יְשַׁעְיָהוּ

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 5
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

יְשַׁעְיָהוּ 5

Modern Hebrew Bible
Judson Burmese Bible (1840)
1אשירה נא לידידי שירת דודי לכרמו כרם היה לידידי בקרן בן שמן׃
1ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
2ויעזקהו ויסקלהו ויטעהו שרק ויבן מגדל בתוכו וגם יקב חצב בו ויקו לעשות ענבים ויעש באשים׃
2မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။
3ועתה יושב ירושלם ואיש יהודה שפטו נא ביני ובין כרמי׃
3ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
4מה לעשות עוד לכרמי ולא עשיתי בו מדוע קויתי לעשות ענבים ויעש באשים׃
4ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
5ועתה אודיעה נא אתכם את אשר אני עשה לכרמי הסר משוכתו והיה לבער פרץ גדרו והיה למרמס׃
5ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
6ואשיתהו בתה לא יזמר ולא יעדר ועלה שמיר ושית ועל העבים אצוה מהמטיר עליו מטר׃
6ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
7כי כרם יהוה צבאות בית ישראל ואיש יהודה נטע שעשועיו ויקו למשפט והנה משפח לצדקה והנה צעקה׃
7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
8הוי מגיעי בית בבית שדה בשדה יקריבו עד אפס מקום והושבתם לבדכם בקרב הארץ׃
8မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
9באזני יהוה צבאות אם לא בתים רבים לשמה יהיו גדלים וטובים מאין יושב׃
9ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
10כי עשרת צמדי כרם יעשו בת אחת וזרע חמר יעשה איפה׃
10အကြောင်း မူကား၊ စပျစ် ဥယျာဉ်တပယ် သည် စပျစ်ရည်တဗတ် ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရ ကြလိမ့်မည်။
11הוי משכימי בבקר שכר ירדפו מאחרי בנשף יין ידליקם׃
11သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
12והיה כנור ונבל תף וחליל ויין משתיהם ואת פעל יהוה לא יביטו ומעשה ידיו לא ראו׃
12သူ တို့၏ပွဲ ၌စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည် ပါ တတ်၏။ ထာဝရဘုရား ၏ အမှု တော်ကိုကား ၊ ပမာဏ မ ပြုကြ။ လက် တော်နှင့် ပြုပြင် တော်မူရာကို မ ရိပ်မိ ကြ။
13לכן גלה עמי מבלי דעת וכבודו מתי רעב והמונו צחה צמא׃
13ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
14לכן הרחיבה שאול נפשה ופערה פיה לבלי חק וירד הדרה והמונה ושאונה ועלז בה׃
14ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။
15וישח אדם וישפל איש ועיני גבהים תשפלנה׃
15ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သော သူလည်း ရှုတ်ချ ခြင်းကိုခံရ၍၊ မာန ကြီးသောသူတို့ ၏ မျက်နှာ လည်း ပျက် ရ၏။
16ויגבה יהוה צבאות במשפט והאל הקדוש נקדש בצדקה׃
16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
17ורעו כבשים כדברם וחרבות מחים גרים יאכלו׃
17ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
18הוי משכי העון בחבלי השוא וכעבות העגלה חטאה׃
18ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
19האמרים ימהר יחישה מעשהו למען נראה ותקרב ותבואה עצת קדוש ישראל ונדעה׃
19သူတို့ကလည်း၊ ဘုရား သခင်၏အမှု ကို ငါတို့ သည် မြင် ရမည်အကြောင်း ၊ အလျင် အမြန်ကြိုးစားတော်မူ ပါစေ။ ငါတို့သည် သိ နားလည်ရမည်အကြောင်း ၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား၏အကြံ တော်သည်၊ အနီးသို့ချဉ်း ၍ ပြည့်စုံ ပါစေဟု ဆို တတ်ကြ၏။
20הוי האמרים לרע טוב ולטוב רע שמים חשך לאור ואור לחשך שמים מר למתוק ומתוק למר׃
20မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
21הוי חכמים בעיניהם ונגד פניהם נבנים׃
21ငါသည် ပညာ ရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
22הוי גבורים לשתות יין ואנשי חיל למסך שכר׃
22စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။
23מצדיקי רשע עקב שחד וצדקת צדיקים יסירו ממנו׃
23ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
24לכן כאכל קש לשון אש וחשש להבה ירפה שרשם כמק יהיה ופרחם כאבק יעלה כי מאסו את תורת יהוה צבאות ואת אמרת קדוש ישראל נאצו׃
24ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
25על כן חרה אף יהוה בעמו ויט ידו עליו ויכהו וירגזו ההרים ותהי נבלתם כסוחה בקרב חוצות בכל זאת לא שב אפו ועוד ידו נטויה׃
25ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
26ונשא נס לגוים מרחוק ושרק לו מקצה הארץ והנה מהרה קל יבוא׃
26ဝေး သောအရပ်မှာ နေသောလူမျိုး တို့အဘို့ အလံ ကိုထူ ၍ ၊ မြေကြီး စွန်း သားတို့ကို နှိုးဆော် တော်မူသဖြင့် ၊ သူတို့သည် အလျင်အမြန် လာ ကြလိမ့်မည်။
27אין עיף ואין כושל בו לא ינום ולא יישן ולא נפתח אזור חלציו ולא נתק שרוך נעליו׃
27သူ တို့တွင်မော သောသူမ ရှိ။ ထိမိ၍ လဲ သောသူ မရှိ။ ငိုက်မျည်း သောသူ၊ အိပ်ပျော် သောသူလည်းမရှိ။ သူ တို့ ခါး စည်း မ ပြေ။ ခြေနင်း ကြိုး လည်း မ ကျွတ်။
28אשר חציו שנונים וכל קשתתיו דרכות פרסות סוסיו כצר נחשבו וגלגליו כסופה׃
28သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
29שאגה לו כלביא ושאג ככפירים וינהם ויאחז טרף ויפליט ואין מציל׃
29သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
30וינהם עליו ביום ההוא כנהמת ים ונבט לארץ והנה חשך צר ואור חשך בעריפיה׃
30ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။

Tip: use the ← and → keys to turn chapters.