2 Corinthians 12
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1If I must glory (it is not expedient indeed), but I will come to visions and revelations of the Lord.
1ငါသည်ဝါကြွား ခြင်းကိုမ ပြု သင့်လျှင်၊ သခင် ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံ နှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။
2I know a man in Christ above fourteen years ago (whether in the body, I know not, or out of the body, I know not; God knoweth), such a one caught up to the third heaven.
2တစ်ဆယ့်လေး နှစ် အထက် က၊ ခရစ်တော် ၏ တပည့်ဖြစ်သော လူ တစ်ယောက်ကို တတိယ ကောင်းကင် သို့ တိုင်အောင်ချီဆောင် သည်အကြောင်းကို ငါသိ ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမ သိ ။ ဘုရားသခင် သိ တော်မူ၏။
3And I know such a man (whether in the body, or out of the body, I know not: God knoweth),
3ထိုသူသည်ပရဒိသု ဘုံသို့ ချီဆောင် ခြင်းကိုခံရ၍၊ လူ မ ပြော အပ် မပြောနိုင်သောစကား ကို ကြား သည့် အကြောင်း ကိုငါသိ ၏။
4That he was caught up into paradise, and heard secret words, which it is not granted to man to utter.
4ထိုအခါ ကိုယ်ခန္ဓာ ပါသည် မပါသည်ကို ငါမ သိ ၊ ဘုရားသခင် သိ တော်မူ၏။
5For such an one I will glory; but for myself I will glory nothing, but in my infirmities.
5ထိုသို့သော သူကို ဝါကြွား မည်။ နွမ်းရိအားနည်း ခြင်းမှတစ်ပါး ကိုယ် ဂုဏ်ကို မ ဝါကြွား ။
6For though I should have a mind to glory, I shall not be foolish; for I will say the truth. But I forbear, lest any man should think of me above that which he seeth in me, or any thing he heareth from me.
6ဝါကြွား ခြင်းငှာအလိုရှိ လျှင် လည်း၊ သူရူး ဖြစ် သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါသည်ဟုတ်မှန် စွာ ပြော တတ်၏။ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုမြင် သည်ထက်၊ ငါ့ သတင်းကိုကြား သည်ထက်၊ ငါ့ကို သာ၍မ ထင် စေခြင်းငှာငါမပြောဘဲနေ၏။
7And lest the greatness of the revelations should exalt me, there was given me a sting of my flesh, an angel of Satan, to buffet me.
7ငါခံရသောဗျာဒိတ် တော် အလွန် ထူးမြတ်၍ ငါသည်ထောင်လွှား သောစိတ်မ ရှိစေခြင်းငှာ ၊ ငါ့ ကို ဒဏ်ခတ် သော စာတန် ၏တမန် တည်းဟူသောငါ့ ကိုယ် ၌ စူးသော ဆူးကို ပေး တော်မူ၏။
8For which thing thrice I besought the Lord, that it might depart from me.
8ထို ဆင်းရဲခြင်းနှင့်ကင်းလွတ် မည်အကြောင်း သုံး ကြိမ်မြောက်အောင် သခင် ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊
9And he said to me: My grace is sufficient for thee; for power is made perfect in infirmity. Gladly therefore will I glory in my infirmities, that the power of Christ may dwell in me.
9ငါ့ ကျေးဇူး သည် သင့် အဘို့လောက် ပေ၏။ ငါ့တန်ခိုး သည် အားနည်း ခြင်းအဖြစ်၌ စုံလင် တတ်သည် ဟု မိန့် တော်မူ၏။ ထိုကြောင့် ခရစ်တော် ၏ တန်ခိုး သည် ငါ့ အပေါ် ၌ကျိန်းဝပ် မည်အကြောင်း ငါ ကိုယ်၌ အားနည်း ခြင်းအဖြစ်ကို ဝမ်းမြောက် သောစိတ်နှင့် ဝါကြွား ခြင်းငှာသာ၍ ငါအလိုရှိ၏။
10For which cause I please myself in my infirmities, in reproaches, in necessities, in persecutions, in distresses, for Christ. For when I am weak, then am I powerful.
10သို့ဖြစ်၍ ခရစ်တော် ကြောင့် ခံရသော အားနည်း ခြင်း၊ ကဲ့ရဲ့ ခြင်း၊ ဆင်းရဲ ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခ ဝေဒနာခံခြင်းတို့ကို ငါနှစ်သက် ၏။ အကြောင်းမူကား ၊ ငါသည် အားနည်း သောအခါ တန်ခိုး နှင့် ပြည့်စုံလျက်ရှိ ၏။
11I am become foolish: you have compelled me. For I ought to have been commended by you: for I have no way come short of them that are above measure apostles, although I be nothing.
11ငါသည် ဝါကြွားတတ်သော သူရူး ဖြစ် သလော။ ထိုသို့ဖြစ်လျှင်၊ သင် တို့သည် ငါ့ ကိုအနိုင် အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်းဟူမူကား၊ သင် တို့ချီးမွမ်း ခြင်းကို ငါ ခံသင့်၏။ ငါသည် ဘာ မျှမဟုတ် သော်လည်း ၊ အကြီးဆုံး သောတမန်တော် အောက် အလျှင်းမ ယုတ်မညံ့။
12Yet the signs of my apostleship have been wrought on you, in all patience, in signs, and wonders, and mighty deeds.
12အကယ်စင်စစ် သည်းခံ ခြင်းနှင့်တကွ နိမိတ် လက္ခဏာအံ့ဘွယ် သောအမှု၊ ထူးဆန်းသော တန်ခိုး များ အားဖြင့်တမန်တော် ၏လက္ခဏာ တို့ကို သင် တို့တွင် ထင်ရှား စွာပြပြီ။
13For what is there that you have had less than the other churches, but that I myself was not burthensome to you? Pardon me this injury.
13ငါ သည်သင် တို့ကို မ နှောင့်ရှက် သော အရာ တစ်ခုကို ထားလျှင်၊ သင်တို့သည် အခြား သော အသင်းတော် ထက် အဘယ်သို့ ယုတ်ညံ့သနည်း။ထိုသို့ ငါ ပြစ်မှားသောအပြစ် ကို သည်းခံ ကြလော့။
14Behold now the third time I am ready to come to you; and I will not be burthensome unto you. For I seek not the things that are yours, but you. For neither ought the children to lay up for the parents, but the parents for the children.
14ဤ တတိယ အကြိမ်သင် တို့ဆီသို့ သွား ခြင်းငှာငါသည်အသင့် ရှိ ၏။ သင်တို့ကိုနှောင့်ရှက် မည်ဟု အကြံ မ ရှိ။ သင် တို့ဥစ္စာကို ငါရှာ သည်မ ဟုတ်။ သင် တို့ကိုသာ ရှာ၏။ သားသမီး တို့သည် မိဘ အတွက် ဥစ္စာ ကို ဆည်းပူးရသည်မ ဟုတ်။ မိဘ တို့သည် သားသမီး တို့အတွက် ဆည်းပူးရ၏။
15But I most gladly will spend and be spent myself for your souls; although loving you more, I be loved less.
15ငါ သည်သင် တို့ကို ချစ် ခြင်းမေတ္တာ စိတ်တိုးပွား သည်အတိုင်း သင်တို့သည် ငါ့ကိုချစ် ခြင်းမေတ္တာစိတ် ဆုတ်ယုတ် သော်လည်း ၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေခြင်းငှာအလွန်စေတနာရှိ၏။
16But be it so: I did not burthen you: but being crafty, I caught you by guile.
16သင် တို့ကိုငါ မ နှောက်ယှက် သည် မှန်စေတော့။ သို့သော်လည်း ၊ လိမ္မာ သောသူဖြစ် ၍ပရိယာယ် အားဖြင့်သင် တို့ကိုဘမ်းဆီး ပြီဟုဆိုလျှင်၊
17Did I overreach you by any of them whom I sent to you?
17တစ်စုံတစ်ယောက် သောသူ ကို သင် တို့ဆီသို့ စေလွှတ် ၍၊ သင် တို့၏ဥစ္စာကို ပရိယာယ် အားဖြင့် ငါယူသလော။
18I desired Titus, and I sent with him a brother. Did Titus overreach you? Did we not walk with the same spirit? did we not in the same steps?
18တိတု သည် သင် တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန် ၍၊ သူနှင့်တကွအခြားသော ညီ တစ်ယောက်ကို စေလွှတ် ၏။ တိတု သည် ပရိယာယ် အားဖြင့်သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ် သဘောချင်းတူ ၍ကျင့် ကြသည် မ ဟုတ်လော။ တလမ်းတည်း လိုက်ကြသည် မ ဟုတ်လော။
19Of old, think you that we excuse ourselves to you? We speak before God in Christ; but all things, my dearly beloved, for your edification.
19တဖန်တုံ၊ ငါတို့သည်သင် တို့ရှေ့၌ ကိုယ်အပြစ် ဖြေရာစကားကို ပြောသည်ဟုထင် ကြသလော။ ခရစ်တော် ကိုထောက်၍ ဘုရားသခင် ရှေ့ ၌ငါတို့ ပြော ကြ၏။ ချစ်သူ တို့၊ ငါတို့ပြုသမျှ မှာ သင် တို့ကို တည်ဆောက် ခြင်းအလိုငှာ ပြုကြ၏။
20For I fear lest perhaps when I come I shall not find you such as I would, and that I shall be found by you such as you would not. Lest perhaps contentions, envyings, animosities, dissensions, detractions, whisperings, swellings, seditions, be among you.
20ငါရောက်လာ သောအခါ၊ သင် တို့သည် ငါ နှစ်သက် သောသူမ ဖြစ်၊ ငါ သည်လည်း သင် တို့ မ နှစ်သက် သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုံခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာန ထောင်လွှားခြင်း၊ အချင်းချင်း အမှုလုပ်ခြင်းဖြစ်မည်ဟူ၍၎င်း၊
21Lest again, when I come, God humble me among you: and I mourn many of them that sinned before, and have not done penance for the uncleanness, and fornication, and lasciviousness, that they have committed.
21အထက် ကပြစ်မှား၍ ညစ်ညူး စွာကျင့်ခြင်း၊ မတရား သောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင်နောင်တ မ ရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင် တို့ရှေ့ ၌ ဘုရားသခင် သည် ငါ့ ကိုနှိမ့်ချ တော်မူမည်ဟူ၍၎င်း စိုးရိမ် ခြင်းရှိ၏။
Tip: use the ← and → keys to turn chapters.