Acts
Chapter 24
King James Version with …

Read in

Smith–Van Dyck Arabic Bible (فان دايك)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Old Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
vs Judson Burmese Bib…

Compare with

Aa
Text size
Line width
Verse numbers
King James Version with Apocrypha
Judson Burmese Bible (1840)
1And after five days Ananias the high priest descended with the elders, and with a certain orator named Tertullus, who informed the governor against Paul.
1ထိုနောက် ငါး ရက် လွန် သောအခါ၊ ယဇ်ပုရောဟိတ် မင်း အာနနိ သည် တေရတုလု အမည်ရှိသောရှေ့နေ မှစ၍ ၊ လူ အကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု ၏အကြောင်းကို မြို့ဝန်မင်း ထံ၌လျှောက် ထားကြ၏။
2And when he was called forth, Tertullus began to accuse him , saying, Seeing that by thee we enjoy great quietness, and that very worthy deeds are done unto this nation by thy providence,
2ပေါလု ကိုခေါ် ပြီးမှ ၊ တေရတုလု သည် အပြစ်တင် သော စကားကိုလျှောက်ဆို သည်မှာ၊ မြတ် တော်မူသောဖေလဇ် မင်းအကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန် ငြိမ်သက် စွာ နေ ရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစု တော်မူခြင်း ကျေးဇူးတော်ကို ဤ လူမျိုး သည် ခံရ ပါ သည်ဖြစ်၍ ၊
3We accept it always, and in all places, most noble Felix, with all thankfulness.
3အရပ်ရပ် တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူး တော်ကို အလွန်သိ တတ်သော စိတ်နှင့်ခံရပါ၏။
4Notwithstanding, that I be not further tedious unto thee, I pray thee that thou wouldest hear us of thy clemency a few words.
4အကျွန်ုပ်သည် ကိုယ်တော် ကိုကြာမြင့် စွာ နှောင့်ရှက် ခြင်း အပြစ်နှင့်လွတ် ခြင်းငှာ ၊ အကျဉ်း အားဖြင့်လျှောက်သောစကားကို ဖြည်းညှင်း သောစိတ်တော်နှင့် နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
5For we have found this man a pestilent fellow , and a mover of sedition among all the Jews throughout the world, and a ringleader of the sect of the Nazarenes:
5နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။
6Who also hath gone about to profane the temple: whom we took, and would have judged according to our law.
6သူ သည် ဗိမာန် တော်ကို ရှုတ်ချ ခြင်းငှာပြု ပါပြီ။ အကျွန်ုပ်တို့သည် သူ့ ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှာအလိုရှိကြသည်တွင်၊
7But the chief captain Lysias came upon us , and with great violence took him away out of our hands,
7စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8Commanding his accusers to come unto thee: by examining of whom thyself mayest take knowledge of all these things, whereof we accuse him.
8အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူ ကို ကိုယ်တော် တိုင် စစ် တော်မူလျှင်၊ အကျွန်ုပ် တို့အပြစ်တင် သောအကြောင်း အရာများ ကို သေချာစွာ သိ နိုင် တော်မူမည်ဟု လျှောက်ထား၏။
9And the Jews also assented, saying that these things were so.
9ယုဒ လူတို့ကလည်း ၊ ဤ စကားမှန် ပါသည်ဟု ဝန်ခံ ကြ၏။
10Then Paul, after that the governor had beckoned unto him to speak, answered, Forasmuch as I know that thou hast been of many years a judge unto this nation, I do the more cheerfully answer for myself:
10မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။
11Because that thou mayest understand, that there are yet but twelve days since I went up to Jerusalem for to worship.
11အကျွန်ုပ် သည် ကိုးကွယ် ခြင်းငှာ ယေရုရှလင် မြို့ သို့ တက်သွား ၍၊ ယခု တစ်ဆယ့်နှစ် ရက် သာရှိ သည်ကို ကိုယ်တော် သိ နိုင် တော်မူ၏။
12And they neither found me in the temple disputing with any man, neither raising up the people, neither in the synagogues, nor in the city:
12ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။
13Neither can they prove the things whereof they now accuse me.
13ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။
14But this I confess unto thee, that after the way which they call heresy, so worship I the God of my fathers, believing all things which are written in the law and in the prophets:
14သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။
15And have hope toward God, which they themselves also allow, that there shall be a resurrection of the dead, both of the just and unjust.
15ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သော သူရှိသမျှတို့သည် သေခြင်းမှ ထမြောက် ကြလိမ့်မည်ဟူ၍၊ သူ တို့မြော်လင့် သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရားသခင် ကို အမှီပြု ၍ မြော်လင့် ပါ၏။
16And herein do I exercise myself, to have always a conscience void of offence toward God, and toward men.
16ထိုကြောင့် ၊ ဘုရားသခင် ကိုပြစ်မှားပြီ၊ လူ တို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင် ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ်ပါ၏။
17Now after many years I came to bring alms to my nation, and offerings.
17နှစ် ပေါင်းများစွာ လွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲ ပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော် သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာ သည် တွင် ၊
18Whereupon certain Jews from Asia found me purified in the temple, neither with multitude, nor with tumult.
18ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။
19Who ought to have been here before thee, and object, if they had ought against me.
19ထိုသူ တို့သည် အကျွန်ုပ် အပြစ်တင် စရာရှိ လျှင် ၊ အထံ တော် သို့ကိုယ်တိုင်လာ ၍အပြစ်တင် အပ်ပါ၏။
20Or else let these same here say, if they have found any evil doing in me, while I stood before the council,
20သို့မဟုတ် အကျွန်ုပ် သည် လွှတ် အရာရှိတို့ ရှေ့ မှာ ရှိ သောအခါ၊ သေ သောသူတို့သည် ထမြောက် ခြင်း အကြောင်း နှင့်၊
21Except it be for this one voice, that I cried standing among them, Touching the resurrection of the dead I am called in question by you this day.
21အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။
22And when Felix heard these things, having more perfect knowledge of that way, he deferred them, and said, When Lysias the chief captain shall come down, I will know the uttermost of your matter.
22ဖေလဇ် မင်းကလည်း၊ စစ်သူကြီး လုသိ ရောက်လာ သောအခါ ၊ သင် တို့အမှုကို ငါစစ် ဦးမည်ဟု ထိုဘာသာ ကိုသာ၍ နားလည် သောသူဖြစ်လျက်၊ မစီရင် ဘဲ သူ တို့ကို လွှတ် လိုက်၏။
23And he commanded a centurion to keep Paul, and to let him have liberty, and that he should forbid none of his acquaintance to minister or come unto him.
23ပေါလု ကို အကျဉ်း မထားဘဲစောင့် ၍နေစေ။ သူ ၏အဆွေအမျိုးတို့သည် သူ့ ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူး ကိုမှာထား ၏။
24And after certain days, when Felix came with his wife Drusilla, which was a Jewess, he sent for Paul, and heard him concerning the faith in Christ.
24ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။
25And as he reasoned of righteousness, temperance, and judgment to come, Felix trembled, and answered, Go thy way for this time; when I have a convenient season, I will call for thee.
25ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။
26He hoped also that money should have been given him of Paul, that he might loose him: wherefore he sent for him the oftener, and communed with him.
26ပေါလု သည် မိမိ လွတ်ရအောင် ငွေ ပေး မည်ဟု ထို မင်းသည်ထင်မှတ် လျက် ၊ မကြာမကြာ ပေါလု ကို ခေါ် ၍ သူ နှင့်စကား ပြောလေ၏။
27But after two years Porcius Festus came into Felix’ room: and Felix, willing to shew the Jews a pleasure, left Paul bound.
27နှစ် နှစ်စေ့ သောအခါ ပေါကိ ဖေတ္တု သည် ဖေလဇ် မင်း၏အရာ ကို ရ သဖြင့်၊ ဖေလဇ် မင်းသည် ယုဒ လူတို့အား ကျေးဇူး ပြု လို သောစိတ်နှင့် ပေါလု ကို အကျဉ်း ထားရစ် စေ၏။

Tip: use the ← and → keys to turn chapters.