מִשְׁלֵי 13
Hebrew Old Testament (Masoretic Text)Original language
Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1בֵּ֣ן חָ֭כָם מ֣וּסַר אָ֑ב וְ֝לֵ֗ץ לֹא־שָׁמַ֥ע גְּעָרָֽה׃
1ပညာ ရှိသောသား သည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား ၊ အပြစ်တင် ခြင်းကို နား မ ထောင်တတ်။
2מִפְּרִ֣י פִי־אִ֭ישׁ יֹ֣אכַל טֹ֑וב וְנֶ֖פֶשׁ בֹּגְדִ֣ים חָמָֽס׃
2လူ သည် မိမိနှုတ် ၏အသီး တည်းဟူသော ကောင်း သောအရာကို စား ရ၏။ ပြစ်မှားတတ်သော သူ မူကား ၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
3נֹצֵ֣ר פִּ֭יו שֹׁמֵ֣ר נַפְשֹׁ֑ו פֹּשֵׂ֥ק שְׂ֝פָתָ֗יו מְחִתָּה־לֹֽו׃
3မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။
4מִתְאַוָּ֣ה וָ֭אַיִן נַפְשֹׁ֣ו עָצֵ֑ל וְנֶ֖פֶשׁ חָרֻצִ֣ים תְּדֻשָּֽׁן׃
4ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။
5דְּבַר־שֶׁ֭קֶר יִשְׂנָ֣א צַדִּ֑יק וְ֝רָשָׁ֗ע יַבְאִ֥ישׁ וְיַחְפִּֽיר׃
5ဖြောင့်မတ် သောသူသည် မုသာ စကား ကို မုန်း တတ်၏။ မ တရားသောသူမူကား ၊ စက်ဆုပ် ဘွယ်ဖြစ်၍ ၊ အရှက် ကွဲခြင်းသို့ ရောက်တတ်၏။
6צְ֭דָקָה תִּצֹּ֣ר תָּם־דָּ֑רֶךְ וְ֝רִשְׁעָ֗ה תְּסַלֵּ֥ף חַטָּֽאת׃
6ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား ၊ အပြစ် ရှိသောသူကိုလှဲ တတ်၏။
7יֵ֣שׁ מִ֭תְעַשֵּׁר וְאֵ֣ין כֹּ֑ל מִ֝תְרֹושֵׁ֗שׁ וְהֹ֣ון רָֽב׃
7အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် ရ တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။
8כֹּ֣פֶר נֶֽפֶשׁ־אִ֣ישׁ עָשְׁרֹ֑ו וְ֝רָ֗שׁ לֹא־שָׁמַ֥ע גְּעָרָֽה׃
8စည်းစိမ် သည် ရတတ်သောသူ ၏အသက် ကို ရွေး ဘို့ဖြစ်၏။ ဆင်းရဲ သောသူမူကား ၊ အပြစ်တင် သော စကားကို မ ကြား ဘဲနေ၏။
9אֹור־צַדִּיקִ֥ים יִשְׂמָ֑ח וְנֵ֖ר רְשָׁעִ֣ים יִדְעָֽךְ׃
9ဖြောင့်မတ် သောသူ ၏အလင်း သည် ရွှင်လန်း ၏။ မ တရားသောသူ ၏မီးခွက် မူကား ၊ သေ ရလိမ့်မည်။
10רַק־בְּ֭זָדֹון יִתֵּ֣ן מַצָּ֑ה וְאֶת־נֹ֖ועָצִ֣ים חָכְמָֽה׃
10မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။
11הֹ֭ון מֵהֶ֣בֶל יִמְעָ֑ט וְקֹבֵ֖ץ עַל־יָ֣ד יַרְבֶּֽה׃
11လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍ ဆည်းဖူး သောသူ ၏ဥစ္စာမူကား ၊ ပြန့်ပွား တတ်၏။
12תֹּוחֶ֣לֶת מְ֭מֻשָּׁכָה מַחֲלָה־לֵ֑ב וְעֵ֥ץ חַ֝יִּ֗ים תַּאֲוָ֥ה בָאָֽה׃
12မြော်လင့် သောအရာသည် ဖင့်နွဲ လျှင်၊ စိတ် နှလုံးကို ပူပန် စေတတ်၏။ အလို ပြည့်စုံ သောအခါမူကား အသက် ပင် ဖြစ်၏။
13בָּ֣ז לְ֭דָבָר יֵחָ֣בֶל לֹ֑ו וִירֵ֥א מִ֝צְוָ֗ה ה֣וּא יְשֻׁלָּֽם׃
13နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီး လိမ့်မည်။ ပညတ် တရားတော်ကိုခန့်ညား သော သူမူကား ၊ ချမ်းသာ ရလိမ့်မည်။
14תֹּורַ֣ת חָ֭כָם מְקֹ֣ור חַיִּ֑ים לָ֝ס֗וּר מִמֹּ֥קְשֵׁי מָֽוֶת׃
14ပညာရှိ သောသူ၏တရား သည် အသေခံ ရာ ကျော့ကွင်း တို့မှ ၊ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
15שֵֽׂכֶל־טֹ֭וב יִתֶּן־חֵ֑ן וְדֶ֖רֶךְ בֹּגְדִ֣ים אֵיתָֽן׃
15ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။
16כָּל־עָ֭רוּם יַעֲשֶׂ֣ה בְדָ֑עַת וּ֝כְסִ֗יל יִפְרֹ֥שׂ אִוֶּֽלֶת׃
16သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှား စေတတ်၏။
17מַלְאָ֣ךְ רָ֭שָׁע יִפֹּ֣ל בְּרָ֑ע וְצִ֖יר אֱמוּנִ֣ים מַרְפֵּֽא׃
17မ တရားသောအစေခံ သည် မိမိစောင့် သောအမှု ကို ဖျက် တတ်၏။ သစ္စာ ရှိသော သံတမန် မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
18רֵ֣ישׁ וְ֭קָלֹון פֹּורֵ֣עַ מוּסָ֑ר וְשֹׁומֵ֖ר תֹּוכַ֣חַת יְכֻבָּֽד׃
18သွန်သင် ခြင်းကို ငြင်းပယ် သောသူသည် ဆင်းရဲ ခြင်းနှင့် ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ ဂုဏ် အသရေကို ရလိမ့်မည်။
19תַּאֲוָ֣ה נִ֭הְיָה תֶעֱרַ֣ב לְנָ֑פֶשׁ וְתֹועֲבַ֥ת כְּ֝סִילִ֗ים ס֣וּר מֵרָֽע׃
19အလိုဆန္ဒ ပြည့်စုံ ခြင်းအရာသည် ချိုမြိန် ၏။ ဒုစရိုက် ကို ရှောင် သောအရာမူကား ၊ မိုက် သောသူတို့ စက်ဆုပ် သော အရာဖြစ်၏။
20*הָלֹוךְ (הֹולֵ֣ךְ) אֶת־חֲכָמִ֣ים *וַחֲכָם (יֶחְכָּ֑ם) וְרֹעֶ֖ה כְסִילִ֣ים יֵרֹֽועַ׃
20ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။
21חַ֭טָּאִים תְּרַדֵּ֣ף רָעָ֑ה וְאֶת־צַ֝דִּיקִ֗ים יְשַׁלֶּם־טֹֽוב׃
21အပြစ် ရှိသောသူတို့ ကို ဘေး လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
22טֹ֗וב יַנְחִ֥יל בְּנֵֽי־בָנִ֑ים וְצָפ֥וּן לַ֝צַּדִּ֗יק חֵ֣יל חֹוטֵֽא׃
22သူတော် ကောင်းသည် သား မြေးတို့အဘို့ အမွေဥစ္စာကို ချန်ထားတတ်၏။ အပြစ် ရှိသောသူ ၏စည်းစိမ် မူကား ၊ ဖြောင့်မတ် သောသူတို့ အဘို့ သိုထား လျက်ရှိ၏။
23רָב־אֹ֭כֶל נִ֣יר רָאשִׁ֑ים וְיֵ֥שׁ נִ֝סְפֶּ֗ה בְּלֹ֣א מִשְׁפָּֽט׃
23ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် ၊ မ တရား သော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက် တတ်၏။
24חֹושֵׂ֣ךְ שִׁ֭בְטֹו שֹׂונֵ֣א בְנֹ֑ו וְ֝אֹהֲבֹ֗ו שִֽׁחֲרֹ֥ו מוּסָֽר׃
24ကြိမ်လုံး ကို မ သုံးသောသူသည် မိမိ သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ၊ ငယ် သောအရွယ်မှစ၍ဆုံးမ တတ်၏။
25צַדִּ֗יק אֹ֭כֵל לְשֹׂ֣בַע נַפְשֹׁ֑ו וּבֶ֖טֶן רְשָׁעִ֣ים תֶּחְסָֽר׃ פ
25ဖြောင့်မတ် သောသူသည် ဝ စွာစား ရသောအခွင့်ရှိ၏။ မ တရားသော သူမူကား ၊ မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။
Tip: use the ← and → keys to turn chapters.