נחמיה 13
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ביום ההוא נקרא בספר משה באזני העם ונמצא כתוב בו אשר לא יבוא עמני ומאבי בקהל האלהים עד עולם׃
1ထို နေ့ ရက်ကာလ၌ မောရှေ ၏ပညတ္တိကျမ်းစာ ကို လူ များရှေ့ မှာ ဘတ်ရွတ် သောအခါ၊ အမ္မုန် အမျိုးသားနှင့် မောဘ အမျိုးသားသည် ဘုရား သခင်၏ ပရိသတ် တော်ထဲ သို့ ဝင် ရသောအခွင့် အစဉ်မ ရှိဟု တွေ့ ကြ၏။
2כי לא קדמו את בני ישראל בלחם ובמים וישכר עליו את בלעם לקללו ויהפך אלהינו הקללה לברכה׃
2အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။
3ויהי כשמעם את התורה ויבדילו כל ערב מישראל׃
3ထိုတရား ကို ကြား သောအခါ ၊ အမျိုး မစစ်သောသူ ရှိသမျှ တို့ ကို ဣသရေလ အမျိုးမှ ပယ်ရှား ကြ၏။
4ולפני מזה אלישיב הכהן נתון בלשכת בית אלהינו קרוב לטוביה׃
4အရင် တခါ ငါ တို့ဘုရား သခင်၏ အိမ် တော်ပြင် ခန်း ကို အုပ်သော ယဇ်ပုရောဟိတ် ဧလျာရှိပ် သည် တောဘိ နှင့် ပေါက်ဘော် တော်သည် ဖြစ်၍၊
5ויעש לו לשכה גדולה ושם היו לפנים נתנים את המנחה הלבונה והכלים ומעשר הדגן התירוש והיצהר מצות הלוים והמשררים והשערים ותרומת הכהנים׃
5ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။
6ובכל זה לא הייתי בירושלם כי בשנת שלשים ושתים לארתחשסתא מלך בבל באתי אל המלך ולקץ ימים נשאלתי מן המלך׃
6ထို ကာလပတ်လုံး ငါသည် ယေရုရှလင် မြို့၌ မ ရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံသုံး ဆယ်နှစ် နှစ် တွင် အထံတော်သို့ သွား ရ၏။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင် ထံတော်၌ အခွင့်ရ ၍၊
7ואבוא לירושלם ואבינה ברעה אשר עשה אלישיב לטוביה לעשות לו נשכה בחצרי בית האלהים׃
7ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဧလျာရှိပ် သည် ဘုရား သခင်၏ အိမ် တော်တန်တိုင်း ထဲ မှာ အခန်း ကို တောဘိ အဘို့ ပြင်ဆင် ၍ ဒုစရိုက် ပြု ကြောင်းကို ငါကြား သိရ၏။
8וירע לי מאד ואשליכה את כל כלי בית טוביה החוץ מן הלשכה׃
8ထိုအခါ ငါ သည် အလွန် နာကြင် သောစိတ်ရှိ၍ တောဘိ ဥစ္စာ ပရိကံရှိသမျှ ကို အခန်း ထဲက ထုတ်ပစ် ပြီးမှ၊
9ואמרה ויטהרו הלשכות ואשיבה שם כלי בית האלהים את המנחה והלבונה׃
9အခန်း များကို စင်ကြယ် စေခြင်းငှါ စီရင် ၍ ၊ တဖန် ဘုရား သခင်၏ အိမ် တော်တန်ဆာ များ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်းကို ဆောင် ခဲ့၍ သိုထား၏။
10ואדעה כי מניות הלוים לא נתנה ויברחו איש לשדהו הלוים והמשררים עשי המלאכה׃
10အမှု တော်စောင့်၊ လေဝိ သား၊ သီချင်း သည် တို့သည် အသီး အသီးမိမိ တို့လယ်ယာ သို့ ပြေး သွားကြသည် ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခါကို မ ခံ မရကြောင်း ကို ငါရိပ်မိ လျက်၊
11ואריבה את הסגנים ואמרה מדוע נעזב בית האלהים ואקבצם ואעמדם על עמדם׃
11ဘုရား သခင်၏ အိမ် တော်ကို အဘယ်ကြောင့် စွန့်ပစ် ကြသနည်းဟု မင်း တို့ကို အပြစ် တင်၍ ၊ လေဝိသား တို့ကို စုဝေး စေပြီးမှ ၊ သူ တို့နေရာ ၌ ခန့် ထားပြန်၏။
12וכל יהודה הביאו מעשר הדגן והתירוש והיצהר לאוצרות׃
12ထိုအခါ ယုဒ လူအပေါင်း တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို ဘဏ္ဍာ တော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။
13ואוצרה על אוצרות שלמיה הכהן וצדוק הסופר ופדיה מן הלוים ועל ידם חנן בן זכור בן מתניה כי נאמנים נחשבו ועליהם לחלק לאחיהם׃
13ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ် ဇာဒုတ် ၊ လေဝိ သားပေဒါယ ၊ သူ့နောက်မဿနိ သား ဖြစ်သော ဇက္ကုရ ၏သား ဟာနန် တို့ကို ဘဏ္ဍာ တော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာ စောင့်ခြင်း အသရေရှိသည်ဖြစ်၍ ၊ အမျိုးသား ချင်းတို့အား ဝေဖန် ရကြ၏။
14זכרה לי אלהי על זאת ואל תמח חסדי אשר עשיתי בבית אלהי ובמשמריו׃
14အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။
15בימים ההמה ראיתי ביהודה דרכים גתות בשבת ומביאים הערמות ועמסים על החמרים ואף יין ענבים ותאנים וכל משא ומביאים ירושלם ביום השבת ואעיד ביום מכרם ציד׃
15ထို ကာလ ၊ ယုဒ ပြည်မှာ အချို့တို့သည် ဥပုသ် နေ့၌ စပျစ်သီး ကို နယ်လျက်၊ ကောက် လှိုင်းကိုသွင်း လျက်၊ မြည်း ပေါ် မှာ ဝန် ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ် နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘောသဖန်း သီးအစရှိသည်တို့ကိုတင်၍ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြသည် ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ ရက်၌ သာ စားစရာ များကို ရောင်း အပ်သည်ဟု သူ တို့အကြား ပြော ၏။
16והצרים ישבו בה מביאים דאג וכל מכר ומכרים בשבת לבני יהודה ובירושלם׃
16ထိုအရပ် ၌ နေ သောတုရု မြို့သားတို့သည်လည်း ၊ ငါး အစရှိသည်တို့ကို ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ၊ ဥပုသ် နေ့ ၌ ယုဒ အမျိုးသား တို့အား ရောင်း တတ်ကြ၏။
17ואריבה את חרי יהודה ואמרה להם מה הדבר הרע הזה אשר אתם עשים ומחללים את יום השבת׃
17ထိုအခါ ငါက၊ သင် တို့သည် ဥပုသ် နေ့ ကို ဖျက် ၍ ပြု သော ဒုစရိုက် ကား အဘယ် သို့နည်း။
18הלוא כה עשו אבתיכם ויבא אלהינו עלינו את כל הרעה הזאת ועל העיר הזאת ואתם מוסיפים חרון על ישראל לחלל את השבת׃
18ဘိုးဘေး တို့သည် ထိုသို့ ပြု သောကြောင့် ၊ ဤ မျှလောက် ကြီးစွာသော ဆင်းရဲ ခြင်းကို ငါ တို့၌ ၎င်း၊ ဤ မြို့ ၌ ၎င်း ဘုရား သခင်ရောက် စေတော်မူသည်မ ဟုတ်လော။ သင် တို့သည် ဥပုသ် နေ့ကို ဖျက် သောအားဖြင့် သာ၍ ပြင်းစွာသော အမျက် တော်ကို ဣသရေလ အမျိုး၌ ရောက်စေဦးမည်လောဟု ယုဒ မှူးမတ် တို့ကို အပြစ် တင် လျက်၊
19ויהי כאשר צללו שערי ירושלם לפני השבת ואמרה ויסגרו הדלתות ואמרה אשר לא יפתחום עד אחר השבת ומנערי העמדתי על השערים לא יבוא משא ביום השבת׃
19အဘိတ်နေ့တွင် နေ ရောင်ကွယ်၍ ဥပုသ် နေ့လွန် သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါး တို့ကို ပိတ် ထားရမည်အကြောင်းစီရင် ၍ ၊ ဥပုသ် နေ့ ၌ ဝန် များကို မြို့ထဲသို့ မ သွင်း စေခြင်းငှါ မိမိ ကျွန် အချို့တို့ကို တံခါး တို့၌ ခန့် ထား၏။
20וילינו הרכלים ומכרי כל ממכר מחוץ לירושלם פעם ושתים׃
20ထိုနောက် ကုန်သည် များ၊ ဥစ္စာ မျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင် မြို့ပြင် မှာ တခါ နှစ် ခါ အိပ် ကြ၏။
21ואעידה בהם ואמרה אליהם מדוע אתם לנים נגד החומה אם תשנו יד אשלח בכם מן העת ההיא לא באו בשבת׃
21ငါကလည်း၊ မြို့ရိုး ပတ်လည်၌အဘယ်ကြောင့် အိပ် ကြသနည်း။ နောက် တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူ တို့အား သတိ ပေး၏။ ထို အခါ မှစ၍ ဥပုသ် နေ့တွင် မ လာ ဘဲနေကြ၏။
22ואמרה ללוים אשר יהיו מטהרים ובאים שמרים השערים לקדש את יום השבת גם זאת זכרה לי אלהי וחוסה עלי כרב חסדך׃
22လေဝိ သားတို့သည်လည်း၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ် သောကိုယ်နှင့်လာ ၍ တံခါး တို့ကို စောင့် ရမည်အကြောင်းငါမှာ ထား၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ ကရုဏာ တော်များပြား သည်အတိုင်း အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။
23גם בימים ההם ראיתי את היהודים השיבו נשים אשדודיות עמוניות מואביות׃
23ထို ကာလ ၊ အာဇုတ် အမျိုး၊ အမ္မုန် အမျိုး၊ မောဘ အမျိုးသမီး နှင့် စုံဘက် သော ယုဒ လူအချို့တို့ကို ငါမြင် ၏။
24ובניהם חצי מדבר אשדודית ואינם מכירים לדבר יהודית וכלשון עם ועם׃
24သူ တို့သား သမီးတို့သည် ယုဒ စကားကို မ ပြော တတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီးဘာသာ စကားကို ပြော တတ်ကြ၏။
25ואריב עמם ואקללם ואכה מהם אנשים ואמרטם ואשביעם באלהים אם תתנו בנתיכם לבניהם ואם תשאו מבנתיהם לבניכם ולכם׃
25သူ တို့ကို ငါအပြစ် တင်၍ ကဲ့ရဲ့ ၏။ အချို့တို့ကို ရိုက် လျက် ၊ ဆံပင်နှုတ် လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ရ။ ပြည်သားသမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူရ။
26הלוא על אלה חטא שלמה מלך ישראל ובגוים הרבים לא היה מלך כמהו ואהוב לאלהיו היה ויתנהו אלהים מלך על כל ישראל גם אותו החטיאו הנשים הנכריות׃
26ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ထိုသို့ ပြု၍ ပြစ်မှား ရာရောက်သည်မ ဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည် ၌ သူ နှင့် တူသောရှင်ဘုရင် မ ရှိ။ ဣသရေလ ရှင်ဘုရင် အရာ ၌ ဘုရား သခင်ခန့်ထားသည်တိုင်အောင်စိတ် တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါး အမျိုးသား မိန်းမ တို့သည် ပြစ်မှား စေသည်တကား။
27ולכם הנשמע לעשת את כל הרעה הגדולה הזאת למעל באלהינו להשיב נשים נכריות׃
27ငါတို့သည် သင် တို့စကားကို နားထောင် ၍ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် သဖြင့် ၊ ဤ မျှလောက်ကြီး သော ဒုစရိုက် ကို ပြု လျက် ၊ ငါ တို့၏ ဘုရား သခင်ကို ပြစ်မှား ရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
28ומבני יוידע בן אלישיב הכהן הגדול חתן לסנבלט החרני ואבריחהו מעלי׃
28ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သား ယောဒ ၏ သား တယောက်သည်၊ ဟောရနိ လူ သမ္ဘာလတ် သမက် ဖြစ်သောကြောင့်၊ သူ့ ကိုငါနှင်ထုတ် ၏။
29זכרה להם אלהי על גאלי הכהנה וברית הכהנה והלוים׃
29အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။
30וטהרתים מכל נכר ואעמידה משמרות לכהנים וללוים איש במלאכתו׃
30ထိုသို့ ယုဒအမျိုးသားတို့ကို တပါး အမျိုးသားအပေါင်း တို့နှင့် ကင်းစင် စေပြီးမှ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့ကို အသီး အသီးမိမိ တို့ အမှု စောင့် ရသည် အတိုင်း ငါခန့် ထား၍၊
31ולקרבן העצים בעתים מזמנות ולבכורים זכרה לי אלהי לטובה׃
31ချိန်းချက် သောအချိန် ၌ ထင်း ပူဇော် သက္ကာနှင့် အဦး သီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ကျေးဇူး ပြုပါမည်အကြောင်း၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။
Tip: use the ← and → keys to turn chapters.