Psaumes
Chapter 74
Louis Segond 1910
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Psaumes 74

Louis Segond 1910
Judson Burmese Bible (1840)
1Cantique d’Asaph. Pourquoi, ô Dieu! Rejettes-tu pour toujours? Pourquoi t’irrites-tu contre le troupeau de ton pâturage?
1အို ဘုရား သခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ် တော်မူသနည်း။ ကိုယ်တော် ထံမှာကျက်စား သော သိုး တို့ကို အဘယ်ကြောင့်အမျက် ထွက်တော်မူသနည်း။
2Souviens-toi de ton peuple que tu as acquis autrefois, Que tu as racheté comme la tribu de ton héritage! Souviens-toi de la montagne de Sion, où tu faisais ta résidence;
2ရှေးက အပိုင် ရတော်မူသောလူ အစည်းအဝေးကို၎င်း၊ ရွေး တော်မူသောအမွေ တော်အဘို့ကို၎င်း၊ ကျိန်းဝပ် တော်မူရာ ဇိအုန် တောင် ကို၎င်းအောက်မေ့ တော်မူပါ။
3Porte tes pas vers ces lieux constamment dévastés! L’ennemi a tout ravagé dans le sanctuaire.
3သန့်ရှင်း ရာဌာန၌ ရန်သူ သည် မ တရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွ တော်မူပါ။
4Tes adversaires ont rugi au milieu de ton temple; Ils ont établi pour signes leurs signes.
4ကိုယ်တော် ၏ လူစည်းဝေး ရာအရပ် ၌ ရန်သူ တို့ သည် အော်ဟစ် ကြပါ၏။ လက္ခဏာ သက်သေတော်အရာ ၌ သူ တို့လက္ခဏာ သက်သေတို့ကို ထား ကြပါပြီ။
5On les a vus, pareils à celui qui lève La cognée dans une épaisse forêt;
5လိမ္မာသောသူသည်ထူထပ် သော တော ကို ပုဆိန် နှင့် ခုတ်သကဲ့သို့၊
6Et bientôt ils ont brisé toutes les sculptures, A coups de haches et de marteaux.
6ယခု တွင် ဗိမာန်တော် တန်ဆာ များကိုပုဆိန် ၊ သံတူ နှင့် တပြိုင်နက် ရိုက် ချိုးကြပါ၏။
7Ils ont mis le feu à ton sanctuaire; Ils ont abattu, profané la demeure de ton nom.
7သန့်ရှင်း ရာဌာနတော်ကို မီး ရှို့ ကြပါ၏။ နာမတော် ကျိန်းဝပ်ရာ တဲ တော်ကို မြေ တိုင်အောင် ရှုတ်ချ ကြပါ၏။
8Ils disaient en leur cœur: Traitons-les tous avec violence! Ils ont brûlé dans le pays tous les lieux saints.
8ဤအမျိုးသား အပေါင်းတို့ကို အတူ ဖျက်ဆီး ကြကုန်အံ့ဟုဆို ၍၊ မြေ တပြင်လုံး တွင် ဘုရား သခင်၏ တရားစရပ် တို့ကို မီးရှို့ ကြပါ၏။
9Nous ne voyons plus nos signes; Il n’y a plus de prophète, Et personne parmi nous qui sache jusqu’à quand…
9အကျွန်ုပ် တို့သည် ကိုယ်လက္ခဏာ သက်သေများ ကို မ မြင် ရပါ။ ပရောဖက် သည် တဖန် မ ပေါ်မရှိပါ။ အကျွန်ုပ် တို့တွင် ကာလ အပိုင်းအခြားကို သိ သောသူ မ ရှိပါ။
10Jusqu’à quand, ô Dieu! L’oppresseur outragera-t-il, L’ennemi méprisera-t-il sans cesse ton nom?
10အို ဘုရား သခင်၊ ရန်သူ သည် အဘယ် မျှကာလ ပတ်လုံးကဲ့ရဲ့ ပါလိမ့်မည်နည်း။ ရန်ဘက် ပြုသောသူသည် နာမတော် ကို အစဉ် မထီမဲ့မြင် ပြုရပါမည်လော။
11Pourquoi retires-tu ta main et ta droite? Sors-la de ton sein! Détruis!
11လက်ျာ လက် တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင် တော်ထဲက ထုတ် ၍ ဖျက်ဆီး တော်မူ ပါ။
12Dieu est mon roi dès les temps anciens, Lui qui opère des délivrances au milieu de la terre.
12အကယ် စင်စစ်ဘုရား သခင်သည် ရှေး ကာလမှစ၍ ၊ ကယ်တင် တော်မူခြင်းကို မြေ အလယ် ၌ ပြု သောငါ တို့၏ ရှင် ဘုရင်ဖြစ်တော်မူ၏။
13Tu as fendu la mer par ta puissance, Tu as brisé les têtes des monstres sur les eaux;
13ကိုယ်တော် သည် တန်ခိုး တော်အားဖြင့် ပင်လယ် ကို ခွဲ တော်မူပြီ။ ရေ ထဲမှာ မိကျောင်း တို့၏ ဦးခေါင်း တို့ကို ချိုး တော်မူပြီ။
14Tu as écrasé la tête du crocodile, Tu l’as donné pour nourriture au peuple du désert.
14လဝိသန် ၏ ဦးခေါင်း တို့ကို နှိပ်စက် ၍ တောတွင်း သားတို့ စားစရာ ဘို့ အပ်ပေး တော်မူပြီ။
15Tu as fait jaillir des sources et des torrents. Tu as mis à sec des fleuves qui ne tarissent point.
15စမ်းရေ နှင့် ချောင်းရေ ကို ပေါက် စေတော်မူပြီ။ ရေ မပြတ်သော မြစ် တို့ကိုလည်း ခန်းခြောက် စေတော်မူပြီ။
16A toi est le jour, à toi est la nuit; Tu as créé la lumière et le soleil.
16နေ့ နှင့် ညဉ့် ကို ပိုင်တော်မူ၏။ နေ မှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်း တော်မူပြီ။
17Tu as fixé toutes les limites de la terre, Tu as établi l’été et l’hiver.
17မြေကြီး ၏ အကန့် အကွက်ရှိသမျှ တို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်း ကာလကို၎င်း စီရင် တော်မူပြီ။
18Souviens-toi que l’ennemi outrage l’Éternel, Et qu’un peuple insensé méprise ton nom!
18ရန်သူ တို့သည် ထာဝရဘုရား ကိုကဲ့ရဲ့ ၍ ၊ လူမိုက် တို့ သည် နာမတော် အား မထီမဲ့မြင် ပြုကြသည်ကို အောက်မေ့ တော်မူပါ။
19Ne livre pas aux bêtes l’âme de ta tourterelle, N’oublie pas à toujours la vie de tes malheureux!
19ကိုယ်တော် ၏ ချိုးငှက် အသက် ကို သားရဲ ၌ အပ် တော်မ မူပါနှင့်။ ကိုယ်တော် ၏ ဆင်းရဲသား တို့ အစည်းအဝေးကို အစဉ် မေ့လျော့ တော်မ မူပါနှင့်။
20Aie égard à l’alliance! Car les lieux sombres du pays sont pleins de repaires de brigands.
20ပဋိညာဉ် တော်ကိုထောက် တော်မူပါ။ အကြောင်း မူကား၊ မြေကြီး ပေါ်မှာ မှောင်မိုက် သော အရပ်တို့သည် လုယူ ညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ် ကြပါ၏။
21Que l’opprimé ne retourne pas confus! Que le malheureux et le pauvre célèbrent ton nom!
21နှိပ်စက် ခြင်းကို ခံရသောသူတို့သည် စိတ်ပျက် ၍ မ သွား ကြ ပါစေနှင့်။ ဆင်းရဲ ငတ်မွတ် သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါစေသော။
22Lève-toi, ô Dieu! Défends ta cause! Souviens-toi des outrages que te fait chaque jour l’insensé!
22အို ဘုရား သခင်၊ ထ တော်မူပါ။ ကိုယ် အမှု ကို စီရင် ဆုံးဖြတ်တော်မူပါ။ မိုက် သောသူသည် ကိုယ်တော် အား အစဉ် ကဲ့ရဲ့ သည်ကို အောက်မေ့ တော်မူပါ။
23N’oublie pas les clameurs de tes adversaires, Le tumulte sans cesse croissant de ceux qui s’élèvent contre toi!
23ကိုယ်တော် ၏ရန်သူ တို့ အသံ ကို မေ့လျော့ တော် မ မူပါနှင့်။ ကိုယ်တော် ကို ပုန်ကန် သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံ သည် အစဉ် မပြတ်တိုး တက်လျက်ရှိပါ၏။

Tip: use the ← and → keys to turn chapters.