羅馬書 6
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1這樣,怎麼說呢?我們可以仍在罪中、叫恩典顯多嗎?
1ထိုသို့ မှန်လျှင်၊ အဘယ်သို့ ပြော ရမည်နည်း။ ကျေးဇူး တော်ပွားများ စေခြင်းငှာ အပြစ် တရားကို ကျင့် ၍ နေရမည်လော။
2斷乎不可!我們在罪上死了的人豈可仍在罪中活着呢?
2ထိုသို့မ နေ ရ။ အပြစ် တရားမှ စုတေ့ သောသူ တို့ သည် ထိုတရား ၌ အဘယ်သို့ ရှင် ရဦး မည်နည်း။
3豈不知我們這受洗歸入基督耶穌的人是受洗歸入他的死嗎?
3ယေရှု ခရစ် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကိုခံကြသည်ဟု သင်တို့ မ သိသလော။
4所以,我們藉着洗禮歸入死,和他一同埋葬,原是叫我們一舉一動有新生的樣式,像基督藉着父的榮耀從死裏復活一樣。
4ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။
5我們若在他死的形狀上與他聯合,也要在他復活的形狀上與他聯合;
5တနည်းကား ၊ အသေခံ တော်မူခြင်း၏ ပုံ သဏ္ဌာန်ကိုဆောင် ၍၊ ထိုသခင်နှင့်အတူငါတို့သည် စိုက်ပျိုး လျက်ရှိသည် မှန်လျှင် ၊ ထမြောက် တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။
6因為知道我們的舊人和他同釘十字架,使罪身滅絕,叫我們不再作罪的奴僕;
6ထိုမှတပါး၊ ငါ တို့၏လူ ဟောင်း သည် ထို သခင်နှင့်အတူလက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါ တို့သည် နောက်မှအပြစ် တရား၏အစေ ကို မ ခံစေခြင်းငှာ၊ အပြစ် တရား၏ ကိုယ် ကို ဖျက်ဆီး မည်အကြောင်း တည်း။
7因為已死的人是脫離了罪。
7သေ သောသူ သည်အပြစ် တရား၏ လက်မှ လွတ် လျက်ရှိ၏။
8我們若是與基督同死,就信必與他同活。
8ခရစ်တော် သည် သေ ခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
9因為知道基督既從死裏復活,就不再死,死也不再作他的主了。
9သေ ခြင်းတရားသည် နောက်တဖန်ကိုယ်တော် ကို မ အုပ်စိုး ရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော် နှင့်အတူသေ လျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
10他死是向罪死了,只有一次;他活是向上帝活着。
10ခရစ်တော်သည် အသေခံ တော်မူရာမှာ၊ အပြစ် တရားကြောင့် တကြိမ် သာခံ တော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့် အဘို့ ရှင် တော်မူ၏။
11這樣,你們向罪也當看自己是死的;向上帝在基督耶穌裏,卻當看自己是活的。
11ထိုနည်းတူ သင် တို့သည် အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင် နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် အသက် ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။
12所以,不要容罪在你們必死的身上作王,使你們順從身子的私慾。
12ထိုကြောင့် ၊ သင် တို့၏သေ တတ်သော ကိုယ်ခန္ဓါ ၏တပ်မက် ခြင်းအလိုသို့ လိုက် ရသည်တိုင်အောင်၊ အပြစ် တရားသည် ထိုကိုယ်ခန္ဓါ ၌ အစိုး မ ရစေနှင့်။
13也不要將你們的肢體獻給罪作不義的器具;倒要像從死裏復活的人,將自己獻給上帝,並將肢體作義的器具獻給上帝。
13သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။
14罪必不能作你們的主;因你們不在律法之下,乃在恩典之下。
14ကိုယ်အင်္ဂါ များကိုလည်း သုစရိုက် လက်နက် ဖြစ်စေ၍၊ ဘုရားသခင် အားဆက်ကြလော့။ သင်တို့သည် ပညတ် တရားလက် ၌မ ရှိ ၊ ကျေးဇူး တရားလက် ၌ရှိသောကြောင့် အပြစ် တရားသည် သင် တို့ကို မ အုပ်စိုး ရ။
15這卻怎麼樣呢?我們在恩典之下,不在律法之下,就可以犯罪嗎?斷乎不可!
15ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ငါတို့သည် ပညတ် တရားလက် ၌မရှိ ကျေးဇူး တရားလက် ၌ရှိသောကြောင့် ၊ ဒုစရိုက် ကို ပြုရမည် လော။ ထိုသို့မ ပြု ရ။
16豈不曉得你們獻上自己作奴僕,順從誰,就作誰的奴僕嗎?或作罪的奴僕,以至於死;或作順命的奴僕,以致成義。
16အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။
17感謝上帝!因為你們從前雖然作罪的奴僕,現今卻從心裏順服了所傳給你們道理的模範。
17သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် ဘူးသော်လည်း ၊ ယခုတွင်ခံ ခဲ့ပြီးသော ဩဝါဒ နည်း ဥပဒေသစကားကို စေတနာစိတ် နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။
18你們既從罪裏得了釋放,就作了義的奴僕。
18သင်တို့သည် အပြစ် တရား၏ လက်မှ လွတ် ကြပြီဖြစ်၍ ၊ ဖြောင့်မတ် ခြင်းတရား၏ ကျွန် ဖြစ်ကြ၏။
19我因你們肉體的軟弱,就照人的常話對你們說。你們從前怎樣將肢體獻給不潔不法作奴僕,以至於不法;現今也要照樣將肢體獻給義作奴僕,以至於成聖。
19ထိုသို့ ငါဆိုသော်၊ သင် တို့ဇာတိ ပကတိအတိုင်း ဉာဏ်နည်း သောကြောင့် ၊ လောကီ ဝေါဟာရအားဖြင့်ဆို သတည်း။ သင်တို့သည် မိမိ တို့ ကိုယ်အင်္ဂါ များကို အဓမ္မ အလိုငှာ ညစ်ညူး ခြင်းတရား၊ အဓမ္မ တရား၌ သွင်း ၍ ကျွန် ခံစေဘူးသည်နည်းတူ ၊ ယခု မှာ ကိုယ်အင်္ဂါ များကိုသန့်ရှင်း ခြင်းအလိုငှာ ဖြောင့်မတ် ခြင်းတရား၌သွင်း ၍ကျွန် ခံစေကြလော့။
20因為你們作罪之奴僕的時候,就不被義約束了。
20သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် စဉ် ကာလ ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ် ကြ၏။
21你們現今所看為羞恥的事,當日有甚麼果子呢?那些事的結局就是死。
21ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။
22但現今,你們既從罪裏得了釋放,作了上帝的奴僕,就有成聖的果子,那結局就是永生。
22ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။
23因為罪的工價乃是死;惟有上帝的恩賜,在我們的主基督耶穌裏,乃是永生。
23အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
Tip: use the ← and → keys to turn chapters.