זְכַרְיָה 7
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי בשנת ארבע לדריוש המלך היה דבר יהוה אל זכריה בארבעה לחדש התשעי בכסלו׃
1ဒါရိ မင်းကြီး နန်းစံလေး နှစ် ၊ ခိသလု မည် သော နဝမ လ လေး ရက်နေ့တွင် ၊
2וישלח בית אל שר אצר ורגם מלך ואנשיו לחלות את פני יהוה׃
2ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊
3לאמר אל הכהנים אשר לבית יהוה צבאות ואל הנביאים לאמר האבכה בחדש החמשי הנזר כאשר עשיתי זה כמה שנים׃
3နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင် ငိုကြွေး ၍ ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
4ויהי דבר יהוה צבאות אלי לאמר׃
4ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍ ၊
5אמר אל כל עם הארץ ואל הכהנים לאמר כי צמתם וספוד בחמישי ובשביעי וזה שבעים שנה הצום צמתני אני׃
5ယဇ်ပုရောဟိတ် တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့အား သင်ဆင့်ဆို ရမည်မှာ၊ အနှစ် ခုနစ် ဆယ် ပတ်လုံးသင်တို့သည် ပဉ္စမ လနှင့် သတ္တမ လတွင် အစာရှောင် ၍ ငိုကြွေး မြည်တမ်းသောအခါ ၊ အကယ် စင်စစ်ငါ့ အလိုရှိသည်အတိုင်း ငါ့ အားအစာ ရှောင်ကြသလော ။
6וכי תאכלו וכי תשתו הלוא אתם האכלים ואתם השתים׃
6စား သောက် သောအခါ ၌လည်း ကိုယ် အလို အလျောက်စား သောက် ကြသည်မ ဟုတ်လော ။
7הלוא את הדברים אשר קרא יהוה ביד הנביאים הראשנים בהיות ירושלם ישבת ושלוה ועריה סביבתיה והנגב והשפלה ישב׃
7ယေရုရှလင် မြို့မပျက်၊ စည်ပင်၍ ပတ်လည် ၌ ရှိသောမြို့ ရွာ၊ တောင် မျက်နှာအရပ်နှင့် မြေညီ သော အရပ်၌ လူများသေးသောအခါ၊ ရှေး ပရောဖက် တို့ဖြင့် ထာဝရဘုရား ကြွေးကြော် တော်မူသော အမိန့် တော် ပြည့်စုံ ပြီမ ဟုတ်လော ဟု မိန့်တော်မူ၏။
8ויהי דבר יהוה אל זכריה לאמר׃
8ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ဇာခရိ သို့ ရောက် လာသည်ကား၊
9כה אמר יהוה צבאות לאמר משפט אמת שפטו וחסד ורחמים עשו איש את אחיו׃
9တရား အမှုကို တရား သဖြင့် စီရင် ကြလော့။ သနားခြင်းကရုဏာ စိတ်နှင့် တယောက် ကို တယောက်ကျေးဇူး ပြု ကြလော့။
10ואלמנה ויתום גר ועני אל תעשקו ורעת איש אחיו אל תחשבו בלבבכם׃
10မိဘ မရှိသောသူ၊ မုတ်ဆိုးမ ၊ တကျွန်း တနိုင်ငံသား၊ ဆင်းရဲသား ကို မ ညှဉ်းဆဲ ကြနှင့်။ တယောက် ကို တယောက်မ ကောင်းသောအကြံကို မ ကြံ ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသော်လည်း ၊
11וימאנו להקשיב ויתנו כתף סררת ואזניהם הכבידו משמוע׃
11သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။
12ולבם שמו שמיר משמוע את התורה ואת הדברים אשר שלח יהוה צבאות ברוחו ביד הנביאים הראשנים ויהי קצף גדול מאת יהוה צבאות׃
12တရား စကားကို၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှေး ပရောဖက် တို့ဖြင့် ထား တော်မူသောစကား ကို၎င်းသူတို့သည် မကြား စေ ခြင်းငှါ၊ မိမိ တို့နှလုံး ကို စိန် ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလွန် အမျက် ထွက်တော်မူ၏။
13ויהי כאשר קרא ולא שמעו כן יקראו ולא אשמע אמר יהוה צבאות׃
13ငါဟစ်ခေါ် ၍ သူတို့သည် နား မ ထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နား မ ထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
14ואסערם על כל הגוים אשר לא ידעום והארץ נשמה אחריהם מעבר ומשב וישימו ארץ חמדה לשמה׃
14သူတို့မ သိ သော လူမျိုး အပေါင်း တို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့် ၊ သူ တို့ ပြည် သည် လူ ဆိတ်ညံ လျက် ရှိ၍ အဘယ်သူမျှမသွား မလာ ။ သာယာ သော ပြည် သည် သုတ်သင် ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.