腓立比书
Chapter 3

腓立比书

Chinese Union Version, p…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1弟兄们,我还有话说,你们要靠主喜乐。我把这话再写给你们,于我并不为难,于你们却是妥当。
1ကြွင်း သေးသော စကားဟူမူကား၊ ငါ့ ညီအစ်ကို တို့၊ သခင် ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြလော့။ အထပ်ထပ် ငါ ရေး လိုက်သော်လည်းပင်ပန်း ခြင်းမ ရှိ။ သင် တို့မူကား လုံခြုံ ခြင်းရှိကြလိမ့်မည်။
2应当防备犬类,防备作恶的,防备妄自行割的。
2ခွေး တို့ကိုရှောင် ကြလော့။ မကောင်း သော အကျင့်ကို ကျင့် သောသူတို့ကို ရှောင် ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင် သော သူတို့ကို ရှောင် ကြလော့။
3因为 真 受割礼的,乃是我们这以 神的灵敬拜、在基督耶稣里夸口、不靠着肉体的。
3ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။
4其实,我也可以靠肉体;若是别人想他可以靠肉体,我更可以靠着了。
4သို့သော်လည်း ငါ ဖြစ် လျှင် ဇာတိ ၌ ကိုးစား စရာအကြောင်းရှိ၏။ အခြား သူမည်သည်ကား ၊ ဇာတိ ၌ ကိုးစား စရာ အကြောင်းရှိသည်ဟု ထင် လျှင် ၊ ငါ မူကား သာ၍ ရှိ၏။
5我第八天受割礼;我是 以色列 族、 便雅悯 支派的人,是 希伯来 人所生的 希伯来 人。就律法说,我是法利赛人;
5ငါသည်ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီး ခြင်းကို ခံရ၏။ ဣသရေလ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲ လူမှ ဆင်းသက်သော ဟေဗြဲ လူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရိရှဲ ဖြစ်၏။
6就热心说,我是逼迫教会的;就律法上的义说,我是无可指摘的。
6စိတ် အားကြီးခြင်းကို မေး သော်၊ ငါသည် အသင်းတော် ကို ညှင်းဆဲ သောသူဖြစ်၏။ ပညတ် တရား အားဖြင့် ရ သော ဖြောင့်မတ် ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။
7只是我先前以为与我有益的,我现在因基督都当作有损的。
7သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။
8不但如此,我也将万事当作有损的,因我以认识我主基督耶稣为至宝。我为他已经丢弃万事,看作粪土,为要得着基督;
8ထိုမျှမက ငါ ၏ သခင် ယေရှု ခရစ် ကိုသိသော ပညာ သည်
9并且得以在他里面,不是有自己因律法而得的义,乃是有信基督的义,就是因信 神而来的义,
9အဘယ်မျှလောက်မြတ် သည်ကိုထောက် ၍၊ ခပ်သိမ်း သောအရာတို့ကို
10使我认识基督,晓得他复活的大能,并且晓得和他一同受苦,效法他的死,
10ရှုံး စေ သောအရာကဲ့သို့ငါထင်မှတ် ၏။။
11或者我也得以从死里复活。
11ထိုသခင် ကြောင့် ခပ်သိမ်း သောအရာတို့ကို အရှုံး ခံရပြီ။ သေ ခြင်းမှ ထမြောက် သောအခွင့်ကို ငါရ နိုင် ကောင်းလျှင် ၊ ကိုယ်တော် သည် အသေခံ တော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ဖိုး ကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်း ခြင်းငှာ၊ ပညတ် တရားအားဖြင့် ရသော ကိုယ် ဖြောင့်မတ် ခြင်းကို မ ကိုးစား ဘဲ၊ ခရစ်တော် ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မတ် ခြင်းတည်းဟူသောယုံကြည် ခြင်းအတွက် ကြောင့်ဘုရားသခင် ပေးတော်မူသောဖြောင့်မတ် ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော် ကို အမြတ်ရ ၍ ထိုသခင် ၌ တည် ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင် ကဲ့သို့ငါထင်မှတ် ၏။။
12这不是说我已经得着了,已经完全了;我乃是竭力追求,或者可以得着基督耶稣所以得着我的。
12ထိုသို့ဆိုသော်အကျိုးကိုခံရ ပြီ၊ စုံလင် ခြင်းသို့ ရောက်ရပြီဟု ငါမ ဆိုလို၊ အကြင်အကျိုး ကိုပေးခြင်းငှာ ခရစ်တော် သည် ငါ့ကို ကိုင် ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိ ခြင်းငှာငါပြေး၍ လိုက် သေး၏။။
13弟兄们,我不是以为自己已经得着了;我只有一件事,就是忘记背后,努力面前的,
13ညီအစ်ကို တို့၊ ငါ ကိုင်မိ ပြီဟု ကိုယ်ကိုကိုယ် မ ထင် သော်လည်း ၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက်ကျ သောအရာ တို့ကို မ မှတ်ဘဲ၊ ရှေ့ ၌ ရှိသောအရာ တို့ကို လှမ်း ကမ်း၍ ၊
14向着标竿直跑,要得 神在基督耶稣里从上面召我来得的奖赏。
14ယေရှု ခရစ် အားဖြင့် ဘုရားသခင် သည် အထက် အရပ်မှ ခေါ် တော်မူခြင်းနှင့် ဆိုင်သောဆု ကို ရခြင်းငှာ ၊ ပန်းတုံးတိုင် သို့ ငါလိုက်ပြေး ၏။။
15所以我们中间,凡是完全人总要存这样的心;若在什么事上存别样的心, 神也必以此指示你们。
15ထိုကြောင့် စုံလင် သောသူရှိသမျှ တို့သည် ဤသို့သော သဘော ကို စွဲလမ်း ရကြမည်။ သင်တို့သည် တစ်စုံတစ်ခု သောအရာ၌ သဘောခြားနား လျှင် ၊ ထို အရာကို ပင်ဘုရားသခင် ဖော်ပြ တော်မူလိမ့်မည်။။
16然而,我们到了什么地步,就当照着什么地步行。
16သို့မဟုတ် သော်လည်း၊ ယခုမှီ သမျှ အတိုင်း တနည်း တည်းကျင့် ၍ တစ်သဘောတည်းရှိရကြမည်။။
17弟兄们,你们要一同效法我,也当留意看那些照我们榜样行的人。
17ညီအစ်ကို တို့၊ ငါ ကျင့် သည်နည်းတူ သင်တို့သည် တစ် ညီတစ်ညွတ်တည်း ကျင့်ကြလော့။ ငါ တို့ပေးသော ပုံ သက်သေနှင့်အညီ ကျင့် သောသူ တို့ကိုလည်း ရှုမှတ် ကြလော့။။
18因为有许多人行事是基督十字架的仇敌。我屡次告诉你们,现在又流泪地告诉你们:
18အကြောင်းမူကား ၊ အထက် အဖန်ဖန်ငါပြော ၍၊ ယခုပင် မျက်ရည် ကျလျက်နှင့် ပြော သည်အတိုင်း၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင် ကို ရန်ဘက် ပြု၍ ကျင့် သောသူ အများ ရှိကြ၏။။
19他们的结局就是沉沦;他们的神就是自己的肚腹。他们以自己的羞辱为荣耀,专以地上的事为念。
19ထိုသူ တို့သည် ပျက်စီး ခြင်း၌ လမ်းဆုံး တတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိ တို့ဝမ်း ပေတည်း။ မိမိ တို့ ရှက်ကြောက် ဘွယ်သော အကျင့်၌ သာ မိမိတို့ဝါကြွား ကြ၏။ လောကီ အရာတို့ကိုသာ စိတ် စွဲလမ်းခြင်းရှိကြ၏။။
20我们却是天上的国民,并且等候救主,就是主耶稣基督从天上降临。
20ငါ တို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင် ဘုံနှင့် စပ်ဆိုင် လျက်ရှိ ၏။ ကယ်တင် တော်မူသောအရှင် သခင်ယေရှု ခရစ် သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့် လျက်နေကြ၏။။
21他要按着那能叫万有归服自己的大能,将我们这卑贱的身体改变形状,和他自己荣耀的身体相似。
21ထိုသခင် သည် ခပ်သိမ်း သောအရာကိုပင် မိမိ အောက်၌ နှိမ့်ချ နိုင် တော်မူသောပြုပြင် အားထုတ် ခြင်း အားဖြင့် ယုတ်ညံ့ သော ငါ တို့၏ ကိုယ်ခန္ဓါ ကိုပင်၊ ဘုန်း အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓါ တော်၏နည်းတူဖြစ် စေခြင်းငှာအသစ် ပြင်ဆင်တော်မူလတံ့။

Tip: use the ← and → keys to turn chapters.