူကား ယောက်ျား ၏ဘုန်း အသရေဖြစ် ၏။
7ανηρ μεν γαρ ουκ οφειλει κατακαλυπτεσθαι την κεφαλην εικων και δοξα θεου υπαρχων γυνη δε δοξα ανδροσ εστιν
8ယောက်ျား သည် မိန်းမ ကြောင့် ဖြစ် သည် မ ဟုတ်။ မိန်းမ သည် ယောက်ျား ကြောင့် ဖြစ်၏။
8ου γαρ εστιν ανηρ εκ γυναικοσ αλλα γυνη εξ ανδροσ
9ယောက်ျား ကို မိန်းမ ဘို့ ဖန်ဆင်း သည်မ ဟုတ်။ မိန်းမ ကိုယောက်ျား ဘို့ ဖန်ဆင်း၏။
9και γαρ ουκ εκτισθη ανηρ δια την γυναικα αλλα γυνη δια τον ανδρα
10ထိုကြောင့် ၊ ကောင်းကင် တမန်များကို ထောက် ၍၊ မိန်းမ သည် မိမိခေါင်း ကို ဖုံးရ မည်။
10δια τουτο οφειλει η γυνη εξουσιαν εχειν επι τησ κεφαλησ δια τουσ αγγελουσ
11သို့သော်လည်း သခင်ဘုရား၌ ယောက်ျား မ ပါဘဲ မိန်းမ ဖြစ်သည်မ ဟုတ်။ မိန်းမ မ ပါဘဲ ယောက်ျား ဖြစ်သည် မ ဟုတ်။
11πλην ουτε ανηρ χωρισ γυναικοσ ουτε γυνη χωρισ ανδροσ εν κυριω
12မိန်းမ သည် ယောက်ျား ကြောင့် ဖြစ် သကဲ့သို့ ယောက်ျား သည်လည်း မိန်းမ အားဖြင့် ဖြစ် ၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင် ကြောင့် ဖြစ် ကြ၏။
12ωσπερ γαρ η γυνη εκ του ανδροσ ουτωσ και ο ανηρ δια τησ γυναικοσ τα δε παντα εκ του θεου
13မိန်းမ သည် ခေါင်းကိုမ ဖုံးဘဲလျက် ဘုရားသခင် ကို ဆုတောင်း လျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင် တို့ အလိုအလျောက် ဆင်ခြင်စီရင် ကြလော့။
13εν υμιν αυτοισ κρινατε πρεπον εστιν γυναικα ακατακαλυπτον τω θεω προσευχεσθαι
14ယောက်ျား သည် ရှည် သောဆံပင်ရှိလျှင် ၊ ရှက်ဘွယ် သော အကြောင်း ဖြစ် သည်ကို သင် တို့အား ပကတိ တရားပင် ဆုံးမ သွန်သင်သည် မ ဟုတ်လော။
14η ουδε αυτη η φυσισ διδασκει υμασ οτι ανηρ μεν εαν κομα ατιμια αυτω εστιν
15မိန်းမ မူကား ၊ ရှည် သောဆံပင်ရှိလျှင် ၊ သူ ၏ ဘုန်း အသရေ ဖြစ် ၏။ အကြောင်းမူကား ၊ မိန်းမဆံပင် သည် မိမိ ခြုံ စရာဘို့ ဖြစ် ၏။
15γυνη δε εαν κομα δοξα αυτη εστιν οτι η κομη αντι περιβολαιου δεδοται
16သို့သော်လည်း တစ်စုံတစ်ယောက် သောသူသည် ငြင်းခုံ လျှင် ၊ ငါ တို့၌၎င်း၊ ဘုရားသခင် ၏ အသင်းတော် ၌ ၎င်း၊ ထိုသို့သော ထုံးစံ မ ရှိ ၏။
16ει δε τισ δοκει φιλονεικοσ ειναι ημεισ τοιαυτην συνηθειαν ουκ εχομεν ουδε αι εκκλησιαι του θεου
17တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မ ဟုတ်။ အကျိုးကို နည်းစေခြင်းငှာစည်းဝေး ကြသည်ဖြစ်၍၊ ငါသည် ပညတ် ထားစဉ်တွင်သင်တို့ကို မ ချီးမွမ်း ရ။
17τουτο δε παραγγελλων ουκ επαινω οτι ουκ εισ το κρειττον αλλ εισ το ηττον συνερχεσθε
18ပဌမ အကြောင်း ဟူမူကား၊ သင် တို့သည် အသင်းတော် ၌ စည်းဝေး ကြသောအခါ၊ အချင်းချင်း ကွဲပြား ခြင်းရှိ သည်ကို ငါကြား ရ၏။
18πρωτον μεν γαρ συνερχομενων υμων εν εκκλησια ακουω σχισματα εν υμιν υπαρχειν και μεροσ τι πιστευω
19ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား ၊ သင် တို့တွင် ကောင်းမွန် သော သူ တို့ကို ထင်ရှား စိမ့်သောငှာ သင်းခွဲ ခြင်းရှိ ရ မည်။
19δει γαρ και αιρεσεισ εν υμιν ειναι ινα οι δοκιμοι φανεροι γενωνται εν υμιν
20သင် တို့သည် အတူစည်းဝေး ကြသောအခါ၊ သခင် ဘုရား၏ ပွဲ တော်ကို စား အံ့သောငှာစည်းဝေးကြ သည်မ ဟုတ်။
20συνερχομενων ουν υμων επι το αυτο ουκ εστιν κυριακον δειπνον φαγειν
21အကြောင်းမူကား ၊ သင်တို့သည် စား ကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိ အစာ ကို အရင် ယူ၍၊ တချို့ကား ဆာမွတ် လျက် ၊ တချို့ ကား စား သောက်ကြူးလျက်ရှိကြ၏။
21εκαστοσ γαρ το ιδιον δειπνον προλαμβανει εν τω φαγειν και οσ μεν πεινα οσ δε μεθυει
22သင် တို့သည် စား သောက် ရာဘို့ ကိုယ်အိမ် မ ရှိ သလော။ သို့မဟုတ် လျှင်၊ ဘုရားသခင် ၏ အသင်းတော် ကို မထီမဲ့မြင် ပြု၍ ၊ ဆင်းရဲ သောသူ တို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆို ရမည်နည်း။ ဤ အမှုမှာ သင် တို့ကို ချီးမွမ်း ရမည်လော။ မ ချီးမွမ်း ရ။
22μη γαρ οικιασ ουκ εχετε εισ το εσθιειν και πινειν η τησ εκκλησιασ του θεου καταφρονειτε και καταισχυνετε τουσ μη εχοντασ τι υμιν ειπω επαινεσω υμασ εν τουτω ουκ επαινω
23အကြောင်းမူကား ၊ သင် တို့၌ ငါအပ်ပေး သော အရာကို သခင် ဘုရားထံ၌ ငါ ခံရ ပြီ။ ခံရသောအရာဟူမူကား၊ သခင် ယေရှု သည် ရန်သူလက်သို့ အပ်နှံ ခြင်းကို ခံသော နေ့ည မှာ မုန့် ကို ယူ ၍ ၊
23εγω γαρ παρελαβον απο του κυριου ο και παρεδωκα υμιν οτι ο κυριοσ ιησουσ εν τη νυκτι η παρεδιδοτο ελαβεν αρτον
24ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား၊ သင်တို့အဘို့ အလိုငှာ ချိုးဖဲ့သော ငါ ၏ကိုယ် ဖြစ် ၏။ ယူ၍စားကြလော့။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြ လော့ဟု မိန့် တော်မူ၏။
24και ευχαριστησασ εκλασεν και ειπεν λαβετε φαγετε τουτο μου εστιν το σωμα το υπερ υμων κλωμενον τουτο ποιειτε εισ την εμην αναμνησιν
25ထိုနည်းတူ ၊ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား ငါ ၏အသွေး ၌ တည်သောပဋိညာဉ် တရား သစ် ဖြစ် ၏။ ဤခွက်ကို သောက် သောအခါ ၊ ငါ့ ကို အောက်မေ့ ဘို့ရာ သောက် ကြလော့ဟု မိန့် တော်မူ၏။
25ωσαυτωσ και το ποτηριον μετα το δειπνησαι λεγων τουτο το ποτηριον η καινη διαθηκη εστιν εν τω εμω αιματι τουτο ποιειτε οσακισ αν πινητε εισ την εμην αναμνησιν
26အကြောင်းမူကား ၊ သင်တို့သည် ထို မုန့် ကိုစား ၍ ထို ခွက် ကို သောက် သောအခါ ခါ ၊ သခင် ဘုရားအသေခံ တော်မူခြင်းကို ကြွလာ တော် မ မူမှီတိုင်အောင်ပြ ကြ၏။
26οσακισ γαρ αν εσθιητε τον αρτον τουτον και το ποτηριον τουτο πινητε τον θανατον του κυριου καταγγελλετε αχρι ου αν ελθη
27ထိုကြောင့် သခင် ဘုရား၏ မုန့် နှင့် ခွက် ကို မ ထိုက်မတန်ဘဲ စား သောက် သောသူ မည်သည်ကား၊ သခင် ဘုရား၏ ကိုယ် တော်နှင့် အသွေး တော်ကို ပြစ်မှား ရာရောက် ၏။
27ωστε οσ αν εσθιη τον αρτον τουτον η πινη το ποτηριον του κυριου αναξιωσ του κυριου ενοχοσ εσται του σωματοσ και του αιματοσ του κυριου
28သို့ဖြစ်၍ လူ တိုင်းကိုယ်ကိုကိုယ် စစ်ကြော ပြီးမှမုန့် ကိုစား စေ။ ထိုနည်းတူ ခွက် ကိုလည်း သောက် စေ။
28δοκιμαζετω δε ανθρωποσ εαυτον και ουτωσ εκ του αρτου εσθιετω και εκ του ποτηριου πινετω
29အကြောင်းမူကား ၊ မထိုက်မတန်ဘဲ စား သောက် သောသူ သည် သခင်ဘုရား၏ ကိုယ် တော်ကို ပိုင်းခြား ၍ မ သိသောကြောင့်၊ မိမိ အပေါ်သို့အပြစ် ရောက်စေခြင်းငှာစား သောက် သောသူဖြစ်၏။
29ο γαρ εσθιων και πινων αναξιωσ κριμα εαυτω εσθιει και πινει μη διακρινων το σωμα του κυριου
30ထို အကြောင်း ကြောင့်၊ သင်တို့တွင် အားနည်း သောသူ၊ မကျန်းမမာ သော သူအများ ရှိကြ၏။ သေ သော သူ အများလည်း ရှိကြ၏။
30δια τουτο εν υμιν πολλοι ασθενεισ και αρρωστοι και κοιμωνται ικανοι
31ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြော စီရင်လျှင် ၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
31ει γαρ εαυτουσ διεκρινομεν ουκ αν εκρινομεθα
32စစ်ကြော စီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့နှင့်အတူ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမ တော်မူခြင်းကို ခံရကြ၏။
32κρινομενοι δε υπο κυριου παιδευομεθα ινα μη συν τω κοσμω κατακριθωμεν
33ထိုကြောင့် ငါ့ ညီအစ်ကို တို့၊ သင်တို့သည် စား အံ့သောငှာစည်းဝေး သောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက်ငံ့လင့် ကြလော့။
33ωστε αδελφοι μου συνερχομενοι εισ το φαγειν αλληλουσ εκδεχεσθε
34တစ်စုံတစ်ယောက် သောသူသည် ဆာမွတ် လျှင် ၊ သင်တို့သည် အပြစ် ခံလျက် မ စည်းဝေး စေခြင်းငှာ ထိုသူ သည် မိမိအိမ် ၌ စား စေ။ ကြွင်း သော အမှုများကို ငါ လာသောအခါ စီရင် မည်။
34ει δε τισ πεινα εν οικω εσθιετω ινα μη εισ κριμα συνερχησθε τα δε λοιπα ωσ αν ελθω διαταξομαι
Tip: use the ← and → keys to turn chapters.