בְּמִדְבַּר 23
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויאמר בלעם אל בלק בנה לי בזה שבעה מזבחת והכן לי בזה שבעה פרים ושבעה אילים׃
1ထိုအခါ ဗာလမ် က၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်း အား ဆို သည်အတိုင်း ၊
2ויעש בלק כאשר דבר בלעם ויעל בלק ובלעם פר ואיל במזבח׃
2ဗာလက် မင်းသည် ပြု ပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင် တခုတခုအပေါ် မှာနွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် ကြ၏။
3ויאמר בלעם לבלק התיצב על עלתך ואלכה אולי יקרה יהוה לקראתי ודבר מה יראני והגדתי לך וילך שפי׃
3ဗာလမ် ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာရပ် လော့။ ငါသည် အခြားတပါးသို့ သွား ပါမည်။ ထာဝရဘုရား သည် ငါ့ ကို ကြိုဆို ခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့ အား ပြ တော်မူသမျှကို မင်းကြီးအား ငါကြားပြော ပါမည်ဟု ဗာလက် မင်းအား ဆို ပြီးမှ ကုန်း တခုပေါ်သို့ တက် သွား၏။
4ויקר אלהים אל בלעם ויאמר אליו את שבעת המזבחת ערכתי ואעל פר ואיל במזבח׃
4ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
5וישם יהוה דבר בפי בלעם ויאמר שוב אל בלק וכה תדבר׃
5ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
6וישב אליו והנה נצב על עלתו הוא וכל שרי מואב׃
6ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် အပေါင်း တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ်နား မှာ ရပ် နေ၏။
7וישא משלו ויאמר מן ארם ינחני בלק מלך מואב מהררי קדם לכה ארה לי יעקב ולכה זעמה ישראל׃
7ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
8מה אקב לא קבה אל ומה אזעם לא זעם יהוה׃
8ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
9כי מראש צרים אראנו ומגבעות אשורנו הן עם לבדד ישכן ובגוים לא יתחשב׃
9ကျောက် ပေါ် က သူ့ ကို ငါမြင် ၏။ တောင် ပေါ်က သူ့ ကို ငါကြည့်ရှု ၏။ ထိုလူမျိုး သည် တမျိုးတည်း နေ၍ အခြား တပါးသော လူမျိုးတို့နှင့် မ ရောနှော ရ။
10מי מנה עפר יעקב ומספר את רבע ישראל תמת נפשי מות ישרים ותהי אחריתי כמהו׃
10ယာကုပ် အမျိုးမြေမှုန့် ကို အဘယ်သူ ရေတွက် နိုင်သနည်း။ ဣသရေလ အမျိုးလေးစုတစု ကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ် သောသူသေ သကဲ့သို့ငါ သေ ပါစေသော။ ငါ့ အဆုံး သည် သူ ၏အဆုံးကဲ့သို့ ဖြစ် ပါစေသောဟု မြွက်ဆို ၏။
11ויאמר בלק אל בלעם מה עשית לי לקב איבי לקחתיך והנה ברכת ברך׃
11ဗာလက် မင်းကလည်း ၊ သင်သည် ငါ၌ အဘယ်သို့ ပြု သနည်း။ ငါ ၏ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ် အား ဆို လျှင် ၊
12ויען ויאמר הלא את אשר ישים יהוה בפי אתו אשמר לדבר׃
12ဗာလမ်က၊ ထာဝရဘုရား သည် ငါ့ နှုတ် ၌ ထား တော်မူသောစကားကို ပြော ရအောင် ငါသတိမ ပြုရ သလော ဟုပြန် ဆို၏။
13ויאמר אליו בלק לך נא אתי אל מקום אחר אשר תראנו משם אפס קצהו תראה וכלו לא תראה וקבנו לי משם׃
13ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
14ויקחהו שדה צפים אל ראש הפסגה ויבן שבעה מזבחת ויעל פר ואיל במזבח׃
14ပိသဂါ တောင်ပေါ် ၊ ဇောဖိမ် လယ်ပြင် သို့ ဆောင် သွား၍ ယဇ်ပလ္လင် ခုနစ် ခုကို တည်ပြီးမှ၊ ပလ္လင် တခု တခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
15ויאמר אל בלק התיצב כה על עלתך ואנכי אקרה כה׃
15ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာ ရပ် လော့။ ငါ သည် ထာဝရဘုရားကို ခရီးဦးကြိုပြု ခြင်းငှါအခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏။
16ויקר יהוה אל בלעם וישם דבר בפיו ויאמר שוב אל בלק וכה תדבר׃
16ထာဝရဘုရား သည် ဗာလမ် ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကား ကိုထား လျက်၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
17ויבא אליו והנו נצב על עלתו ושרי מואב אתו ויאמר לו בלק מה דבר יהוה׃
17ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ် နား မှာ ရပ် နေလျက်၊ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟုမေး လေ၏။
18וישא משלו ויאמר קום בלק ושמע האזינה עדי בנו צפר׃
18ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
19לא איש אל ויכזב ובן אדם ויתנחם ההוא אמר ולא יעשה ודבר ולא יקימנה׃
19ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
20הנה ברך לקחתי וברך ולא אשיבנה׃
20ကောင်းကြီး ပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရ ပြီ။ ဘုရားသခင်ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမ ဖျက် နိုင်။
21לא הביט און ביעקב ולא ראה עמל בישראל יהוה אלהיו עמו ותרועת מלך בו׃
21ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
22אל מוציאם ממצרים כתועפת ראם לו׃
22ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။
23כי לא נחש ביעקב ולא קסם בישראל כעת יאמר ליעקב ולישראל מה פעל אל׃
23အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
24הן עם כלביא יקום וכארי יתנשא לא ישכב עד יאכל טרף ודם חללים ישתה׃
24ဤလူမျိုး သည်၊ ခြင်္သေ့ ကဲ့သို့ ထ လိမ့်မည်။ ခြင်္သေ့ပျို ကဲ့သို့ ထွက် လိမ့်မည်။ ဘမ်းမိ သော အကောင်ကို မ စား မှီ၊ သတ် အပ်သော တိရစ္ဆာန်အသွေး ကို မသောက် မှီ တိုင်အောင်ငြိမ်ဝပ် စွာမ နေဟု မြွက်ဆို၏။
25ויאמר בלק אל בלעם גם קב לא תקבנו גם ברך לא תברכנו׃
25ဗာလက် မင်းကလည်း ၊ သူ တို့ကို အလျှင်း မ ကျိန်ဆဲ ပါနှင့်။ ကောင်းကြီး ကိုလည်း အလျှင်း မ ပေးပါနှင့်ဟု ဗာလမ် အား ဆို လျှင် ၊
26ויען בלעם ויאמר אל בלק הלא דברתי אליך לאמר כל אשר ידבר יהוה אתו אעשה׃
26ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
27ויאמר בלק אל בלעם לכה נא אקחך אל מקום אחר אולי יישר בעיני האלהים וקבתו לי משם׃
27တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
28ויקח בלק את בלעם ראש הפעור הנשקף על פני הישימן׃
28ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
29ויאמר בלעם אל בלק בנה לי בזה שבעה מזבחת והכן לי בזה שבעה פרים ושבעה אילים׃
29ဗာလမ် ကလည်း ၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်းအား ဆို သည်အတိုင်း ၊
30ויעש בלק כאשר אמר בלעם ויעל פר ואיל במזבח׃
30ဗာလက် မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
Tip: use the ← and → keys to turn chapters.