ΚΑΤΑ ΜΑΡΚΟΝ 16
Greek New Testament: Byzantine Text (Robinson–Pierpont 2018)Original language
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1και διαγενομενου του σαββατου μαρια η μαγδαληνη και μαρια ιακωβου και σαλωμη ηγορασαν αρωματα ινα ελθουσαι αλειψωσιν αυτον
1ဥပုသ်နေ့ လွန် မှမာဂဒလ မာရိ ၊ ယာကုပ် ၏အမိဖြစ်သော မာရိ နှင့် ရှာလုံ တို့သည်သွား ၍၊ အလောင်း တော်ကို လိမ်း ခြင်းငှာ နံ့သာမျိုး ကိုဝယ် ပြီးလျှင် ၊
2και λιαν πρωι τησ μιασ σαββατων ερχονται επι το μνημειον ανατειλαντοσ του ηλιου
2ခုနစ် ရက်တွင် ပဌမ နေ့ရက်နံနက် စောစော ၊ နေ ထွက် သောအချိန်၌ သင်္ချိုင်း တော်သို့ သွား ကြ၏။
3και ελεγον προσ εαυτασ τισ αποκυλισει ημιν τον λιθον εκ τησ θυρασ του μνημειου
3ထိုမိန်းမတို့က၊ တွင်း ဝ ၌ ပိတ်သောကျောက် ကို အဘယ်သူ လှိမ့်လှန် ၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆို ပြီးမှ ကြည့်ရှု လျှင် ၊ ထို ကျောက် သည် လှိမ့်လှန်လျက်ရှိ သည်ကို မြင် ကြ၏။
4και αναβλεψασαι θεωρουσιν οτι αποκεκυλισται ο λιθοσ ην γαρ μεγασ σφοδρα
4ထိုကျောက်ကားအလွန် ကြီး သောကျောက် ဖြစ် သတည်း။
5και εισελθουσαι εισ το μνημειον ειδον νεανισκον καθημενον εν τοισ δεξιοισ περιβεβλημενον στολην λευκην και εξεθαμβηθησαν
5မိန်းမတို့သည် တွင်း ထဲသို့ ဝင် ကြပြီးလျှင် ၊ လုလင် တစ်ယောက်သည် ဖြူစင် ရှည်လျားသောအင်္ကျီ ကိုဝတ် လျက်လက်ျာ ဘက်၌ ထိုင် သည်ကိုမြင် ၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
6ο δε λεγει αυταισ μη εκθαμβεισθε ιησουν ζητειτε τον ναζαρηνον τον εσταυρωμενον ηγερθη ουκ εστιν ωδε ιδε ο τοποσ οπου εθηκαν αυτον
6ထိုသူ ကလည်း ၊ ထိတ်လန့် မိန်းမောခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာ သတ်သောနာဇရက် မြို့သားယေရှု ကို သင်တို့ရှာ ကြ၏။ ထိုသူသည် ထမြောက် တော်မူပြီ။ ဤ အရပ်၌မ ရှိ ။ အလောင်း တော် ထား ရာ အရပ် ကိုကြည့် ကြလော့။
7αλλ υπαγετε ειπατε τοισ μαθηταισ αυτου και τω πετρω οτι προαγει υμασ εισ την γαλιλαιαν εκει αυτον οψεσθε καθωσ ειπεν υμιν
7သင် တို့ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူကြောင်း ကို၊ ပေတရု မှစ၍ တပည့် တော်တို့အား သွား ၍ပြော ကြ လော့။ အထက်ကမိန့် တော်မူသည်အတိုင်း ၊ ထို ပြည်၌ သင်တို့သည် ကိုယ်တော် ကိုတွေ့မြင် ရကြလိမ့်မည်ဟု ပြောဆို ၏။
8και εξελθουσαι εφυγον απο του μνημειου ειχεν δε αυτασ τρομοσ και εκστασισ και ουδενι ουδεν ειπον εφοβουντο γαρ
8ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်း တော်မှ ထွက် ၍ တုန်လှုပ် လျက် ၊ မိန်းမော တွေဝေလျက်ပြေး ကြ၏၊ ကြောက်လန့် သောကြောင့် အဘယ်သူ ကိုမျှ မ ပြော မဆိုကြ။
9αναστασ δε πρωι πρωτη σαββατου εφανη πρωτον μαρια τη μαγδαληνη αφ ησ εκβεβληκει επτα δαιμονια
9ကိုယ်တော်သည် ခုနစ် ရက်တွင် ပဌမ နေ့ရက်စောစော အချိန်၌ထမြောက် ပြီးမှ ၊ အထက် က နတ်ဆိုး ခုနစ် ယောက်ကို နှင်ထုတ် တော်မူသော မာဂဒလ မာရိ အား ရှေးဦးစွာ ကိုယ်ကိုပြ တော်မူ၏။
10εκεινη πορευθεισα απηγγειλεν τοισ μετ αυτου γενομενοισ πενθουσιν και κλαιουσιν
10မာရိလည်းသွား ၍ကိုယ်တော် နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွား ငိုကြွေး လျက် နေ ကြစဉ်တွင်၊ သူ တို့အားထို သိတင်းကို ကြားပြော လေ၏။
11κακεινοι ακουσαντεσ οτι ζη και εθεαθη υπ αυτησ ηπιστησαν
11ကိုယ်တော်သည် အသက်ရှင် တော်မူသည်ကို၎င်း ၊ မာရိ သည် ကိုယ်တော်ကိုမြင် ရသည်ကို၎င်း ၊ သူ တို့ သည်ကြား လျှင် မ ယုံကြ။
12μετα δε ταυτα δυσιν εξ αυτων περιπατουσιν εφανερωθη εν ετερα μορφη πορευομενοισ εισ αγρον
12ထိုနောက် တပည့် တော်နှစ် ယောက်တို့သည် တောရွာ သို့ သွား စဉ်တွင်ကိုယ်တော်သည်ခြားနား သော အရောင် ကိုဆောင် လျက် ကိုယ်ကိုပြ တော်မူ၏။
13κακεινοι απελθοντεσ απηγγειλαν τοισ λοιποισ ουδε εκεινοισ επιστευσαν
13သူ တို့သည်ပြန်လာ ၍ အခြား သော တပည့်တော် တို့အား ထို သိတင်းကို ကြားပြော သော်လည်း မ ယုံ ဘဲ နေကြ၏။
14υστερον ανακειμενοισ αυτοισ τοισ ενδεκα εφανερωθη και ωνειδισεν την απιστιαν αυτων και σκληροκαρδιαν οτι τοισ θεασαμενοισ αυτον εγηγερμενον ουκ επιστευσαν
14ထိုနောက် တစ်ကျိပ် တစ်ပါးသောသူ တို့သည် စားပွဲ၌ လျောင်း ကြစဉ်တွင် ကိုယ်တော်ကိုပြ တော်မူ၍၊ ထမြောက် လျက်ရှိသော ကိုယ်တော် ကိုမြင် သောသူတို့၏ စကားကိုမ ယုံ သောကြောင့် သူ တို့မယုံတတ်သော စိတ်၊ ခိုင်မာ သောစိတ်ကို ဆုံးမ၍ အပြစ်တင် တော်မူပြီးမှ ၊
15και ειπεν αυτοισ πορευθεντεσ εισ τον κοσμον απαντα κηρυξατε το ευαγγελιον παση τη κτισει
15“သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ သို့ သွား ၍၊ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟော ကြလော့။”
16ο πιστευσασ και βαπτισθεισ σωθησεται ο δε απιστησασ κατακριθησεται
16“ယုံကြည် ၍ ဗတ္တိဇံ ကိုခံသောသူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူ မူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။”
17σημεια δε τοισ πιστευσασιν ταυτα παρακολουθησει εν τω ονοματι μου δαιμονια εκβαλουσιν γλωσσαισ λαλησουσιν καιναισ
17ယုံကြည် သောသူ တို့၌ ဖြစ် အံ့သောနိမိတ် လက္ခဏာဟူမူကား ၊ ငါ ၏နာမ ကို အမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် ကြလတံ့။ ထူးခြား သောဘာသာ စကားမျိုးတို့ကို ပြော ကြလတံ့။”
18οφεισ αρουσιν καν θανασιμον τι πιωσιν ου μη αυτουσ βλαψη επι αρρωστουσ χειρασ επιθησουσιν και καλωσ εξουσιν
18မြွေ တို့ကို ဘမ်းကိုင် ကြလတံ့။ သေ စေတတ် သော အဆိပ်အတောက် ကို သောက် စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာ သောသူတို့အပေါ်မှာ လက် ကိုတင် ၍ ချမ်းသာ ပေးကြလတံ့ ဟု မိန့်တော်မူ၏။
19ο μεν ουν κυριοσ μετα το λαλησαι αυτοισ ανεληφθη εισ τον ουρανον και εκαθισεν εκ δεξιων του θεου
19ထိုသို့ သခင် ဘုရားသည် တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံတော်မူ၍ ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ထိုင် နေတော်မူ၏။
20εκεινοι δε εξελθοντεσ εκηρυξαν πανταχου του κυριου συνεργουντοσ και τον λογον βεβαιουντοσ δια των επακολουθουντων σημειων αμην
20တပည့် တော်တို့သည်လည်း ထွက်သွား ၍၊ သခင် ဘုရားသည် မစ တော်မူသည်နှင့်၎င်း ၊ သူတို့၌ဖြစ် သောနိမိတ် လက္ခဏာအားဖြင့် နှုတ်ကပတ် တရားတော်ကိုတည် စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ တရား ဟောကြ၏။
Tip: use the ← and → keys to turn chapters.