דָּנִיֵּאל

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 11

דָּנִיֵּאל

Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

דָּנִיֵּאל 11

Modern Hebrew Bible
Judson Burmese Bible (1840)
1ואני בשנת אחת לדריוש המדי עמדי למחזיק ולמעוז לו׃
1ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။
2ועתה אמת אגיד לך הנה עוד שלשה מלכים עמדים לפרס והרביעי יעשיר עשר גדול מכל וכחזקתו בעשרו יעיר הכל את מלכות יון׃
2ယခု မူကား ၊ မှန် သောအရာကိုငါပြ မည်။ ပေရသိ နိုင်ငံကို အစိုးရသောရှင်ဘုရင် သုံး ပါးပေါ် လေဦးမည်။ စတုတ္ထ ရှင်ဘုရင်မူကား ၊ ထိုသူ ရှိသမျှ တို့ထက် ငွေ ရတတ်လိမ့်မည်။ ထိုသို့ ရတတ်၍ အား ကြီးသောကြောင့် ၊ ဟေလသ နိုင်ငံ ကို ရန်ဘက်ပြုစေခြင်းငှါ၊ ခပ်သိမ်း သောသူတို့ ကို နှိုးဆော် လိမ့်မည်။
3ועמד מלך גבור ומשל ממשל רב ועשה כרצונו׃
3ထိုအခါ တန်ခိုး ကြီးသော ရှင်ဘုရင် တပါးလည်း ပေါ် လာလိမ့်မည်။ အာဏာ တော်ကြီး လျက် အစိုးရ ၍ မိမိ အလို ရှိသည်အတိုင်း ပြု လိမ့်မည်။
4וכעמדו תשבר מלכותו ותחץ לארבע רוחות השמים ולא לאחריתו ולא כמשלו אשר משל כי תנתש מלכותו ולאחרים מלבד אלה׃
4ထိုသူသည် ပေါ် လာပြီးမှ နိုင်ငံ တော်ကျိုးပဲ့ ၍ ၊ သူတပါးတို့သည် မိုဃ်း ကောင်းကင်လေး မျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် ၊ အစိုးရသောသူတို့ သည် အမျိုးအနွယ်တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံ တော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြား သောသူတို့ သည် ရကြလိမ့်မည်။
5ויחזק מלך הנגב ומן שריו ויחזק עליו ומשל ממשל רב ממשלתו׃
5ထိုအခါ တောင် ရှင် ဘုရင်သည် တန်ခိုး ကြီးလိမ့်မည် ။ မင်း စုထဲ၌မင်းတပါးသည် ထိုသူ ထက် တန်ခိုး ကြီး၍ အာဏာ တည်လိမ့်မည်။ သူ ၏အာဏာ လည်း အလွန် ကျယ်လိမ့်မည်။
6ולקץ שנים יתחברו ובת מלך הנגב תבוא אל מלך הצפון לעשות מישרים ולא תעצר כוח הזרוע ולא יעמד וזרעו ותנתן היא ומביאיה והילדה ומחזקה בעתים׃
6ကာလ လွန် သောအခါ သူတို့သည် အဆွေ ဖွဲ့ကြ လိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင် ရှင်ဘုရင် ၏ သမီး သည် မြောက် ရှင်ဘုရင် ထံသို့ ရောက် လိမ့်မည်။ သို့သော်လည်း ၊ ထိုမင်းသမီး၏ အာဏာ သည် မ တည် ရ။ ထိုမင်း နှင့်တကွ အမျိုးအနွယ် တော် သည်လည်း မတည်ရ။ မင်းသမီး ကို၎င်း၊ ဆောင် ခဲ့သောသူတို့ ကို၎င်း၊ သူ ၏သား ကို၎င်း ၊ ထိုကာလ ၌ သူ့ ကိုထောက်ပင့် သော သူများကို၎င်းဆုံးရှုံးခြင်းသို့အပ် ရလိမ့်မည်။
7ועמד מנצר שרשיה כנו ויבא אל החיל ויבא במעוז מלך הצפון ועשה בהם והחזיק׃
7ထိုမင်းသမီး၏ အဆွေအမျိုး ဖြစ်သောသူ တယောက်သည် အဘ၏ အရိပ်အရာ ကိုရသဖြင့် စစ်ချီ၍ လာ လိမ့်မည်။ မြောက် ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည်။
8וגם אלהיהם עם נסכיהם עם כלי חמדתם כסף וזהב בשבי יבא מצרים והוא שנים יעמד ממלך הצפון׃
8သူ တို့၏ဘုရား များ၊ သွန်း သောရုပ်တုများ၊ အဘိုး ထိုက်သောငွေ ဖလား ၊ ရွှေ ဖလားများကို အဲဂုတ္တု ပြည်သို့ သိမ်း သွားလိမ့်မည်။ သူသည်လည်း မြောက် ရှင်ဘုရင် ထက် အသက် ရှည်လိမ့်မည်။
9ובא במלכות מלך הנגב ושב אל אדמתו׃
9တဖန် မြောက်ရှင်ဘုရင်သည် တောင် ရှင်ဘုရင် ၏နိုင်ငံ သို့ ဝင် သော်လည်း မိမိ ပြည် သို့ ပြန် သွားရ လိမ့်မည်။
10ובנו יתגרו ואספו המון חילים רבים ובא בוא ושטף ועבר וישב ויתגרו עד מעזה׃
10သား တော်တို့သည် ထပြန်၍ များစွာ သော အလုံးအရင်း ကို စုဝေး ကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုး ချင်းနင်း လိမ့်မည်။ တဖန် ပြန် လာ၍ သူ ၏မြို့ တိုင်အောင် လုပ်ကြံ လိမ့်မည်။
11ויתמרמר מלך הנגב ויצא ונלחם עמו עם מלך הצפון והעמיד המון רב ונתן ההמון בידו׃
11တောင် ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ မြောက် ရှင်ဘုရင် ကို ဆီးကြို ၍ တိုက် လိမ့်မည်။ မြောက်ရှင်ဘုရင် သည် များစွာ သော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင် သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်း တို့ကို သိမ်းယူလိမ့်မည်။
12ונשא ההמון ירום לבבו והפיל רבאות ולא יעוז׃
12ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။
13ושב מלך הצפון והעמיד המון רב מן הראשון ולקץ העתים שנים יבוא בוא בחיל גדול וברכוש רב׃
13အကြောင်း မူကား၊ မြောက် ရှင် ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင် ထက် များစွာ သောအလုံးအရင်း တို့ကို စီရင်ပြီးမှကာလ အတန်အရာလွန် လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ် များ နှင့် ဆက်ဆက်လာ လိမ့်မည်။
14ובעתים ההם רבים יעמדו על מלך הנגב ובני פריצי עמך ינשאו להעמיד חזון ונכשלו׃
14ထို ကာလ ၌ တောင် ရှင်ဘုရင် ကို ရန်ဘက်ပြု သောသူတို့သည် များ ကြလိမ့်မည်။ သင် ၏အမျိုးသား ချင်း ဖြစ်သော သူပုန် တို့သည် ဗျာဒိတ် ရူပါရုံကို ပြည့်စုံစေ ခြင်းငှါ ထ ၍ ၊ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
15ויבא מלך הצפון וישפך סוללה ולכד עיר מבצרות וזרעות הנגב לא יעמדו ועם מבחריו ואין כח לעמד׃
15မြောက် ရှင် ဘုရင်သည် လာ ၍ မြို့ရိုး ကို တည် ပြီးလျှင်ခိုင်ခံ့ သော မြို့ တို့ကို လုပ်ကြံ လိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ် သောလူများတို့သည် ဆီးတား ခြင်းငှါ ခွန်အား မ ရှိသောကြောင့် မ ဆီးတား ရကြ ။
16ויעש הבא אליו כרצונו ואין עומד לפניו ויעמד בארץ הצבי וכלה בידו׃
16တိုက်လာ သောသူသည် မိမိ အလို အလျောက် ပြု ၍ ၊ သူ့ ရှေ့ မှာ အဘယ်သူမျှမ ရပ် မနေနိုင်ဘဲ၊ သာယာ သော ပြည် ကိုနင်းပြီးမှစုံလင် စေလိမ့်မည်။
17וישם פניו לבוא בתקף כל מלכותו וישרים עמו ועשה ובת הנשים יתן לו להשחיתה ולא תעמד ולא לו תהיה׃
17ဖြောင့်မတ် သောသူတို့ သည် လိုက်လျက် ထိုမင်း သည် မိမိ နိုင်ငံ ၏ အလုံးအရင်းရှိသမျှ တို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ် အားဖြင့်ဖျက်ဆီး ခြင်းငှါ ပေးစား လိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
18וישב פניו לאיים ולכד רבים והשבית קצין חרפתו לו בלתי חרפתו ישיב לו׃
18တဖန် ကျွန်းစု သို့ မျက်နှာ လှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံ လိမ့်မည်။ သို့ရာတွင် ၊ ဗိုလ်မင်း တပါးသည် မိမိ ခံရသောအသရေ ဖျက်ခြင်းကို မိမိမှလွှဲ ပယ်၍၊ ထို အသရေပျက် ခြင်းကို တိုက်လာသောမင်းအပေါ် သို့ ပြန် ရောက်စေလိမ့်မည်။
19וישב פניו למעוזי ארצו ונכשל ונפל ולא ימצא׃
19ထိုမင်းသည်လည်း မိမိ နေရာမြို့ တော်သို့ ပြန် သွားပြီးလျှင် ၊ ထိမိ ၍ လဲ သဖြင့် ကွယ်ပျောက် လိမ့်မည်။
20ועמד על כנו מעביר נוגש הדר מלכות ובימים אחדים ישבר ולא באפים ולא במלחמה׃
20ထိုမင်းအရာ ၌လည်း နိုင်ငံ တော်၏ ဘုန်း စည်းစိမ် ကို ရှုတ်ချ လျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသ အမျက်မ ထွက်၊ စစ် မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
21ועמד על כנו נבזה ולא נתנו עליו הוד מלכות ובא בשלוה והחזיק מלכות בחלקלקות׃
21ထိုသူအရာ ၌ လည်း မင်းစည်းစိမ် ကိုခံထိုက်သော သူမဟုတ်၊ ယုတ်မာ သောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက် မပြု ချော့မော့ ခြင်းအားဖြင့် နိုင်ငံ ကို ရ လိမ့်မည်။
22וזרעות השטף ישטפו מלפניו וישברו וגם נגיד ברית׃
22လွှမ်းမိုး သော လက်နက် တို့သည် သူ့ ရှေ့ မှာ မြုပ် ၍ ဆုံးရှုံး လိမ့်မည်။ မိဿဟာယ ခံသော မင်း လည်း ဆုံးရှုံးလိမ့်မည်။
23ומן התחברות אליו יעשה מרמה ועלה ועצם במעט גוי׃
23အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာ ပျက်သဖြင့်၊ တက် လာ၍ လူ အနည်းငယ် မျှ ပါသော်လည်း တန်ခိုး ကြီးလိမ့်မည်။
24בשלוה ובמשמני מדינה יבוא ועשה אשר לא עשו אבתיו ואבות אבתיו בזה ושלל ורכוש להם יבזור ועל מבצרים יחשב מחשבתיו ועד עת׃
24အသီးအနှံ များသောပြည် ကို အနိုင်အထက် မပြုဘဲ ဝင် လိမ့်မည်။ လုယူ သော ပစ္စည်းဥစ္စာ စည်းစိမ် များကို စွန့်ကြဲ၍၊ မိမိ ဘိုးဘေး မ ပြု ဘူးသော အမှုကိုပြု လိမ့်မည်။ ခိုင်ခံ့ သော မြို့ပြတို့ကို ရခြင်းငှါတာရှည် စွာ ကြံစည် လိမ့်မည်။
25ויער כחו ולבבו על מלך הנגב בחיל גדול ומלך הנגב יתגרה למלחמה בחיל גדול ועצום עד מאד ולא יעמד כי יחשבו עליו מחשבות׃
25ကြီးစွာသော အလုံး အရင်းနှင့်တကွ တောင် ရှင်ဘုရင် ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိ အစွမ်း သတ္တိ ကို နှိုးဆော် လိမ့်မည်။ တောင် ရှင်ဘုရင် သည်လည်း ၊ အားကြီး ၍ များစွာ သော အလုံးအရင်းနှင့်တကွ စစ် တိုက်ခြင်းငှါနှိုးဆော် သော်လည်းမ ခံ မရပ်နိုင်။ အကြောင်း မူကား၊ သူ တဘက် ၌ မကောင်းသောအကြံ ကို ကြံစည် ကြ လိမ့်မည်။
26ואכלי פת בגו ישברוהו וחילו ישטוף ונפלו חללים רבים׃
26ထိုသူကျွေးမွေးခြင်းကို ခံရသောသူတို့ သည် လည်း၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီး သောအားဖြင့်၊ သူ ၏ တပ် မြုပ် ၍ ၊ စစ်သူရဲများတို့သည် အသက် ဆုံးကြလိမ့်မည်။
27ושניהם המלכים לבבם למרע ועל שלחן אחד כזב ידברו ולא תצלח כי עוד קץ למועד׃
27ထိုရှင် ဘုရင် နှစ် ပါးတို့သည် မကောင်း သော အကြံကိုကြံ၍၊ တခု သောစားပွဲ ၌ မုသာ စကားကို ပြော ကြလိမ့်မည်။ သို့သော်လည်း ၊ အကြံ မ မြောက်ရ။ ချိန်းချက် သော အချိန်ကာလ ၌ အဆုံး ဖြစ်ရလိမ့်မည်။
28וישב ארצו ברכוש גדול ולבבו על ברית קדש ועשה ושב לארצו׃
28တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
29למועד ישוב ובא בנגב ולא תהיה כראשנה וכאחרנה׃
29ချိန်းချက် သော အချိန်၌ လည်း တောင် မျက်နှာသို့ တဖန်ပြန် လာဦးမည်။ သို့သော်လည်း ၊ အရင် ဖြစ်သကဲ့သို့ မ ဟုတ် ။ နောက် ဖြစ်သကဲ့သို့ လည်းမဟုတ်။
30ובאו בו ציים כתים ונכאה ושב וזעם על ברית קודש ועשה ושב ויבן על עזבי ברית קדש׃
30အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။
31וזרעים ממנו יעמדו וחללו המקדש המעוז והסירו התמיד ונתנו השקוץ משומם׃
31ထိုမင်းနောက်မှစစ်လက်နက် တို့သည် ပေါ် လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ကြ လိမ့်မည်။ ဖျက်ဆီး တတ်သောရွံ့ရှာ ဘွယ်အရာကိုလည်း တည် ထားကြလိမ့်မည်။
32ומרשיעי ברית יחניף בחלקות ועם ידעי אלהיו יחזקו ועשו׃
32ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။
33ומשכילי עם יבינו לרבים ונכשלו בחרב ובלהבה בשבי ובבזה ימים׃
33လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။
34ובהכשלם יעזרו עזר מעט ונלוו עליהם רבים בחלקלקות׃
34လဲ ကြသောအခါ အနည်းငယ် သော မစ ခြင်းကို တဖန် ခံရကြလိမ့်မည်။ လူအများ တို့သည် ချော့မော့ ရာသို့ လိုက်၍ဆည်းကပ် ကြလိမ့်မည်။
35ומן המשכילים יכשלו לצרוף בהם ולברר וללבן עד עת קץ כי עוד למועד׃
35အမှုဆုံး ရသည် ကာလ တိုင်အောင် ၊ ပညာ ရှိသောသူအချို့တို့သည်လည်း စုံစမ်း ခြင်းကိုခံ၍၊ သန့်ရှင်း ဖြူစင် ရမည် အကြောင်း လဲ ကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက် သော ကာလတိုင်အောင် ဖြစ်ရသတည်း။
36ועשה כרצונו המלך ויתרומם ויתגדל על כל אל ועל אל אלים ידבר נפלאות והצליח עד כלה זעם כי נחרצה נעשתה׃
36ရှင် ဘုရင်တပါးသည် မိမိ အလို အလျောက် ပြု ၍ ၊ ဘုရား အပေါင်း တို့ထက် ကိုယ်ကိုကိုယ်ချီးပင့် မြှောက်စား လျက် ၊ ဘုရား တို့၏ဘုရား ကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြော လိမ့်မည်။ ဒေါသ အမျက်စေ့ စုံသည် ကာလတိုင်အောင် ကောင်းစား လိမ့်မည်။ စီရင် ဆုံးဖြတ်သမျှ အတိုင်းဖြစ် ရလိမ့်မည်။
37ועל אלהי אבתיו לא יבין ועל חמדת נשים ועל כל אלוה לא יבין כי על כל יתגדל׃
37ထိုမင်းသည် ဘိုးဘေး တို့ ကိုးကွယ်သော ဘုရား ကို၎င်း၊ မိန်းမ ၌ တပ်မက်သောအလို ကို၎င်း ၊ တပါးသော ဘုရား များကို၎င်းပမာဏ မ ပြု။ သူ တကာတို့ထက် ကိုယ်ကိုကိုယ်ချီးမြှောက် လိမ့်မည်။
38ולאלה מעזים על כנו יכבד ולאלוה אשר לא ידעהו אבתיו יכבד בזהב ובכסף ובאבן יקרה ובחמדות׃
38ထိုဘုရားအရာ ၌ ရဲတိုက် တို့၏ဘုရား နှင့်၊ ဘိုးဘေး တို့မ သိ သော ဘုရား ကို ချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက် မြတ် ၊ နှစ်သက် ဘွယ်သော တန်ဆာများကို ပူဇော် လိမ့်မည်။
39ועשה למבצרי מעזים עם אלוה נכר אשר הכיר ירבה כבוד והמשילם ברבים ואדמה יחלק במחיר׃
39ခိုင်ခံ့ သော ရဲတိုက် များကို ၎င်း၊ မိမိဝန်ခံသောတပါး အမျိုးသားဘုရား ကို၎င်းပြုစု ၍၊ ဂုဏ် အသရေတိုးပွား စေလိမ့်မည်။ လူများ တို့အပေါ် မှာအုပ်စိုး ရသောအခွင့်ကိုပေး၍ ၊ စီးပွား ဖြစ်ခြင်းအလိုငှါမြေ ကို ဝေဖန် လိမ့်မည် ။
40ובעת קץ יתנגח עמו מלך הנגב וישתער עליו מלך הצפון ברכב ובפרשים ובאניות רבות ובא בארצות ושטף ועבר׃
40အမှုကုန် ရသည်ကာလ ၌ တောင် ရှင် ဘုရင်သည် ထိုမင်းကို တိုက် လိမ့်မည်။ မြောက် ရှင်ဘုရင် သည်လည်း ရထား များ၊ မြင်းစီး သူရဲများ၊ သင်္ဘော များတို့နှင့်တကွ လေဘွေ ကဲ့သို့တိုက်လာလျက်၊ ထိုပြည် တို့ကို ဝင် ၍ ချင်းနင်း လွှမ်းမိုးလိမ့်မည်။
41ובא בארץ הצבי ורבות יכשלו ואלה ימלטו מידו אדום ומואב וראשית בני עמון׃
41သာယာ သောပြည် ကိုလည်းဝင် ၍ အများ သောသူတို့ သည် ဆုံးရှုံး ကြလိမ့်မည်။ သို့ရာတွင် ၊ သူ ၏ လက် မှ လွတ် သော သူဟူမူကား ၊ ဧဒုံ ပြည်သား၊ မောဘ ပြည်သား၊ အမ္မုန် အမျိုးသား အကြီး တို့သည် လွတ်ကြလိမ့်မည်။
42וישלח ידו בארצות וארץ מצרים לא תהיה לפליטה׃
42ထိုမင်းသည် အပြည်ပြည် တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တု ပြည် လည်း မ လွတ် ရ။
43ומשל במכמני הזהב והכסף ובכל חמדות מצרים ולבים וכשים במצעדיו׃
43ထိုပြည်မှာရှိသော ရွှေ ဘဏ္ဍာ ၊ ငွေ ဘဏ္ဍာ၊ အဘိုးထိုက် သော ဥစ္စာများကို အပိုင် ရလိမ့်မည်။ လိဗု ပြည်သားနှင့် ကုရှ ပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
44ושמעות יבהלהו ממזרח ומצפון ויצא בחמא גדלה להשמיד ולהחרים רבים׃
44သို့ရာတွင် သူသည် အရှေ့ မျက်နှာ၊ မြောက် မျက်နှာအရပ်မှ သိတင်း ကိုကြား၍ စိတ်ပူပန် သဖြင့်၊ လူအများ တို့ကို ဖျက်ဆီး သုတ်သင် ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာ သော ဒေါသ အမျက်နှင့် ထွက်သွား လိမ့်မည်။
45ויטע אהלי אפדנו בין ימים להר צבי קדש ובא עד קצו ואין עוזר לו׃
45ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။

Tip: use the ← and → keys to turn chapters.