Levidoj 20
Londona Biblio (Esperanto, 1910)Translation
Londona Biblio (Esperanto, 1910)
Judson Burmese Bible (1840)
1Kaj la Eternulo ekparolis al Moseo, dirante:
1တဖန် မောရှေ အား ထာဝရဘုရား က၊
2Al la Izraelidoj diru: Ĉiu el la Izraelidoj, kaj el la fremduloj, kiuj loĝas inter la Izraelidoj, kiu donos iun el siaj idoj al Moleĥ, mortu; la popolo de la lando mortigu lin per ŝtonoj.
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသောတပါး အမျိုးသားဖြစ်စေ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သော သူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပြည် သား တို့လည်း ခဲ နှင့် ပစ် ရကြမည်။
3Mi turnos Mian vizaĝon kontraŭ tiun homon, kaj Mi ekstermos lin el inter lia popolo pro tio, ke el siaj idoj li donis al Moleĥ, por malpurigi Mian sanktejon kaj malhonori Mian sanktan nomon.
3ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
4Kaj se la popolo de la lando kovros siajn okulojn for de tiu homo, kiam li donos iun el siaj idoj al Moleĥ, kaj ne mortigos lin:
4မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ပြည် သား တို့သည် အမှုမထား မ သတ် ဘဲ နေလျှင်၊
5tiam Mi turnos Mian vizaĝon kontraŭ tiun homon kaj kontraŭ lian familion, kaj Mi ekstermos lin, kaj ĉiujn, kiuj malĉastos, imitante lin en la malĉastado por Moleĥ, el inter ilia popolo.
5ထိုသို့ နေသောသူ နှင့် သူ ၏ အိမ်သူ အိမ်သားတို့ကို ၊ ငါ သည် မျက်နှာ ထား ၍ ၊ ထိုသူ ကို၎င်း ၊ သူ နှင့်အတူ မောလုတ် ဘုရားထံ ၌ မှားယွင်း သောသူကို၎င်း ၊ သူ တို့အမျိုး မှ ပယ်ရှင်း မည်။
6Kaj se iu animo sin turnos al magiistoj kaj sorĉistoj, por malĉasti sub ilia gvido, tiam Mi turnos Mian vizaĝon kontraŭ tiun animon kaj ekstermos ĝin el inter ĝia popolo.
6လမ်းလွဲ၍ နတ်ဝင် သူ၊ စုန်း လုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်း သောသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
7Sanktigu vin kaj estu sanktaj, ĉar Mi estas la Eternulo, via Dio.
7သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍ ၊ သန့်ရှင်း ခြင်းရှိ ကြလော့။
8Kaj observu Miajn leĝojn kaj plenumu ilin: Mi estas la Eternulo, kiu sanktigas vin.
8ငါ့ နည်း နိဿယတို့ကို ကျင့်ဆောင် ရကြမည်။ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်၏။
9Ĉiu, kiu malbenas sian patron aŭ sian patrinon, estu mortigita: sian patron kaj sian patrinon li malbenis, lia sango estu sur li.
9မိဘ ကို ကျိန်ဆဲ သော သူ တိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ မိဘ ကို ကျိန်ဆဲ သောကြောင့်သေထိုက်သော အပြစ်ရှိ၏။
10Kaj se iu adultis kun edzinigita virino, se iu adultis kun la edzino de sia proksimulo, estu mortigitaj la adultinto kaj la adultintino.
10သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
11Kaj se iu kuŝis kun la edzino de sia patro, li malkovris la nudecon de sia patro; ambaŭ ili estu mortigitaj, ilia sango estu sur ili.
11ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
12Kaj se iu kuŝis kun sia bofilino, ili ambaŭ estu mortigitaj: abomenaĵon ili faris, ilia sango estu sur ili.
12ယောက်ျား သည် ကိုယ် ချွေးမ နှင့် သင့် နေလျှင် ၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှော ခြင်း ကို ပြု သောကြောင့်အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
13Kaj se iu kuŝis kun viro kiel kun virino, abomenaĵon ili ambaŭ faris: ili estu mortigitaj, ilia sango estu sur ili.
13မိန်းမ နှင့်ပေါင်းဘော် သကဲ့သို့ယောက်ျား ခြင်းပေါင်းဘော် လျှင် ထို သူနှစ် ယောက်တို့သည်၊ ရွံရှာ ဘွယ် သောအမှုကို ပြု သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
14Kaj se iu prenis virinon kaj ŝian patrinon, tio estas malĉastegeco: per fajro oni forbruligu lin kaj ilin, por ke ne estu malĉasteco inter vi.
14ယောက်ျား သည် သမီး နှင့် အမိ ကို မယား ပြုလျှင် ၊ မ တရားသောအမှုဖြစ်၏။ သင် တို့တွင် မ တရားသော အမှုမ ရှိ စေခြင်းငှါ ၊ ထိုသူ သုံးယောက်တို့ကို မီး ရှို့ ရမည်။
15Kaj se iu kuŝis kun bruto, li estu mortigita, kaj ankaŭ la bruton mortigu.
15ယောက်ျား သည် တိရစ္ဆာန် နှင့် ပေါင်းဘော် လျှင် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန် ကိုလည်း သတ် ရမည်။
16Kaj se virino alproksimiĝis al ia bruto, por sekskuniĝi kun ĝi, tiam mortigu la virinon kaj la bruton: ili estu mortigitaj, ilia sango estu sur ili.
16မိန်းမ သည်လည်း ၊ မိမိ နှင့် တိရစ္ဆာန် ၏ ပေါင်းဘော် ခြင်းကိုခံလျှင် ၊ ထိုမိန်းမ နှင့် တိရစ္ဆာန် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
17Kaj se iu prenis sian fratinon, filinon de sia patro aŭ filinon de sia patrino, kaj li vidis ŝian nudecon kaj ŝi vidis lian nudecon, tio estas maldecaĵo; kaj ili devas esti ekstermitaj antaŭ la okuloj de sia popolo: la nudecon de sia fratino li malkovris, li portu sian pekon.
17ယောက်ျား သည် အဘ ၏သမီး ၊ အမိ ၏သမီး ဖြစ်သော မိမိ နှမ နှင့်သင့် နေလျှင် ၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသား ချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်း ခြင်းကိုခံရကြမည်။ ထိုယောက်ျား သည် နှမ နှင့်သင့်နေသောကြောင့်၊ မိမိ အပြစ် ကိုခံရ မည်။
18Kaj se iu kuŝis kun virino dum ŝia malsano kaj malkovris ŝian nudecon, li vidatigis ŝian elfluejon kaj ŝi malkovris la elfluejon de sia sango: ili ambaŭ estu ekstermitaj el inter sia popolo.
18ယောက်ျား သည် ဥတု ရောက်လျက်ရှိသောမိန်းမ နှင့် သင့် နေလျှင် ၊ ထိုသူတို့သည် သဘောတူ၍၊ သွေးသွန် အနာကို ထင်ရှား စေသောကြောင့်၊ သူ တို့အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရကြမည်။
19Kaj la nudecon de la fratino de via patrino kaj de la fratino de via patro ne malkovru; ĉar li nudigis sian korpoparencinon, ili portu sian pekon.
19အဘ ၏နှမ ၊ အမိ ၏ညီမ နှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော် ရင်းနှင့် သင့်နေသောသူတို့သည် မိမိ အပြစ် ကိုခံရ ကြမည်။
20Kaj se iu kuŝis kun sia onklino, li malkovris la nudecon de sia onklo: ili portu sian pekon, ili mortos seninfanaj.
20အဘ ၏ ညီအစ်ကို မယားနှင့် သင့် နေလျှင်၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိ အပြစ် ကိုခံရ သဖြင့်၊ တသက်လုံးသား မရဘဲ နေရလိမ့်မည်။
21Kaj se iu prenis la edzinon de sia frato, tio estas malpuraĵo: la nudecon de sia frato li malkovris, seninfanaj ili estos.
21ညီအစ်ကို ၏ မယား နှင့် သင့် နေလျှင် ညစ်ညူး သောအမှုဖြစ်၏။ ညီအစ်ကို နှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့်ထိုသူတို့သည် သား မရဘဲနေ ရလိမ့်မည်။
22Kaj observu ĉiujn Miajn leĝojn kaj ĉiujn Miajn decidojn kaj plenumu ilin, por ke ne elĵetu vin la lando, en kiun Mi kondukas vin, por tie loĝi.
22သင် တို့ကို ငါ ပို့ဆောင် ၍ နေရာ ချသော ပြည် သည် မ အော့အန် စေခြင်းငှါ ၊ သင်တို့သည် ငါ စီရင် ထုံးဖွဲ့သမျှ တို့ကို ကျင့်ဆောင် ရမည်။
23Kaj ne agu laŭ la leĝoj de la popolo, kiun Mi forpelas de antaŭ vi, ĉar ĉion ĉi tion ili faris kaj Mi ekabomenis ilin.
23သင် တို့ရှေ့ မှ ငါ နှင်ထုတ် သော လူ အမျိုးမျိုးတို့၏ ဘာသာဓလေ့ သို့ မ လိုက် ရ။ သူတို့သည် ထိုသို့ သော အမှုခပ်သိမ်း တို့ကို ပြု သောကြောင့် ငါရွံရှာ ၏။
24Kaj Mi diris al vi: Vi heredos ilian landon, kaj Mi ĝin donos al vi, por ke vi posedu ĝin, la landon, en kiu fluas lakto kaj mielo. Mi estas la Eternulo, via Dio, kiu distingis vin el inter la popoloj.
24သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
25Kaj faru diferencon inter bruto pura kaj malpura kaj inter birdo malpura kaj pura; kaj ne malpurigu viajn animojn per bruto kaj per birdo, kaj per ĉio, kio moviĝas sur la tero, kion Mi apartigis por vi, ke vi rigardu ilin kiel malpurajn.
25ထိုအကြောင်းကြောင့်၊ စင်ကြယ် သောသား ၊ မ စင်ကြယ်သောသား၊ စင်ကြယ် သောငှက် ၊ မ စင်ကြယ်သောငှက်တို့ကို ပိုင်းခြား ရမည်။ ငါခွဲ ထားသည်အတိုင်း ၊ မ စင်ကြယ်သောသား ၊ ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်တစုံ တခုအားဖြင့် ကိုယ် ကိုကိုယ်ရွံရှာ ဘွယ် မ ဖြစ်စေရ။
26Kaj estu antaŭ Mi sanktaj, ĉar sankta estas Mi, la Eternulo, kaj Mi apartigis vin el inter la popoloj, por ke vi estu Miaj.
26ငါ ထာဝရဘုရား သန့်ရှင်း သည်ဖြစ်၍ ၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုး နှင့် ခွဲ ထားသောကြောင့် ၊ ငါ့ အဘို့ သန့်ရှင်း ခြင်းရှိ ရကြမည်။
27Kaj viro aŭ virino, se ili estos magiistoj aŭ sorĉistoj, estu mortigitaj; per ŝtonoj oni ilin mortigu, ilia sango estu sur ili.
27ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ နတ်ဝင် သောသူ၊ စုန်း လုပ်သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲ နှင့် ပစ် ရကြမည်။ သူ ၌ သေထိုက်သော အပြစ် ရှိသည်ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.