1 שְׁמוּאֵל 31
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ופלשתים נלחמים בישראל וינסו אנשי ישראל מפני פלשתים ויפלו חללים בהר הגלבע׃
1ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
2וידבקו פלשתים את שאול ואת בניו ויכו פלשתים את יהונתן ואת אבינדב ואת מלכי שוע בני שאול׃
2ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
3ותכבד המלחמה אל שאול וימצאהו המורים אנשים בקשת ויחל מאד מהמורים׃
3စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့်၊
4ויאמר שאול לנשא כליו שלף חרבך ודקרני בה פן יבואו הערלים האלה ודקרני והתעללו בי ולא אבה נשא כליו כי ירא מאד ויקח שאול את החרב ויפל עליה׃
4လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ၍ ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။
5וירא נשא כליו כי מת שאול ויפל גם הוא על חרבו וימת עמו׃
5ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ ၍ သေ ၏။
6וימת שאול ושלשת בניו ונשא כליו גם כל אנשיו ביום ההוא יחדו׃
6ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။
7ויראו אנשי ישראל אשר בעבר העמק ואשר בעבר הירדן כי נסו אנשי ישראל וכי מתו שאול ובניו ויעזבו את הערים וינסו ויבאו פלשתים וישבו בהן׃
7ဣသရေလ လူ ပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက် ၊ ယော်ဒန် မြစ်တစ်ဘက် ၌ နေသော ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့် ပြေး သဖြင့် ၊ ဖိလိတ္တိ လူတို့သည် လာ ၍ နေ ကြ၏။
8ויהי ממחרת ויבאו פלשתים לפשט את החללים וימצאו את שאול ואת שלשת בניו נפלים בהר הגלבע׃
8နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။
9ויכרתו את ראשו ויפשיטו את כליו וישלחו בארץ פלשתים סביב לבשר בית עצביהם ואת העם׃
9ရှောလု၏ ခေါင်း ကို ဖြတ် ၍ လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
10וישמו את כליו בית עשתרות ואת גויתו תקעו בחומת בית שן׃
10လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား ၍ အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ၌ ဆွဲ ထားကြ၏။
11וישמעו אליו ישבי יביש גלעד את אשר עשו פלשתים לשאול׃
11ရှောလု ၌ ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင်၊
12ויקומו כל איש חיל וילכו כל הלילה ויקחו את גוית שאול ואת גוית בניו מחומת בית שן ויבאו יבשה וישרפו אתם שם׃
12သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ၍ ၊ ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင် ၊ ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။
13ויקחו את עצמתיהם ויקברו תחת האשל ביבשה ויצמו שבעת ימים׃
13အရိုး တို့ကိုလည်း ယူ ၍ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။
Tip: use the ← and → keys to turn chapters.