אִיּוֹב 42
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויען איוב את יהוה ויאמר׃
1ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊
2ידעת כי כל תוכל ולא יבצר ממך מזמה׃
2ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
3מי זה מעלים עצה בלי דעת לכן הגדתי ולא אבין נפלאות ממני ולא אדע׃
3ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။
4שמע נא ואנכי אדבר אשאלך והודיעני׃
4နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။
5לשמע אזן שמעתיך ועתה עיני ראתך׃
5သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။
6על כן אמאס ונחמתי על עפר ואפר׃
6ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
7ויהי אחר דבר יהוה את הדברים האלה אל איוב ויאמר יהוה אל אליפז התימני חרה אפי בך ובשני רעיך כי לא דברתם אלי נכונה כעבדי איוב׃
7ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော။
8ועתה קחו לכם שבעה פרים ושבעה אילים ולכו אל עבדי איוב והעליתם עולה בעדכם ואיוב עבדי יתפלל עליכם כי אם פניו אשא לבלתי עשות עמכם נבלה כי לא דברתם אלי נכונה כעבדי איוב׃
8သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။
9וילכו אליפז התימני ובלדד השוחי צפר הנעמתי ויעשו כאשר דבר אליהם יהוה וישא יהוה את פני איוב׃
9ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖာ တို့သည် သွား ၍ ပြု ကြ၏။ ထာဝရဘုရား သည်လည်း ယောဘ ၏မျက်နှာ ကိုထောက် တော်မူ၏။
10ויהוה שב את שבית איוב בהתפללו בעד רעהו ויסף יהוה את כל אשר לאיוב למשנה׃
10ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။
11ויבאו אליו כל אחיו וכל אחיתיו וכל ידעיו לפנים ויאכלו עמו לחם בביתו וינדו לו וינחמו אתו על כל הרעה אשר הביא יהוה עליו ויתנו לו איש קשיטה אחת ואיש נזם זהב אחד׃
11ထိုအခါ သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း သောသူများအပေါင်း တို့သည် သူ့ ထံသို့ လာ ၍ သူ ၏ အိမ် ၌ သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ နှင့်အတူညည်းတွား ခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြား စီ နှင့် ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။
12ויהוה ברך את אחרית איוב מראשתו ויהי לו ארבעה עשר אלף צאן וששת אלפים גמלים ואלף צמד בקר ואלף אתונות׃
12ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ တတ်၏။
13ויהי לו שבענה בנים ושלוש בנות׃
13သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ကိုလည်း ရ ပြန်၏။
14ויקרא שם האחת ימימה ושם השנית קציעה ושם השלישית קרן הפוך׃
14သမီးကြီး ကား၊ ယေမိမ ၊ သမီးလပ် ကား ကေဇိ ၊ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။
15ולא נמצא נשים יפות כבנות איוב בכל הארץ ויתן להם אביהם נחלה בתוך אחיהם׃
15တပြည်လုံး ၌ ယောဘ ၏ သမီး ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ တို့အား အမွေ ဥစ္စာကို ဝေပေး လေ၏။
16ויחי איוב אחרי זאת מאה וארבעים שנה וירא את בניו ואת בני בניו ארבעה דרות׃
16ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍ မိမိ သား ၊ မြေး ၊ မြစ်တို့ကိုပင် မြင် ရပြီးမှ၊
17וימת איוב זקן ושבע ימים׃
17အသက် ကြီးရင့်၍ နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။
Tip: use the ← and → keys to turn chapters.