Matthäus 26
Lutherbibel 1912Translation
Lutherbibel 1912
Judson Burmese Bible (1840)
1Und es begab sich, da Jesus alle diese Reden vollendet hatte, sprach er zu seinen Jüngern:
1ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊
2Ihr wisset, daß nach zwei Tagen Ostern wird; und des Menschen Sohn wird überantwortet werden, daß er gekreuzigt werde.
2နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
3Da versammelten sich die Hohenpriester und Schriftgelehrten und die Ältesten im Volk in den Palast des Hohenpriesters, der da hieß Kaiphas,
3ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
4und hielten Rat, wie sie Jesus mit List griffen und töteten.
4ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး ၍ သတ် အံ့သောငှာတိုင်ပင် ကြ၏။
5Sie sprachen aber: Ja nicht auf das Fest, auf daß nicht ein Aufruhr werde im Volk!
5သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟု ပြောဆို ကြ၏။
6Da nun Jesus war zu Bethanien im Hause Simons, des Aussätzigen,
6ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ၌ ယေရှု ရှိ တော်မူသည်ဖြစ်၍ ၊
7da trat zu ihm ein Weib, das hatte ein Glas mit köstlichem Wasser und goß es auf sein Haupt, da er zu Tische saß.
7မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။
8Da das seine Jünger sahen, wurden sie unwillig und sprachen: Wozu diese Vergeudung?
8တပည့် တော်တို့သည် မြင် လျှင် ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။
9Dieses Wasser hätte mögen teuer verkauft und den Armen gegeben werden.
9ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး စရာကောင်းသည်ဟုဆို ကြ၏။
10Da das Jesus merkte, sprach er zu ihnen: Was bekümmert ihr das Weib? Sie hat ein gutes Werk an mir getan.
10ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကိုပြု ပြီ။
11Ihr habt allezeit Arme bei euch; mich aber habt ihr nicht allezeit.
11ဆင်းရဲ သောသူ တို့သည် သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။
12Daß sie dies Wasser hat auf meinen Leib gegossen, hat sie getan, daß sie mich zum Grabe bereite.
12ဤ ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။
13Wahrlich ich sage euch: Wo dies Evangelium gepredigt wird in der ganzen Welt, da wird man auch sagen zu ihrem Gedächtnis, was sie getan hat.
13ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့ သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။
14Da ging hin der Zwölf einer, mit Namen Judas Ischariot, zu den Hohenpriestern
14ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊
15und sprach: Was wollt ihr mir geben? Ich will ihn euch verraten. Und sie boten ihm dreißig Silberlinge.
15အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။
16Und von dem an suchte er Gelegenheit, daß er ihn verriete.
16ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။
17Aber am ersten Tag der süßen Brote traten die Jünger zu Jesus und sprachen zu ihm: Wo willst du, daß wir dir bereiten das Osterlamm zu essen?
17အဇုမ ပွဲ ပဌမ နေ့၌ တပည့် တော်တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး ကြသော်၊
18Er sprach: Gehet hin in die Stadt zu einem und sprecht der Meister läßt dir sagen: Meine Zeit ist nahe; ich will bei dir Ostern halten mit meinen Jüngern.
18ကိုယ်တော် က၊ မြို့ တွင် ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌ ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။
19Und die Jünger taten wie ihnen Jesus befohlen hatte, und bereiteten das Osterlamm.
19တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
20Und am Abend setzte er sich zu Tische mit den Zwölfen.
20ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။
21Und da sie aßen, sprach er: Wahrlich ich sage euch: Einer unter euch wird mich verraten.
21စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင် ၊
22Und sie wurden sehr betrübt und hoben an, ein jeglicher unter ihnen, und sagten zu ihm: HERR, bin ich's?
22တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး မေးလျှောက် ကြ၏။
23Er antwortete und sprach: Der mit der Hand mit mir in die Schüssel tauchte, der wird mich verraten.
23ကိုယ်တော် ကလည်း ငါ နှင့်အတူ ပုကန် တွင် လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။
24Des Menschen Sohn geht zwar dahin, wie von ihm geschrieben steht; doch weh dem Menschen, durch welchen des Menschen Sohn verraten wird! Es wäre ihm besser, daß er nie geboren wäre.
24ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
25Da antwortete Judas, der ihn verriet, und sprach: Bin ich's Rabbi? Er sprach zu ihm: Du sagst es.
25ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊ သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။
26Da sie aber aßen, nahm Jesus das Brot, dankte und brach's und gab's den Jüngern und sprach: Nehmet, esset; das ist mein Leib.
26ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။
27Und er nahm den Kelch und dankte, gab ihnen den und sprach: Trinket alle daraus;
27ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက် ကြလော့။
28das ist mein Blut des neuen Testaments, welches vergossen wird für viele zur Vergebung der Sünden.
28ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။
29Ich sage euch: Ich werde von nun an nicht mehr von diesen Gewächs des Weinstocks trinken bis an den Tag, da ich's neu trinken werde mit euch in meines Vaters Reich.
29ငါဆို သည်ကား၊ ဤ စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ ၌ သင် တို့နှင့်အတူ ငါ မ သောက်မှီ နေ့ တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။
30Und da sie den Lobgesang gesprochen hatte, gingen sie hinaus an den Ölberg.
30ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
31Da sprach Jesus zu ihnen: In dieser Nacht werdet ihr euch alle ärgern an mir. Denn es steht geschrieben: “Ich werde den Hirten schlagen, und die Schafe der Herde werden sich zerstreuen.”
31ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
32Wenn ich aber auferstehe, will ich vor euch hingehen nach Galiläa.
32သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊
33Petrus aber antwortete und sprach zu ihm: Wenn sich auch alle an dir ärgerten, so will ich doch mich nimmermehr ärgern.
33ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။
34Jesus sprach zu ihm: Wahrlich ich sage dir: In dieser Nacht, ehe der Hahn kräht, wirst du mich dreimal verleugnen.
34ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊
35Petrus sprach zu ihm: Und wenn ich mit dir sterben müßte, so will ich dich nicht verleugnen. Desgleichen sagten auch alle Jünger.
35ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
36Da kam Jesus mit ihnen zu einem Hofe, der hieß Gethsemane, und sprach zu seinen Jüngern: Setzet euch hier, bis daß ich dorthin gehe und bete.
36ထိုအခါ ယေရှု သည် သူ တို့နှင့်အတူ ဂေသရှေမန် အရပ် သို့ ရောက် တော်မူလျှင်၊ ငါသည် ထို အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊
37Und nahm zu sich Petrus und die zwei Söhne des Zebedäus und fing an zu trauern und zu zagen.
37ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
38Da sprach Jesus zu ihnen: Meine Seele ist betrübt bis an den Tod; bleibet hier und wachet mit mir!
38ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။
39Und ging hin ein wenig, fiel nieder auf sein Angesicht und betete und sprach: Mein Vater, ist's möglich, so gehe dieser Kelch von mir; doch nicht, wie ich will, sondern wie du willst!
39ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။
40Und er kam zu seinen Jüngern und fand sie schlafend und sprach zu Petrus: Könnet ihr denn nicht eine Stunde mit mir wachen?
40တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။
41Wachet und betet, daß ihr nicht in Anfechtung fallet! Der Geist ist willig; aber das Fleisch ist schwach.
41စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ ၊
42Zum andernmal ging er wieder hin, betete und sprach: Mein Vater, ist's nicht möglich, daß dieser Kelch von mir gehe, ich trinke ihn denn, so geschehe dein Wille!
42တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ၊ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင် ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။
43Und er kam und fand sie abermals schlafend, und ihre Augen waren voll Schlafs.
43ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊
44Und er ließ sie und ging abermals hin und betete zum drittenmal und redete dieselben Worte.
44သူ တို့ကိုထား ခဲ့၍ တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
45Da kam er zu seinen Jüngern und sprach zu ihnen: Ach wollt ihr nur schlafen und ruhen? Siehe, die Stunde ist hier, daß des Menschen Sohn in der Sünder Hände überantwortet wird.
45ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။
46Stehet auf, laßt uns gehen! Siehe, er ist da, der mich verrät!
46ထ ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
47Und als er noch redete, siehe, da kam Judas, der Zwölf einer, und mit ihm eine große Schar, mit Schwertern und mit Stangen, von den Hohenpriestern und Ältesten des Volks.
47ထိုသို့ မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား နှင့် ဒုတ် များကို ကိုင်လျက်ပါကြ၏။
48Und der Verräter hatte ihnen ein Zeichen gegeben und gesagt: Welchen ich küssen werde, der ist's; den greifet.
48ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊
49Und alsbald trat er zu Jesus und sprach: Gegrüßet seist du, Rabbi! und küßte ihn.
49ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။
50Jesus aber sprach zu ihm: Mein Freund, warum bist du gekommen? Da traten sie hinzu und legten die Hände an Jesus und griffen ihn.
50ယေရှု ကလည်း ၊ အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။
51Und siehe, einer aus denen, die mit Jesus waren, reckte die Hand aus und zog sein Schwert aus und schlug des Hohenpriesters Knecht und hieb ihm ein Ohr ab.
51ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။
52Da sprach Jesus zu ihm; Stecke dein Schwert an seinen Ort! denn wer das Schwert nimmt, der soll durchs Schwert umkommen.
52ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။
53Oder meinst du, daß ich nicht könnte meinen Vater bitten, daß er mir zuschickte mehr denn zwölf Legionen Engel?
53ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။
54Wie würde aber die Schrift erfüllet? Es muß also gehen.
54သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။
55Zu der Stunde sprach Jesus zu den Scharen: Ihr seid ausgegangen wie zu einem Mörder, mit Schwertern und Stangen, mich zu fangen. Bin ich doch täglich gesessen bei euch und habe gelehrt im Tempel, und ihr habt mich nicht gegriffen.
55ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။
56Aber das ist alles geschehen, daß erfüllet würden die Schriften der Propheten. Da verließen ihn die Jünger und flohen.
56ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ အစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။
57Die aber Jesus gegriffen hatten, führten ihn zu dem Hohenpriester Kaiphas, dahin die Schriftgelehrten und Ältesten sich versammelt hatten.
57ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။
58Petrus aber folgte ihm nach von ferne bis in den Palast des Hohenpriesters und ging hinein und setzte sich zu den Knechten, auf daß er sähe, wo es hinaus wollte.
58ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။
59Die Hohenpriester aber und die Ältesten und der ganze Rat suchten falsch Zeugnis gegen Jesus, auf daß sie ihn töteten,
59ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။
60und fanden keins. Und wiewohl viel falsche Zeugen herzutraten, fanden sie doch keins. Zuletzt traten herzu zwei falsche Zeugen
60မမှန် သောသက်သေခံအများ လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ ၍ ၊
61und sprachen: Er hat gesagt: Ich kann den Tempel Gottes abbrechen und in drei Tagen ihn bauen.
61ဤ သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် နိုင် သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။
62Und der Hohepriester stand auf und sprach zu ihm: Antwortest du nichts zu dem, was diese wider dich zeugen?
62ယဇ်ပုရောဟိတ် မင်းသည် ထ ၍ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊
63Aber Jesus schwieg still. Und der Hohepriester antwortete und sprach zu ihm: Ich beschwöre dich bei dem lebendigen Gott, daß du uns sagest, ob du seist Christus, der Sohn Gottes.
63ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊
64Jesus sprach zu ihm: Du sagst es. Doch ich sage euch: Von nun an wird's geschehen, daß ihr werdet sehen des Menschen Sohn sitzen zur Rechten der Kraft und kommen in den Wolken des Himmels.
64ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
65Da zerriß der Hohepriester seine Kleider und sprach: Er hat Gott gelästert! Was bedürfen wir weiteres Zeugnis? Siehe, jetzt habt ihr seine Gotteslästerung gehört.
65ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။
66Was dünkt euch? Sie antworteten und sprachen: Er ist des Todes schuldig!
66အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ တို့က ဤသူသည် အသေခံ ထိုက် ပေ၏ဟု ပြန် စီရင်ကြ၏။
67Da spieen sie aus in sein Angesicht und schlugen ihn mit Fäusten. Etliche aber schlugen ihn ins Angesicht
67ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။
68und sprachen: Weissage uns, Christe, wer ist's, der dich schlug?
68အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
69Petrus aber saß draußen im Hof; und es trat zu ihm eine Magd und sprach: Und du warst auch mit dem Jesus aus Galiläa.
69ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊
70Er leugnete aber vor ihnen allen und sprach: Ich weiß nicht, was du sagst.
70ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။
71Als er aber zur Tür hinausging, sah ihn eine andere und sprach zu denen, die da waren: Dieser war auch mit dem Jesus von Nazareth.
71ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင် ၊
72Und er leugnete abermals und schwur dazu: Ich kenne den Menschen nicht.
72ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။
73Und über eine kleine Weile traten die hinzu, die dastanden, und sprachen zu Petrus: Wahrlich du bist auch einer von denen; denn deine Sprache verrät dich.
73ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ တို့သည် ပေတရု အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို ကြလျှင် ၊
74Da hob er an sich zu verfluchen und zu schwören: Ich kenne diesen Menschen nicht. Uns alsbald krähte der Hahn.
74ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို ၏။ ထို ခဏချင်းတွင် ကြက် တွန် လေ၏။
75Da dachte Petrus an die Worte Jesu, da er zu ihm sagte: “Ehe der Hahn krähen wird, wirst du mich dreimal verleugnen”, und ging hinaus und weinte bitterlich.
75ယေရှု က၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား ကို ပေတရု သည် သတိရ သဖြင့် ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
Tip: use the ← and → keys to turn chapters.