יְהוֹשֻעַ

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 9
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

יְהוֹשֻעַ 9

Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי כשמע כל המלכים אשר בעבר הירדן בהר ובשפלה ובכל חוף הים הגדול אל מול הלבנון החתי והאמרי הכנעני הפרזי החוי והיבוסי׃
1ယော်ဒန် မြစ် အနောက် ဘက်၊ တောင် ပေါ်၌ ၎င်း ၊ ချိုင့် ထဲ ၌၎င်း ၊ လေဗနုန် တောင်တဘက် ၊ မဟာ ပင်လယ် ကမ်း တရှောက်လုံး ၌၎င်း နေသော ဟိတ္တိ ၊ အာမောရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြား သောအခါ၊
2ויתקבצו יחדו להלחם עם יהושע ועם ישראל פה אחד׃
2ယောရှု နှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ တညီတညွတ် တည်းစည်းဝေး ကြ၏။
3וישבי גבעון שמעו את אשר עשה יהושע ליריחו ולעי׃
3ဂိဗောင် မြို့သား တို့သည် ယေရိခေါ မြို့၊ အာဣ မြို့ ၌ ယောရှု ပြု သောအမှု ကို ကြား သောအခါ၊
4ויעשו גם המה בערמה וילכו ויצטירו ויקחו שקים בלים לחמוריהם ונאדות יין בלים ומבקעים ומצררים׃
4ပရိယာယ် ပြု ၍ သံတမန် လုပ်လျက် ၊ မြည်း ပေါ် မှာ ဟောင်းနွမ်း သောအိတ် တို့ကို တင်၍ ၊ ဟောင်းနွမ်း စုတ် ကွဲဖာ ပြင်သော စပျစ်ရည် သားရေ ဘူးတို့ကို ယူ ကြ၏။
5ונעלות בלות ומטלאות ברגליהם ושלמות בלות עליהם וכל לחם צידם יבש היה נקדים׃
5ဟောင်းနွမ်း ဖာ ပြင်သော ခြေနင်း ကို စီး၍၊ ဟောင်းနွမ်း သောအဝတ် ကိုလည်း ဝတ်ကြ၏။ အောက်၍ မှို တက်လျက်ရှိ သောရိက္ခါ ကိုသာ ဆောင်ခဲ့လျက်၊
6וילכו אל יהושע אל המחנה הגלגל ויאמרו אליו ואל איש ישראל מארץ רחוקה באנו ועתה כרתו לנו ברית׃
6ယောရှု ရှိရာ ဂိလဂါလ တပ် သို့ ရောက် လာလျှင် ၊ အကျွန်ုပ် တို့သည် မိဿဟာယ ဖွဲ့ ခြင်းငှါ၊ ဝေး သောပြည် က လာ ကြပါသည်ဟု ယောရှု နှင့် ဣသရေလ လူ တို့အား ပြော ဆို ကြ၏။
7ויאמרו איש ישראל אל החוי אולי בקרבי אתה יושב ואיך אכרות לך ברית׃
7ဣသရေလ အမျိုးသား တို့ကလည်း ၊ သင် တို့သည် ငါ တို့အနား မှာ နေသည် မနေ သည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့ နိုင်သနည်းဟု ဟိဝိ လူတို့အား ဆို ကြလျှင်၊
8ויאמרו אל יהושע עבדיך אנחנו ויאמר אלהם יהושע מי אתם ומאין תבאו׃
8သူတို့က အကျွန်ုပ် တို့သည် ကိုယ်တော် ကျွန် ဖြစ် ပါ၏ဟု ယောရှု အား လျှောက်ဆို ကြ၏။ ယောရှု ကလည်း ၊ သင် တို့သည် အဘယ် သို့သောသူနည်း။ အဘယ် အရပ်က လာ ကြသနည်းဟုမေး လျှင်၊
9ויאמרו אליו מארץ רחוקה מאד באו עבדיך לשם יהוה אלהיך כי שמענו שמעו ואת כל אשר עשה במצרים׃
9သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊
10ואת כל אשר עשה לשני מלכי האמרי אשר בעבר הירדן לסיחון מלך חשבון ולעוג מלך הבשן אשר בעשתרות׃
10ယော်ဒန် မြစ်အရှေ့ ဘက်၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ အာရှတရုတ် မြို့မှာ နေသော ဗာရှန် ရှင်ဘုရင် ဩဃ တို့၌ ပြု တော်မူသမျှ ကို ၎င်း ကြား ပါပြီ။
11ויאמרו אלינו זקינינו וכל ישבי ארצנו לאמר קחו בידכם צידה לדרך ולכו לקראתם ואמרתם אליהם עבדיכם אנחנו ועתה כרתו לנו ברית׃
11ထိုကြောင့် အကျွန်ုပ် တို့၌ အသက်ကြီး သောသူတို့ နှင့် ပြည်သူ ပြည်သားအပေါင်း တို့က၊ လမ်းခရီး ရိက္ခါ ကို ယူ ၍ သူ တို့ကို ခရီးဦးကြို ပြုခြင်းငှါ သွား ကြလော့။ ငါ တို့ သည် သူ တို့၏ကျွန် ဖြစ်ကြောင်းနှင့် မိဿဟာယ ဖွဲ့ ရပါမည်အကြောင်းကို လျှောက် ထားကြလော့ဟု မှာ လိုက်ပါပြီ။
12זה לחמנו חם הצטידנו אתו מבתינו ביום צאתנו ללכת אליכם ועתה הנה יבש והיה נקדים׃
12ကိုယ်တော် ထံ သို့ရောက် အံ့သောငှါ ထွက် လာ သောနေ့ ၌ ခရီးရိက္ခါဘို့ ကိုယ် အိမ် မှ ဆောင် ယူခဲ့သော ဤ မုန့် သည် ပူနွေး လျက်ရှိပါ၏။ ယခု ကြည့် ပါ။ အောက် လျက် မှို တက်လျက်ရှိ ပါ၏။
13ואלה נאדות היין אשר מלאנו חדשים והנה התבקעו ואלה שלמותינו ונעלינו בלו מרב הדרך מאד׃
13စပျစ်ရည် ပြည့် သော ဤ သားရေ ဘူးတို့သည် အသစ် ဖြစ်သော်လည်း ၊ ယခုကြည့် ပါ စုတ် ကွဲလျက်ရှိပါ၏။ ဤ အဝတ် ဤခြေနင်း တို့သည်လည်း အလွန် ခရီး ဝေး သောကြောင့် ဟောင်းနွမ်း ပါပြီဟု ပြန်လျှောက် ကြ၏။
14ויקחו האנשים מצידם ואת פי יהוה לא שאלו׃
14ဣသရေလလူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့် မ ပန် ဘဲ ထိုသူ တို့၏ရိက္ခါ ကို စား ကြ၏။
15ויעש להם יהושע שלום ויכרת להם ברית לחיותם וישבעו להם נשיאי העדה׃
15ယောရှု သည်လည်း သူ တို့ကို စစ်မှုနှင့်လွတ် စေ ၍၊ အသက် ချမ်းသာစေမည်အကြောင်းမိဿဟာယ ဖွဲ့ ၏။ ပရိသတ် မင်း တို့သည်လည်း ကျိန်ဆို ခြင်းကို ပြုကြ၏။
16ויהי מקצה שלשת ימים אחרי אשר כרתו להם ברית וישמעו כי קרבים הם אליו ובקרבו הם ישבים׃
16မိဿဟာယ ဖွဲ့ ၍ သုံး ရက် လွန် သောအခါ ၊ ထိုသူ တို့ သည် အိမ်နီးချင်း ဖြစ်၍ ၊ အနား မှာ နေ ကြောင်း ကို ဣသရေလအမျိုးသားတို့သည် ကြား သိလျှင်၊
17ויסעו בני ישראל ויבאו אל עריהם ביום השלישי ועריהם גבעון והכפירה ובארות וקרית יערים׃
17ခရီး သွား၍ သုံး ရက်မြောက်သောနေ့ ၌ သူ တို့မြို့ရွာ သို့ ရောက် ကြ၏။ သူ တို့မြို့ ကား ဂိဗောင် မြို့၊ ခေဖိရာ မြို့၊ ဗေရုတ် မြို့၊ ကိရယတ်ယာရိမ် မြို့တည်း။
18ולא הכום בני ישראל כי נשבעו להם נשיאי העדה ביהוה אלהי ישראל וילנו כל העדה על הנשיאים׃
18ပရိသတ် အကဲအမှူး တို့သည် ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် သူ တို့ကို မ လုပ်ကြံ ကြ။ ပရိသတ် အပေါင်း တို့သည် အကဲအမှူး တို့ကို အပြစ် တင်ကြ၏။
19ויאמרו כל הנשיאים אל כל העדה אנחנו נשבענו להם ביהוה אלהי ישראל ועתה לא נוכל לנגע בהם׃
19အကဲအမှူး တို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်သူ တို့ကို မ ထိ မခိုက်ရ။
20זאת נעשה להם והחיה אותם ולא יהיה עלינו קצף על השבועה אשר נשבענו להם׃
20သူ တို့အား ကျိန်ဆို မိသောကြောင့်အပြစ် ဒဏ်ရောက် မည်ကို စိုးရိမ်၍၊ အသက် ချမ်းသာပေးသဖြင့် အဘယ်သို့ပြု ရမည်နည်းဟူမူကား၊
21ויאמרו אליהם הנשיאים יחיו ויהיו חטבי עצים ושאבי מים לכל העדה כאשר דברו להם הנשיאים׃
21အကဲအမှူး များ ဂတိ ရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ် အပေါင်း တို့အဘို့ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူဖြစ် စေရမည်ဟု ပရိသတ် အပေါင်းတို့ အား ပြန်ပြော ကြ၏။
22ויקרא להם יהושע וידבר אליהם לאמר למה רמיתם אתנו לאמר רחוקים אנחנו מכם מאד ואתם בקרבנו ישבים׃
22ယောရှု သည်လည်း သူ တို့ကို ခေါ် ၍ ၊ သင် တို့သည် ငါ တို့အနား မှာ နေ လျက်ပင်၊ ဝေး သောအရပ်က လာပါပြီဟုဆို ၍ ငါ တို့ကို အဘယ်ကြောင့် လှည့်စား ကြသနည်း။
23ועתה ארורים אתם ולא יכרת מכם עבד וחטבי עצים ושאבי מים לבית אלהי׃
23ယခု မှာ သင် တို့သည် ကျိန် အပ်သောသူဖြစ် သဖြင့် ၊ ကျွန် ခံ၍ ငါ ၏ဘုရား သခင်အိမ် တော်အဘို့ ထင်း ခုတ် ခြင်း၊ ရေ ခပ် ခြင်းအမှုနှင့် တယောက်မျှမ လွတ် ရဟု ဆို ၏။
24ויענו את יהושע ויאמרו כי הגד הגד לעבדיך את אשר צוה יהוה אלהיך את משה עבדו לתת לכם את כל הארץ ולהשמיד את כל ישבי הארץ מפניכם ונירא מאד לנפשתינו מפניכם ונעשה את הדבר הזה׃
24သူတို့ကလည်း၊ ဤပြည် တရှောက်လုံး ကို သင် တို့အား ပေး ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို သင် တို့ရှေ့ မှ ပယ်ရှင်း ခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် မောရှေ အား မှာ ထားတော်မူကြောင်းကို ကိုယ်တော် ကျွန် တို့သည် ဆက်ဆက်ကြားသိ၍၊ သင် တို့လက်၌ အသက် ဆုံးမည်ကို အလွန် ကြောက် သောကြောင့် ၊ ဤ အမှု ကို ပြု ပါပြီ။
25ועתה הננו בידך כטוב וכישר בעיניך לעשות לנו עשה׃
25ယခု မှာ ကျွန်တော် တို့သည် ကိုယ်တော် လက် တွင် ရှိပါ၏။ ကျွန်တော် တို့၌ ပြုကောင်း ပြုသင့် သည်ဟုစိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှု အား ပြန် လျှောက် ကြ၏။
26ויעש להם כן ויצל אותם מיד בני ישראל ולא הרגום׃
26ထိုသို့ နှင့်အညီယောရှုသည် ပြု ၍ ၊ သူ တို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလ လူတို့လက် မှ ကယ်နှုတ် သဖြင့်၊
27ויתנם יהושע ביום ההוא חטבי עצים ושאבי מים לעדה ולמזבח יהוה עד היום הזה אל המקום אשר יבחר׃
27ထာဝရဘုရား ရွေးကောက် တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင် တော်အဘို့ နှင့် ပရိသတ် တော်တို့ အဘို့ ထိုသူတို့သည် ယနေ့ တိုင်အောင် ထင်း ခုတ် ၍ ရေ ခပ် ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင် လေ၏။

Tip: use the ← and → keys to turn chapters.