Numeri
Chapter 25
Diodati Bibbia 1885
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Numeri 25

Diodati Bibbia 1885
Judson Burmese Bible (1840)
1OR Israele, stanziato in Sittim, cominciò a fornicar con le figliuole di Moab.
1ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ် အရပ်၌ နေ သောအခါ ၊ အချို့တို့သည် မောဘ မိန်းမ တို့နှင့် မတရား သောမေထုန် ကိုပြုကြ၏။
2Ed esse invitarono il popolo a' sacrificii de' loro iddii, e il popolo ne mangiò, e adorò gl'iddii d'esse.
2ထိုမိန်းမတို့သည် မိမိ တို့ ဘုရား ရှေ့မှာ ယဇ်ပူဇော် ရာပွဲသို့ ဣသရေလလူ တို့ကို ခေါ် သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချ ကြ၏။
3E Israele si congiunse con Baal-peor; laonde l'ira del Signore si accese contro a Israele.
3ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောကြောင့် ၊ ထာဝရဘုရား သည် အမျက် ထွက် တော်မူ၏။
4E il Signore disse a Mosè: Prendi tutti i Capi del popolo, e appiccali al Signore, davanti al sole; e l'ira accesa del Signore si rivolgerà d'Israele.
4ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။
5Mosè disse ancora a' Giudici d'Israele: Uccida ciascun di voi quelli de' suoi, che si son congiunti con Baal-peor.
5မောရှေ သည် ဣသရလ မင်း တို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောသူတို့ ကို သင်တို့အသီးသီး ဆိုင်သည်အတိုင်း ကွပ်မျက် ကြလော့ဟု မှာထား လေ၏။
6Or in quel mezzo tempo un uomo d'Israele venne, e menò a' suoi fratelli una donna Madianita, davanti agli occhi di Mosè, e davanti agli occhi di tutta la raunanza de' figliuoli d'Israele, i quali piangevano all'entrata del Tabernacolo della convenenza.
6ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေ ရှေ့၌ ၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ငိုကြွေး သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့၌ ၎င်း၊ မိဒျန် မိန်းမကိုလည်း၊ မိမိ ညီအစ်ကို တို့ ထံသို့ ဆောင် ခဲ့လေ၏။
7E Finees, figliuolo d'Eleazaro, figliuolo del Sacerdote Aaronne, avendo ciò veduto, si levò d'infra la raunanza, e prese in mano una lancia.
7ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏သား ဖိနဟတ် သည် မြင် လျှင် ၊ ပရိသတ် ထဲမှာ ထ ၍ လှံ ကိုကိုင် လျက်၊
8Ed entrò dietro a quell'uomo Israelita, dentro al lupanare, e li trafisse amendue, l'uomo Israelita, e la donna, per lo ventre d'essa. E la piaga fu arrestata d'in su i figliuoli d'Israele.
8ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။
9E i morti di quella piaga furono ventiquattromila.
9ထိုဘေး ဖြင့် သေ သောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိ သတည်း။
10E il Signore parlò ancora a Mosè, dicendo:
10ထာဝရဘုရား ကလည်း ၊ ငါသည် အမျက် ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မ ဖျက်ဆီး မည်အကြောင်း ၊
11Finees, figliuolo d'Eleazaro, figliuolo del Sacerdote Aaronne, ha acquetata l'ira mia d'in su i figliuoli d'Israele; perchè è stato mosso del mio zelo nel mezzo di loro; laonde io non ho consumati i figliuoli d'Israele nella mia gelosia.
11ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏ သား ၊ ဖိနဟတ် သည် သူ တို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
12Perciò di gli ch'io gli do il mio patto di pace.
12သို့ဖြစ်၍ သင်ပြော ရသည်ကား၊ ငါ ၏ချမ်းသာ ပဋိညာဉ် ကို သူ့ အား ငါ ပေး ၏။
13E il patto del Sacerdozio perpetuo sarà suo, e della sua progenie dopo lui; perciocchè egli è stato mosso di zelo per l'Iddio suo, e ha fatto purgamento per li figliuoli d'Israele.
13သူသည် မိမိဘုရားသခင် ဘက်၌ စိတ်အားကြီး ၍ ဣသရေလ အမျိုးသား တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသောကြောင့် ၊ သူ မှစ၍ သားစဉ်မြေးဆက် တို့သည် ထိုပဋိညာဉ်တည်းဟူသောထာဝရ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ် ကို ရပြီဟု မောရှေ အား မိန့် တော်မူ၏။
14Or il nome dell'uomo Israelita ucciso, il quale era stato ucciso con la donna Madianita, era Zimri, figliuolo di Salu, Capo d'una famiglia paterna de' Simeoniti.
14မိဒျန် မိန်းမနှင့် အသေ သတ်ခြင်းကိုခံရသောဣသရေလ လူ ၏ အမည် ကား၊ ရှိမောင် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး သာလု ၏သား ဇိမရိ ဖြစ်သတည်း။
15E il nome della donna Madianita uccisa era Cozbi, figliuola di Sur, Capo di nazioni, e di famiglia paterna in Madian.
15အသေ သတ်ခြင်းကိုခံရသောမိဒျန် မိန်းမ အမည် ကား၊ မိဒျန် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး ဇုရ ၏ သမီး ကောဇဘိ ဖြစ် သတည်း။
16Poi il Signore parlò a Mosè, dicendo:
16ထာဝရဘုရား ကလည်း ၊ မိဒျန် အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံ ကြလော့။
17Fate guerra a' Madianiti, e percoteteli;
17အကြောင်းမူကား ၊ သူတို့သည် ပေဂုရ ဘုရား အမှု ၌ ၎င်း၊ ပေဂုရ ဘုရားကြောင့် ဘေး ရောက်သောနေ့ ၌ အသေ သတ်ခြင်းကို ခံရသောသူ တို့ နှမ မိဒျန် မင်း သမီး ကောဇဘိ အမှု ၌ ၎င်း၊
18conciossiachè essi abbiano fatta guerra a voi, co' loro inganni, che v'hanno fatti nel fatto di Peor, e nel fatto di Cozbi, figliuola d'un de' Capi di Madian, lor sorella, ch'è stata uccisa al giorno della piaga avvenuta per cagione di Peor.
18သင် တို့ကို ပရိယာယ် များ အားဖြင့် လှည့်စား နှောင့်ရှက် ကြပြီဟု မောရှေ အား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.