דְּבָרִים 23
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1לא יבא פצוע דכא וכרות שפכה בקהל יהוה׃
1ယောက်ျား ၏ အင်္ဂါလက္ခဏာ မ စုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။
2לא יבא ממזר בקהל יהוה גם דור עשירי לא יבא לו בקהל יהוה׃
2မျောက်မထား ၍ ရသောသားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
3לא יבא עמוני ומואבי בקהל יהוה גם דור עשירי לא יבא להם בקהל יהוה עד עולם׃
3အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ကာလ အစဉ်မကုန်၊ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
4על דבר אשר לא קדמו אתכם בלחם ובמים בדרך בצאתכם ממצרים ואשר שכר עליך את בלעם בן בעור מפתור ארם נהרים לקללך׃
4အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
5ולא אבה יהוה אלהיך לשמע אל בלעם ויהפך יהוה אלהיך לך את הקללה לברכה כי אהבך יהוה אלהיך׃
5သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
6לא תדרש שלמם וטבתם כל ימיך לעולם׃
6သင် သည် သူ တို့ချမ်းသာ ၊ သူ တို့စည်းစိမ် ကို တသက်လုံး အစဉ် မ ပြုစု ရ။
7לא תתעב אדמי כי אחיך הוא לא תתעב מצרי כי גר היית בארצו׃
7ဧဒုံ အမျိုးသားကို မူကား၊ မ မုန်း ရ။ သူ သည် သင် ၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မ မုန်း ရ။ သူ ၏ပြည် ၌ သင်သည် ကျွန် ခံ ခဲ့ဘူးပြီ။
8בנים אשר יולדו להם דור שלישי יבא להם בקהל יהוה׃
8သူ တို့အမျိုးအနွယ် သည် သုံး ဆက် မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။
9כי תצא מחנה על איביך ונשמרת מכל דבר רע׃
9ရန်သူ တို့ကို စစ်တိုက် သွားသောအခါ ၊ မ တရား သောအမှု ရှိသမျှ ကို ရှောင် လော့။
10כי יהיה בך איש אשר לא יהיה טהור מקרה לילה ויצא אל מחוץ למחנה לא יבא אל תוך המחנה׃
10ညဉ့် အချိန်၌ ရောက် တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မ စင်ကြယ် သော သူ သည် သင် တို့တွင် ရှိ လျှင် သူသည် တပ် ပြင် သို့ ထွက် ရမည်၊ တပ် ထဲသို့ မ ဝင် ရ။
11והיה לפנות ערב ירחץ במים וכבא השמש יבא אל תוך המחנה׃
11မိုဃ်းချုပ် သောအခါ ရေချိုး ၍ ၊ နေ ဝင် ပြီးမှ တပ် ထဲသို့ ဝင် ရမည်။
12ויד תהיה לך מחוץ למחנה ויצאת שמה חוץ׃
12သင့် ကျင်ကြီးစွန့်ရာအရပ် သည် တပ် ပြင် ၌ ရှိ ရ မည်။
13ויתד תהיה לך על אזנך והיה בשבתך חוץ וחפרתה בה ושבת וכסית את צאתך׃
13တပ်ပြင် သို့ထွက်၍ စွန့် သောအခါ ၊ ကိုယ် ၌ပါသော သစ်သား တူးရွင်းနှင့် မြေ ၌ တူး ရမည်။ နောက် တဖန် လှည့် ၍ မစင် ကို ဖုံးအုပ် ရမည်။
14כי יהוה אלהיך מתהלך בקרב מחנך להצילך ולתת איביך לפניך והיה מחניך קדוש ולא יראה בך ערות דבר ושב מאחריך׃
14အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုကယ်တင် ၍ ရန်သူ တို့ကို သင့် လက်၌ အပ် ခြင်းငှာ ၊ သင် ၏တပ် ထဲမှာ သွား လာတော်မူ၏။ ထို့ကြောင့် ၊ သင့် အထဲ ၌ မ စင်ကြယ်သောအရာ တစုံတခုကို မြင် ၍ သင် မှ ရှောင် သွားတော် မ မူမည်အကြောင်း ၊ သင် ၏ တပ် သည် သန့်ရှင်း ရမည်။
15לא תסגיר עבד אל אדניו אשר ינצל אליך מעם אדניו׃
15မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။
16עמך ישב בקרבך במקום אשר יבחר באחד שעריך בטוב לו לא תוננו׃
16ထို ကျွန်သည် အလို အလျောက်နေချင်သော အရပ် ၊ သင့် နေရာ မြို့ တစုံ တမြို့၌ သင့် ထံမှာ နေ ရသော အခွင့်ရှိ၏။ သူ့ ကို မ ညှဉ်းဆဲ ရ။
17לא תהיה קדשה מבנות ישראל ולא יהיה קדש מבני ישראל׃
17ဣသရေလ အမျိုးသမီး တို့တွင် ပြည်တန်ဆာ မ ရှိ ရ။ ဣသရေလ အမျိုးသား တို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မ ရှိ ရ။
18לא תביא אתנן זונה ומחיר כלב בית יהוה אלהיך לכל נדר כי תועבת יהוה אלהיך גם שניהם׃
18ပြည်တန်ဆာ လုပ်၍ ရ သောငွေ၊ ခွေး ကိုရောင်း ၍ ရသောငွေကိုသစ္စာ ဂတိပြေစေခြင်းငှာ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်သို့ မ သွင်း ရ။ ထိုသို့ သောငွေကို စက်ဆုပ် ရွံရှာတော်မူ၏။
19לא תשיך לאחיך נשך כסף נשך אכל נשך כל דבר אשר ישך׃
19သင် ၏ အမျိုးသားချင်း၌ အတိုး ယူ၍၊ ငွေ ၊ စားစရာ ၊ အသုံး အဆောင်ကို မ ချေး မငှားရ။
20לנכרי תשיך ולאחיך לא תשיך למען יברכך יהוה אלהיך בכל משלח ידך על הארץ אשר אתה בא שמה לרשתה׃
20တပါး အမျိုးသား၌ အတိုး ယူ၍ ချေးငှားရ၏။ သင် သွား ၍ ဝင်စား သော ပြည် တွင် သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေး တော်မူမည်အကြောင်း ၊ အမျိုးသား ချင်း၌ အတိုး ယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
21כי תדר נדר ליהוה אלהיך לא תאחר לשלמו כי דרש ידרשנו יהוה אלהיך מעמך והיה בך חטא׃
21သင် ၏ဘုရားသခင် ထာဝရဘုရား အား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက် လိမ့်မည်။
22וכי תחדל לנדר לא יהיה בך חטא׃
22သစ္စာ ဂတိ မထားဘဲနေလျှင် အပြစ် မ ရောက်။
23מוצא שפתיך תשמר ועשית כאשר נדרת ליהוה אלהיך נדבה אשר דברת בפיך׃
23သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။
24כי תבא בכרם רעך ואכלת ענבים כנפשך שבעך ואל כליך לא תתן׃
24သင် သည် အိမ်နီးချင်း ၏ စပျစ် ဥယျာဉ်ထဲသို့ ဝင် သောအခါ ၊ အလို အလျောက်စပျစ်သီး ကို ဝ စွာစား ရ သော်လည်း မ သိမ်း မယူရ။
25כי תבא בקמת רעך וקטפת מלילת בידך וחרמש לא תניף על קמת רעך׃
25အိမ်နီးချင်း ၏ စပါး လယ်ထဲသို့ ဝင် သောအခါ၊ စပါးနှံ ကိုလက် နှင့် ဆွတ် ရသော်လည်း တံစဉ် နှင့်မ ရိတ် ရ။
Tip: use the ← and → keys to turn chapters.