מִשְׁלֵי
Chapter 17
Hebrew Old Testament (Ma…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

מִשְׁלֵי 17

Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1טֹ֤וב פַּ֣ת חֲ֭רֵבָה וְשַׁלְוָה־בָ֑הּ מִ֝בַּ֗יִת מָלֵ֥א זִבְחֵי־רִֽיב׃
1တအိမ် လုံးပြည့် သော ယဇ် ပူဇော်ပွဲကို ရန်တွေ့ သောစိတ် နှင့်စားရသည်ထက်၊ ငြိမ်သက် ခြင်းနှင့် ယှဉ် သော မုန့် တလုပ်စာသည်သာ၍ ကောင်း ၏။
2עֶֽבֶד־מַשְׂכִּ֗יל יִ֭מְשֹׁל בְּבֵ֣ן מֵבִ֑ישׁ וּבְתֹ֥וךְ אַ֝חִ֗ים יַחֲלֹ֥ק נַחֲלָֽה׃
2ပညာ ရှိသောကျွန် သည် အရှက်ခွဲ သောသား ကို အုပ်စိုး ၍ ညီအစ်ကို တို့နှင့်အတူ အမွေ ခံ တတ်၏။
3מַצְרֵ֣ף לַ֭כֶּסֶף וְכ֣וּר לַזָּהָ֑ב וּבֹחֵ֖ן לִבֹּ֣ות יְהוָֽה׃
3ငွေ စစ်စရာဘို့ မိုက် ကို၎င်း ၊ ရွှေ စစ်စရာဘို့ မီးဖို ကို ၎င်း သုံးတတ်၏။ စိတ် နှလုံးကိုကား ၊ ထာဝရဘုရား စစ် တော်မူ၏။
4מֵ֭רַע מַקְשִׁ֣יב עַל־שְׂפַת־אָ֑וֶן שֶׁ֥קֶר מֵ֝זִין עַל־לְשֹׁ֥ון הַוֹּֽת׃
4မ တရားသဖြင့်ပြုသောသူသည် မုသာ စကား ကို ယုံ တတ်၏။ မုသာ သုံးသောသူသည် လည်း ဆိုးညစ် သော စကား ကို နားထောင် တတ်၏။
5לֹעֵ֣ג לָ֭רָשׁ חֵרֵ֣ף עֹשֵׂ֑הוּ שָׂמֵ֥חַ לְ֝אֵ֗יד לֹ֣א יִנָּקֶֽה׃
5ဆင်းရဲသား တို့ကို မထီ လေးစားပြုသောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက် တတ်သောသူသည် လည်း အပြစ်ဒဏ် နှင့် မ လွတ်ရ။
6עֲטֶ֣רֶת זְ֭קֵנִים בְּנֵ֣י בָנִ֑ים וְתִפְאֶ֖רֶת בָּנִ֣ים אֲבֹותָֽם׃
6မြေး တို့သည် အသက်ကြီး သောသူ၏ သရဖူ ဖြစ် ၏။ သား တို့၏ဘုန်း ကား အဘ တည်း။
7לֹא־נָאוָ֣ה לְנָבָ֣ל שְׂפַת־יֶ֑תֶר אַ֝֗ף כִּֽי־לְנָדִ֥יב שְׂפַת־שָֽׁקֶר׃
7မြတ် သောစကား သည် မိုက် သောသူနှင့် မ တော် မသင့်။ ထိုမျှမက ၊ မုသာ စကား သည် မင်း နှင့်မတော် မသင့်။
8אֶֽבֶן־חֵ֣ן הַ֭שֹּׁחַד בְּעֵינֵ֣י בְעָלָ֑יו אֶֽל־כָּל־אֲשֶׁ֖ר יִפְנֶ֣ה יַשְׂכִּֽיל׃
8လက်ဆောင် သည် ခံ သောသူအထင် အတိုင်း ကျောက်မြတ် ကဲ့သို့ဖြစ်၍၊ မျက်နှာ ပြုလေရာရာ ၌ အောင် တတ်၏။
9מְֽכַסֶּה־פֶּ֭שַׁע מְבַקֵּ֣שׁ אַהֲבָ֑ה וְשֹׁנֶ֥ה בְ֝דָבָ֗ר מַפְרִ֥יד אַלּֽוּף׃
9သူတပါးပြစ်မှား သော အမှုကိုဝှက် ထားသောသူသည် မေတ္တာ ကို ပြုစု ၏။ ကြားပြော သောသူမူကား ၊ မိတ်ဆွေ တို့ကို ကွဲပြား စေ၏။
10תֵּ֣חַת גְּעָרָ֣ה בְמֵבִ֑ין מֵהַכֹּ֖ות כְּסִ֣יל מֵאָֽה׃
10မိုက် သောသူသည် ဒဏ်ချက် တရာ ကို အမှုထား သည်ထက်၊ ပညာရှိ သောသူသည် ဆုံးမ သော စကားကို သာ၍ အမှု ထားတတ်၏။
11אַךְ־מְרִ֥י יְבַקֶּשׁ־רָ֑ע וּמַלְאָ֥ךְ אַ֝כְזָרִ֗י יְשֻׁלַּח־בֹּֽו׃
11ပုန်ကန် သောသူသည် မ တရားသောအမှုကိုသာ ပြုစု တတ်၏။ ထိုကြောင့် ကြမ်းကြုတ် သော တမန် ကို သူ့ ဆီ သို့စေလွှတ် ရ၏။
12פָּגֹ֬ושׁ דֹּ֣ב שַׁכּ֣וּל בְּאִ֑ישׁ וְאַל־כְּ֝סִ֗יל בְּאִוַּלְתֹּֽו׃
12မိုက် သောစိတ်ထဆဲရှိသော လူမိုက် နှင့်မ တွေ့ ပါစေနှင့်။ သား ငယ်ပျောက်သော ဝံ မနှင့်သာ၍တွေ့ပါစေသော။
13מֵשִׁ֣יב רָ֭עָה תַּ֣חַת טֹובָ֑ה לֹא־*תָמִישׁ (תָמ֥וּשׁ) רָ֝עָ֗ה מִבֵּיתֹֽו׃
13အကြင်သူသည် ကျေးဇူး ကိုမသိ၊ မ ကောင်းသော အမှုနှင့် ဆပ် ၏။ ထိုသူ ၏အိမ် သည် မ ကောင်းသော အမှုနှင့် မ ကင်း မလွတ်ရ။
14פֹּ֣וטֵֽר מַ֭יִם רֵאשִׁ֣ית מָדֹ֑ון וְלִפְנֵ֥י הִ֝תְגַּלַּ֗ע הָרִ֥יב נְטֹֽושׁ׃
14ရန်တွေ့ စ အမှုသည် ရေ ကန်ပေါင် ပေါက်စကဲ့သို့ဖြစ်သောကြောင့် ၊ ရန် မ တွေ့မှီတွေ့ စရာ အကြောင်းကို ရှောင် လော့။
15מַצְדִּ֣יק רָ֭שָׁע וּמַרְשִׁ֣יעַ צַדִּ֑יק תֹּועֲבַ֥ת יְ֝הוָ֗ה גַּם־שְׁנֵיהֶֽם׃
15မ တရားသောသူတို့ကို အပြစ် မှလွှတ် သော သူနှင့် ၊ ဖြောင့်မတ် သောသူတို့ကို အပြစ် စီရင်သော သူနှစ် ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။
16לָמָּה־זֶּ֣ה מְחִ֣יר בְּיַד־כְּסִ֑יל לִקְנֹ֖ות חָכְמָ֣ה וְלֶב־אָֽיִן׃
16မိုက် သောသူသည် ပညာ ကိုအလို မ ရှိသည် ဖြစ်၍ ၊ ပညာ အဘိုးကို အဘယ် ကြောင့်သူ၌အပ်ရ သနည်း။
17בְּכָל־עֵ֭ת אֹהֵ֣ב הָרֵ֑עַ וְאָ֥ח לְ֝צָרָ֗ה יִוָּלֵֽד׃
17အဆွေ ခင်ပွန်းသည် အခါ ခပ်သိမ်းချစ် တတ်၏။ ညီအစ်ကို သည် ဒုက္ခ ကာလအဘို့ မွေးဘွား လျက်ရှိ၏။
18אָדָ֣ם חֲסַר־לֵ֭ב תֹּוקֵ֣עַ כָּ֑ף עֹרֵ֥ב עֲ֝רֻבָּ֗ה לִפְנֵ֥י רֵעֵֽהוּ׃
18ဉာဏ် မဲ့ သောသူ သည် လက်ဝါး ချင်းရိုက် ၍၊ အဆွေ ခင်ပွန်းရှေ့ မှာ အာမခံ တတ်၏။
19אֹ֣הֵֽב פֶּ֭שַׁע אֹהֵ֣ב מַצָּ֑ה מַגְבִּ֥יהַּ פִּ֝תְחֹ֗ו מְבַקֶּשׁ־שָֽׁבֶר׃
19ရန်တွေ့ ခြင်းကို နှစ်သက် သောသူ သည် လွန်ကျူး ခြင်းကိုလည်း နှစ်သက် တတ်၏။ မိမိ တံခါး ကို ချီးမြှင့် သောသူသည် ပျက်စီး ခြင်းကို ရှာ တတ်၏။
20עִקֶּשׁ־לֵ֭ב לֹ֣א יִמְצָא־טֹ֑וב וְנֶהְפָּ֥ךְ בִּ֝לְשֹׁונֹ֗ו יִפֹּ֥ול בְּרָעָֽה׃
20သဘော ကောက် သောသူ သည်ကောင်း သော အကျိုးကို မ တွေ့ တတ်။ စကား လိမ် သောသူသည် ဘေး ဥပဒ် နှင့် တွေ့ကြုံ တတ်၏။
21יֹלֵ֣ד כְּ֭סִיל לְת֣וּגָה לֹ֑ו וְלֹֽא־יִ֝שְׂמַ֗ח אֲבִ֣י נָבָֽל׃
21မိုက် သောသူကို ဖြစ်ဘွား စေသောသူသည် မိမိ ကို မိမိဝမ်းနည်း စေတတ်၏။ မိုက် သောသူ၏အဘ ၌ ဝမ်းမြောက် စရာအကြောင်းမ ရှိ။
22לֵ֣ב שָׂ֭מֵחַ יֵיטִ֣ב גֵּהָ֑ה וְר֥וּחַ נְ֝כֵאָ֗ה תְּיַבֶּשׁ־גָּֽרֶם׃
22စိတ် ရွှင်လန်း ခြင်းသည် ကျန်းမာ စေတတ်၏။ စိတ် ပျက် ခြင်းမူကား ၊ အရိုး တို့ကိုသွေ့ခြောက် စေတတ်၏။
23שֹׁ֣חַד מֵ֭חֵיק רָשָׁ֣ע יִקָּ֑ח לְ֝הַטֹּ֗ות אָרְחֹ֥ות מִשְׁפָּֽט׃
23မ တရားသောသူသည် တရား လမ်း ကိုဖျက် သော အဘိုးတံစိုး ကို သူတပါး၏ ခါးပိုက် အိတ်ထဲက နှိုက်ယူ တတ်၏။
24אֶת־פְּנֵ֣י מֵבִ֣ין חָכְמָ֑ה וְעֵינֵ֥י כְ֝סִ֗יל בִּקְצֵה־אָֽרֶץ׃
24ဉာဏ် ရှိသောသူသည် ပညာ ကို မျက်မှောက် ပြုတတ်၏။ မိုက် သောသူ၏ မျက်စိ မူကား ၊ မြေကြီး စွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
25כַּ֣עַס לְ֭אָבִיו בֵּ֣ן כְּסִ֑יל וּ֝מֶ֗מֶר לְיֹולַדְתֹּֽו׃
25မိုက် သောသူသည် အဘ ဝမ်းနည်း စရာ အကြောင်း ၊ မွေး သော အမိစိတ်ညစ် စရာအကြောင်း ဖြစ်၏။
26גַּ֤ם עֲנֹ֣ושׁ לַצַּדִּ֣יק לֹא־טֹ֑וב לְהַכֹּ֖ות נְדִיבִ֣ים עַל־יֹֽשֶׁר׃
26ဖြောင့်မတ် သောသူကို အပြစ် ဒဏ်မ ပေးကောင်း။ တရား သဖြင့် စီရင်သော မင်း ကိုလည်း မထိခိုက် ကောင်း။
27חֹושֵׂ֣ךְ אֲ֭מָרָיו יֹודֵ֣עַ דָּ֑עַת *וְקַר־ (יְקַר)־ר֝֗וּחַ אִ֣ישׁ תְּבוּנָֽה׃
27သိပ္ပံ အတတ်နှင့်ပြည့်စုံ သောသူသည် စကား မ များတတ်။ ဉာဏ် ကောင်းသောသူ သည်လည်း ၊ ဧ သောစိတ် ရှိတတ်၏။
28גַּ֤ם אֱוִ֣יל מַ֭חֲרִישׁ חָכָ֣ם יֵחָשֵׁ֑ב אֹטֵ֖ם שְׂפָתָ֣יו נָבֹֽון׃
28မိုက် သောသူပင် တိတ်ဆိတ် စွာနေလျှင်ပညာ ရှိ ဟူ၍၎င်း၊ မိမိ နှုတ် ကိုမ ဖွင့်ဘဲ နေသောသူကို လည်း၊ ဉာဏ် ကောင်းသောသူဟူ၍၎င်း သူတပါး ထင် တတ်၏။

Tip: use the ← and → keys to turn chapters.