שְׁמֹות 33
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1וידבר יהוה אל משה לך עלה מזה אתה והעם אשר העלית מארץ מצרים אל הארץ אשר נשבעתי לאברהם ליצחק וליעקב לאמר לזרעך אתננה׃
1တဖန် ထာဝရဘုရား က၊ သင် မှစ၍ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော လူ တို့၊ ဤ အရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆို သော ပြည် သို့ သွား ကြလော့။
2ושלחתי לפניך מלאך וגרשתי את הכנעני האמרי והחתי והפרזי החוי והיבוסי׃
2ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
3אל ארץ זבת חלב ודבש כי לא אעלה בקרבך כי עם קשה ערף אתה פן אכלך בדרך׃
3နို့ နှင့် ပျားရည် စီး သော ပြည် သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင် မ သွား။ သင် တို့သည် လည်ပင်း ခိုင်မာ သောလူမျိုး ဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင် တို့ကို ငါဖျက်ဆီး မည် စိုးရိမ် စရာရှိသည်ဟု မောရှေ အား မိန့် တော်မူ၏။
4וישמע העם את הדבר הרע הזה ויתאבלו ולא שתו איש עדיו עליו׃
4ထို မကောင်း သော သိတင်း ကို လူ များတို့သည်ကြား သောအခါ ၊ ငိုကြွေး မြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာ မ ဆင် ဘဲနေကြ၏။
5ויאמר יהוה אל משה אמר אל בני ישראל אתם עם קשה ערף רגע אחד אעלה בקרבך וכליתיך ועתה הורד עדיך מעליך ואדעה מה אעשה לך׃
5အကြောင်း မူကား၊ ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား ကို ဆင့်ဆို ရမည်မှာ၊ သင် တို့သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်ကြ၏။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီး မည်။ ထို့ကြောင့်သင် တို့၌ အဘယ်သို့ ငါပြု ရမည်ကို ငါသိ ခြင်းငှါ၊ သင် တို့တန်ဆာ များကို ချွတ် ကြလော့ဟု မောရှေ အား မိန့် တော်မူနှင့်သတည်း။
6ויתנצלו בני ישראל את עדים מהר חורב׃
6ဣသရေလ အမျိုးသား တို့သည် ဟောရပ် တောင် ခြေရင်း၌ မိမိ တို့တန်ဆာ များကိုချွတ် ကြ၏။
7ומשה יקח את האהל ונטה לו מחוץ למחנה הרחק מן המחנה וקרא לו אהל מועד והיה כל מבקש יהוה יצא אל אהל מועד אשר מחוץ למחנה׃
7မောရှေ သည် တဲ တော်ကို ယူ ၍ တပ် ပြင် ၌ ခပ်ဝေး ဝေးဆောက် ပြီးလျှင် ၊ ပရိသတ် စည်းဝေး ရာတဲ ဟူ၍ ခေါ် ဝေါ်၏။ ထာဝရဘုရား ကို ရှာ သောသူ အပေါင်း တို့သည် တပ် ပြင် ၌ ရှိသော ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြ၏။
8והיה כצאת משה אל האהל יקומו כל העם ונצבו איש פתח אהלו והביטו אחרי משה עד באו האהלה׃
8မောရှေ သည် တဲ တော်သို့ ထွက်သွား သောအခါ ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါး ဝ၌ ရပ် လျက် တဲ တော်အထဲ သို့ မောရှေ ဝင် သည် တိုင်အောင် ကြည့် ရှုလျက်နေကြ၏။
9והיה כבא משה האהלה ירד עמוד הענן ועמד פתח האהל ודבר עם משה׃
9မောရှေ သည်တဲ တော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ် တိုင် ဆင်းသက် ၍ တဲ တော်တံခါးဝ ၌ ရပ် သဖြင့် ၊ ထာဝရဘုရားသည် မောရှေ နှင့် နှုတ်ဆက် တော်မူ၏။
10וראה כל העם את עמוד הענן עמד פתח האהל וקם כל העם והשתחוו איש פתח אהלו׃
10တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။
11ודבר יהוה אל משה פנים אל פנים כאשר ידבר איש אל רעהו ושב אל המחנה ומשרתו יהושע בן נון נער לא ימיש מתוך האהל׃
11ထာဝရဘုရား သည် အဆွေ ခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာ ချင်းဆိုင် ၍ နှုတ်ဆက် တော်မူ၏။ မောရှေ သည် တပ် ထဲသို့ ပြန်ဝင် သောအခါ သူ ၏လက်ထောက် နုန် ၏သား ယောရှု မည်သော လုလင် သည်၊ တဲ တော်မှ မ ထွက် ဘဲ နေ၏။
12ויאמר משה אל יהוה ראה אתה אמר אלי העל את העם הזה ואתה לא הודעתני את אשר תשלח עמי ואתה אמרת ידעתיך בשם וגם מצאת חן בעיני׃
12မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
13ועתה אם נא מצאתי חן בעיניך הודעני נא את דרכך ואדעך למען אמצא חן בעיניך וראה כי עמך הגוי הזה׃
13သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ မျက်နှာ ရကြောင်းကို အကျွန်ုပ်သိ ပါမည် အကြောင်း ၊ ကိုယ်တော် ၏လမ်း ကိုပြ တော်မူပါ။ ဤ လူမျိုး သည် ကိုယ်တော် ၏လူ ဖြစ်ကြောင်း ကို ဆင်ခြင် တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆို ၏။
14ויאמר פני ילכו והנחתי לך׃
14ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ် ခြင်းချမ်းသာကို ပေးမည်ဟု မိန့် တော်မူ၏။
15ויאמר אליו אם אין פניך הלכים אל תעלנו מזה׃
15တဖန် မောရှေ က၊ ကိုယ်တော် တိုင် မ သွား လျှင် အကျွန်ုပ် တို့ကို ဤ အရပ်မှ ပို့ တော်မ မူပါနှင့်။
16ובמה יודע אפוא כי מצאתי חן בעיניך אני ועמך הלוא בלכתך עמנו ונפלינו אני ועמך מכל העם אשר על פני האדמה׃
16အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် ရှေ့ တော်၌ မျက်နှာ ရသောအကြောင်း သည် အဘယ် သို့ထင်ရှား ပါမည်နည်း။ အကျွန်ုပ် တို့နှင့် ကြွ သွားတော်မူသောအားဖြင့် သာ ထင်ရှားပါမည် မဟုတ် လော။ ထိုသို့ အကျွန်ုပ် နှင့် ကိုယ်တော် ၏လူ တို့သည် မြေကြီး ပေါ် မှာ ရှိသမျှ သော လူ တို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊
17ויאמר יהוה אל משה גם את הדבר הזה אשר דברת אעשה כי מצאת חן בעיני ואדעך בשם׃
17ထာဝရဘုရား က၊ သင်လျှောက် သည်အတိုင်း ငါပြု မည်။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီ။ သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏ဟု မောရှေ အား မိန့် တော်မူ၏။
18ויאמר הראני נא את כבדך׃
18တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
19ויאמר אני אעביר כל טובי על פניך וקראתי בשם יהוה לפניך וחנתי את אשר אחן ורחמתי את אשר ארחם׃
19ထာဝရဘုရားက ငါ ၏ကောင်းမွန် ခြင်းရှိသမျှ ကို သင့် ရှေ့ ၌ ငါ ရှောက် သွားစေမည်။ ထာဝရဘုရား ၏နာမ တော်ကိုလည်း၊ သင့် ရှေ့ ၌ ငါကြွေးကြော် မည်။ ငါသည် ကျေးဇူး ပြုလိုသောသူ ကို ကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်။
20ויאמר לא תוכל לראת את פני כי לא יראני האדם וחי׃
20သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
21ויאמר יהוה הנה מקום אתי ונצבת על הצור׃
21ငါ့ အနား မှာ နေရာ တခုရှိ၏။ သင်သည်ကျောက် ပေါ် မှာ ရပ် ရမည်။
22והיה בעבר כבדי ושמתיך בנקרת הצור ושכתי כפי עליך עד עברי׃
22ငါ့ ဘုန်း ရှောက် သွားသောအခါ ၊ သင့် ကို ကျောက် ကြား ၌ ငါသွင်း ထား၍ ငါ ကြွ သွားသည်အခိုက်၊ သင့် ကို ငါ့ လက် နှင့် ဖုံးအုပ် မည်။
23והסרתי את כפי וראית את אחרי ופני לא יראו׃
23ငါ လက် ကို သိမ်း ရုပ်သောအခါ ၊ ငါ့ ကျော ကိုသာ မြင် ရမည်၊ ငါ့ မျက်နှာ ကိုမ မြင် ရဟူ၍၎င်း မိန့် တော်မူ ၏။
Tip: use the ← and → keys to turn chapters.