ΚΑΤΑ ΛΟΥΚΑΝ 12
Greek New Testament: Byzantine Text (Robinson–Pierpont 2018)Original language
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1εν οισ επισυναχθεισων των μυριαδων του οχλου ωστε καταπατειν αλληλουσ ηρξατο λεγειν προσ τουσ μαθητασ αυτου πρωτον προσεχετε εαυτοισ απο τησ ζυμησ των φαρισαιων ητισ εστιν υποκρισισ
1ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။
2ουδεν δε συγκεκαλυμμενον εστιν ο ουκ αποκαλυφθησεται και κρυπτον ο ου γνωσθησεται
2ဖုံးထား လျက်ရှိ သမျှ တို့သည် ပွင့် လိမ့်မည်။ ဆိတ်ကွယ် ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှား လိမ့်မည်။
3ανθ ων οσα εν τη σκοτια ειπατε εν τω φωτι ακουσθησεται και ο προσ το ουσ ελαλησατε εν τοισ ταμειοισ κηρυχθησεται επι των δωματων
3မှောင်မိုက် ၌ သင်တို့ပြော သမျှသောအရာ များကို သူတစ်ပါး တို့သည်အလင်း ၌ နားကြား ကြလိမ့်မည်။ သင်တို့သည် အခန်း ထဲမှာ နား အပါး၌ ပြော သောအရာ များကို အိမ်မိုး ပေါ်မှာ ဟစ်ကြော် ကြလိမ့်မည်။
4λεγω δε υμιν τοισ φιλοισ μου μη φοβηθητε απο των αποκτενοντων το σωμα και μετα ταυτα μη εχοντων περισσοτερον τι ποιησαι
4ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် ၍ နောက်တစ်ဖန်အလျှင်း မ ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။
5υποδειξω δε υμιν τινα φοβηθητε φοβηθητε τον μετα το αποκτειναι εξουσιαν εχοντα εμβαλειν εισ την γεενναν ναι λεγω υμιν τουτον φοβηθητε
5အဘယ်သူ ကို ကြောက် ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓါကိုသတ် ပြီးမှ ငရဲ ထဲသို့ ချ နိုင် သောသူ ကို ကြောက် ကြလော့။ ငါအမှန် ဆို သည်ကား၊ ထို သူကို ကြောက် ကြလော့။
6ουχι πεντε στρουθια πωλειται ασσαριων δυο και εν εξ αυτων ουκ εστιν επιλελησμενον ενωπιον του θεου
6စာငှက် ငါး ကောင်ကို အဿရိ နှစ် ပြားအဘိုးနှင့် ဝယ် ရသည်မ ဟုတ်လော။ ထိုစာငှက် တစ် ကောင်ကိုမျှ ဘုရားသခင် မေ့လျော့ တော်မ မူ။
7αλλα και αι τριχεσ τησ κεφαλησ υμων πασαι ηριθμηνται μη ουν φοβεισθε πολλων στρουθιων διαφερετε
7သင် တို့ ဆံပင် သည်လည်း အကုန်အစင် ရေတွက် လျက်ရှိ၏။ ထိုကြောင့် မ ကြောက် ကြနှင့်။ သင်တို့သည်စာငှက် အများ တို့ထက် သာ၍မြတ်ကြ၏။
8λεγω δε υμιν πασ οσ αν ομολογηση εν εμοι εμπροσθεν των ανθρωπων και ο υιοσ του ανθρωπου ομολογησει εν αυτω εμπροσθεν των αγγελων του θεου
8ငါဆို သည်ကား၊ အကြင်သူ သည် လူတို့ ရှေ့ မှာ ငါ့ ကိုဝန်ခံ အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ရှေ့ မှာ လူ သား သည် ထိုသူ ကိုဝန်ခံ မည်။
9ο δε αρνησαμενοσ με ενωπιον των ανθρωπων απαρνηθησεται ενωπιον των αγγελων του θεου
9အကြင်သူ သည် လူတို့ ရှေ့ မှာငါ့ ကိုငြင်းပယ် အံ့။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ ရှေ့ မှာထိုသူ ကို ငါငြင်းပယ် မည်။
10και πασ οσ ερει λογον εισ τον υιον του ανθρωπου αφεθησεται αυτω τω δε εισ το αγιον πνευμα βλασφημησαντι ουκ αφεθησεται
10လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ မည်သည်ကား ၊ အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်း သော ဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ မည်သည်ကား အပြစ်နှင့်လွတ် စေခြင်းအခွင့်ကို မ ရနိုင်ရာ။
11οταν δε προσφερωσιν υμασ επι τασ συναγωγασ και τασ αρχασ και τασ εξουσιασ μη μεριμνατε πωσ η τι απολογησησθε η τι ειπητε
11သင် တို့ကို တရားစရပ် သို့၎င်း ၊ အကဲအမှူး ၊ မင်း များရှေ့ သို့၎င်း၊ ပို့ဆောင် ကြသောအခါ အဘယ်သို့ ပြန်ပြော ရမည်ကို မ စိုးရိမ် ကြနှင့်။
12το γαρ αγιον πνευμα διδαξει υμασ εν αυτη τη ωρα α δει ειπειν
12အကြောင်းမူကား ၊ ထို ခဏခြင်း တွင် အဘယ်သို့ ပြော ရ မည်ကို သန့်ရှင်း သောဝိညာဉ် တော်သည် အကြံပေးမည် ဟု မိန့်တော်မူ၏။
13ειπεν δε τισ αυτω εκ του οχλου διδασκαλε ειπε τω αδελφω μου μερισασθαι μετ εμου την κληρονομιαν
13လူအစုအဝေး ၌ ပါ သော သူတစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် အစ်ကို သည် အမွေ ဥစ္စာကို အကျွန်ုပ် အား ဝေပေး ပါမည်အကြောင်း အမိန့် ရှိတော်မူပါဟု လျှောက် လျှင်၊
14ο δε ειπεν αυτω ανθρωπε τισ με κατεστησεν δικαστην η μεριστην εφ υμασ
14ကိုယ်တော်က အချင်းလူ ၊ အဘယ်သူ သည် သင် တို့အမှုကိုစီရင် ခွဲဝေ ပိုင်သောအခွင့်ကို ငါ့ အား အပ်ပေး သနည်း ဟု မေး တော်မူ၏။
15ειπεν δε προσ αυτουσ ορατε και φυλασσεσθε απο τησ πλεονεξιασ οτι ουκ εν τω περισσευειν τινι η ζωη αυτω εστιν εκ των υπαρχοντων αυτου
15ထိုမှတစ်ပါးလောဘ လွန်ကျူးခြင်းကို သတိ နှင့် ကြဉ်ရှောင် ကြလော့။ အကြောင်းမူကား ၊ စည်းစိမ် ရှိသော်လည်း စည်းစိမ် ၌ အသက် မ တည် ဟု မိန့် တော်မူ၏။
16ειπεν δε παραβολην προσ αυτουσ λεγων ανθρωπου τινοσ πλουσιου ευφορησεν η χωρα
16တစ်ဖန် ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သူဌေး တစ်ဦး ၌ မြေ ကောင်း၍ အသီးအနှံ များလှ၏။
17και διελογιζετο εν εαυτω λεγων τι ποιησω οτι ουκ εχω που συναξω τουσ καρπουσ μου
17ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ အသီးအနှံ များကို သိုထား စရာအရပ် မ ရှိ ။
18και ειπεν τουτο ποιησω καθελω μου τασ αποθηκασ και μειζονασ οικοδομησω και συναξω εκει παντα τα γενηματα μου και τα αγαθα μου
18ပြု မည်အကြံမူကား၊ ငါ့ တိုက် များကိုဖျက် ၍ ကျယ် သောတိုက်တို့ကို တည် ပြီးမှ ၊ ငါ ၏ အသီးအနှံ ဥစ္စာ ရှိသမျှ တို့ကို သိုထား မည်။
19και ερω τη ψυχη μου ψυχη εχεισ πολλα αγαθα κειμενα εισ ετη πολλα αναπαυου φαγε πιε ευφραινου
19ငါ့ ဝိညာဉ် အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာ များ ကိုသိုထား လျက်ရှိ ပြီ။ ငြိမ်ဝပ် စွာနေလော့။ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းကို ပြုလော့။ ငါပြော မည်ဟု သူဌေးအကြံရှိ ၏။
20ειπεν δε αυτω ο θεοσ αφρον ταυτη τη νυκτι την ψυχην σου απαιτουσιν απο σου α δε ητοιμασασ τινι εσται
20ထိုသို့ အကြံရှိစဉ်တွင်ဘုရားသခင် က၊ အချင်းလူမိုက် ၊ ယနေ့ညဉ့် ပင် သင် ၏ဝိညာဉ် ကို ရုပ်သိမ်း ရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာ ကို အဘယ်သူ ပိုင် မည်နည်းဟု သူဌေး အား မိန့် တော်မူ၏။
21ουτωσ ο θησαυριζων εαυτω και μη εισ θεον πλουτων
21ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။
22ειπεν δε προσ τουσ μαθητασ αυτου δια τουτο υμιν λεγω μη μεριμνατε τη ψυχη υμων τι φαγητε μηδε τω σωματι τι ενδυσησθε
22တစ်ဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စား ရမည်ဟူ၍အသက် အဘို့ မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟူ၍ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်ဟု ငါဆို ၏။
23η ψυχη πλειον εστιν τησ τροφησ και το σωμα του ενδυματοσ
23အစာ ထက် အသက် မြတ်သည်မဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။
24κατανοησατε τουσ κορακασ οτι ου σπειρουσιν ουδε θεριζουσιν οισ ουκ εστιν ταμειον ουδε αποθηκη και ο θεοσ τρεφει αυτουσ ποσω μαλλον υμεισ διαφερετε των πετεινων
24ကျီးကန်း များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမ စိုက် မကြဲ၊ စပါး ကိုမ ရိတ်၊ စပါးကျီ မ ရှိ ၊ ဘဏ္ဍာတိုက် မ ရှိ။ သို့သော်လည်း ဘုရားသခင် သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန် မြတ် သည်မဟုတ်လော။
25τισ δε εξ υμων μεριμνων δυναται προσθειναι επι την ηλικιαν αυτου πηχυν ενα
25အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တထောင် ခန့်မျှတိုးပွား စေနိုင် သနည်း။
26ει ουν ουτε ελαχιστον δυνασθε τι περι των λοιπων μεριμνατε
26ထိုသို့ အငယ်ဆုံး သောအမှုကိုမျှ မတတ်နိုင် လျှင် ကြွင်း သောအမှု ကို အဘယ်ကြောင့် စိုးရိမ် ကြသနည်း။
27κατανοησατε τα κρινα πωσ αυξανει ου κοπια ουδε νηθει λεγω δε υμιν ουδε σολομων εν παση τη δοξη αυτου περιεβαλετο ωσ εν τουτων
27နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့်ကြီးပွား သည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုအပင်တို့ သည် အလုပ် လည်းမ လုပ်၊ ချည် ဖြစ်စေခြင်းငှာမ ငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး သော ရှောလမုန် မင်းကြီးအဝတ်သည် ထို အပင်တ ပင်မျှ ၏အဝတ်ကို မ မှီဟု ငါဆို ၏။
28ει δε τον χορτον εν τω αγρω σημερον οντα και αυριον εισ κλιβανον βαλλομενον ο θεοσ ουτωσ αμφιεννυσιν ποσω μαλλον υμασ ολιγοπιστοι
28ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက် ရှင်လျက်၊ နက်ဖြန် မီးဖို ထဲသို့ ရောက် သော တော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင် တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည်မဟုတ်လော။
29και υμεισ μη ζητειτε τι φαγητε η τι πιητε και μη μετεωριζεσθε
29ထိုကြောင့် အဘယ်သို့ စား ရအံ့နည်း။ အဘယ်သို့ သောက် ရအံ့နည်းဟူ၍မ ရှာဖွေ ကြနှင့်။ သောက မွှေနှောက်ခြင်းလည်း မ ရှိကြနှင့်။
30ταυτα γαρ παντα τα εθνη του κοσμου επιζητει υμων δε ο πατηρ οιδεν οτι χρηζετε τουτων
30ထို အရာများကို လောကီသား အမျိုးမျိုး တို့သည် ရှာဖွေ တတ်ကြ၏။ ထို အရာများကို သင်တို့သည် အသုံးလို ကြောင်း ကို သင် တို့အဘ သိ တော်မူ၏။
31πλην ζητειτε την βασιλειαν του θεου και ταυτα παντα προστεθησεται υμιν
31သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံ တော်ကို ရှာ ကြလော့။ နောက်မှ ထို အရာများကို ထပ် ၍ပေးတော်မူလတံ့။
32μη φοβου το μικρον ποιμνιον οτι ευδοκησεν ο πατηρ υμων δουναι υμιν την βασιλειαν
32သိုးစု ငယ် ၊ သင်တို့သည် မ ကြောက် ကြနှင့်။ သင် တို့အဘ သည် သင် တို့အား နိုင်ငံ ကိုပေး ခြင်းငှာအလိုရှိ တော်မူ၏။
33πωλησατε τα υπαρχοντα υμων και δοτε ελεημοσυνην ποιησατε εαυτοισ βαλαντια μη παλαιουμενα θησαυρον ανεκλειπτον εν τοισ ουρανοισ οπου κλεπτησ ουκ εγγιζει ουδε σησ διαφθειρει
33သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။
34οπου γαρ εστιν ο θησαυροσ υμων εκει και η καρδια υμων εσται
34အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။
35εστωσαν υμων αι οσφυεσ περιεζωσμεναι και οι λυχνοι καιομενοι
35သင် တို့သည် ခါးပန်း စည်း လျက်၊ ဆီမီး ထွန်း လျက်နေသဖြင့် ၊
36και υμεισ ομοιοι ανθρωποισ προσδεχομενοισ τον κυριον εαυτων ποτε αναλυση εκ των γαμων ινα ελθοντοσ και κρουσαντοσ ευθεωσ ανοιξωσιν αυτω
36သခင် သည် မင်္ဂလာဆောင်ပွဲ မှ ပြန်လာ ၍ တံခါးကိုခေါက် သောအခါ ချက်ခြင်း ဖွင့် ခြင်းငှာ သခင် လာ မည်ကို မြော်လင့် ၍နေသောကျွန် ကဲ့သို့ ရှိနေကြလော့။
37μακαριοι οι δουλοι εκεινοι ουσ ελθων ο κυριοσ ευρησει γρηγορουντασ αμην λεγω υμιν οτι περιζωσεται και ανακλινει αυτουσ και παρελθων διακονησει αυτοισ
37အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
38και εαν ελθη εν τη δευτερα φυλακη και εν τη τριτη φυλακη ελθη και ευρη ουτωσ μακαριοι εισιν οι δουλοι εκεινοι
38နှစ်ချက်တီး အချိန်ဖြစ်စေ ၊ သုံးချက်တီး အချိန်ဖြစ်စေ ၊ သခင် သည်လာ၍ ထိုသို့ တွေ့ လျှင်၊ ထို ကျွန်တို့ သည် မင်္ဂလာ ရှိ ကြ၏။
39τουτο δε γινωσκετε οτι ει ηδει ο οικοδεσποτησ ποια ωρα ο κλεπτησ ερχεται εγρηγορησεν αν και ουκ αν αφηκεν διορυγηναι τον οικον αυτου
39အိမ်ရှင် သည် သူခိုး လာ မည်အချိန်နာရီ ကို သိ ရလျှင် ၊ မိမိ အိမ် ကို မ ထွင်း မဖောက်စေခြင်းငှာစောင့်နေလိမ့်မည်ကို သင်တို့သိ ကြ၏။
40και υμεισ ουν γινεσθε ετοιμοι οτι η ωρα ου δοκειτε ο υιοσ του ανθρωπου ερχεται
40ထိုကြောင့် သင် တို့သည် ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့မ ထင်မှတ် သောအချိန် ၌ လူ သား သည် ကြွလာ လိမ့်မည် ဟု မိန့်တော်မူ၏။
41ειπεν δε αυτω ο πετροσ κυριε προσ ημασ την παραβολην ταυτην λεγεισ η και προσ παντασ
41ပေတရု ကလည်း ၊ သခင် ၊ ဤ ဥပမာ ကို အကျွန်ုပ် တို့အား သာ မိန့် တော်မူသလော။ လူအပေါင်း တို့အား မိန့်တော်မူသလောဟု မေးလျှောက် လျှင်၊
42ειπεν δε ο κυριοσ τισ αρα εστιν ο πιστοσ οικονομοσ και φρονιμοσ ον καταστησει ο κυριοσ επι τησ θεραπειασ αυτου του διδοναι εν καιρω το σιτομετριον
42သခင် ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန် လျှင် အစားအသောက် တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့်၎င်းပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
43μακαριοσ ο δουλοσ εκεινοσ ον ελθων ο κυριοσ αυτου ευρησει ποιουντα ουτωσ
43အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည် ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
44αληθωσ λεγω υμιν οτι επι πασιν τοισ υπαρχουσιν αυτου καταστησει αυτον
44ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။
45εαν δε ειπη ο δουλοσ εκεινοσ εν τη καρδια αυτου χρονιζει ο κυριοσ μου ερχεσθαι και αρξηται τυπτειν τουσ παιδασ και τασ παιδισκασ εσθιειν τε και πινειν και μεθυσκεσθαι
45သို့မဟုတ် မူကား ၊ အကြင် ကျွန် က၊ ငါ့ အရှင် လာ ခဲ လိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည် နှင့်ကျွန်ချင်း ယောက်ျားမိန်းမ တို့ကို ရိုက်ပုတ် လျက်၊ စား သောက် ယစ်မူး လျက် နေ၏။
46ηξει ο κυριοσ του δουλου εκεινου εν ημερα η ου προσδοκα και εν ωρα η ου γινωσκει και διχοτομησει αυτον και το μεροσ αυτου μετα των απιστων θησει
46ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည် ရောက်လာ လျှင်၊ ထိုကျွန် ကို ပြင်းစွာဆုံးမကွပ်မျက် ၍ သစ္စာ မရှိသောသူ တို့နှင့်တကွ နေရာချ လတံ့။
47εκεινοσ δε ο δουλοσ ο γνουσ το θελημα του κυριου εαυτου και μη ετοιμασασ μηδε ποιησασ προσ το θελημα αυτου δαρησεται πολλασ
47အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။
48ο δε μη γνουσ ποιησασ δε αξια πληγων δαρησεται ολιγασ παντι δε ω εδοθη πολυ πολυ ζητηθησεται παρ αυτου και ω παρεθεντο πολυ περισσοτερον αιτησουσιν αυτον
48သခင်၏အလိုကို မ သိ ဘဲလျက်၊ ဒဏ် ခံထိုက် သောအမှုကို ပြု မိသောသူ မူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူ သည် များစွာ သောကျေးဇူး ကိုခံ၏။ ထိုသူသည်အများ ကိုဆပ် ရ၏။ အကြင်သူ ၌ များစွာ သောဥစ္စာကို အပ်နှင်း ၏။ ထိုသူ ကို များစွာ တောင်း လိမ့်မည်။
49πυρ ηλθον βαλειν εισ την γην και τι θελω ει ηδη ανηφθη
49မြေ ပေါ်၌ မီး လောင် စေခြင်းငှာငါလာ သတည်း။ ထိုမီး မညှိမှီတိုင်အောင်ငါ၏အလို မပြည့်စုံ။ ဗတ္တိဇံ တစ်ခုကိုလည်း ငါခံ စရာရှိ၏ ။
50βαπτισμα δε εχω βαπτισθηναι και πωσ συνεχομαι εωσ ου τελεσθη
50ထို ဗတ္တိဇံကို မ ခံ မှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။
51δοκειτε οτι ειρηνην παρεγενομην δουναι εν τη γη ουχι λεγω υμιν αλλ η διαμερισμον
51မြေ ပေါ်၌ ငြိမ်သက် ခြင်းကို ပေး အံ့သောငှာငါလာ သည်ဟု ထင် ကြသလော။ ထိုသို့သောအလိုငှာ ငါလာ သည်မ ဟုတ်။ အချင်းချင်းကွဲပြား စေခြင်းငှာငါလာသည်ဟု ငါဆို ၏။
52εσονται γαρ απο του νυν πεντε εν οικω ενι διαμεμερισμενοι τρεισ επι δυσιν και δυο επι τρισιν
52အဘယ်သို့ နည်းဟူမူကား၊ ယခု မှစ၍ အိမ် တ အိမ်၌ နေသော လူငါး ယောက်တို့သည် နှစ် ယောက်တစ်စုသုံး ယောက်တစ်စုအချင်းချင်းကွဲပြား လိမ့်မည်။
53διαμερισθησεται πατηρ επι υιω και υιοσ επι πατρι μητηρ επι θυγατρι και θυγατηρ επι μητρι πενθερα επι την νυμφην αυτησ και νυμφη επι την πενθεραν αυτησ
53အဘ နှင့် သား ၊ အမိ နှင့် သမီး ၊ ယောက္ခမ နှင့် ချွေးမ အချင်းချင်းကွဲပြား လိမ့်မည် ဟု မိန့် တော်မူ၏။
54ελεγεν δε και τοισ οχλοισ οταν ιδητε την νεφελην ανατελλουσαν απο δυσμων ευθεωσ λεγετε ομβροσ ερχεται και γινεται ουτωσ
54တစ်ဖန် လူ အစုအဝေးတို့အား မိန့် တော်မူသည်ကား၊ သင်တို့သည် အနောက် မျက်နှာ၌ မိုဃ်းရိပ် တက် သည်ကို မြင် သောအခါ မိုဃ်း ရွာ မည်ဟု ချက်ခြင်း ဆို တတ်၏။ ဆိုသည်အတိုင်း လည်း ဖြစ် တတ်၏။
55και οταν νοτον πνεοντα λεγετε οτι καυσων εσται και γινεται
55တောင် လေလာ သည်ကို မြင်သောအခါ နေပူ မည်ဟု ဆို တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ် တတ်၏။
56υποκριται το προσωπον τησ γησ και του ουρανου οιδατε δοκιμαζειν τον δε καιρον τουτον πωσ ου δοκιμαζετε
56လျှို့ဝှက် သောသူတို့၊ သင်တို့သည် မြေကြီး ၏မျက်နှာနှင့် မိုဃ်းကောင်းကင် ၏မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ၏။ ယခု ကပ်ကာလ ကို အဘယ်ကြောင့် ပိုင်းခြား ၍ မ သိ နိုင်ကြသနည်း။
57τι δε και αφ εαυτων ου κρινετε το δικαιον
57ထိုမှတစ်ပါး ဖြောင့်မတ် ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက် ပိုင်းခြား ၍ မ သိကြသနည်း။
58ωσ γαρ υπαγεισ μετα του αντιδικου σου επ αρχοντα εν τη οδω δοσ εργασιαν απηλλαχθαι απ αυτου μηποτε κατασυρη σε προσ τον κριτην και ο κριτησ σε παραδω τω πρακτορι και ο πρακτωρ σε βαλη εισ φυλακην
58သင်သည်တရားတွေ့ဘက် နှင့်အတူ မင်း ထံသို့ သွား သောအခါ အမှုပြေ စေခြင်းငှာလမ်း ၌ ကြိုးစား လော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီး ရှေ့ သို့ဆွဲ မည်။ တရားသူကြီး သည် လုလင် ခေါင်း၌အပ် ၍၊ လုလင် ခေါင်းသည် ထောင် ထဲ၌ လှောင် ထားမည်။
59λεγω σοι ου μη εξελθησ εκειθεν εωσ ου και τον εσχατον λεπτον αποδωσ
59လျော်ပြစ် ငွေ ရှိသမျှ ကို မ လျော်မှီတိုင်အောင်ထောင် ထဲကမ ထွက် ရ၊ ငါ ဆိုသည် ဟု မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.