歴代誌上 22
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1そこでダビデは言った。「こここそ主なる神の家となる場所であり、ここがイスラエルのための全焼のいけにえの祭壇となる。」
1သို့ဖြစ်၍ ၊ ဒါဝိဒ် က ဤ အရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏အိမ် တော်ဖြစ်၏။ ဤ ယဇ် ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ် ပလ္လင်ဖြစ်၏ဟုဆို လျက်၊
2ダビデはイスラエルの地に住む寄留者たちを集めるよう命じ、神の家を建てるために切り石を整える石工を任命した。
2ဣသရေလ ပြည် ၌ ရှိသော တပါး အမျိုးသားတို့ကို စုဝေး စေခြင်းငှါ မိန့် တော်မူ၏။ ဘုရားသခင် ၏အိမ် တော် တည် စရာဘို့ ကျောက်ဆစ် ရသောပန်းရန်သမား တို့ကိုလည်း စေခိုင်း တော်မူ၏။
3また、門の扉の釘や継ぎ金具に用いる鉄を大量に準備し、量りきれないほどの青銅も備えた。
3တံခါး လုပ်စရာ သံချွန် အဘို့ နှင့် သစ်သား ဆက်စရာအဘို့ များစွာ သောသံ ကို၎င်း ၊ အချိန် မ မှတ်နိုင်အောင် များစွာ သော ကြေးဝါ ကို၎င်း၊
4香柏の材木も数えきれないほど用意した。シドン人とツロ人が大量の香柏をダビデのもとに運んで来たからである。
4များစွာ သော အာရဇ် သစ်သား ကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန် မြို့သားနှင့် တုရု မြို့သားတို့သည်၊ အာရဇ် သစ်သား အများကို အထံ တော်သို့ ဆောင် ခဲ့ကြ၏။
5ダビデは言った。「わが子ソロモンはまだ若く、経験も浅い。主のために建てる家は、あらゆる国で名声と栄光を得るほど壮麗なものでなければならない。だから私がその準備をしておこう。」こうしてダビデは、死ぬ前に多くのものを準備した。
5ဒါဝိဒ် ကလည်း ၊ ငါ့ သား ရှောလမုန် သည် အသက် ငယ်၍ နု သေး၏။ ထာဝရဘုရား အဘို့ တည် ရသောအိမ် မူကား အလွန် ထူးဆန်း သောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်း အသရေကျော်စောသော အိမ်ဖြစ်ရမည်။ ယခု ပင်အိမ် တော်အဘို့ ငါပြင်ဆင် မည်ဟု အကြံရှိ လျက် အနိစ္စ မ ရောက်မှီများစွာ ပြင်ဆင် တော်မူ၏။
6それから息子ソロモンを呼び、イスラエルの神、主のために家を建てるよう命じた。
6သား တော်ရှောလမုန် ကိုလည်း ခေါ် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အဘို့ အိမ် တော်ကို တည်ဆောက် ရမည်အကြောင်း မှာထား လေ သည်မှာ၊
7ダビデは息子ソロモンに言った。「私は、わが神、主の御名のために家を建てたいと心に願っていた。
7ငါ့ သား ၊ ငါ ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ ပြီ။
8しかし主の言葉が私に臨んだ。『あなたは多くの血を流し、大きな戦いを重ねてきた。わたしの目の前で地上に多くの血を流したので、わたしの名のために家を建ててはならない。
8သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ သို့ ရောက် သည်ကား၊ သင်သည် များစွာ စစ် တိုက် ၍ လူအများ တို့ကိုသတ် လေပြီ။ မြေကြီး ပေါ် မှာ ငါ့ မျက်မှောက် ၌ များစွာ သောအသွေး ကို သွန်း သောကြောင့် ၊ ငါ့ နာမ အဘို့ အိမ် ကို မ တည် မဆောက်ရ။
9見よ、あなたに一人の子が生まれる。彼は平安の人となる。わたしは彼を周囲のすべての敵から守り、安息を与える。彼の名はソロモンとなり、彼の時代にイスラエルへ平和と平穏を与える。
9သင် မြင် သော သား တယောက်သည် ငြိမ်ဝပ် သောသူဖြစ် လိမ့်မည်။ သူ ၏အမည် ကား ရှောလမုန် ဖြစ် ၍၊ သူ့ ပတ်လည် ၌ ရန်သူ မရှိ၊ ငြိမ်ဝပ် သောအခွင့်ကို၎င်း၊ သူ ၏ လက်ထက် ၌ ဣသရေလ အမျိုးသည် စစ်တိုက် ခြင်းမရှိ၊ ငြိမ်ဝပ် စွာနေရသော အခွင့်ကို၎င်း၊ ငါပေး မည်။
10彼がわたしの名のために家を建てる。彼はわたしの子となり、わたしは彼の父となる。わたしは彼の王国の王座をイスラエルの上にとこしえに堅く立てる。』
10ထိုသားသည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရလိမ့်မည်။ သူ သည် ငါ့ သား ဖြစ် လိမ့်မည်။ ငါ သည်လည်း သူ၏အဘ ဖြစ်မည်။ သူထိုင်သော ဣသရေလ နိုင်ငံ ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်ဟု မိန့် တော်မူပြီ။
11わが子よ、どうか主があなたとともにおられますように。主があなたについて語られたとおり、あなたが栄え、あなたの神、主の家を建てることができるように。
11သို့ဖြစ်၍ငါ့ သား ၊ ထာဝရဘုရား သည် သင့် ဘက် ၌ နေ ၍ အကြံ ထမြောက်စေတော်မူသဖြင့်၊ အမိန့် တော် ရှိသည်အတိုင်း သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို တည်ဆောက် ရလိမ့်မည်။
12ただ、主があなたに思慮と理解を与え、イスラエルを治めさせてくださるように。そうして、あなたの神、主の律法を守ることができるように。
12သို့ရာတွင်သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ တရား တော်ကို စောင့်ရှောက် မည် အကြောင်း ၊ ထာဝရဘုရားသည် ဉာဏ် ပညာကို ပေး၍၊ ဣသရေလ အမျိုးကို စီရင်ခြင်းအမှု၌ မှာထား တော်မူပါစေသော။
13主がイスラエルについてモーセに命じられた掟と定めを注意深く行うなら、あなたは栄える。強く、雄々しくあれ。恐れてはならない。おじけてはならない。
13ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။
14見よ、私は苦労を重ねながら、主の家のために金十万タラント、銀百万タラントを準備した。青銅と鉄はあまりにも多く、量ることができない。材木と石も用意したが、あなたはさらに加えることができる。
14ငါ သည်ဆင်းရဲ ခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ် တော်အဘို့ ရွှေ အခွက် တထောင် နှင့် ငွေ အခွက် တသောင်း ကို၎င်း၊ အချိန် မ မှတ်နိုင်အောင်များစွာ သော ကြေးဝါ နှင့် သံ ကို၎င်း၊ သစ်သား များနှင့် ကျောက် များကို၎င်း ပြင်ဆင် ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
15あなたのもとには多くの職人がいる。石を切る者、石工、木工、あらゆる仕事に熟練した者たちである。
15ထိုမှတပါး သင် ၌ များစွာ သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုး သော အတတ် ၌ လေ့ကျက် သော ဆရာသမားရှိကြ၏။
16金、銀、青銅、鉄は数えきれない。さあ、立って仕事に取りかかれ。主があなたとともにおられるように。」
16ရွှေ ငွေ ကြေးဝါ သံ အတိုင်းမသိ များသည် ဖြစ်၍ထ လော့။ ကြိုးစား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု မှာထားတော်မူ၏။
17ダビデはまた、イスラエルのすべての指導者に、息子ソロモンを助けるよう命じて言った。
17ဣသရေလ မင်း အပေါင်း တို့သည် သား တော်နှင့် ဝိုင်း ရမည်အကြောင်း မှာထား လေသည်မှာ၊
18「あなたがたの神、主はあなたがたとともにおられるではないか。主は四方に安息を与えてくださったではないか。主はこの地の住民を私の手に渡され、この地は主とその民の前に服している。
18သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်မ ဟုတ်လော။ အရပ်ရပ် ၌ ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူသည်မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့ လက် ၌ အပ် တော်မူသဖြင့် ၊ ထာဝရဘုရား ၏ရှေ့ ၊ ထိုဘုရားသခင် ၏ လူ တို့ရှေ့ မှာ တပြည်လုံး သည် နှိမ့်ချ လျက်ရှိ၏။
19今、心と思いを尽くして、あなたがたの神、主を求めよ。立って主なる神の聖所を建て、主の契約の箱と神の聖なる器を、主の御名のために建てる家へ運び入れよ。」
19သို့ဖြစ်၍သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ကိုယ် စိတ် နှလုံး ကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား ၏နာမ တော်အဘို့ ၊ တည် ရသောအိမ် တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတန်ဆာ တို့ကို သွင်း ခြင်းငှါ ထ ကြလော့။ ထာဝရ အရှင်ဘုရားသခင် ၏ သန့်ရှင်း ရာဌာန တော်ကို တည်ဆောက် ကြလော့ဟု မှာထားတော်မူ၏။
Tip: use the ← and → keys to turn chapters.