Amos 9
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1I saw the Lord standing upon the altar, and he said: Strike the hinges, and let the lintels be shook: for there is covetousness in the head of them all, and I will slay the last of them with the sword: there shall be no flight for them: they shall flee, and he that shall flee of them shall not be delivered.
1တဖန် ငါကြည့်ရှု ၍ ဘုရား ရှင်သည် ယဇ် ပလ္လင်ပေါ် မှာ ရပ် လျက် မိန့် တော်မူသည်ကား၊ ရှိသမျှ သောသူ တို့ ၏ ခေါင်း ပေါ် သို့ တံခါး တိုင်လှုပ် ၍ ပြို ကျစေခြင်းငှါ တံခါး ထုပ်ကို ရိုက် လော့။ သူတို့သားမြေးများကိုလည်း ထား နှင့် ငါကွပ်မျက် မည်။ ပြေး သောသူသည် မ လွတ် ရ။ လွတ် သောသူသည်လည်း ချမ်းသာ ကို မ တွေ့ရ။
2Though they go down even to hell, thence shall my hand bring them out: and though they climb up to heaven, thence will I bring them down.
2မရဏာ နိုင်ငံတိုင်အောင် တွင်း တူးသော်လည်း ငါ နှုတ်ယူ မည်။ မိုဃ်း ကောင်းကင်သို့ တက် သော်လည်း ငါချ မည်။
3And though they be hid in the top of Carmel, I will search and take them away from thence: and though they hide themselves from my eyes in the depth of the sea, there will I command the serpent and he shall bite them.
3ကရမေလ တောင်ထိပ် ၌ ပုန်းရှောင် သော်လည်း ၊ ငါရှာ ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါသမုဒ္ဒရာ အောက် ၌ ပုန်းရှောင် သော်လည်း ၊ ငါသည် နဂါး ကို မှာ လိုက်၍ ကိုက် စေမည်။
4And if they go into captivity before their enemies, there will I command the sword, and it shall kill them. And I will set my eyes upon them for evil, and not for good.
4ရန်သူ တို့သည် သိမ်းသွား သော်လည်း ၊ အခြား သောအရပ်၌ ငါသည် ထား ကို မှာ လိုက်၍ သတ် စေမည်။ ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ သာ ငါ ကြည့်ရှု မည်။
5And the Lord the God of hosts is he who toucheth the earth, and it shall melt: and all that dwell therein shall mourn: and it shall rise up as a river, and shall run down as the river of Egypt.
5ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။
6He that buildeth his ascension in heaven, and hath founded his bundle upon the earth: who calleth the waters of the sea, and poureth them out upon the face of the earth, the Lord is his name.
6အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။
7Are not you as the children of the Ethiopians unto me, O children of Israel, saith the Lord? did not I bring up Israel, out of the land of Egypt: and the Philistines out of Cappadocia, and the Syrians out of Cyrene?
7အို ဣသရေလ အမျိုးသား တို့၊ သင် တို့သည် ငါ ၌ ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရ ပြည်မှ ၎င်း ၊ ရှုရိ လူတို့ကို ကိရ ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ ဟုတ်လော ဟု ထာဝရဘုရား မိန့် တော်မူ၏။
8Behold the eyes of the Lord God are upon the sinful kingdom, and I will destroy it from the face of the earth: but yet I will not utterly destroy the house of Jacob, saith the Lord.
8အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို ကြည့်ရှု လျက် ၊ ထို တိုင်းနိုင်ငံကို မြေကြီး ပြင် မှ ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
9For behold I will command, and I will sift the house of Israel among all nations, as corn is sifted in a sieve: and there shall not a little stone fall to the ground.
9တဖန် ငါ အမိန့် တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချ သကဲ့သို့ ၊ ဣသရေလ အမျိုး ကို ခပ်သိမ်း သော အမျိုး တို့တွင် ဆန်ခါ နှင့်ငါချ မည်။ ဆန် တစေ့မျှ မြေ သို့မ ကျ ရ။
10All the sinners of my people shall fall by the sword: who say: The evils shall not approach, and shall not come upon us.
10ဘေးဥပဒ် သည် ငါ တို့ကို မ မှီ နိုင်၊ မဆီးတား နိုင်ဟု ဆို လျက်၊ အပြစ် များသော ငါ ၏လူ အပေါင်း တို့သည် ထား ဖြင့် သေ ရကြလိမ့်မည်။
11In that day I will raise up the tabernacle of David, that is fallen: and I will close up the breaches of the walls thereof, and repair what was fallen: and I will rebuild it as in the days of old.
11ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။
12That they may possess the remnant of Edom, and all nations, because my name is invoked upon them: saith the Lord that doth these things.
12ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။
13Behold the days come, saith the Lord, when the ploughman shall overtake the reaper, and the treader of grapes him that soweth seed: and the mountains shall drop sweetness, and every hill shall be tilled.
13ထာဝရဘုရား မိန့် တော်မူသည်ကား၊ လယ်ထွန် သောသူသည် စပါးရိတ် သောသူကို၎င်း ၊ စပျစ်သီး နယ် သောသူသည် မျိုးစေ့ ကြဲ သောသူကို၎င်း မှီ လျက်၊ တောင် တို့မှ ချိုသောစပျစ်ရည် ယို ၍ ၊ ကုန်း ရှိသမျှ တို့လည်း အရည် ဖြစ်ရသောကာလရောက်လိမ့်မည်။
14And I will bring back the captivity of my people Israel: and they shall build the abandoned cities, and inhabit them: and they shall plant vineyards, and drink the wine of them: and shall make gardens, and eat the fruits of them.
14သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။
15And I will plant them upon their own land: and I will no more pluck them out of their land which I have given them, saith the Lord thy God.
15သူ တို့နေရင်းအရပ် ၌ ငါစိုက် ထားမည်။ ငါ ပေး သော ပြည် မှ နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.