歴代誌 第二 29
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1ヒゼキヤは二十五歳で王となり、エルサレムで二十九年間治めた。母の名はアビヤといい、ゼカリヤの娘であった。
1ဟေဇကိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဇာခရိ သမီး အာဘိ အမည် ရှိ၏။
2彼は、その父ダビデが行ったすべてのことに従って、主の目に正しいことを行った。
2ထိုမင်း သည် အဘ ဒါဝိဒ် ကျင့် သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၏။
3彼はその治世の第一年の最初の月に、主の家の戸を開き、それを修理した。
3နန်းစံ ပဌမ နှစ် ၊ ပဌမ လ တွင် ဗိမာန် တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင် တော်မူ၏။
4彼は祭司たちとレビ人を連れて来て、彼らを東の広場に集め、
4ယဇ်ပုရောဟိတ် လေဝိ သားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်း မှာ စုဝေး စေလျက်၊
5彼らに言った。「レビ人たちよ、わたしの言うことを聞きなさい。今、自らを聖別し、あなたがたの父祖の神、主の家を聖別し、聖所から汚れを持ち出しなさい。
5အိုလေဝိ သားတို့၊ နားထောင် ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို၎င်း သန့်ရှင်း စေ၍၊ သန့်ရှင်း ရာဌာနထဲက အမှိုက် ကို သုတ်သင် ပယ်ရှင်းကြလော့။
6わたしたちの父祖たちは背信の罪を犯し、わたしたちの神、主の目に悪とされることを行い、主を捨て、主の住まいから顔を背け、背を向けたからである。
6ငါ တို့အဘ များသည် ပြစ်မှား ၍ ၊ ငါ တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ကြပြီ။ ထာဝရဘုရား ကိုစွန့် ၍ ၊ ကျိန်းဝပ် တော်မူရာအရပ်မှ မျက်နှာ လွှဲ လျက် ကျောခိုင်း ကြပြီတကား။
7また彼らは玄関の扉を閉じ、ともしびを消し、イスラエルの神に対して聖所で香をたくことも、全焼のささげ物をささげることもしなかった。
7ဗိမာန် တော်ဦးတံခါး တို့ကို ပိတ် လျက် ၊ မီးခွက် တို့ကိုသတ် လျက် ၊ သန့်ရှင်း ရာဌာန၌ ဣသရေလ အမျိုး၏ ဘုရားသခင် အား နံ့သာပေါင်း ကို မီး မ ရှို့။ မီးရှို့ ရာယဇ်ကို မ ပူဇော်ဘဲနေ ကြပြီ။
8それゆえ、主の御怒りがユダとエルサレムに臨み、あなたがたが自分の目で見ているように、主は彼らを恐怖と驚きと嘲りの的とされた。
8ထိုကြောင့် ထာဝရဘုရား သည် ယုဒ ပြည် ယေရုရှလင် မြို့ကို အမျက် တော်ထွက် ၍ ၊ သင် တို့မြင် သည် အတိုင်း ဆင်းရဲ ခံခြင်း၊ မိန်းမော တွေဝေခြင်း၊ ကဲရဲ့ သံကို ကြားခြင်း အမှု၌ အပ် တော်မူပြီ။
9見よ。このためにわたしたちの父祖たちは剣に倒れ、わたしたちの息子、娘、そして妻たちは捕囚となっている。
9သို့ဖြစ်၍ ၊ ငါ တို့အဘ များသည် ထား ဖြင့် လဲ သေကြပြီ။ သား သမီး ၊ မယား တို့သည် သိမ်းသွား ခြင်းကိုခံရကြပြီ။
10今、わたしはイスラエルの神、主と契約を結び、主の激しい怒りをわたしたちから遠ざけようと思う。
10ယခု မူကား၊ ပြင်းစွာ သောအမျက် တော်သည် ငါ တို့မှ လွှဲ သွားမည်အကြောင်း ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ မည်ဟု ငါ အကြံ ရှိ၏။
11わたしの子らよ。今、怠ってはならない。主があなたがたを選んで、主の御前に立って仕える者とし、主に仕える者となって香をたくようにされたからである。」
11ငါ့ သား တို့၊ မ ဖင့်နွှဲ ကြနှင့်။ ထာဝရဘုရား ရှေ့ တော်၌ ရပ် ၍ ဝတ်ပြုခြင်း၊ အမှု တော်ကို စောင့်ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ခြင်းအမှု ကို ပြုစေခြင်းငှါ ၊ သင် တို့ကို ရွေး ထားတော်မူပြီဟု မိန့်တော်မူလျှင်၊
12そこでレビ人たちが立ち上がった。ケハテ人の子らのうちからは、アマサイの子マハテ、アザルヤの子ヨエル。メラリの子らのうちからは、アブディの子キシュ、エハレルエルの子アザルヤ。ゲルション人のうちからは、ジムマの子ヨア、ヨアの子エデン。
12လေဝိ အမျိုး၊ ကောဟတ် အနွှယ် ၊ အာမသဲ သား မာဟတ် ၊ အာဇရိ သား ယောလ ၊ မေရာရိ အနွယ် အာဗဒိ သား ကိရှ ၊ ယေဟလေလ သား အာဇရိ ၊ ဂေရရှုံ အနွယ် ဇိမ္မ သား ယောအာ ၊ ယောအာ သား ဧဒင်၊
13エリツァファンの子らのうちからは、シムリとエウエル。アサフの子らのうちからは、ゼカリヤとマタヌヤ。
13ဧလိဇဖန် အမျိုးသား ရှိမရိ နှင့် ယေယေလ ၊ အာသပ် အမျိုးသား ဇာခရိ နှင့် မတ္တနိ၊
14ヘマンの子らのうちからは、エヒエルとシムイ。エドトンの子らのうちからは、シェマヤとウジエル。
14ဟေမန် အမျိုးသား ယေဟေလ နှင့် ရှိမိ ၊ ယေဒုသုန် အမျိုးသား ရှေမာယ နှင့် ဩဇေလ တို့သည်၊
15彼らは自分たちの兄弟を集め、自らを聖別し、主の言葉に基づく王の命令に従って、主の家をきよめるために入った。
15အမျိုးသား ချင်းတို့ကို ခေါ် ၍ ၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ ၊ ထာဝရဘုရား အမိန့် တော်နှင့်အညီ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ လာ ကြ၏။
16祭司たちは主の家をきよめるためにその内側に入り、主の神殿で見つけたすべての汚れを主の家の庭に持ち出した。レビ人はそれを受け取り、外のキデロンの谷川へ運び出した。
16ယဇ် ပုရောဟိတ်တို့သည် ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ ၊ အတွင်း ခန်းထဲသို့ ဝင် ၍ ၊ တွေ့ သမျှ သော အမှိုက် ကို တန်တိုင်း သို့ ထုတ် ပြီးလျှင် ၊ လေဝိ သားတို့သည် ကေဒြုန် ချောင်း သို့ ယူ သွားကြ၏။
17彼らは第一の月の一日に聖別し始め、その月の第八の日に主の玄関に達した。彼らは八日間で主の家を聖別し、最初の月の第十六の日に終えた。
17ပဌမ လ တရက် နေ့တွင် သန့်ရှင်း စ ပြု၍ ၊ ရှစ် ရက် နေ့တွင် ဗိမာန် တော်ဦးသို့ ရောက် ကြ၏။ ထိုနောက် ရှစ် ရက် ပတ်လုံး၊ ဗိမာန် တော်ကို သန့်ရှင်း စေ၍ ပဌမ လ တဆယ် ခြောက် ရက် နေ့တွင် လက်စသတ် ကြ၏။
18それから彼らは宮殿の中にいるヒゼキヤ王のところに行って、言った。「わたしたちは主の家全体、全焼のささげ物の祭壇とそのすべての器、備えのパンの机とそのすべての器をきよめました。
18ထိုအခါ ဟေဇကိ မင်းကြီး ထံသို့ ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန် တော်တ ဆောင်လုံး၊ မီးရှို့ ရာယဇ်ပလ္လင် နှင့် တန်ဆာ ရှိသမျှ ၊ ရှေ့ တော်မုန့်တင်သော စားပွဲ နှင့် တန်ဆာ ရှိသမျှ တို့ကို သန့်ရှင်း စေပါပြီ။
19さらに、アハズ王がその治世において背信の罪を犯したときに捨てたすべての器を、わたしたちは整えて聖別しました。見よ、それらは主の祭壇の前にあります。」
19ထိုမှတပါး ၊ အာခတ် မင်းကြီး လက်ထက် အဓမ္မ ပြု၍ ပစ် ထားသော တန်ဆာ ရှိသမျှ တို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်း စေသဖြင့်၊ ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်ရှေ့ မှာ တင်ထားပါပြီဟု လျှောက်ဆို ကြ ၏။
20そこでヒゼキヤ王は朝早く起き、町の君たちを集めて主の家に上って行った。
20ထိုအခါ ဟေဇကိ မင်းကြီး သည် စောစော ထ၍ ၊ မြို့ သူကြီး တို့ကို စုဝေး စေပြီးလျှင် ၊ ဗိမာန် တော်သို့ တက် သွား၏။
21彼らは王国のため、聖所のため、そしてユダのために、罪のささげ物として、雄牛七頭、雄羊七頭、子羊七匹、雄ヤギ七頭を引いて来た。王はアロンの子らである祭司たちに命じて、主の祭壇でそれらをささげさせた。
21နန်းတော် အပြစ် ၊ သန့်ရှင်း ရာဌာနတော်အပြစ်၊ ယုဒ ပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွား ခုနစ် ကောင်၊ သိုး ခုနစ် ကောင်၊ သိုးသငယ် ခုနစ် ကောင်၊ ဆိတ် ခုနစ် ကောင်တို့ကို ဆောင် ခဲ့ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် စေခြင်းငှါ မိန့် တော်မူသည်အတိုင်း၊
22そこで彼らは雄牛をほふり、祭司たちはその血を受け取って祭壇に振りかけた。彼らは雄羊をほふり、その血を祭壇に振りかけた。また、彼らは子羊をほふり、その血を祭壇に振りかけた。
22နွား တို့ကိုသတ် ၍ ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုခံ လျက် ၊ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုး တို့ကိုလည်း သတ် ၍ ၊ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။ သိုးသငယ် တို့ကိုလည်း သတ် ၍ အသွေး ကို ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ကြ၏။
23彼らは罪のささげ物とする雄ヤギを王と会衆の前に引いて行き、それらの上に手を置いた。
23အပြစ် ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ် တို့ကိုလည်း ရှင်ဘုရင် ရှေ့ ၊ ပရိသတ် ရှေ့သို့ထုတ် ၍ ၊ မိမိ တို့ လက် ကိုတင် ပြီးမှ၊
24祭司たちはそれらをほふり、全イスラエルのために贖いをするために、その血をもって祭壇で罪のささげ物をした。王が、全焼のささげ物と罪のささげ物は全イスラエルのためにささげられるべきだと命じたからである。
24ယဇ် ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့၏ အပြစ် ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင် ပေါ် မှာ အသွေး အားဖြင့်အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင် အမိန့် တော်ရှိပြီ။
25王は、ダビデ、王の先見者ガド、および預言者ナタンの命令に従って、主の家にレビ人を配置し、シンバル、竪琴、琴を持たせた。その命令は預言者たちを通して主から出たものだったからである。
25ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
26レビ人はダビデの楽器を持ち、祭司たちはラッパを持って立った。
26သို့ဖြစ်၍ လေဝိ သားတို့သည် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို၎င်း ၊ ယဇ် ပုရောဟိတ်တို့သည် တံပိုး များကို၎င်း ကိုင်လျက် ရှိ ကြ၏။
27ヒゼキヤは祭壇で全焼のささげ物をささげるように命じた。全焼のささげ物が始まると、主への歌も始まり、ラッパとともに、イスラエルの王ダビデの楽器が奏でられた。
27ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
28全会衆は礼拝し、歌う者たちは歌い、ラッパを吹き鳴らす者たちはラッパを吹いた。このすべては全焼のささげ物が終わるまで続いた。
28မီးရှို့ ရာယဇ်ပူဇော်ခြင်းအမှု လက်စ မ သတ်မှီ တိုင်အောင် ပရိသတ် အပေါင်း တို့သည် ကိုးကွယ် လျက် ၊ သီချင်း ဆို လျက် ၊ တံပိုး မှုတ် လျက် နေကြ၏။
29ささげ物が終わると、王と、彼とともにいたすべての者たちはひざまずいて礼拝した。
29လက်စသတ် ပြီးမှ ၊ ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့သည် ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
30さらにヒゼキヤ王と君たちは、ダビデと先見者アサフの言葉をもって主を賛美するようにレビ人に命じた。彼らは喜びをもって賛美し、頭を垂れて礼拝した。
30တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ၊ ပရောဖက် အာသပ် စကားအားဖြင့် ၊ ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
31その後、ヒゼキヤは言った。「今、あなたがたは主に身を献げた。近づいて、いけにえと感謝のささげ物を主の家に持って来なさい。」会衆はいけにえと感謝のささげ物を持って来た。また、心から進んでささげる者は皆、全焼のささげ物を持って来た。
31ထိုနောက် ဟေဇကိ က၊ သင် တို့သည် ယခု ထာဝရဘုရား အား ကိုယ်ကို ပူဇော်ကြပြီ။ ဗိမာန် တော်သို့ ချဉ်းကပ် ၍ ၊ ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြလော့ဟု ပြန် ၍ မိန့် တော်မူသည် အတိုင်း၊ စည်းဝေး သောသူတို့သည် ယဇ် မျိုးများနှင့် ကျေးဇူး တော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင် ခဲ့ကြ ၏။ စေတနာရှိသမျှသောသူတို့ သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
32会衆が持って来た全焼のささげ物の数は、雄牛七十頭、雄羊百頭、子羊二百匹であった。これらはすべて主への全焼のささげ物であった。
32စည်းဝေး သောသူတို့သည် ထာဝရဘုရား အား မီးရှို့ ရာ ယဇ်ပူဇော်စရာဘို့ ဆောင် ခဲ့သော ယဇ် ပေါင်း ကား၊ နွား ခုနစ် ဆယ်၊ သိုး တရာ ၊ သိုးသငယ် နှစ် ရာတည်း။
33聖別されたものは、雄牛六百頭と羊三千匹であった。
33ပူဇော်သောဥစ္စာပေါင်းကား၊ နွား ခြောက် ရာ ၊ သိုး သုံး ထောင် တည်း၊
34しかし、祭司の数が少なすぎて、すべての全焼のささげ物の皮を剥ぐことができなかった。そのため、彼らの兄弟であるレビ人が、その働きが終わるまで、また祭司たちが自らを聖別するまで彼らを助けた。自らを聖別することにおいて、レビ人のほうが祭司たちよりも、心を整えて身を聖別していたからである。
34ယဇ် ပုရောဟိတ်တို့သည် နည်း သောကြောင့် ၊ မီးရှို့ ရာယဇ်ကောင်ရှိသမျှ ကို မ သတ် နိုင် သည်ဖြစ်၍ ၊ အခြားသော ယဇ် ပုရောဟိတ်တို့သည် ကိုယ်ကိုမ သန့်ရှင်း စေမှီ၊ အမှု တော်လက်စ မ သတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိ သားတို့သည် ထောက်မ ကြ၏။ ကိုယ်ကိုသန့်ရှင်း စေခြင်းငှါ ၊ ယဇ် ပုရောဟိတ်များထက် လေဝိ သားတို့သည် သာ၍စိတ် သဘောဖြောင့် ကြ၏။
35また、全焼のささげ物は、和解のいけにえの脂肪や、全焼のささげ物ごとの注ぎのささげ物とともに豊富にあった。このようにして、主の家の奉仕が整えられた。
35မီးရှို့ ရာယဇ်များ တို့နှင့် ၊ မီးရှို့ ရာယဇ်အသီးသီးဆိုင် သောမိဿဟာယ ယဇ်ဆီဥ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာအများရှိကြ၏။ ထိုသို့ ဗိမာန် တော်ဝတ်ပြု ခြင်းကို စီရင် သတည်း။
36ヒゼキヤとすべての民は、神が民のために備えてくださったことを喜んだ。このことが短期間に成し遂げられたからである。
36ထိုအမှု လျင်မြန် သော်လည်း ၊ ဘုရားသခင် သည် လူ များကို ပြင်ဆင် တော်မူသောကြောင့် ၊ ဟေဇကိ နှင့် လူ အပေါင်း တို့သည် ဝမ်းမြောက် အားရကြ၏။
Tip: use the ← and → keys to turn chapters.